Showing posts with label Google. Show all posts
Showing posts with label Google. Show all posts

1.1.14



" မင်္ဂလာအပေါင်းနဲ့ ခညောင်းသော နှစ်သစ်ဖြစ်ပါစေ " ယနေ့နှစ်သစ်အခါသမယ မှာ ကျွန်တော့်ရဲ့ Blog သို့  ရောက်ရှိလာသော ဧည့်သည်တော်များအားလုံးအတွက် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ ..
 Coding ၀ါသနာပါသူများအနေနဲ့ Coding နဲ့ ပါတ်သတ်ပြီးတော့ လေ့လာလို့ ရနိုင်တဲ့ ဆိုဒ်တွေ ကို စုစည်းပြီး ပေးထားလိုက်ပါတယ် .....  tutorial တွေကို အဲ့ဒီ့ ဆိုဒ်တွေမှာ သွားပြီး လေ့လာနိုင်ပါတယ် ... ဘယ် Program တွေကို ဘယ်လို ရေးလဲ ... Game တွေကို ဘယ်လို ရေး သလဲ စသဖြင့်ပေါ့ .... Video tut တွေ ပါသလို lecture တွေ လည်းပါပါတယ် ..... ကိုယ်နဲ့ ဘယ် Site ကဖြင့် သင့်တော်မလဲ ဆိုတာ ရွေးပြီးတော့ သာ ကြည့်ကြပါခင်ဗျာ ....  Coding နဲ့ ပါတ်သတ်သူများအနေနဲ့ စုစည်းထားသင့်တဲ့ ဆိုဒ်တွေပါခင်ဗျာ .....

(၁) CodecAcademy

ဒီ ဆိုဒ်မှာတော့ ပထမဆုံး လိုအပ်တာ အကောင့် ဖောက်ဖို့ ဖြစ်ပါတယ် ... အကောင့်ကလည်း Free ဖြစ်ပါတယ် ..... အကောင့် ဖောက်ပြီးရင်တော့ အဲ့ဒီ့ ဆိုဒ်မှာ သင်ပေးတဲ့ Language တွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ် .... ဘာတွေ သင်လို့ရသလဲ ဆိုရင်တော့ JavaScript, HTML, CSS, Python, Ruby, PHP စတာတွေကို သင်လို့ရမှာဖြစ်ပါတယ် ...  အဲ့ဒီ့ဆိုဒ်မှာ အခုဆိုရင် လူ ပေါင်း ၄ သိန်း ကျော် ရှိနေပြီ ဖြစ်ပါတယ် ....

(၂) Google Code University

ဒီဆိုဒ်ကတော့ ကျွန်တော်တို့ အင်တာနက် သုံး နေတဲ့ သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂုရုကြီး Google ဖြစ်ပါတယ် ..... အခု ဒီ ဆိုဒ်မှာတော့ အကောင့် ဖောက်စရာမလိုပါဘူး .... ကိုယ်လိုတာကို ၀င်ကြည့် ၀င်လေ့လာရုံပါပဲ ...... အဲ့ဒီ့မှာဆိုရင် Video lecture တွေ အပြင် အဖြစ်များတဲ့ problem တွေ ဖြေရှင်းနည်းတွေ ၊ လေ့ကျင့်ခန်းတွေ ၊ စာအုပ်တွေ ၊ powerpoint slide တွေကို ပါ ရနိုင်မှာ ဖြစ်ပါတယ် ..... ဘာတွေ လေ့လာလို့ရသလိုဆိုရင်တော့ Computer Science, Programming Languages, Web Programming, Web Security, Google APIs and Tools  စသဖြင့် လေ့လာလို့ရပါမယ် ....  Programming Language မှာဆိုရင် Python , C++ ,Go နဲ့ JavaScript စတာတွေကို လေ့လာလို့ရပါမယ်ခင်ဗျာ ....

(၃) P2PU

Peer to Peer University  မှာတော့ Web-based programming တွေကို လေ့လာလို့ရမှာဖြစ်ပါတယ် .... သူ့မှာတော့ အကောင့် ဖောက်ဖို့လိုပါတယ် .... အကောင့် ဖောက်ပြီး သူရဲ့ အထဲမှာ ပါတဲ့ Course တစ်ခုခု ကို ပြီးပြီ ဆိုရင် သူ့ဆိုဒ်က Badge လေးတစ်ခု ရပါတယ် ... ကိုယ့်ရဲ့ Profile မှာ website မှာ အဲ့ဒီ့ Badge လေးကို သုံးလို့ရပါတယ် ... သင်ယူတတ်မြောက်ပြီးကြောင်းပေါ့ ....

