Showing posts with label Tips. Show all posts
Showing posts with label Tips. Show all posts

10.1.14



အခုဆိုရင် ကျွန်တော်တို့ဆီမှာ ဖုန်းကဒ်တွေလည်း ဈေးက နည်းနည်းချင်းစီကျလာပြီဆိုတော့ နောက်ပိုင်းမှာ ဖုန်းကဒ် ဈေးထက် ဟန်းဆက် ဈေးက ပိုပြီးတော့ မြင့်လာတဲ့အနေအထားဖြစ်လာပါပြီ ... နောက်ကျရင် ဖုန်းကဒ်ပျက်သွားရင် အသစ်ဝယ်ပြီးသုံးလိုက်ဖို့ မခက်ပေမယ့် ဈေးကြီးကြီး ဟန်းဆက်ကိုင်ထားသူများ အတွက်ကတော့ ပျက်သွားရင် လွှင့်ပစ်လို့လည်းမရ.. ဆက်သုံးတော့လည်း ဘက်ထရီ က အထားမခံတော့ ယူသွားရလောက်အောင် အဆင်မပြေပြန်ဘူး.. ဘက်ထရီ ကလည်းကောင်းပါတယ် .. ဒါပေမယ့် မသုံးသင့်တာ တွေ ပိတ်မထားပဲ နေမိတာတွေ ဖြစ်ခဲ့ရင်လည်း ဘက်ထရီက မခံပြန်ဘူး ... ဘက်ထရီ အားကို သတိထားချွေတာသုံးရမယ့်နေရာမှာ အဲ့ဒီ့လိုမျိုး ပြဿနာလေးတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်လိုက်ပါတယ် ... ပုံတွေမှာတော့ Andriod နဲ့ပြထားပေမယ့် Phone Battery တော်တော်များများက lithium-ion battery နဲ့ပဲ လုပ်ထားတာမို့ iDevice များအတွက်လည်း အခြေခံအားဖြင့် တူပါတယ် .. 

၁။ Brighitness ကိုလျှော့ချထားပါ .. 

ဖုန်းမှာ ထားတဲ့ အလင်းရောင်ဟာ လိုတာထက်ပိုနေခဲ့ရင် ဘက်ထရီကိုပိုပြီးတော့ ကုန်စေပါတယ် ... ဒါလုပ်တာကလည်း အလွယ်ဆုံးနဲ့ အကောင်းဆုံးသော လျော့ချခြင်းပါပဲ ... သွားရမယ့်လမ်းကတော့ ..
Settings Icon –> Display settings and Brightness Level.
အဲ့ဒီကို ရောက်ပြီဆိုရင် ကိုယ်လိုသလောက်ပဲ ညှိပြီးတော့ ထားလိုက်ပါ ...











၂။ Vibrate Feature ကို ဖြစ်နိုင်ရင် ပိတ်ထားပါ ..



Vibrate လုပ်ထားတာကလည်း Phone ရဲ့ Battery ကို စားပါတယ် ... Vibrate မှာ Feature ၄ ခုပါပါတယ် ...
လိုအပ်တဲ့ အချိန်မှ သာသုံးပါ ...
  • Always
  • Never
  • Only in Silent mode
  • Only when not in Silent mode   






 ၃။ သုံးပြီးသော App များကို ပိတ်လိုက်ပါ ..

ဂိမ်းတွေဘာတွေ ကစားဖြစ်တယ်ဆိုရင် ကစားပြီးသွားရင် ကျွန်တော်တို့က ရိုးရိုးပဲပိတ်လိုက်တာပါ... အဲလိုပိတ်လိုက်တဲ့ အခါမှာ တချို့တချို့ ဂိမ်းတွေဆိုရင် နောက်ပိုင်းမှာ အလုပ်လုပ်နေပါတယ် .. အဲ့ဒါကြောင့်မလို့ ကစားပြီးသွားပြီဆိုရင် Task Killer ဖြစ်ဖြစ် Run ထားပြီးတော့ ပိတ်လိုက်ပါခင်ဗျာ ... ပြီးရင် Clear Memory ဆိုပြီးတော့ Run ကိုရှင်းပေးပါ ...

မှတ်ချက်။ ။ Save ပြီး လုပ်ရတဲ့ App တွေ ၊ ကစားရတဲ့ ဂိမ်းတွေဆိုရင်တော့ သေချာသိမ်းပါခင်ဗျာ ...







၎။ GPS , Wifi နဲ့ Bluetooth တွေကို မလိုအပ်ပါက ပိတ်ထားပါ ..

Wifi ကို ဖုန်းကတ်ကနေပြီးတော့ အင်တာနက် တိုက်ရိုက်သုံးရင် မလိုအပ်ပေမယ့် တခါတလေ Wifi မိတဲ့ နေရာမျိုးမှာ ဆို ရင် ဖွင့်ပြီးသုံးကြပါတယ် .. ပြီးတော့ ကျတော့ အဲ့ဒါကို မပိတ်မိကြဘူး ... မပိတ်မိကြတော့ နောက်ပိုင်းမှာ ဘက်ထရီ စားတာပိုမြန်လာပါတယ် ... Bluetooth ကလည်း အဲ့လိုပါပဲ ... အသုံးပြုပြီးပြီဆိုတာနဲ့ ပိတ်ထားသင့်ပါတယ် .. အဲ့ဒါတွေ ဖွင့်ထားရင် ဘာကြောင့် ကုန်တာမြန်လဲ ဆိုရင်တော့ သူတို့က ဖွင့်ထားတဲ့ အချိန်မှာ ကိုယ်က မသုံးပဲလဲ အမြဲတမ်း Search လုပ်နေပါတယ် .. အဲ့ဒီ့တော့ သူ့အတွက်ကိုလည်း အား ပေးရတဲ့သဘောမျိုးပါပဲ ...

၅။ ဖြစ်နိုင်ရင် 2G ကိုသာသုံးပါ .. 

နောက်ပိုင်းမှာ ပေါ်လာတာတွေက 3G , 3.5G နဲ့ 4G စသဖြင့် ရှိလာပါတယ် ... သူက မြင့်လာတာနဲ့ အမျှ ဘက်ထရီ အသုံးပြုမှု ကလည်းများလာပါတယ် .. ဒါကြောင့် လိုအပ်မှသာ စောစောက ပြောတဲ့ G တွေကို သုံးပါခင်ဗျာ ... ဖုန်းအတွက်သာ အသုံးပြုမယ့် အချိန် ၊ အင်တာနက်မသုံးဖြစ်တဲ့ အချိန် မျိုးပေါ့ ... 2G ပြောင်းပုံကတော့ ပုံမှာ ပြထားသလို သုံးလို့ရသလို ၊ App တွေလည်း ရှိပါတယ် ... ဥပမာ 2G-3G OnOff ဆိုတဲ့ app လိုမျိုးပါ ....







