Showing posts with label Phone. Show all posts
Showing posts with label Phone. Show all posts

10.1.14



အခုဆိုရင် ကျွန်တော်တို့ဆီမှာ ဖုန်းကဒ်တွေလည်း ဈေးက နည်းနည်းချင်းစီကျလာပြီဆိုတော့ နောက်ပိုင်းမှာ ဖုန်းကဒ် ဈေးထက် ဟန်းဆက် ဈေးက ပိုပြီးတော့ မြင့်လာတဲ့အနေအထားဖြစ်လာပါပြီ ... နောက်ကျရင် ဖုန်းကဒ်ပျက်သွားရင် အသစ်ဝယ်ပြီးသုံးလိုက်ဖို့ မခက်ပေမယ့် ဈေးကြီးကြီး ဟန်းဆက်ကိုင်ထားသူများ အတွက်ကတော့ ပျက်သွားရင် လွှင့်ပစ်လို့လည်းမရ.. ဆက်သုံးတော့လည်း ဘက်ထရီ က အထားမခံတော့ ယူသွားရလောက်အောင် အဆင်မပြေပြန်ဘူး.. ဘက်ထရီ ကလည်းကောင်းပါတယ် .. ဒါပေမယ့် မသုံးသင့်တာ တွေ ပိတ်မထားပဲ နေမိတာတွေ ဖြစ်ခဲ့ရင်လည်း ဘက်ထရီက မခံပြန်ဘူး ... ဘက်ထရီ အားကို သတိထားချွေတာသုံးရမယ့်နေရာမှာ အဲ့ဒီ့လိုမျိုး ပြဿနာလေးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်လိုက်ပါတယ် ... ပုံတွေမှာတော့ Andriod နဲ့ပြထားပေမယ့် Phone Battery တော်တော်များများက lithium-ion battery နဲ့ပဲ လုပ်ထားတာမို့ iDevice များအတွက်လည်း အခြေခံအားဖြင့် တူပါတယ် .. 

၁။ Brighitness ကိုလျှော့ချထားပါ .. 

ဖုန်းမှာ ထားတဲ့ အလင်းရောင်ဟာ လိုတာထက်ပိုနေခဲ့ရင် ဘက်ထရီကိုပိုပြီးတော့ ကုန်စေပါတယ် ... ဒါလုပ်တာကလည်း အလွယ်ဆုံးနဲ့ အကောင်းဆုံးသော လျော့ချခြင်းပါပဲ ... သွားရမယ့်လမ်းကတော့ ..
Settings Icon –> Display settings and Brightness Level.
အဲ့ဒီကို ရောက်ပြီဆိုရင် ကိုယ်လိုသလောက်ပဲ ညှိပြီးတော့ ထားလိုက်ပါ ...











၂။ Vibrate Feature ကို ဖြစ်နိုင်ရင် ပိတ်ထားပါ ..



Vibrate လုပ်ထားတာကလည်း Phone ရဲ့ Battery ကို စားပါတယ် ... Vibrate မှာ Feature ၄ ခုပါပါတယ် ...
လိုအပ်တဲ့ အချိန်မှ သာသုံးပါ ...
  • Always
  • Never
  • Only in Silent mode
  • Only when not in Silent mode   






 ၃။ သုံးပြီးသော App များကို ပိတ်လိုက်ပါ ..

ဂိမ်းတွေဘာတွေ ကစားဖြစ်တယ်ဆိုရင် ကစားပြီးသွားရင် ကျွန်တော်တို့က ရိုးရိုးပဲပိတ်လိုက်တာပါ... အဲလိုပိတ်လိုက်တဲ့ အခါမှာ တချို့တချို့ ဂိမ်းတွေဆိုရင် နောက်ပိုင်းမှာ အလုပ်လုပ်နေပါတယ် .. အဲ့ဒါကြောင့်မလို့ ကစားပြီးသွားပြီဆိုရင် Task Killer ဖြစ်ဖြစ် Run ထားပြီးတော့ ပိတ်လိုက်ပါခင်ဗျာ ... ပြီးရင် Clear Memory ဆိုပြီးတော့ Run ကိုရှင်းပေးပါ ...