(၄) HTML5 Rocks

 ဒီဆိုဒ်မှာလည်း ကိုယ်မေးချင်တာတွေ မေးဖို့အတွက်ကို အကောင့် ဖောက်ရပါတယ် .... Tutorial တွေကို လည်း လေ့လာလို့ရပါတယ် .... သင်လို့ရတာတွေကတော့ web application frameworks, debugging tools, and compatibility resources စသဖြင့် သင်ယူလို့ရပါတယ် ...

(၆) The Code Player

ဒီဆိုဒ်မှာတော့ HTML5 , CSS3 , JavaScript တွေကို လေ့လာနိုင်ပါတယ် ... သူ့ဆီမှာဆိုရင် နမူနာ လေး တွေပြထားပြီး အဲ့ဒါလေးတွေကို သဘောကျလို့ ဘယ်လိုရေးထားတယ်ဆိုတာကို လေ့လာချင်တယ် ဆိုရင် ဘေးဘက်က view code ဆိုတာကလေးကို နှိပ်ပြီးတော့ ကြည့် လေ့လာလို့ရပါတယ် .... သိပ်သဘောကျဖို့ကောင်းတဲ့ ဆိုဒ်ကလေးတစ်ခုပါပဲ ....

(၇) Rubykoan

ဒီဆိုဒ်ကတော့ Ruby နဲ့ပါတ်သတ်လို့ အကုန်လေ့လာလို့ရပါတယ် .... Framework တွေကို ဒေါင်းပြီးတော့လည်း လေ့လာနိုင်ပါတယ် .... Ruby သီးသန့်ပဲဖြစ်ပါတယ် ...

(၈) Stack Overflow

ဒီဆိုဒ်ကတော့ Forum တစ်ခုလိုဖြစ်ပါတယ် .... အဲ့ဒီ့ ဆိုဒ်မှာ ဆရာ့ဆရာကြီးတွေ အများကြီး ရှိပါတယ် .... ကိုယ် အနေနဲ့ ရေးနေရင်း ပြဿနာတစ်ခုခု ဖြစ်ပြီဆိုရင် သွားမေးလိုက်ပါ .... သူတို့တွေက ၀ိုင်းဝန်းပြီးတော့ ဖြေရှင်းနိုင်မယ့် နည်းတွေကို ပြောပြပါလိမ့်မယ် .... လက်တွေ့လုပ်ဆောင်နေတဲ့ သူ တွေအတွက်တော့ တကယ်အသုံးဝင်တဲ့ ဆိုဒ်တစ်ခုပါ ....

(၉) Apple Developer Center

ဒါကတော့ Apple က သူ့ရဲ့ Developer တွေအတွက် လုပ်ပေးထားတာဖြစ်ပါတယ် ...

(၁၀) Android Developer Center

အခု Moblie ဆိုပြီးပြောလိုက်တာနဲ့ Android ဆိုတာနဲ့ တွဲပြီးတော့ကို မြင်လာတဲ့ အချိန်မှာ Android app ရေးသူတွေ အတွက် တော့ အသုံးဝင်ဆုံး ဆိုဒ်တစ်ခု ဖြစ်ပါလိမ့်မယ် .....

(၁၁) Mobiletuts

ဒီနေရာလေးကတော့ Mobile ဖုန်းတွေ အတွက် App ရေးသားသူတွေ အတွက်ပါပဲ ....Tutorial တွေကိုလည်း စုံအောင် တင်ပေးထားပါတယ် .... Ios , Android နဲ့ window phone တွေအတွက်ပါ tut တွေ အများကြီးရှိပါတယ် ......

(၁၂) Programmr

ဒီနေရာလေးမှာတော့ language တော်တော်များများကို လေ့လာနိုင်ပါတယ် .....  Training လုပ်ပေးတာတွေ ရှိသလို , problem တွေကိုလည်း ပြောလို့ရပါတယ် .... လေ့လာလို့ရတာတွေကတော့ C# , Java , PHP , SQL , C++ , Javascript စသဖြင့် တော်တော် စုံပါတယ် ....   Java နဲ့ SQL ကိုတော့ ပိုပြီး စုံစုံလင်လင် တွေ့ရလိမ့်မယ်လို့ ဆိုပါတယ် ......