၆။ Animated Wallpaper တွေကို မသုံးပါနဲ့ ...

 အဲ့ဒီ့ wallpaper တွေက နောက်က effect တွေ လှုပ်ရှားဖို့ အတွက်လည်း ဖုန်းရဲ့ ဘက်ထရီ ကို နည်းနည်းပေးရပါတယ် .. ဒါကြောင့် သိပ်ပြီးတော့ လှဖို့ မလိုဘူးဆိုရင် ၊ ဖုန်းအားအလွယ်တကူ သွင်းလို့ ရမယ့် နေရာမဟုတ်ဘူးဆိုရင်တော့ မသုံးသင့်ပါဘူး :) ....


















၇။ ပူတဲ့နေရာတွေကို အထူးသဖြင့်ရှောင်ပါ ..

lithium-ion ဘက်ထရီတွေအတွက် အပူချိန်ပြင်းပြင်းရှိတဲ့နေရာတွေက ဘက်ထရီရဲ့ ခံနိုင်ရည်အားကို ကျစေပါတယ် ... အခန်းရဲ့ အပူချိန် ၃၂ ဒီဂရီ ဖာရင်ဟိုက် ရှိတဲ့ နေရာမျိုးမှာဆိုရင် ၁ နှစ်ကို ဘက်ထရီရဲ့ စွမ်းဆောင်ရည်နှုန်း ၆ ရာခိုင်နှုန်းကျစေပါတယ် .... ၇၇ ဒီဂရီ ဖာရင်ဟိုက်မှာဆိုရင် ဘက်ထီရဲ့ စွမ်းဆောင်ရည်နှုန်း ၂၀ ရာခိုင်နှုန်းအထိတောင်မှ ကျနိုင်ပါတယ် ... ဒါကြောင့် အပူချိန် များတဲ့နေရာကို ရှောင်ပါ ...


၈။ ဘက်ထရီကို အားကုန်တဲ့အထိ မသုံးပါနဲ့ ... 

ဖုန်းတွေမှာ ဘက်ထရီ ကုန်တော့မယ်ဆိုရင် ပုံမှာ ပြတဲ့ Alert ကလေးပေါ်လာပါတယ် .... ဖြစ်နိုင်ရင် အဲ့ဒီ့ လို Alert ပေါ်လာအောင်သုံးတာ တစ်လ ကို တစ်ခါသာလျှင်သုံးသင့်ပါတယ် ...တစ်လကို တစ်ခါထက်ပိုပြီး သုံးမယ်ဆိုရင်တော့  ဘက်ထရီ Drain ဖြစ်တာ ပိုမြန်ပါတယ် .. ဘက်ထရီကို အားဖြည့်နည်း ၂ မျိုးရှိပါတယ် ... တစ်ခုက Full circle charge နဲ့ Normal circle charge ဖြစ်ပါတယ် .. Full circle charge ဆိုတာကတော့ ဘက်ထရီ မှာ အဲ့ဒီ့လိုမျိုး Alert ကလေးပေါ်လာပြီး ဆက်သုံးလိုက်ပါ .. ဥပမာ ၁၅ ရာခိုင်နှုန်းမှာ ပေါ်လာတယ်ဆိုရင် ကျွန်တော်တို့က ၁၀ ရာခိုင်နှုန်းလောက်ထိပဲ ကျန်အောင် သုံးလိုက်တာပါ ... အဲ့ဒီ့ ၁၀ ရာခိုင်နှုန်းကနေပြီးတော့ အားပြည့်တဲ့ အထိ ဖြည့်မယ်ဆိုရင် အဲ့ဒါ Full circle charge ပါ .. အဲ့ဒီ့ Full circle charge ကို ၁ လကို အများဆုံး ၁ ကြိမ်သာလျှင်ပြုလုပ်သင့်ပါတယ် ... Normal circle charge ဆိုတာကတော့ အဲ့လိုမျိုး Alert မပေးခင်မှာ အားဖြည့်ပေးတာပါ ... အဲ့ဒါကတော့ ပုံမှန်လုပ်လည်း ဘာမှ မဖြစ်ပါဘူး .... ၀ ရာခိုင်နှုန်းထိကျန်အောင်တော့ မသုံးမိဖို့ အကြံပေးလိုပါတယ် .... ပြီးတော့ ဘက်ထရီ ကို အား ၁၀၀ ရာခိုင်နှုန်းထိ ဖြည့်ပြီးသွားပြီဆိုရင်လည်း ထပ်ပြီး တော့ မကြာပါစေနဲ့ တခါတည်းဖြုတ်လိုက်ပါ ....

၉။ Screen Timeout ကို အကြာကြီး မထားပါနဲ့ ... 

ဒါကတော့ ဖုန်းကို ကိုယ် မသုံးတာနဲ့ တခါတည်း lock လုပ်တာပါ ... Screen ကို ပိတ်လိုက်တာပါ .... တကယ်လို့ lock မလုပ်ချင်ဘူးဆိုရင်လည်း သူ့ရဲ့ Screen Timeout ကို ခပ်နည်းနည်းသာပေးထားလိုက်ပါ ... ( နားလည်မယ်လို့ ယူဆပါတယ် :D )

၁၀။ ဖုန်းလိုင်း သိပ် မမိတဲ့ နေရာတွေ ကိုရှောင်ပါ ...

ဒါကတော့ရှင်းမယ်လို့ထင်ပါတယ် .. ဖုန်းလိုင်း သိပ်မမိတဲ့နေရာမှာ စကားပြောမယ်ဆိုရင် ဧရိယာတိုင် ကို ပြည့်ဖို့အတွက် ၊ ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်ဖို့အတွက် ဖုန်းက သူ့အလိုလို ဖုန်းလိုင်းကို ရှာရပါတယ် .. အဲ့တော့ မလိုအပ်ပဲ အားကုန် သွားတတ်ပါတယ် ... 



အခု ကျွန်တော်ရေးပေးခဲ့တာတွေကတော့ ကိုယ့်ရဲ့ ဖုန်း ဘက်ထရီကို သက်တမ်းကြာရှည်ခံဖို့ ၊ ရေရှည် သုံးနိုင်ဖို့အတွက် အကြံပေးတာပဲဖြစ်ပါတယ်ခင်ဗျာ .. ပြီးတော့ အဲ့ဒီ့ အချက်ကလေးတွေကို ကိုယ့်အနေနဲ့လည်း မှတ်ထားရလွယ်မယ်ထင်ပါတယ် ... အကယ်၍ များ ကျွန်တော်ပြောခဲ့တဲ့ အချက်တွေကို နားမလည်ဘူး ဆိုရင်တော့ ကျွန်တော့်ရဲ့ အားနည်းချက်သာဖြစ်ပါလိမ့်မယ် .. နားလည်နိုင်ဖို့အတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးထားပါတယ်ခင်ဗျာ .....

