" မင်္ဂလာအပေါင်းနဲ့ ခညောင်းသော နှစ်သစ်ဖြစ်ပါစေ " ယနေ့နှစ်သစ်အခါသမယ မှာ ကျွန်တော့်ရဲ့ Blog သို့  ရောက်ရှိလာသော ဧည့်သည်တော်များအားလုံးအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ ..
 Coding ၀ါသနာပါသူများအနေနဲ့ Coding နဲ့ ပါတ်သတ်ပြီးတော့ လေ့လာလို့ ရနိုင်တဲ့ ဆိုဒ်တွေ ကို စုစည်းပြီး ပေးထားလိုက်ပါတယ် .....  tutorial တွေကို အဲ့ဒီ့ ဆိုဒ်တွေမှာ သွားပြီး လေ့လာနိုင်ပါတယ် ... ဘယ် Program တွေကို ဘယ်လို ရေးလဲ ... Game တွေကို ဘယ်လို ရေး သလဲ စသဖြင့်ပေါ့ .... Video tut တွေ ပါသလို lecture တွေ လည်းပါပါတယ် ..... ကိုယ်နဲ့ ဘယ် Site ကဖြင့် သင့်တော်မလဲ ဆိုတာ ရွေးပြီးတော့ သာ ကြည့်ကြပါခင်ဗျာ ....  Coding နဲ့ ပါတ်သတ်သူများအနေနဲ့ စုစည်းထားသင့်တဲ့ ဆိုဒ်တွေပါခင်ဗျာ .....

(၁) CodecAcademy

ဒီ ဆိုဒ်မှာတော့ ပထမဆုံး လိုအပ်တာ အကောင့် ဖောက်ဖို့ ဖြစ်ပါတယ် ... အကောင့်ကလည်း Free ဖြစ်ပါတယ် ..... အကောင့် ဖောက်ပြီးရင်တော့ အဲ့ဒီ့ ဆိုဒ်မှာ သင်ပေးတဲ့ Language တွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ် .... ဘာတွေ သင်လို့ရသလဲ ဆိုရင်တော့ JavaScript, HTML, CSS, Python, Ruby, PHP စတာတွေကို သင်လို့ရမှာဖြစ်ပါတယ် ...  အဲ့ဒီ့ဆိုဒ်မှာ အခုဆိုရင် လူ ပေါင်း ၄ သိန်း ကျော် ရှိနေပြီ ဖြစ်ပါတယ် ....

(၂) Google Code University

ဒီဆိုဒ်ကတော့ ကျွန်တော်တို့ အင်တာနက် သုံး နေတဲ့ သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂုရုကြီး Google ဖြစ်ပါတယ် ..... အခု ဒီ ဆိုဒ်မှာတော့ အကောင့် ဖောက်စရာမလိုပါဘူး .... ကိုယ်လိုတာကို ၀င်ကြည့် ၀င်လေ့လာရုံပါပဲ ...... အဲ့ဒီ့မှာဆိုရင် Video lecture တွေ အပြင် အဖြစ်များတဲ့ problem တွေ ဖြေရှင်းနည်းတွေ ၊ လေ့ကျင့်ခန်းတွေ ၊ စာအုပ်တွေ ၊ powerpoint slide တွေကို ပါ ရနိုင်မှာ ဖြစ်ပါတယ် ..... ဘာတွေ လေ့လာလို့ရသလိုဆိုရင်တော့ Computer Science, Programming Languages, Web Programming, Web Security, Google APIs and Tools  စသဖြင့် လေ့လာလို့ရပါမယ် ....  Programming Language မှာဆိုရင် Python , C++ ,Go နဲ့ JavaScript စတာတွေကို လေ့လာလို့ရပါမယ်ခင်ဗျာ ....