(၁၃) edX

ဒီဆိုဒ်ကတော့ Harvard တက္ကသိုလ် ၊ မန်ဆာချူးဆက် တက္ကသိုလ် နဲ့ Berekley တက္ကသိုလ် တို့ ပေါင်းပြီးတော့ Computer Scienceသင်ကြားပေးထားတဲ့ ဆိုဒ်ပဲ ဖြစ်ပါတယ် ....

(၁၄) YouTube EDU

ဒါကတော့ ကျွန်တော်တို့ တွေနဲ့ ရင်းနှီးတဲ့  Youtube ပါ ... အဲ့ဒီ့မှာ ကတော့ Video training တွေ နဲ့တင်ပြထားပါတယ် ... ဘာတွေ လေ့လာလို့ရသလဲဆိုရင်တော့ အများကြီး ရှိပါတယ် .... ကိုယ် သင်ချင်တာလေးကို ရွေးပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်ခွဲအလိုက်သာ ကြည့်သွားကြပါလို့ တိုက်တွန်းပါတယ် .....

(၁၅) Processing

ဒီနေရာလေးမှာတော့  software platform တွေ  tutorials တွေ  example code တွေ ကို  free ဒေါင်းလို့ရမှာပါ ... ပြီးရင် အခက်အခဲတွေ့တဲ့အခါမှာ forum မှာသွားပြီးတော့ မေးလို့ရပါတယ် ....

(၁၆) Eloquent Javascript

JavaScript ကို လေ့လာမယ်ဆိုရင်တော့ ဒီဆိုဒ်မှာ စုံစုံလင်လင် တွေရမှာဖြစ်ပါတယ် ... tutorial တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ် ...

(၁၇) Code Avengers

ဒီနေရာလေးမှာတော့ HTML ၊  CSS နဲ့  Javascript တွေကို လေ့လာလို့ရမှာဖြစ်ပါတယ် ... အကောင့် ဖောက်စရာမလိုပါဘူး .... ပုံမှန်ဝင်ကြည့်လို့ရပါတယ် .... phone ကနေပြီးတော့ ဖတ်လို့ရအောင်အတွက် သူ့ရဲ့ app လေးလည်း လုပ်ပေးထားပါတယ် ...

(၁၈) Code School

ဒီနေရာလေးမှာကတော့ Course တွေအားလုံးကို သူက free ပေးမထားပါဘူး ... ဒါပေမယ့် သူ့ဆီမှာ လေ့လာလို့ရတဲ့ Free ပေးထားတဲ့ Course တွေကတင် တော်တော် ကို အသုံးဝင်တယ်လို့ဆိုပါတယ် .....

(၁၉) Hackety Hack

ဒီဆိုဒ်ကတော့ Hacking  အတွက် သင်ကြားပေးတဲ့ ဆိုဒ်ဖြစ်ပါတယ် ... သူကပြောထားတာတော့ Programming အတွေ့အကြုံ Zero level အဆင့် ကနေပြီးတော့ သင်ပေးတာပါ .... သူသုံးတာကတော့ Ruby ကို သုံးပြီးတော့ သင်ပေးပါတယ် ...

(၂၀) Learn Code The Hard Way

ဒီဆိုဒ်မှာကတော့ C ၊ Phython ၊ Ruby ၊ SQL နဲ့ Regex စတာတွေကို အဓိက သင်လို့ရပါမယ် ...

(၂၁) Alice

ဒီဆိုဒ်ကလေးကတော့ Game တွေရေးဖို့အတွက် အဓိက ထားပြီးတော့ သင်ကြားပေးပါတယ် ....  3D နဲ့ ပါတ်သတ်တာတွေ ၊ Thinking တွေ ၊ Problem solving တွေ နဲ့ စုံစုံလင်လင် ရှိတာကို တွေ့ရမှာပါ ...

(၂၂) Scratch

ဒီဆိုဒ်ကလေးရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေ အတွက်ရည်ရွယ်ပြီးလုပ်ထားပါတယ်တဲ့ ... ဒါပေမယ့် တကယ့် Basic ကနေပြီးတော့ သင်ချင်တဲ့ သူတွေ အတွက်လည်း အဆင်ပြေပါတယ်တဲ့ ... games တွေ music တွေ art တွေ stories တွေ animations တွေ စသဖြင့် သင်ယူနိုင်မှာပါ ...