အားလုံး အစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်နိုင်ကြပါစေခင်ဗျာ .....
မောင်လုလင်

Posted on Friday, January 10, 2014 by Unknown

No comments

17.9.13


 ကျွန်တော် ပျောက်သွားတာ လည်း အတော်ကြာ ... တခြား ကိစ္စလေး တစ်ခုကြောင့် အတော်ကြာပျောက်သွား တဲ့ အတွက်လည်း တောင်းပန်ပါတယ် ...  ကျွန်တော့် ဆီ ကို အမြဲရောက်နေသူတွေအတွက် လည်း  ပိုစ့် အသစ်တွေ မတင်ပေးနိုင်ဘူး ဖြစ်သွားတဲ့အတွက် ထပ်တောင်းပန်ပါတယ် ခင်ဗျာ ... :) ....  ကျွန်တော် အခုတလော ကြုံနေရတဲ့ virus လေး ရှင်း နည်းလေးပါ ... သူ က ဘာလုပ်လိုက်လဲ ဆိုတော့ ကိုယ့်ရဲ့ pen drive တွေ ထဲမှာရှိတဲ့ ဖိုင်တွေ ကို shortcut လုပ်ပြီးတော့ hide လုပ်ပစ်လိုက်တာ ပါ ... အဲ့လိုမျိုးဆိုရင် ကိုယ်က ဖွင့်လို့လည်း မရ ... မြင်နေရတာကလည်း shortcut ... ပြီး ကိုယ့်ရဲ့ drive ထဲမှာလည်း data က ရှိတယ်ဆိုပြီးတော့ နေရာ ယူထားတယ် ... Antivirus နဲ့ စစ်ပြန်တော့လည်း မတွေ့ရပြန် ... အတော် စိတ်ရှုပ်လာရတယ် ဗျ ... နောက်တော့ကျတော့ ပြန်ကူးမယ်ကွာ ဆိုပြီးတော့ format ရိုက်ပလိုက်တယ် ... ပြီးရော .... အဲ့တော့ ပြန်ထည့်ရတော့ ပင်ပန်းတာပေါ့ ... :D အဲ့လိုမျိုး မလုပ်ရအောင်ပါ ... အခု လုပ်မယ့်ဟာက Antivirus လည်းမလိုပါဘူး ... ကဲ ခု စပြီးတော့ လုပ်ကြည့်ရအောင်ပါ ....

ပထမဆုံး ကိုယ့်ရဲ့ Pen drive ကို ကွန်ပျူတာမှာ တပ်ထားလိုက်ပါ ...

ပြီးရင်တော့ cmd ကို ခေါ်ရမှာပါ ... ( window key + r ) ဆို တွဲနှိပ်လိုက်ရင် Run box ပေါ်လာပါလိမ့်မယ်

ပြီးရင်တော့ cmd ဆို ရိုက်ပြီးတော့ enter ပေးလိုက်ပါ ... အဲ့ဒီ့မှာ Cmd ပေါ်လာပါလိမ့်မယ် ....

ပေါ်လာရင် အဲ့ဒီ့မယ် ကိုယ့် ရဲ့ drive letter ကို ရိုက်ပေးရပါ့မယ် ...

ဥပမာ => ကိုယ့်ရဲ့ drive က g ဆိုရင် g: ဆိုရေးပြီးတော့ ရိုက်လိုက်ပါ ...  အဲ့လို ရိုက်လိုက်ရင် သူ့ရဲ့ path လမ်းကြောင်း က ပြောင်းသွားပါလိ့မ်မယ် ..  သူ့ရဲ့ command line မှာ G:\> ဆိုပြီးတော့ ဖြစ်သွားပါလိမ့်မယ် ...

ဖြစ်သွားပြီဆိုရင် del *.lnk ဆိုပြီးတော့ ရိုက်လိုက်ပါ ... အဲ့ဒါဆိုရင် သူ့အထဲက shortcut ဖြစ်နေတာတွေ အကုန်လုံး ပျောက်သွားပါလိမ့်မယ် ...

ရိုက်ပြီးသွားပြီဆိုရင်တော့ attrib -s -r -h *.* /s /d /l ဆိုပြီးတော့ ထပ်ရိုက်လိုက်ပါ ...


အဲ့ဒီ့လို ရိုက်ပြီးသွားရင်တော့ ခဏစောင့်လိုက်ပါ .... ခဏနေရင်  ပျောက်နေတဲ့ ဖိုင်တွေ အကုန်လုံး ပြန်မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ....

 အောက်က ပုံမှာတော့ ကျွန်တော် အပေါ်မှာပြောထားတာလေးတွေ အကုန် ရိုက်ထားတာ မြင်ရပါ့မယ် ... အဲ့ဒီ့လိုလေး တဆင့်ချင်းဆီ ရိုက်သွားလိုက်ရုံပါပဲခင်ဗျာ ....

del *.lnk


credit to => groldz.com

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Tuesday, September 17, 2013 by Unknown

2 comments

13.7.13

Torch Browser  ဆိုတာလေးပါ ... ဒါလေးရဲ့ အားသာ ချက်ကလေး တစ်ခုက ကျွန်တော်တို့အတွက် အဆင်ပြေပါတယ် ... Internet Download Manager က Firefox မှာ အဆင်မပြေသူများအတွက် .... IDM အခက်အခဲရှိသူများအတွက် အဆင်ပြေပါတယ် .. ဘာလဲဆိုတော့ ကိုယ်က Video တွေ ဘာတွေ ကြည့်နေတယ် ဆိုရင် Browser ရဲ့ ထိပ်ဖက်နားလေးမှာ Media ဆိုတဲ့ ခလုပ်ကလေး က ခုန်ဆွ ခုန်ဆွလေး လုပ်နေပါတယ် ... ဒေါင်းမလား .. မဒေါင်းဘူးလားပေါ့ ... ဒေါင်းမယ် ဆိုရင်တော့ ခလုပ်ကလေး ကို နှိပ်လိုက်ရုံပါပဲ ... အဆင်ပြေ လွယ်ကူချက် ကတော့ ပြောမနေနဲ့ ... ပြီးရင် သူနဲ့ Torrent တွေကိုလည်း ဒေါင်းလို့ရပါတယ် ...  သူ့ရဲ့ ဒီဇိုင်း ကတော့ Chrome ရဲ့ UI နဲ့ ခပ်ဆင်ဆင်ပါ .. ဥပမာ Option တွေဘာတွေ ၀င်ပြီးတော့ ပြင်တာက အစပေါ့ ... Chrome နဲ့ တူတာ တစ်ချက်က မြန်မာဖောင့်ကို သွားပြီးတော့ ပြင်ပေးရတာပါပဲ .. ဒါကလည်း ကျွန်တော့် စက်မှာပါ .. တခြားစက်တွေ တော့မသိဘူးဗျ .. ပြီးတော့ သူလည်း သုံးရတာ ပေါ့ပါတယ် ... အဆင်ပြေမယ် ဆိုရင်တော့ သူ့ဆိုဒ် မှာ သွားဒေါင်းလိုက်တော့နော် ..သူ့ရဲ့ ဆိုဒ်ကတော့ အောက်မှာ ပါ