မှတ်ချက်။ ။ Save ပြီး လုပ်ရတဲ့ App တွေ ၊ ကစားရတဲ့ ဂိမ်းတွေဆိုရင်တော့ သေချာသိမ်းပါခင်ဗျာ ...







၎။ GPS , Wifi နဲ့ Bluetooth တွေကို မလိုအပ်ပါက ပိတ်ထားပါ ..

Wifi ကို ဖုန်းကတ်ကနေပြီးတော့ အင်တာနက် တိုက်ရိုက်သုံးရင် မလိုအပ်ပေမယ့် တခါတလေ Wifi မိတဲ့ နေရာမျိုးမှာ ဆို ရင် ဖွင့်ပြီးသုံးကြပါတယ် .. ပြီးတော့ ကျတော့ အဲ့ဒါကို မပိတ်မိကြဘူး ... မပိတ်မိကြတော့ နောက်ပိုင်းမှာ ဘက်ထရီ စားတာပိုမြန်လာပါတယ် ... Bluetooth ကလည်း အဲ့လိုပါပဲ ... အသုံးပြုပြီးပြီဆိုတာနဲ့ ပိတ်ထားသင့်ပါတယ် .. အဲ့ဒါတွေ ဖွင့်ထားရင် ဘာကြောင့် ကုန်တာမြန်လဲ ဆိုရင်တော့ သူတို့က ဖွင့်ထားတဲ့ အချိန်မှာ ကိုယ်က မသုံးပဲလဲ အမြဲတမ်း Search လုပ်နေပါတယ် .. အဲ့ဒီ့တော့ သူ့အတွက်ကိုလည်း အား ပေးရတဲ့သဘောမျိုးပါပဲ ...

၅။ ဖြစ်နိုင်ရင် 2G ကိုသာသုံးပါ .. 

နောက်ပိုင်းမှာ ပေါ်လာတာတွေက 3G , 3.5G နဲ့ 4G စသဖြင့် ရှိလာပါတယ် ... သူက မြင့်လာတာနဲ့ အမျှ ဘက်ထရီ အသုံးပြုမှု ကလည်းများလာပါတယ် .. ဒါကြောင့် လိုအပ်မှသာ စောစောက ပြောတဲ့ G တွေကို သုံးပါခင်ဗျာ ... ဖုန်းအတွက်သာ အသုံးပြုမယ့် အချိန် ၊ အင်တာနက်မသုံးဖြစ်တဲ့ အချိန် မျိုးပေါ့ ... 2G ပြောင်းပုံကတော့ ပုံမှာ ပြထားသလို သုံးလို့ရသလို ၊ App တွေလည်း ရှိပါတယ် ... ဥပမာ 2G-3G OnOff ဆိုတဲ့ app လိုမျိုးပါ ....







၆။ Animated Wallpaper တွေကို မသုံးပါနဲ့ ...

 အဲ့ဒီ့ wallpaper တွေက နောက်က effect တွေ လှုပ်ရှားဖို့ အတွက်လည်း ဖုန်းရဲ့ ဘက်ထရီ ကို နည်းနည်းပေးရပါတယ် .. ဒါကြောင့် သိပ်ပြီးတော့ လှဖို့ မလိုဘူးဆိုရင် ၊ ဖုန်းအားအလွယ်တကူ သွင်းလို့ ရမယ့် နေရာမဟုတ်ဘူးဆိုရင်တော့ မသုံးသင့်ပါဘူး :) ....


















၇။ ပူတဲ့နေရာတွေကို အထူးသဖြင့်ရှောင်ပါ ..

lithium-ion ဘက်ထရီတွေအတွက် အပူချိန်ပြင်းပြင်းရှိတဲ့နေရာတွေက ဘက်ထရီရဲ့ ခံနိုင်ရည်အားကို ကျစေပါတယ် ... အခန်းရဲ့ အပူချိန် ၃၂ ဒီဂရီ ဖာရင်ဟိုက် ရှိတဲ့ နေရာမျိုးမှာဆိုရင် ၁ နှစ်ကို ဘက်ထရီရဲ့ စွမ်းဆောင်ရည်နှုန်း ၆ ရာခိုင်နှုန်းကျစေပါတယ် .... ၇၇ ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင် ဘက်ထီရဲ့ စွမ်းဆောင်ရည်နှုန်း ၂၀ ရာခိုင်နှုန်းအထိတောင်မှ ကျနိုင်ပါတယ် ... ဒါကြောင့် အပူချိန် များတဲ့နေရာကို ရှောင်ပါ ...