အပေါ်ကတော့ Free အနေနဲ့ လေ့လာလို့ရမယ့် ဆိုဒ်တွေ ကို စုစည်းထားတာဖြစ်ပါတယ် .... အခုကတော့ ကျွန်တော်တို့ ဘာကို လေ့လာချင်လဲ ၊ လေ့လာမယ်ဆိုရင် Google မှာ ရှာတဲ့ အခါ တိတိကျကျ ရှာဖွေနိုင်ဖို့အတွက် ၊  ဘယ်လို ရှာရမလဲ ဆိုတာ သိဖို့အတွက် ၊ အချိန်မကုန်စေဖို့အတွက်ပါ ... 

အခု ကျွန်တော်တို့က Programming Language တစ်ခုကို လေ့လာဖို့အတွက် ရှာမယ် ဆိုရင် ... Google မှာ

“learn (insert coding language here)”

e.g : learn (phython) ဆိုပြီးတော့ ရှာကြည့်ပါ ..   ကိုယ်ရှာဖွေတာနဲ့ ပါတ်သတ်လို့ တကယ်အသုံးဝင်တာတွေကို ချပြပါလိမ့်မယ် ...

 inurl:edu "python"

 ဒီနည်းလေးကတော့  ကိုယ်သင်ချင်တာနဲ့ပါတ်သတ်ပြီးတော့ Courses တွေ နဲ့ သင်ထားတဲ့ Education ဆိုဒ်တွေကို ရှာဖွေပေးမှာဖြစ်ပါတယ် ....

-inurl:htm -inurl:html intitle:"index of" +("/ebooks"|"/book") +(chm|pdf|zip) "python"

ဒီလိုလေး ရှာရင်တော့ ကိုယ်ရှာဖွေတဲ့ language နဲ့ပါတ်သတ်ပြီးတော့ စာအုပ်တွေကို  ရှာဖွေပေးမှာပါတယ် ....  အဲ့ဒီ့ အနီလေးနဲ့ပြထားတဲ့ နေရာမှာ Language တခုခု  ဒါမှမဟုတ်  ကိုယ်က ဘယ်သူရေးတဲ့ စာအုပ်လိုချင်တာလဲ .. အဲ့ဒီ့နေရာမှာအစားထိုး ပြီးတော့ ရိုက်ပြီးတော့ ရှာကြည့်ပါ ... တိတိကျကျ ရှာဖွေပေးတာတွေ့ရပါလိမ့်မယ် ......

ဆိုဒ်တွေရဲ့ အကြောင်းကို ရေးထားတာ သိပ်ပြီးတော့ စုံစုံလင်လင် မဟုတ်ပေမယ့် ကိုယ်တကယ်လိုချင်လို့ ရှာတဲ့ အခါကျရင် ဘယ်ဆိုဒ်တွေ ဘယ်လိုရှိတယ် ဆိုတာသိရင် အဆင်ပြေစေဖို့ရယ် ၊ ပြီးတော့ Coding နဲ့ ပါတ်သတ်ပြီးတော့ သင်ကြားပေးထားတဲ့ ဆိုဒ်တွေကို စုပေးထားချင်တဲ့ အတွက်ရယ်ကြောင့်ပါ ... ...

Credit to => techspot.com
အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင် 

Posted on Wednesday, January 01, 2014 by Unknown

No comments

24.3.13


အပေါ်က ပုံလေးကတော့ Window 8 မှာ Gtalk ရဲ့ ဖြစ်နေတဲ့ ပုံစံပါ ... ရိုက်နေတုန်းကတော့ အကောင်းပဲ ... ဒါပေမယ့် နောက် Box ထဲလဲ ရောက်သွားရော ကိုးယို့ကားယားနဲ့ ဖြစ်သွားရော ... တခါ ရိုက်လိုက် .. ဟိုဘက်ကနေပြီးတော့ ပြန်ရိုက်ရင် အဲ့လို ပဲ ပေါ်တော့ ကျတော့ တနေရာမှာ သွားပြီးတော့ ပြန်ကြည့်လိုက်နဲ့ အဆင်မပြေတော့ဘူး ... အဲ့ဒီ့တော့ ဖြေရှင်းနည်းကို ရှာရပါတော့တယ် ...
လွယ်လွယ်လေးပါပဲ ...