http://www.torchbrowser.com/

အဲ့ဒီ့မှာ သွားမဒေါင်းတော့ဘူး ဒီကရှိတာပဲ ယူမယ်ဆိုရင်တော့ ... အောက်မှာ Offline Installer လေး Dropbox မှာ တင်ပေးထားပါတယ်ခင်ဗျာ .. Version ကတော့ ခုနောက်ဆုံး Version ပါပဲ ..

https://www.dropbox.com/s/jwoffzsdu6xora4/TorchSetupFull.exe

မြန်မာစာ မြင်ရဖို့အတွက်ကတော့ အောက်မှာ ရေးထားပါတယ် ....

ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...

 C:\Users\username\AppData\Local\Torch\User Data\Default\User StyleSheets

username ဆိုတာမှာတော့ ကိုယ့်ရဲ့ကွန်ပျူတာရဲ့  username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....

* , html, body, div,p {font-family:Zawgyi-One !important;}

အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Torch ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....

မောင်လုလင်

Posted on Saturday, July 13, 2013 by Unknown

No comments

10.7.13



အခု မိတ်ဆက်ပေးမဲ့ soft ကလေးကို ဖြစ်နိုင်ရင်တော့ ဒေါင်းထားကြစေချင်ပါတယ်.. အကယ်၍များ ကိုယ့် ဆီမှာများ တစုံတစ်ခု အမှား အယွင်း ဖြစ်ပြီးတော့ ကိုယ် ခွဲထားတဲ့ Partition များပျောက်သွားခဲ့ရင် ပေါ့နော် ... အဲ့ဒီ လိုမျိုး ပျောက်သွားခဲ့ရင် ပြန်ပြီး ရှာဖို့အတွက်ပါ ... တခြား Softwar တွေ စာအုပ်တွေ ဆိုတာက ပြန်ပြီးတော့ ဒေါင်းလုဒ် ချလို့ရပေမယ့် ဓါတ်ပုံ တွေ ကျတော့ ဒေါင်းလို့ မရ ရိုက်ရအောင်လည်း အဆင်မပြေ ဖြစ်သွားရင် နှမြောစရာပါ ... " ဓာတ်ပုံများသည် သင့်ဘဝရဲ့ ပြန်လည် ရယူရန် ခက်ခဲသော သမိုင်းမှတ်တမ်း ဖြစ်သည်... " တဲ့ .. အဲဒါကြောင့် မလို့ ကိုယ် ရဲ့ ဘ၀ အမှတ်တရတွေ ဟာ ဓါတ်ပုံတွေ ထဲမှာ ပြန်ပြီး တော့ ရှာဖွေနိုင်ပါတယ် ... ကျွန်တော်လည်း ခု အစ်ကို တစ်ယောက်ရဲ့ ကွန် မှာ System Restore လုပ်လိုက်တဲ့ အချိန်မှာ ခွဲထားတဲ့ Partition တွေက အကုန် ပျောက်ကုန်ပါတယ် ... ပျောက်တာမှ သူ့ရဲ့ Drive letter ပျောက်ရုံလဲ မဟုတ် .. Registry ထဲကနေပြီးတော့ ၀င်ပြင်လို့လည်းမရ .. Device Management မှာသွားကြည့်ပြန်တော့လည်း Drive တွေက အကုန်လုံး ပေါင်းပြီးတော့ ပြနေတယ် ... သွားပြီလို့ ... ဓါတ်ပုံတွေကို တော့ Recovery လုပ်လိုက်တော့ ဆိုပြီး စိတ် ကို ဒုံးဒုံးချခိုင်းလိုက်ပါတယ် .. အဲ့ဒီ့မှာ သွားစဉ်းစားမိတာက Partition Recovery တခုခု တော့ ရှိရမယ် ဆိုပြီး တွေးမိပါတယ် .. အဲ့ဒါနဲ့ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး လိုက်ရှာရင်း အခု ဟာလေး ရပါတယ် ... free version ဆိုရင် အဆင်မပြေလို့ .. Pro ကို ရှာကြည့်လိုက်ပါတယ် ... အဆင်ပြေတာနဲ့ Run ပြီး စမ်းကြည့်လိုက်တော့ ပိုပြီးတော့ အဆင်ပြေသွားပါတယ် .. ပျောက်သွားတဲ့ Partition တွေ အကုန်လုံးက မူရင်း မပျက်ကလေး ပြန်ရလာပါတယ် ... ဒါကြောင့် ကိုယ့်ဆီမှာလည်း ဖြစ်ခဲ့သည် ရှိသော် ဒီကောင်လေးက ကူညီနိုင်အောင် လို့ ဒေါင်း ထားသင့်တယ်လို့ အကြံပေးရခြင်း ဖြစ်ပါတယ်ခင်ဗျာ ... ပြီးတော့ Partition မှ မဟုတ်ပါဘူး .. တခြား Data တွေများ ပျောက်သွားခဲ့ရင်လည်း ပြန်ရှာလို့ ရနိုင်ပါတယ် ... စမ်းသပ်ပြီးတော့ သုံးကြည့်ပါ ... Crack ပါတဲ့ အတွက်ကြောင့်မလို့ လုပ်ရမယ့်နည်းလေး ရေးပေးထားပါတယ် .. ဘာမှတော့ မခက်ပါဘူး ... 