(၃) P2PU

Peer to Peer University  မှာတော့ Web-based programming တွေကို လေ့လာလို့ရမှာဖြစ်ပါတယ် .... သူ့မှာတော့ အကောင့် ဖောက်ဖို့လိုပါတယ် .... အကောင့် ဖောက်ပြီး သူရဲ့ အထဲမှာ ပါတဲ့ Course တစ်ခုခု ကို ပြီးပြီ ဆိုရင် သူ့ဆိုဒ်က Badge လေးတစ်ခု ရပါတယ် ... ကိုယ့်ရဲ့ Profile မှာ website မှာ အဲ့ဒီ့ Badge လေးကို သုံးလို့ရပါတယ် ... သင်ယူတတ်မြောက်ပြီးကြောင်းပေါ့ ....

(၄) HTML5 Rocks

 ဒီဆိုဒ်မှာလည်း ကိုယ်မေးချင်တာတွေ မေးဖို့အတွက်ကို အကောင့် ဖောက်ရပါတယ် .... Tutorial တွေကို လည်း လေ့လာလို့ရပါတယ် .... သင်လို့ရတာတွေကတော့ web application frameworks, debugging tools, and compatibility resources စသဖြင့် သင်ယူလို့ရပါတယ် ...

(၆) The Code Player

ဒီဆိုဒ်မှာတော့ HTML5 , CSS3 , JavaScript တွေကို လေ့လာနိုင်ပါတယ် ... သူ့ဆီမှာဆိုရင် နမူနာ လေး တွေပြထားပြီး အဲ့ဒါလေးတွေကို သဘောကျလို့ ဘယ်လိုရေးထားတယ်ဆိုတာကို လေ့လာချင်တယ် ဆိုရင် ဘေးဘက်က view code ဆိုတာကလေးကို နှိပ်ပြီးတော့ ကြည့် လေ့လာလို့ရပါတယ် .... သိပ်သဘောကျဖို့ကောင်းတဲ့ ဆိုဒ်ကလေးတစ်ခုပါပဲ ....

(၇) Rubykoan

ဒီဆိုဒ်ကတော့ Ruby နဲ့ပါတ်သတ်လို့ အကုန်လေ့လာလို့ရပါတယ် .... Framework တွေကို ဒေါင်းပြီးတော့လည်း လေ့လာနိုင်ပါတယ် .... Ruby သီးသန့်ပဲဖြစ်ပါတယ် ...

(၈) Stack Overflow

ဒီဆိုဒ်ကတော့ Forum တစ်ခုလိုဖြစ်ပါတယ် .... အဲ့ဒီ့ ဆိုဒ်မှာ ဆရာ့ဆရာကြီးတွေ အများကြီး ရှိပါတယ် .... ကိုယ် အနေနဲ့ ရေးနေရင်း ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် သွားမေးလိုက်ပါ .... သူတို့တွေက ၀ိုင်းဝန်းပြီးတော့ ဖြေရှင်းနိုင်မယ့် နည်းတွေကို ပြောပြပါလိမ့်မယ် .... လက်တွေ့လုပ်ဆောင်နေတဲ့ သူ တွေအတွက်တော့ တကယ်အသုံးဝင်တဲ့ ဆိုဒ်တစ်ခုပါ ....

(၉) Apple Developer Center

ဒါကတော့ Apple က သူ့ရဲ့ Developer တွေအတွက် လုပ်ပေးထားတာဖြစ်ပါတယ် ...

(၁၀) Android Developer Center

အခု Moblie ဆိုပြီးပြောလိုက်တာနဲ့ Android ဆိုတာနဲ့ တွဲပြီးတော့ကို မြင်လာတဲ့ အချိန်မှာ Android app ရေးသူတွေ အတွက် တော့ အသုံးဝင်ဆုံး ဆိုဒ်တစ်ခု ဖြစ်ပါလိမ့်မယ် .....

(၁၁) Mobiletuts

ဒီနေရာလေးကတော့ Mobile ဖုန်းတွေ အတွက် App ရေးသားသူတွေ အတွက်ပါပဲ ....Tutorial တွေကိုလည်း စုံအောင် တင်ပေးထားပါတယ် .... Ios , Android နဲ့ window phone တွေအတွက်ပါ tut တွေ အများကြီးရှိပါတယ် ......