သွားရမယ့်နေရာက Internet Option ကိုသွားရမှာပါ ... ဘယ်လို သွားမလဲ ဆိုတော့ တခြားလိုမျိုးလဲ သွားလို့ရပါတယ် .. ဒါပေမယ့် အတိုဆုံး နည်းလမ်းလေး နဲ့ပဲ ပြပေးလိုက်ပါတယ် ...

ပထမဆုံး Window key+r ( run box ) ကို ခေါ်လိုက်ပါ ..
ပြီးရင် အဲ့ဒီ့မှာ inetcpl.cpl ဆိုပြီးတော့ ရိုက်လိုက်ပါ ...
ရိုက်လိုက်ရင် Internet Option ပေါ်လာပါလိမ့်မယ် ...
ပေါ်လာရင် အဲ့ဒီ့မှာ အပေါ်က tab တွေထဲက Advanced Tab ကို ရွေးလိုက်ပါ ...
ရွေးပြီးသွားရင် အောက်နားလေးမှာ Reset ဆိုတဲ့ Button လေးရှိတယ် ..
အဲ့ဒါလေးကို နှိပ်လိုက်ရင် အဆင်ပြေသွားပါပြီ ... ဒါက Gtalk အတွက်ပါ ...


Google Chrome အတွက် ..

တော်တော်များများကတော့ Firefox သုံးနေကြပါတယ် .. ဒါပေမယ့် တချို့ကျတော့ Firefox ထက် Chrome ကို ပိုပြီးတော့ သုံးကြတာလည်းတွေ့ပါတယ် .. စစသုံးချင်းမှာတော့ Chrome က ပိုပြီးတော့ သွက်တယ်လို့ ထင်တယ် .. ဒါပေမယ့် နောက်ပိုင်း သုံးရင်းနဲ့က နည်းနည်းချင်းစီ လေးလေး လာတယ်လို့ ထင်ရတယ် .. Chrome သုံးနေတဲ့သူတွေ လည်း အဆင်ပြေသွားအောင်လို့ တင်ပေးလိုက်ပါတယ် ....
သူကတော့ သွားရတာ နည်းနည်းလေး ရှည်တယ် ဗျ ...

ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...

 C:\Users\username\AppData\Local\Google\Chrome\User Data\Default\User StyleSheets

username ဆိုတာမှာတော့ ကိုယ့်ရကွန်ပျူတာရဲ့  username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....

* , html, body, div,p {font-family:Zawgyi-One !important;}

အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Google Chrome ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...


အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

ref: myanmaritpro

Posted on Sunday, March 24, 2013 by Unknown

No comments

27.5.11

မင်္ဂလာပါ .. ဒါကတော့ ပြဿနာ တစ်ခု လို့ သတ်မှတ်လို့မရပါဘူး .. ဒါပေမယ့် လုပ်ချင်တဲ့သူတွေ အတွက် လုပ်လို့မရတဲ့ အခါတွေ မှာ တော့ ပြဿနာ တစ်ခု အဖြစ်သတ်မှတ်လို့ရပါတယ် ... ဘာလဲ .. သူများတွေ Gtalk တွေမှာ မြင်ဖူးမှာပါ .. သူတို့ သီချင်းဖွင့်ထားတယ်ဆိုရင် အဲဒီ့မှာ သီချင်းနာမည်လေး နဲ့ ဆိုတဲ့အဆိုတော် နာမည်လေးနဲ့ ပေါ်နေတာလေး ကို လေ ... အဲ့ဒါမျိုးလေး ဖြစ်ဖို့ အတွက် လုပ်ပုံလေးပါ .. တော်တော်များများ က တော့ မဖြစ်ပါဘူး .. ဒီတိုင်း ၀င်းဒိုး တင်ပြီးတော့ ပုံမှန်အတိုင်းလေး ပဲ Window media player နဲ့ သီချင်းဖွင့်ပြီးတော့ Gtalk မှာ Show current music track ဆိုပြီးတော့ လုပ်လိုက်တာနဲ့ တက်လာပါတယ် .. အဲဒီ့လို ကိုယ့်ဆီမှာ လုပ်လို့ရမရ ဘယ်လိုကြည့်မလဲ .. Windwo Media player ကို ဖွင့်လိုက်ပါ .. ပြီး၇င် More option => Plugin => background ဆိုတာလေးမှာ ဘေးဘက်က Google talk music plugin ဆိုတာလေး မရှိရင် အခုလိုမျိုးလုပ်ရမှာပါ .. အောက်ကပုံလေးလို ရှိရင်တော့ မလိုပါဘူး ...