Download ကျလာတဲ့ rar ဖိုင်ကို ဖြည်လိုက်ပါ .. အဲ့ဒီ့ထဲမှာ Crack ဆိုတဲ့ ဖိုဒါလေး ရှိပါမယ် ... ပြီးရင် Partition Guru ကို Run လိုက်ပါ .. ပြီး Launch လုပ်မှာလားဆို မလုပ်ပါနဲ့ဦး .. စောစောက Crack ဆိုတဲ့ ဖိုဒါထဲက Partition Guru.exe ကို Copy လုပ်ပါ  .. ပြီးရင် C=> Program => Partition Guru ဆိုတာလေးထဲမှာ Paste လုပ်လိုက်ပါ ... အဲ့ဒါဆိုရင် အဆင်ပြေသွားပါပြီ .... 

ဒေါင်းရမယ့် လင့်ခ် ကတော့ အောက်မှာပါခင်ဗျာ ...

Download From Dropbox

 ပြီးတော့ ကျွန်တော် Dropbox သုံးပြီးတဲ့ အချိန်ကနေစလို့ တင်ထားတဲ့ Software တွေကို လိုချင်ရင်တော့ အောက်က လင့်ခ် မှာ ယူနိုင်ပါတယ် ... ကျွန်တော် Share ထားပါတယ် .. လိုအပ်တာ လေး တွေ ကို ယူပေါ့နော ... 

Share SOft


အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Wednesday, July 10, 2013 by Unknown

No comments

28.5.13



 ကျွန်တော် Antivirus နဲ့ ပတ်သတ်ပြီးတော့ တင်မပေးဖြစ်တာလဲ ကြာပါပြီ ... အခု က Antivirus မှာ နံပါတ် ၁ လို့ သတ်မှတ်ထားတဲ့ BitDefender  ကို တင်ပေးပါ့မယ် ... Window 8 အတွက်ပါ အဆင်ပြေပါတယ် ...  Antivirus လိုသူများအတွက် အဆင်ပြေအောင် လို့ ရှာပေးလိုက်ပါတယ် ခင်ဗျာ ... သူက နံပါတ် ၁ လို့ ပြောရင်လည်း ပြောရမယ် ဗျ .. ဘာလို့လည်း ဆိုတော့ သူ့အတွက် ကို System Requirement လည်းရှိသေးတယ် .. နည်းနည်း ကြီးကျယ်တယ်ပေါ့ ... အောက်က ပြောထားသလောက် System Requirement ကိုယ့်မှာ ရှိမှ သာ အဆင်ပြေပါမယ်တဲ့ .. အဲ့ဒီလောက်မှ မရှိဘူးဆိုရင်တော့ သိပ်ပြီး အဆင်မပြေပါဘူးတဲ့ ...  လိုအပ်တာကတော့

  • 800MB free space on the hard disk.
  • 800MHz processor, infact Intel Core 2 Duo (1.66 GHz) will be better.
  • 1GB of RAM or higher.
အဲ့ဒီ့လောက် လိုအပ်ပါတယ် ...  ပြီးရင် Activate လုပ်ဖို့အတွက် ကတော့ Internet လည်းလိုအပ်ပါတယ် ခင်ဗျာ ... အင်တာနက် မရှိရင်တော့ အဆင်မပြေပါဘူး ... အခု Antivirus ကို သွင်းမယ် ဆိုရင်တော့ အောက်က လင့်မှာ သွားယူလိုက်ပါ ... 

(32) bit အတွက်ဆိုရင် အောက်မှာပါ ...


(64) bit အတွက်ဆိုရင် အောက်မှာပါ 


အဲ့ဒါတွေကို Activate လုပ်ဖို့အတွက် ကိုတော့ အောက်မှာ ချပါ ....

https://www.dropbox.com/s/4uqc3nkh0jsa2oq/Bitdefender%20Cracker.rar

အပေါ်က ပြထားတာလေးတွေ ဒေါင်းပြီးသွားပြီဆိုရင်တော့ BitDefender ကို သွင်းလိုက်ပါမယ် ... သွင်းလိုက်ပြီးပြီဆိုရင် BitDefender အကောင့် ဖောက်လိုက်ပါ ...  တကယ်လို့ ကိုယ်က ရက် ၉၀ ပဲ သုံးချင်တယ် ဆိုရင်တော့ အောက်က Key လေးကို ထည့်လိုက်ပါခင်ဗျာ .... ဘယ်နေရာမှာ ထည့်ရမလဲဆိုရင်တော့ အောက်မှာ ကျွန်တော် အနီရောင်လေး နဲ့ပြထားပါတယ် ... အဲ့ဒါလေးကို နှိပ်လိုက်ပြီးရင် Licence key ထည့်ရမယ့် နေရာလေးမှာ ထည့်လိုက်ရင် 90 days left ဆိုပြီးတော့ ပေါ်လာပါလိမ့်မယ် ....  ကျွန်တော် ကတော့ Activate ဖြစ်အောင် လုပ်ထားပြီးတဲ့အတွက် 21550 ရက် ကျန်နေတာပဲ ဖြစ်ပါတယ် ...


(E52HEDV):90Days
(BYQP505):30Days

.





ဒီအောက်က ဟာကတော့ အကြာကြိးသုံးချင်တဲ့သူများအတွက်ပါ .... စောစောက ကျွန်တော် ပြောတဲ့ Crack လေးကို ဒေါင်းပြီးသွားရင် မဖြည်ပါနဲ့ဦး ... ပြီးရင် BitDefender ကို ပိတ်ထားလိုက်ပါ ...  ပိတ်တာကတော့ Setting =>> Antivirus =>> On access Scaning ရော အောက်က ဟာလေးကိုရော Off ထားလိုက်ပါ ...  ပိတ်ပြီးသွားရင်တော့ စက်ကို Safe Mode နဲ့ ၀င်ရပါမယ် ... ပုံမှန်ဆိုရင်တော့ စက်ကို Restart ချလိုက်ပါ ...ပြီးရင် ပြန်တက်လာတဲ့ အချိန်မှာ F8 ကို နှိပ်ထားလိုက်ပါ ... နှိပ်ထားပြီးရင် Safe Mode နဲ့ဝင်လိုက်ပါမယ် ....

ကျွန်တော် တင်ပေးထားတဲ့ BitDefender Cracker ဆိုတာလေးကို ဖြည်လိုက်ပါ 
ပြီးရင် အင်တာနက်ချိတ်လိုက်ပါ ... 
အဲ့ဒီ့ အထဲက Exe ဖိုင်လေးကို Right Click ထောက် ...
ပြီးရင် Run as administrator ဆိုပြီးတော့ Run လိုက်ပါ ...
Run ပြီးရင်တော့ Setting ဆိုတာလေးကို နှိပ်လိုက်ပါ ... 
အဲ့ဒီ့မှာ နှစ်ဘယ်လောက် လိုချင်သလဲ ကိုယ် လိုချင်သလောက်ထားလိုက်ပါ ... 
ထားပြီးရင်တော့ Save ဆိုပြီး နှိပ်လိုက်ပါ ..
ပြီးရင်တော့ Activate ဆိုတာလေးကို နှိပ်လိုက်ပါ ... 