၈။ ဘက်ထရီကို အားကုန်တဲ့အထိ မသုံးပါနဲ့ ... 

ဖုန်းတွေမှာ ဘက်ထရီ ကုန်တော့မယ်ဆိုရင် ပုံမှာ ပြတဲ့ Alert ကလေးပေါ်လာပါတယ် .... ဖြစ်နိုင်ရင် အဲ့ဒီ့ လို Alert ပေါ်လာအောင်သုံးတာ တစ်လ ကို တစ်ခါသာလျှင်သုံးသင့်ပါတယ် ...တစ်လကို တစ်ခါထက်ပိုပြီး သုံးမယ်ဆိုရင်တော့  ဘက်ထရီ Drain ဖြစ်တာ ပိုမြန်ပါတယ် .. ဘက်ထရီကို အားဖြည့်နည်း ၂ မျိုးရှိပါတယ် ... တစ်ခုက Full circle charge နဲ့ Normal circle charge ဖြစ်ပါတယ် .. Full circle charge ဆိုတာကတော့ ဘက်ထရီ မှာ အဲ့ဒီ့လိုမျိုး Alert ကလေးပေါ်လာပြီး ဆက်သုံးလိုက်ပါ .. ဥပမာ ၁၅ ရာခိုင်နှုန်းမှာ ပေါ်လာတယ်ဆိုရင် ကျွန်တော်တို့က ၁၀ ရာခိုင်နှုန်းလောက်ထိပဲ ကျန်အောင် သုံးလိုက်တာပါ ... အဲ့ဒီ့ ၁၀ ရာခိုင်နှုန်းကနေပြီးတော့ အားပြည့်တဲ့ အထိ ဖြည့်မယ်ဆိုရင် အဲ့ဒါ Full circle charge ပါ .. အဲ့ဒီ့ Full circle charge ကို ၁ လကို အများဆုံး ၁ ကြိမ်သာလျှင်ပြုလုပ်သင့်ပါတယ် ... Normal circle charge ဆိုတာကတော့ အဲ့လိုမျိုး Alert မပေးခင်မှာ အားဖြည့်ပေးတာပါ ... အဲ့ဒါကတော့ ပုံမှန်လုပ်လည်း ဘာမှ မဖြစ်ပါဘူး .... ၀ ရာခိုင်နှုန်းထိကျန်အောင်တော့ မသုံးမိဖို့ အကြံပေးလိုပါတယ် .... ပြီးတော့ ဘက်ထရီ ကို အား ၁၀၀ ရာခိုင်နှုန်းထိ ဖြည့်ပြီးသွားပြီဆိုရင်လည်း ထပ်ပြီး တော့ မကြာပါစေနဲ့ တခါတည်းဖြုတ်လိုက်ပါ ....

၉။ Screen Timeout ကို အကြာကြီး မထားပါနဲ့ ... 

ဒါကတော့ ဖုန်းကို ကိုယ် မသုံးတာနဲ့ တခါတည်း lock လုပ်တာပါ ... Screen ကို ပိတ်လိုက်တာပါ .... တကယ်လို့ lock မလုပ်ချင်ဘူးဆိုရင်လည်း သူ့ရဲ့ Screen Timeout ကို ခပ်နည်းနည်းသာပေးထားလိုက်ပါ ... ( နားလည်မယ်လို့ ယူဆပါတယ် :D )

၁၀။ ဖုန်းလိုင်း သိပ် မမိတဲ့ နေရာတွေ ကိုရှောင်ပါ ...