လုပ်ဖို့ ဆိုတာကလည်း ဘာမှ မရှိပါဘူး ... ပထမဆုံး ကိုယ့်ဆီမှာ သွင်းထားတဲ့ Gtalk ကို Uninstall လုပ်ပစ်လိုက်ပါ .. ပြီးရင်တော့ အောက်က လင့်ကလေးမှာ Gtalk lastest version ကိုသွားယူလိုက်ပါ ..

www.google.com/talk


အဲဒီ့မှာ ယူပြီးသွားပြီဆိုရင်တော့ .. အဲဒီ့ gtalk.exe အပေါ်မှာ Right click ထောက်လိုက် .. ပြီးရင် Run as Administrator ဆိုပြီးတော့ သာ Run http://www.blogger.com/img/blank.gifလိုက်ပေတော့ .. အဲဒါဆိုရင်ရပါပြီ .. ကိုယ့်ရဲ့ Gtalk မှာ ကိုယ်သီချင်းနားထောင်နေတယ် ဆိုတာကို Gtalk Status Message မှာ ၀င်သွားပါပြီ ... အောက်ကပုံစံလေးနော် ...
http://www.blogger.com/img/blank.gif



အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ..

မောင်လုလင်

Posted on Friday, May 27, 2011 by Unknown

No comments

19.8.09

ဒါကလေးက အသုံးဝင်မယ်လို့ထင်ပါတယ် .. ကိုယ်လို ချင်တဲ့ သီချင်း တွေ ၊ ဒါမှ မဟုတ် software တွေကို Keygen တို့ Patch တို့နဲ့တခါတည်း အပြည့်အစုံ လေး ယူ ချင်တာတို့ အတွက်တော့ အဆင်ပြေပါတယ် . အဲဒါတွေတင်လားဆိုတော့လည်း မဟုတ်ပါဘူး ...Flash file (.swf) ကလေးတွေကိုလည်း ရှာချင်ရင် ရှာလို့ရပါတယ် ... စရှာကြည့် ကြရအောင်ပါ ...

အခု သီချင်း ကို ရှာမယ် ဆိုရင် တော့

Example :

"intitle:index of" eminem.mp3 ဆိုပြီးတော့ ရှာကြည့်လိုက်ပါ ..အဲလို ကလေး ရိုက်လိုက်ပြီးပြီဆိုရင် တော့အောက်မှာ Index of Jo Jo ပေါ့ တွေ့လိမ့်ပါ့မယ် .. အဲဒါကလေးကို နှိပ်ပြီးတော့ ရှာကြည့်လိုက်ပေါ့ ..
နောက် Soft ဆိုရင်တော့ စောစောက eminem.mp3 နေရာကလေးမှာ ကိုယ် ရှာချင်တဲ့ Software ကလေးရဲ့ နာမည်ကလေးကို ရိုက်ရှာကြည့်လိုက်ပါ..
"intitle:index of" ဘာညာသာရကာ ဆိုပြီးတော့ပေါ့ .. အဲဒီ့ အောက်ကလေးမှာ ကိုယ် ရှာတဲ့ အဲဒီ့ ဘာညာသာရကာ.exe ရဲ့ Keygen တွေကို တွေ့ရပါလိမ့်မယ် ..
swf ကို ရှာမယ်ဆိုရင်လည်း အဲဒီ့ လိုကလေးပဲ ရှာကြည့်လိုက်ပါ ..ရှာရဖွေရ အဆင်ပြေပါစေဗျာ ..