နှိပ်လိုက်ရင် Successful ဆိုတာ လေး ပေါ်လာပါလိမ့်မယ် ခင်ဗျာ .... 

Safe Mode ကို အလွယ်တကူ ၀င်မရသော သူများအတွက်ကတော့ 
Window Key + R =>> msconfig => Boot option => Safe boot ကို အမှန်ခြစ်ခြစ်ပြီးရင် Restart ချလိုက်ပါ ... အဲ့ဒါဆို ပြန်တက်လာရင် Safe Mode ဖြစ်နေပါလိမ့်မယ် ...  လုပ်ပြီးသွားရင်တော့ စောစောက ခြစ်ထားတဲ့ အမှန်ခြစ်ကလေးကို ပြန်ဖျောက်ဖို့ မမေ့နဲ့ဦးနော် ...


အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ် ... အဆင်မပြေတာများရှိခဲ့ရင် Cbox မှာပြောခဲ့လိုက်ပါခင်ဗျာ ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

Posted on Tuesday, May 28, 2013 by Unknown

No comments

22.5.13


အခု တင်ပေးတဲ့ဟာလေးကတော့ Android ဖုန်းသုံးသူများအတွက်ဖြစ်ပါတယ် ... ကိုယ့်ရဲ့ကွန်ပျူတာကနေပြီး အင်တာနက်ကို  ဖုန်းမှာ သုံးချင်သောသူများအတွက်ပါ ... ပုံမှန်အားဖြင့်တော့ ဖုန်းက အင်တာနက်ကို ကွန်ပျူတာမှာသုံးတာများပါတယ် ... ကွန်ပျူတာ က အင်တာနက်ကို ဖုန်းမှာ သုံးမယ်ဆိုရင် Wifi  နဲ့ သုံးကြတာများပါတယ် ... ကိုယ့် ကွန်ပျူတာက Laptop ဆိုရင်ပေါ့လေ ... တကယ်လို့ Desktop ဆိုရင်ကျတော့ ပြန်လွှင့်ဖို့ အတွက် အဆင်မပြေတော့  အင်တာနက် သုံး ဖို့ အခက်အခဲ ဖြစ်လာပါတယ် ... အခု ကျွန်တော် တင်ပေးတဲ့ ဟာလေး နဲ့ဆိုရင် Desktop ကွန်ပျူတာကနေ  ဖုန်းကို  အင်တာနက်ချိတ်ပြီး သုံးဖို့ အတွက် အဆင်ပြေပါလိမ့်မယ် ခင်ဗျာ ... လိုတာကတော့ ဖုန်းနဲ့ ကွန်ပျူတာချိတ်ဖို့အတွက် USB  ရယ် ကိုယ့်ရဲ့ ဖုန်းမှာ USB Debugging ဆိုတာလေးမှာ အမှန်ခြစ်ထားပေးဖို့ရယ် ပြီးရင် ဖုန်းက Root လုပ်ပြီးသား ဖြစ်ဖို့လည်း  လိုပါတယ် ... ပြီးရင်တော့ အောက်ကလင့် ကလေးမှာပေးထားတဲ့ ReverseTethering v3.2 ကို ဒေါင်းလုဒ် ချလိုက်ပါခင်ဗျာ ...

Download

ဒေါင်းလုဒ် ချပြီးပြီဆိုရင်တော့ အဲ့ဒီ့ Zip ကို ဖြည်လိုက်ပါ .. ဖြည်ပြီးသွားရင်တော့ အထဲမှာပါတဲ့
Tracetool service.apk ဆိုတာကို Phone ထဲမှာ သွင်းလိုက်ပါ ... အိုကေ သွင်းပြီးသွားရင်တော့ ... စောစောက ဖြည်လိုက်တဲ့ အထဲမှာ AndroidTool ဆိုတာလေး ရှိပါတယ် .. အဲ့ဒါလေးကို Run လိုက်ပါ ...  ကိုယ့်ရဲ့ ဖုန်းကို တော့ ကွန်ပျူတာနဲ့ ချိတ်ထားရမှာနော် ... Run လိုက်ရင် အောက်က ပုံလေး ပေါ်လာပါလိမ့်မယ် ..
အဲ့ဒီ့မှာ ကိုယ့်ဖုန်းက ချိတ်ထားတယ်ဆိုရင် Select a device ဆိုတာမှာ ကိုယ့်ရဲ့ Phone  ( device ) ကို ပြပါလိမ့်မယ် ... အောက်က DNS ဆိုတာကတော့ ကိုယ့်ရဲ့ IP ကိုပြပါလိမ့်မယ် .. အဲ့လို ပြပြီဆိုရင် Connect ဆိုတာလေးကို နှိပ်လိုက်ပါ .. သူ့ဘာသာသူ Check လုပ်ပြီးတော့ ချိတ်ပေးပါလိမ့်မယ် ... အဲ့ဒီ့အချိန်မှာ ဖုန်းက SuperUser မှာ Box ကလေးတစ်ခု တက်လာပါလိမ့်မယ် .. အဲ့ဒါကို Yes လို့ပေးလိုက်ပါ ...  ပုံမှန် တော့ အဲ့လို မျိုး အဆင်ပြေပါတယ်ခင်ဗျာ ... အကယ်၍ အဆင်မပြေဘူးဆိုရင်တော့ Cbox မှာပြောပေးခဲ့ပါ ခင်ဗျာ .....