ဒါကတော့ရှင်းမယ်လို့ထင်ပါတယ် .. ဖုန်းလိုင်း သိပ်မမိတဲ့နေရာမှာ စကားပြောမယ်ဆိုရင် ဧရိယာတိုင် ကို ပြည့်ဖို့အတွက် ၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ဖို့အတွက် ဖုန်းက သူ့အလိုလို ဖုန်းလိုင်းကို ရှာရပါတယ် .. အဲ့တော့ မလိုအပ်ပဲ အားကုန် သွားတတ်ပါတယ် ... 



အခု ကျွန်တော်ရေးပေးခဲ့တာတွေကတော့ ကိုယ့်ရဲ့ ဖုန်း ဘက်ထရီကို သက်တမ်းကြာရှည်ခံဖို့ ၊ ရေရှည် သုံးနိုင်ဖို့အတွက် အကြံပေးတာပဲဖြစ်ပါတယ်ခင်ဗျာ .. ပြီးတော့ အဲ့ဒီ့ အချက်ကလေးတွေကို ကိုယ့်အနေနဲ့လည်း မှတ်ထားရလွယ်မယ်ထင်ပါတယ် ... အကယ်၍ များ ကျွန်တော်ပြောခဲ့တဲ့ အချက်တွေကို နားမလည်ဘူး ဆိုရင်တော့ ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ပါလိမ့်မယ် .. နားလည်နိုင်ဖို့အတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးထားပါတယ်ခင်ဗျာ .....

အားလုံး အစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေခင်ဗျာ .....
မောင်လုလင်

Posted on Friday, January 10, 2014 by Unknown

No comments

22.5.13


အခု တင်ပေးတဲ့ဟာလေးကတော့ Android ဖုန်းသုံးသူများအတွက်ဖြစ်ပါတယ် ... ကိုယ့်ရဲ့ကွန်ပျူတာကနေပြီး အင်တာနက်ကို  ဖုန်းမှာ သုံးချင်သောသူများအတွက်ပါ ... ပုံမှန်အားဖြင့်တော့ ဖုန်းက အင်တာနက်ကို ကွန်ပျူတာမှာသုံးတာများပါတယ် ... ကွန်ပျူတာ က အင်တာနက်ကို ဖုန်းမှာ သုံးမယ်ဆိုရင် Wifi  နဲ့ သုံးကြတာများပါတယ် ... ကိုယ့် ကွန်ပျူတာက Laptop ဆိုရင်ပေါ့လေ ... တကယ်လို့ Desktop ဆိုရင်ကျတော့ ပြန်လွှင့်ဖို့ အတွက် အဆင်မပြေတော့  အင်တာနက် သုံး ဖို့ အခက်အခဲ ဖြစ်လာပါတယ် ... အခု ကျွန်တော် တင်ပေးတဲ့ ဟာလေး နဲ့ဆိုရင် Desktop ကွန်ပျူတာကနေ  ဖုန်းကို  အင်တာနက်ချိတ်ပြီး သုံးဖို့ အတွက် အဆင်ပြေပါလိမ့်မယ် ခင်ဗျာ ... လိုတာကတော့ ဖုန်းနဲ့ ကွန်ပျူတာချိတ်ဖို့အတွက် USB  ရယ် ကိုယ့်ရဲ့ ဖုန်းမှာ USB Debugging ဆိုတာလေးမှာ အမှန်ခြစ်ထားပေးဖို့ရယ် ပြီးရင် ဖုန်းက Root လုပ်ပြီးသား ဖြစ်ဖို့လည်း  လိုပါတယ် ... ပြီးရင်တော့ အောက်ကလင့် ကလေးမှာပေးထားတဲ့ ReverseTethering v3.2 ကို ဒေါင်းလုဒ် ချလိုက်ပါခင်ဗျာ ...