Posted on Wednesday, August 19, 2009 by မောင်လုလင်

No comments

ဒါကတော့ အပျော်သဘော လုပ်တဲ့ဟာကလေးပါ .. Google မှာပေါ်တဲ့စာတွေကိုမှန်ထဲမှာကြည့်သလို ကလေးပေါ်နေတဲ့အတိုင်းကလေးပေါ့ ..အရင်ဆုံး www.google.com ကိုသွားလိုက်ပါ .. ပြီးရင်ေ တာ့ အဲဒီ့က Search box ကလေးထဲမှာ ကိုယ် က google ကို ပြောင်းပြန်ကလေး ကြည့်ချင်တယ်ဆိုတော့googleဆိုတဲ့ စာလုံးကလေးကို ပြောင်းပြန်ကလေး ရိုက်ထည့်ကြည့်လိုက်ပါ .. ပြောင်းပြန်ဆိုတော့ elgoog ပေါ့ .. အဲလို ကလေး ရိုက်ထည့်ပြီးသွားပြီဆိုရင် Enter ကို မခေါက်ပါနဲ့ အုံး .. "I'm feeling lucky" ဆိုတာကလေးကို နှိပ်လိုက်ပါ .. အဲဒါဆိုရင် Google မှာ ရေးထားတာတွေ က မှန် ထဲကနေပြီးတော့ကြည့်သလိုပဲ
ပြောင်းပြန်တွေဗျာ ..အပျော်သဘောလေး ကြည့်ကြည့်ပေါ့ .. ပျော်ရွှင်ပါစေ ....

Posted on Wednesday, August 19, 2009 by မောင်လုလင်

No comments

13.8.09

Document file ကနေပြီးတော့ PDF file ကို ပြောင်းချင်ရင်တော့ converter တွေရှိသလို online မှာပဲ ပြောင်းနိုင်တဲ့ converter site ကလေးတွေလည်းရှိပါတယ် .. အခု ကတော့ online မှာပဲ gmail account ကလေးရှိတာနဲ့ ပြောင်းလို့ ရတာပါ .. အဲဒါကတော့ google က နေပြီးတော့ပဲလုပ်ပေးတဲ့ site ကလေးပါ .. ကျွန်တော်တို့ google ကြီးကလည်းချစ်ဖို့ကောင်းပါတယ် .. အဟဲ.. ဘာလုပ်လုပ်ကို ရနိုင်သလောက်ပဲ .. အခု ကိုယ်ရဲ့ DOC ကလေးကို PDF ကို ပြောင်းမယ်ဆိုရင်တော့ ..

၁။ http://docs.google.com အဲဒီ့ နေရာကလေးကို အရင် ဆုံးသွားလိုက်ပါ ..ပြီးရင်တော့ ကိုယ့်ရဲ့ gmail account ကလေးနဲ့ ၀င်လိုက်ပါ ..
၂။ ရောက်သွားပြီဆိုတာနဲ့ အဲဒီ့ က upload ဆိုတာကလေးကိုနှိပ်ပြီးတော့ ကိုယ် ရဲ့ DOC file ကလေးကို upload တင်ပေးလိုက်ပါ ...
၃။အဲဒီ့မယ် upload တင်ပေးလိုက်ပြီဆိုတာနဲ့ နောက်ထပ် စာမျက်နှာ ကလေးတစ်ခု ပေါ်လာပါလိမ့်မယ် ။
၎။ပေါ်လာပြီဆိုရင်တော့ အဲဒီ့ကနေပြီးတော့ File ကနေ download file as ဆိုတာကလေးကနေ ကိုယ်လိုချင်တဲ့ ပုံစံကလေးနဲ့ ချလိုက်ရုံပါပဲ ...ပါတာတွေကတော့ အောက်က file type ကလေးတွေပါ ..
HTML,Open Office,PDF,RTF,TEXT,Word

အောက်မှာ ကျွန်တော် ပုံကလေးတွေလည်းပြထားပါတယ် .. အဆင်မပြေဘူးဆိုရင်ကြည့်ကြည့်လိုက်ပါဦး နော် ..







အဆင်မပြေဘူးဆိုရင် commet ကလေး ပေးခဲ့ပါခင်ဗျာ ...