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်
software ref: facebook Moblie user group

Posted on Wednesday, May 22, 2013 by Unknown

No comments

6.5.13


အရင်က ကျွန်တော် ဒီနေရာလေးမှာ တစ်နည်းနဲ့ ပြခဲ့ပါတယ် ... အဲ့ဒီ့ နည်းလေးကတော့ ကိုယ့်ရဲ့ ဆိုဒ်က ခေါင်းစဉ်ကလေးကိုပဲ ပြတာပါ ... အခု ဒီနည်းကတော့ ခေါင်းစဉ်အပြင် ကိုယ့်ရဲ့ Post က စာမြည်း အနေနဲ့ စာလုံးရေ ၂၅၀ ကိုပါ ပြပေးပါတယ် ... စာမြည်းဖတ်ပြီးတဲ့ အချိန် စိတ်ဝင်စားသွားပြီး ကိုယ့်ဆီ ကို ပိုပြီးတော့ ရောက်လာနိုင်တာပေါ့နော် ... ဒါကြောင့် ဒီနည်းလေးကို ရှာပြီးတော့ ပြပေးလိုက်တာပါ ... တချို့ တွေလည်း သိပြီးဖြစ်ပါလိမ့်မယ် .. FB fan page auto feed အတွက် ရှာနေသူများ အဆင်ပြေအောင်ပါ ... အရင်ဆုံး Fb မှာ အကောင့် ၀င်ထားလိုက်တာ ပိုပြီးတော့ အဆင်ပြေမယ် ထင်ပါတယ် ... ၀င်ပြီးသွားရင်တော့ အောက်က လင့်ခ် ကလေးကို နှိပ်လိုက်ပါ ....

https://apps.facebook.com/rssgraffiti/

နှိပ်လိုက်ရင် အောက်က စာမျက်နှာလေးကိုရောက်သွားပါလိမ့်မယ် ....


အဲဒီ့ စာမျက်နှာလေးကိုရောက်သွားပြီဆိုရင်တော့ ပြထားတဲ့ အတိုင်းလေး Add New Publishing Plan
ဆိုတာလေးကို နှိပ်လိုက်ပါ ... အဲ့ဒါဆိုရင် သူက နာမည်ထည့်ခိုင်းပါလိမ့်မယ် ... ကိုယ့် Blog ရဲ့ Url ကိုထည့်လိုက်လည်းရပါတယ် ... ထည့်လိုက်ရင် အောက်ကပုံလေးပေါ်လာပါလိမ့်မယ် ...


ပေါ်လာရင်တော့ အဲ့ဒီ့မှာ Add New ဆိုတာကို နှိပ်လိုက်ပါ ... နှိပ်လိုက်ရင် Box ကလေး တစ်ခု ပေါ်လာပါ လိမ့်မယ် ....

http://blogname.blogspot.com/feeds/posts/default?alt=rss 


အဲ့ဒီ့မှာ အပေါ်ကအတိုင်းလေး ထည့်လိုက်ပါ ...  Blogname ဆိုတာမှာတော့ကိုယ့်ရဲ့ Blog address ကို ထည့်လိုက်ပါ ... ပြီးရင် Add Source ဆိုတာကို ထည့်ပေးလိုက်ပါခင်ဗျာ .... ထည့်ပေးလိုက်ရင် အောက်က ပုံလေးနဲ့ပေါ်လာပါလိမ့်မယ် ...

အဲ့လိုပေါ်လာပြီဆိုရင် .. Feed Title ဆိုတာမှာ ကိုယ့် ရဲ့feed မှန်တယ်ဆိုရင် ကိုယ့်ဆိုဒ် နာမည် ပေါ်နေပါလိမ့်မယ် ....ပြီးရင် Update Frequency ဆိုတာမှာကတော့ As soon as possible ဆိုတာလေးကို ရွေးပေးလိုက်ပါ ..ပြီးရင်တော့ Save လုပ်လိုက်ပါ ... Maximum Posts per update ဆိုတာမှာကတော့ကိုယ့် က တခါ Update တင်တိုင်းမှာ ပိုစ့် ဘယ်နှခု တင်မလဲ ဆိုတာပါ ..ပထမဆုံး တင်တာမှာ ပြဿနာ ရှိမှာ မဟုတ်ပေမယ့် .. နောက်ပိုင်းကျရင် ပိုစ့်တွေက ထပ်သွားမှာပါ .... အဲ့ဒါကြောင့် 1 post ပဲ ထားတာ ကောင်းပါတယ် ....
အိုကေ .. အဲ့ဒါကတော့ ကိုယ့်ရဲ့ Blog ကနေပြီး feed ယူတာပြီးသွားပါပြီ ... ပြီးရင်တော့ ဘယ်ကို သွားပြီး တင်မှာလဲ ဆိုတဲ့ Target ကိုရွေးပါမယ် ....
Target ဖက်က add new ဆိုတာကို နှိပ်လိုက်ပါ ...
နှိပ်လိုက်ရင် အောက်က ပုံလေး ပေါ်လာပါလိမ့်မယ် ...
ပေါ်လာပြီဆိုရင်တော့ Choose Target မှာကိုယ့်ရဲ့ Page လေးကို ရွေးလိုက်ပါ ... ရွေးပြီးရင်တော့ Save Change ဆိုတာလေးကို နှိပ်လိုက်ပါ ... ဒါဆိုရင် တော့ ပြီးသွားပါပြီ ... ပြီးသွားပြီဆိုတာက ချိတ်လို့ ပြီးသွား ပြီ ကို ပြောတာပါ .... နောက် တစ်ဆင့်ကျန်သေးပါတယ် .... 


အပေါ်က ပုံလေးက လို ခလုပ် ကလေးကို Off ကနေပြီးတော့ On ကို ပြောင်းပြီးသွားပြီ ဆိုရင်တော့ တကယ်ပြီးသွားတာပါ ... ပြီးရင် ကိုယ့်ရဲ့ Blog မှာ Post တင်ကြည့်လိုက်ပါ ... ခဏ စောင့်ကြည့်လိုက်ပါ ...  တက်လာပါလိမ့်မယ် ခင်ဗျာ ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်

Posted on Monday, May 06, 2013 by Unknown

No comments


ကျွန်တော်တို့ အခု ခောတ်မှာ တော်တော်များများမှာ ဖုန်းတွေ ရှိလာပါပြီ .. ဖုန်းတွေရှိလာတော့ ကိုယ် သွားခဲ့လာခဲ့ တဲ့နေရာလေးတွေကို ဓါတ်ပုံရိုက်တာပဲ ဖြစ်ဖြစ် ၊ ဗွီဒီယို မှတ်တမ်းတင်တာပဲ ဖြစ်ဖြစ်ပေါ့ .. အမှတ်တရ လုပ်ခဲ့ကြတယ် .. ဒါပေမယ့် ကွန်ပျူတာထဲကို ပြန်ပြီးတော့ ထည့်တဲ့အချိန်မှာ ကိုယ်က အခြေအနေ အရ ပြောင်းပြန်ကိုင်မိပြီးတော့ ပြောင်းပြန်ကြီး ပြန်ကြည့်နေရတယ် .. အဲဒါကို ပြန်ပြီးတော့တည့် ချင်တယ် ဆိုရင် အသုံးပြုဖို့ အတွက်ပါ .. လိုလို မယ်မယ် ဒေါင်းပြီးတော့ထားလိုက်ပါ ... ကျွန်တော်ကတော့ ကိုယ့် ဆီမှာ ရှိထားသင့်တယ်လို့ ထင်ပါတယ် .. လိုတဲ့အချိန်မှာ တည့်လို့ရတာပေါ့ ...ပြီးတော့ Free ဆိုတော့ အဆင်လည်းပြေပါတယ် .. ဘာမှ မလိုပါဘူး .. ကိုယ် တည့်ချင်တဲ့ ဖိုင်ကိုထည့် .. ပြီးရင် အောက်မှာ မြှားလေး တွေ ရှိတယ် ... အဲ့ဒါကလေးတွေ နဲ့ လိုသလို တည့်လိုက် ... ပြီးရင် Save Video ဆိုတာကိုပေးလိုက်ရင် တည့်သွားပါတယ် ... Video ရဲ့ Quality လည်း ကျမသွားပါဘူး ... ဒေါင်းမယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ ...