(၁၂) Programmr

ဒီနေရာလေးမှာတော့ language တော်တော်များများကို လေ့လာနိုင်ပါတယ် .....  Training လုပ်ပေးတာတွေ ရှိသလို , problem တွေကိုလည်း ပြောလို့ရပါတယ် .... လေ့လာလို့ရတာတွေကတော့ C# , Java , PHP , SQL , C++ , Javascript စသဖြင့် တော်တော် စုံပါတယ် ....   Java နဲ့ SQL ကိုတော့ ပိုပြီး စုံစုံလင်လင် တွေ့ရလိမ့်မယ်လို့ ဆိုပါတယ် ......

(၁၃) edX

ဒီဆိုဒ်ကတော့ Harvard တက္ကသိုလ် ၊ မန်ဆာချူးဆက် တက္ကသိုလ် နဲ့ Berekley တက္ကသိုလ် တို့ ပေါင်းပြီးတော့ Computer Scienceသင်ကြားပေးထားတဲ့ ဆိုဒ်ပဲ ဖြစ်ပါတယ် ....

(၁၄) YouTube EDU

ဒါကတော့ ကျွန်တော်တို့ တွေနဲ့ ရင်းနှီးတဲ့  Youtube ပါ ... အဲ့ဒီ့မှာ ကတော့ Video training တွေ နဲ့တင်ပြထားပါတယ် ... ဘာတွေ လေ့လာလို့ရသလဲဆိုရင်တော့ အများကြီး ရှိပါတယ် .... ကိုယ် သင်ချင်တာလေးကို ရွေးပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်ခွဲအလိုက်သာ ကြည့်သွားကြပါလို့ တိုက်တွန်းပါတယ် .....

(၁၅) Processing

ဒီနေရာလေးမှာတော့  software platform တွေ  tutorials တွေ  example code တွေ ကို  free ဒေါင်းလို့ရမှာပါ ... ပြီးရင် အခက်အခဲတွေ့တဲ့အခါမှာ forum မှာသွားပြီးတော့ မေးလို့ရပါတယ် ....

(၁၆) Eloquent Javascript

JavaScript ကို လေ့လာမယ်ဆိုရင်တော့ ဒီဆိုဒ်မှာ စုံစုံလင်လင် တွေရမှာဖြစ်ပါတယ် ... tutorial တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ် ...

(၁၇) Code Avengers

ဒီနေရာလေးမှာတော့ HTML ၊  CSS နဲ့  Javascript တွေကို လေ့လာလို့ရမှာဖြစ်ပါတယ် ... အကောင့် ဖောက်စရာမလိုပါဘူး .... ပုံမှန်ဝင်ကြည့်လို့ရပါတယ် .... phone ကနေပြီးတော့ ဖတ်လို့ရအောင်အတွက် သူ့ရဲ့ app လေးလည်း လုပ်ပေးထားပါတယ် ...

(၁၈) Code School

ဒီနေရာလေးမှာကတော့ Course တွေအားလုံးကို သူက free ပေးမထားပါဘူး ... ဒါပေမယ့် သူ့ဆီမှာ လေ့လာလို့ရတဲ့ Free ပေးထားတဲ့ Course တွေကတင် တော်တော် ကို အသုံးဝင်တယ်လို့ဆိုပါတယ် .....

(၁၉) Hackety Hack

ဒီဆိုဒ်ကတော့ Hacking  အတွက် သင်ကြားပေးတဲ့ ဆိုဒ်ဖြစ်ပါတယ် ... သူကပြောထားတာတော့ Programming အတွေ့အကြုံ Zero level အဆင့် ကနေပြီးတော့ သင်ပေးတာပါ .... သူသုံးတာကတော့ Ruby ကို သုံးပြီးတော့ သင်ပေးပါတယ် ...

(၂၀) Learn Code The Hard Way

ဒီဆိုဒ်မှာကတော့ C ၊ Phython ၊ Ruby ၊ SQL နဲ့ Regex စတာတွေကို အဓိက သင်လို့ရပါမယ် ...