Posted on Thursday, August 13, 2009 by မောင်လုလင်

3 comments

8.8.09

ကိုယ့်ကို သူက password ပေးထားတယ် အဲဒါကို နောက်ကျရင် သူကလည်း သူ့ password ကလေးကို ပြန်ပြောင်းတော့မယ် .. ဒါပေမယ့် ကိုယ်က သူ့ဆီ က ၀င်လာတဲ့မေးလ် တွေကိုကလည်းဖတ်ချင်သေး .. အဲဒါဆိုရင်တော့  ဒီနည်းကလေးက အသုံးဝင်ပါတယ် ...ဒီနည်းက G mail မှ မဟုတ်ပါဘူး.. နောက်ထပ် တခြား yahoo တို့ ဘာတို့ကိုလည်း ရပါတယ် Password သိရင် ပြောတာပါ ....
ကျွန်တော် ပြောတဲ့ နည်း က သူ့ရဲ့ password ကို သိမှ ရမှာပါ ဗျာ ... မသိရင်တော့ မရပါဘူး ... သိခဲ့တယ် ဆိုရင်တော့ အောက်က နည်းလေး အတိုင်းလေး စလိုက်ကြရအောင် ...ကိုယ့် gmail ကိုဝင်လိုက်ပါ ... ပြီးရင် setting ကိုသွားလိုက်ပါ ... ပြီးရင်တော့ account ကိုသွားလိုက်ဦးနော် ...get mail from other account ကနေပြီးတော့ add a another account ကို click လိုက်ပါ ... အဲဒီ မှာ ကိုယ် လုပ်ချင်တဲ့ account address ကို ထည့်လိုက်ပါ..ပြီးရင်တော့ နောက် ထပ် တစ်ခု ပေါ်လာပါလိမ့်မယ် .. အဲဒီမှာ password ကလေးကိုဖြည့်လိုက်ပါ ပြီးရင် label in incoming massage ဆိုတာလေးကို အမှန် ခြစ်ကလေး ပေးထားလိုက် နော် .. အိုကေ ပြီးရင် add account ဆိုတာ ကို ပေးလိုက် .. အဲလာ ဆိုရင် gmail ကနေပြီးတော ကိုယ် နောက်ထပ်ထည့်ထားတဲ့ account ကနေပြီးတော့ ရှိသမျှမေးလ်တွေကို ကိုယ့် account ထဲကို ဆွဲထည့်ပေးလိမ့်မယ်နော် ...
အဲဒီ account ကမေးလ်တွေကိုကြည့်ချင်ရင်တော့ Travel ဆိုတာရဲ့ အပေါ်မှာ ကိုယ် စောစောက ထည့်ထားတဲ့ account ကလေးကို တွေ့လိမ့်မယ် .. အဲလာကလေးကို နှိပ်လိုက် .. တွေ့ပါလိမ့်မယ်ဗျာ .. အဲ ဒီ account က မေးလ်တွေ အားလုံးကို ... အဆင်ပြေပါစေဗျာ ....

ပြီးရင်တော့ အချိန် ကလေး နည်းနည်း စောင့်လိုက်နော် သူက checking gmail ဆိုပြီးတော့ နောက်ပိုင်း အဲဒီ မေးလ် ထဲက မေးလ်တွေ ကို ယူပေးလိမ့်မယ် ..




Posted on Saturday, August 08, 2009 by မောင်လုလင်

No comments

4.8.09

ကိုယ်လိုချင်တဲ့ software ကလေးများရှိရင် full version ကလေး များဖြစ်ရင် သိပ်ကောင်းမှာပဲ ဆိုပြီးတော့ တွေးတတ်ကြတယ်လေ .. အဲဒါကြောင့် ဒါလေးကို ရေးပေးလိုက်ပါတယ် .. search engine မှာ က တော့ ဂုရုကြီး google နဲ့ပဲ ရှာပါ့မယ် .. ကျွန်တော် ကတော့ google ကနေပဲ ရှာပါတယ် ..

ကဲ စလိုက်ကြရအောင် ..

အရင် ဆုံး google search ထဲမှာ ကိုယ်လိုချင်တဲ့ application ရဲ့ နာမည် ကလေးကို ရိုက်ထည့်လိုက်ပါ ..ပြီးရင်တော့ အဲဒီ အနောက်ကနေပြီးတော့ 94FBR ဆိုပြီးတော့ ရိုက်ထည့်ပြိးတော့ ရှာကြည့်လိုက်ပါ .. အဲဒါဆိုရင်တော့ သူ့ ရဲ့ serial no: လေးနဲ့ ဒေါင်းလို့ရမယ့်နေရာလေး ကို ရပါ့မယ်.. သူလဲ တတ်နိုင်သလောက်ပေါ့ .. အဟဲ ..
ရှာရတာ ပိုလွယ်အောင် ပါ .. စမ်းကြည့်ပါဦးနော် ... အောက်မှာ ရိုက်ပြီးရှာရမယ့် ပုံစံ နမူနာလေး ကို ပြထားပါတယ် ...

Example :
  • "Photoshop 7" 94FBR
  • "Age of Mythology" 94FBR
  • "Nero Burning Rom 5.5" 94FBR



Posted on Tuesday, August 04, 2009 by မောင်လုလင်

No comments