Download

ဒေါင်းလုဒ် ချပြီးပြီဆိုရင်တော့ အဲ့ဒီ့ Zip ကို ဖြည်လိုက်ပါ .. ဖြည်ပြီးသွားရင်တော့ အထဲမှာပါတဲ့
Tracetool service.apk ဆိုတာကို Phone ထဲမှာ သွင်းလိုက်ပါ ... အိုကေ သွင်းပြီးသွားရင်တော့ ... စောစောက ဖြည်လိုက်တဲ့ အထဲမှာ AndroidTool ဆိုတာလေး ရှိပါတယ် .. အဲ့ဒါလေးကို Run လိုက်ပါ ...  ကိုယ့်ရဲ့ ဖုန်းကို တော့ ကွန်ပျူတာနဲ့ ချိတ်ထားရမှာနော် ... Run လိုက်ရင် အောက်က ပုံလေး ပေါ်လာပါလိမ့်မယ် ..
အဲ့ဒီ့မှာ ကိုယ့်ဖုန်းက ချိတ်ထားတယ်ဆိုရင် Select a device ဆိုတာမှာ ကိုယ့်ရဲ့ Phone  ( device ) ကို ပြပါလိမ့်မယ် ... အောက်က DNS ဆိုတာကတော့ ကိုယ့်ရဲ့ IP ကိုပြပါလိမ့်မယ် .. အဲ့လို ပြပြီဆိုရင် Connect ဆိုတာလေးကို နှိပ်လိုက်ပါ .. သူ့ဘာသာသူ Check လုပ်ပြီးတော့ ချိတ်ပေးပါလိမ့်မယ် ... အဲ့ဒီ့အချိန်မှာ ဖုန်းက SuperUser မှာ Box ကလေးတစ်ခု တက်လာပါလိမ့်မယ် .. အဲ့ဒါကို Yes လို့ပေးလိုက်ပါ ...  ပုံမှန် တော့ အဲ့လို မျိုး အဆင်ပြေပါတယ်ခင်ဗျာ ... အကယ်၍ အဆင်မပြေဘူးဆိုရင်တော့ Cbox မှာပြောပေးခဲ့ပါ ခင်ဗျာ .....

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်
software ref: facebook Moblie user group

Posted on Wednesday, May 22, 2013 by Unknown

No comments

8.2.13

ကျွန်တော် ခု ကြားမိတာက မြန်မာနိုင်ငံမှာ Viber ကို ဖြုတ်တော့မယ်လို့ ကြားမိပါတယ် ... အဲ့ဒီ့တော့ ကျွန်တော်တို့တွေအတွက် အဆင်ပြေအောင် ... နိုင်ငံခြားဆက်သွယ်မှု အဆင်ပြေအောင် .. ဖရီးလေးလည်း ဖြစ်ရမယ် ... အသံကလည်းကြည်ရမယ် .. အဲ ဒါထက် ကိုရီးယား ကြိုက်သူတွေအတွက်တော့ ကိုရီးယား က လူတွေ သုံးတာများတဲ့ App လေးလည်းဖြစ်တော့ ပိုပြီးတော့ အဆင်ပြေတာပေါ့ဗျာ ... ကျွန်တော် စမ်းကြည့်သလောက်တော့ သူက Viber ထက်ပိုပြီးတော့ အသံပိုကြည်တယ်... ပြီးတော့လိုင်းလည်း ပိုကောင်းတယ်လို့ ပြောတယ်ဗျ .. acc ကတော့ Viber လိုမျိုး Phone နံပါတ်နဲ့ လုပ်လို့ ရပါတယ် ... အကောင့်ဖောက်နည်းကိုတော့ ကျွန်တော် မပြောတော့ပါဘူး ... လွယ်မယ်လည်းထင်ပါတယ် ... အခုတော့ကျွန်တော် ညွှန်းပဲ ညွှန်းလိုက်ပါတယ်ခင်ဗျာ .. စမ်းသုံးကြည့်လိုက်ပါ .. အဆင်ပြေမယ်ထင်ပါတယ် ... iDevice တွေရော .. Andriod တွေရော အတွက် ပါ ရှိပါတယ် ... ကဲ ညွှန်းတာများသွားပြီထင်တယ် .. အောက် က ဆိုဒ်ကလေးမှာ သွားယူလိုက်ပါဦးဗျာ ... :) ကျွန်တော့်ကိုလည်း အစ်မ တစ်ယောက်လမ်းညွှန်လို့ သုံးဖြစ်တာပါ ... :) အဆင်ပြေပါစေခင်ဗျာ ...

http://www.kakao.com

အားလုံးအစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပါစေလို့ ဆုတောင်းလျက် .....

မောင်လုလင်  

Posted on Friday, February 08, 2013 by Unknown

No comments