(၂၁) Alice

ဒီဆိုဒ်ကလေးကတော့ Game တွေရေးဖို့အတွက် အဓိက ထားပြီးတော့ သင်ကြားပေးပါတယ် ....  3D နဲ့ ပါတ်သတ်တာတွေ ၊ Thinking တွေ ၊ Problem solving တွေ နဲ့ စုံစုံလင်လင် ရှိတာကို တွေ့ရမှာပါ ...

(၂၂) Scratch

ဒီဆိုဒ်ကလေးရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ အတွက်ရည်ရွယ်ပြီးလုပ်ထားပါတယ်တဲ့ ... ဒါပေမယ့် တကယ့် Basic ကနေပြီးတော့ သင်ချင်တဲ့ သူတွေ အတွက်လည်း အဆင်ပြေပါတယ်တဲ့ ... games တွေ music တွေ art တွေ stories တွေ animations တွေ စသဖြင့် သင်ယူနိုင်မှာပါ ...

အပေါ်ကတော့ Free အနေနဲ့ လေ့လာလို့ရမယ့် ဆိုဒ်တွေ ကို စုစည်းထားတာဖြစ်ပါတယ် .... အခုကတော့ ကျွန်တော်တို့ ဘာကို လေ့လာချင်လဲ ၊ လေ့လာမယ်ဆိုရင် Google မှာ ရှာတဲ့ အခါ တိတိကျကျ ရှာဖွေနိုင်ဖို့အတွက် ၊  ဘယ်လို ရှာရမလဲ ဆိုတာ သိဖို့အတွက် ၊ အချိန်မကုန်စေဖို့အတွက်ပါ ... 

အခု ကျွန်တော်တို့က Programming Language တစ်ခုကို လေ့လာဖို့အတွက် ရှာမယ် ဆိုရင် ... Google မှာ

“learn (insert coding language here)”

e.g : learn (phython) ဆိုပြီးတော့ ရှာကြည့်ပါ ..   ကိုယ်ရှာဖွေတာနဲ့ ပါတ်သတ်လို့ တကယ်အသုံးဝင်တာတွေကို ချပြပါလိမ့်မယ် ...

 inurl:edu "python"

 ဒီနည်းလေးကတော့  ကိုယ်သင်ချင်တာနဲ့ပါတ်သတ်ပြီးတော့ Courses တွေ နဲ့ သင်ထားတဲ့ Education ဆိုဒ်တွေကို ရှာဖွေပေးမှာဖြစ်ပါတယ် ....

-inurl:htm -inurl:html intitle:"index of" +("/ebooks"|"/book") +(chm|pdf|zip) "python"

ဒီလိုလေး ရှာရင်တော့ ကိုယ်ရှာဖွေတဲ့ language နဲ့ပါတ်သတ်ပြီးတော့ စာအုပ်တွေကို  ရှာဖွေပေးမှာပါတယ် ....  အဲ့ဒီ့ အနီလေးနဲ့ပြထားတဲ့ နေရာမှာ Language တခုခု  ဒါမှမဟုတ်  ကိုယ်က ဘယ်သူရေးတဲ့ စာအုပ်လိုချင်တာလဲ .. အဲ့ဒီ့နေရာမှာအစားထိုး ပြီးတော့ ရိုက်ပြီးတော့ ရှာကြည့်ပါ ... တိတိကျကျ ရှာဖွေပေးတာတွေ့ရပါလိမ့်မယ် ......

ဆိုဒ်တွေရဲ့ အကြောင်းကို ရေးထားတာ သိပ်ပြီးတော့ စုံစုံလင်လင် မဟုတ်ပေမယ့် ကိုယ်တကယ်လိုချင်လို့ ရှာတဲ့ အခါကျရင် ဘယ်ဆိုဒ်တွေ ဘယ်လိုရှိတယ် ဆိုတာသိရင် အဆင်ပြေစေဖို့ရယ် ၊ ပြီးတော့ Coding နဲ့ ပါတ်သတ်ပြီးတော့ သင်ကြားပေးထားတဲ့ ဆိုဒ်တွေကို စုပေးထားချင်တဲ့ အတွက်ရယ်ကြောင့်ပါ ... ...

Credit to => techspot.com
အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်