https://www.dropbox.com/

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်

Posted on Monday, May 06, 2013 by Unknown

1 comment

28.4.13


ကျွန်တော် အရင်က Window 7 မှာ ပြောင်းတဲ့ နည်းလေး ပြောခဲ့ဖူးပါတယ် ... ဒါပေမယ့် အဲ့ဒါက ကန့်သတ်ချက်ရှိတယ်လို့ ပြောပါတယ် .. သူ့ရဲ့ Window Home Premium လား Professional လား စသဖြင့် ပြောင်းလဲပြီးတော့ကန့်သတ်ချက်ရှိတယ် ပြောပါတယ် ... အဓိက အရေးကြီးဆုံးကတော့ Language Pack က ကိုယ့်ဆီမှာ ရှိဖို့ပါပဲ .. အဲ့ဒါဆိုရင် ပြောင်းဖို့အတွက် အဆင်ပြေသွားပါပြီ ... အခု Window 8 ကိုပြောင်းမယ်ဆိုရင်တော့ အရင် Window 7 ထက်ပိုပြီးတော့ လွယ်မယ်ထင်ပါတယ် ... စောစောက ကျွန်တော်ပြောသလိုပဲ LP ကိုတော့ ဒေါင်းထားပေါ့နော် .. Eng Lp ကို ဒေါင်းချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလို့ရပါတယ် ... ဒါက 64Bit အတွက်နော် ... 32 bit အတွက်ဆိုရင်တော့ ရှာပြီးတော့ ဒေါင်းပြီးလုပ်လိုက်ပါ ...

https://www.dropbox.com/

အိုကေ ...
ဒေါင်းပြီးသွားပြီဆိုရင်တော့ အဲ့ဒီ့  Windows8-KB2607607-x64-ENG ဆိုတာလေးကို Double Click လုပ်လိုက်ပါ ...အဲ့လိုလုပ်လိုက်တယ်ဆိုရင် ...


အဲ့ဒီ့ပုံလေးပေါ်လာပါ့မယ် .. အဲ့ဒါဆိုရင် Next လုပ်လိုက်ပါ ... ပြီးရင် I accept ဘာညာ ကို ရွေးပြီး ရင် ထပ်ပြီးတော့ next လုပ်လိုက်ပါ ... လုပ်လိုက်ရင် အောက်ကပုံလေးလို Install လုပ်နေပါလိမ့်မယ် ...

လုပ်ပြီးသွားရင် Complete ဆိုပြီးပေါ်လာပါလိမ့်မယ် ...

Complete ဖြစ်သွားပြီဆိုရင်
Control Panel => Language => Add Language => English => United Kingdom ဆိုတာလေးကို ရွေးပြီးတော့ Add လိုက်ပါ .. Add ပြီးသွားပြီဆိုရင်တော့ အောက်ကပုံလေး ပေါ်ပါလိမ့်မယ် .. Option ဆိုတာလေးကို နှိပ်လိုက်ပါ..


နှိပ်လိုက်ရင် နောက်ထပ်စာမျက်နှာ တစ်ခု ပေါ်လာပါဦးမယ် .. အောက်က ပုံလေးမှာ ပြထားသလို Make
this the primary language ဆိုတာလေးကို နှိပ်လိုက်ပါ .. နှိပ်ပြီးသွားပြီဆိုရင်တော့ Restart ဖြစ်ဖြစ် Log out ဖြစ်ဖြစ် တောင်းပါလိမ့်မယ် ... ပြန်ပြီးတော့ ၀င်လိုက်တဲ့ အချိန်မှာ အင်္ဂလိပ်လိုလေးဖြစ်နေပါလိမ့်မယ် ...


အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ် ... ကျွန်တော် ပြောင်းခဲ့တဲ့ နည်းလေး ဖြစ်ပါတယ် ... အကယ်၍ အဆင်မပြေခဲ့ဘူးဆိုရင် Comment လေးပေးခဲ့ပါဦးခင်ဗျာ ...

အားလုံးအစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

Posted on Sunday, April 28, 2013 by Unknown

1 comment

24.4.13


အခုတလော Facebook မှာ မေးမေးနေတာလေးတွေ တွေ့လို့ပါ ... Facebook Acc ဖောက်ထားတဲ့ Email တွေက လှိမ့်ဝင်နေတော့ .. မေးလ် စစ်တိုင်း စစ်တိုင်း အဲ့ဒါတွေ ဖျက်နေရတာက အလုပ်တစ်လုပ်ဖြစ် နေတယ် ... Facebook နဲ့ ရင်းနှီးနေတဲ့ သူ ၊ နည်းပညာ နဲ့ ရင်းနှီးနေတဲ့သူတွေ အတွက်တော့ ဒါက လွယ်လွယ် ... ခုမှ စသုံးသူတွေ မရင်းနှီးတဲ့ သူတွေ အတွက်ကျတော့ အဲ့ဒါက မလွယ် .. ဘယ်ကနေပြီးတော့ ဘယ်လို လုပ်ရမယ်ကို မသိတော့တာ ... အဲ့ဒါကြောင့် မသိသောသူများအတွက် နည်းလမ်းလေးပါခင်ဗျာ ... ကျွန်တော်အကြံပေးချင်တာကတော့ ကိုယ် ဘယ် App ကို သုံးမလဲ ... သုံးမယ်ဆိုရင် အဲ့ဒီ့ဟာရဲ့ Setting ပိုင်း ၊ Security ပိုင်းကို လေ့လာစေချင်တယ် ... သိစေချင်တယ် ... အဲ့ဒါဆိုရင် ကိုယ်လည်း သုံးရတာလွယ်တယ် ... ပြီး ဘယ်နေရာတွေမှာ ဘယ်လို ပိတ်ထားရမယ်ဆိုတာ ကို သိတဲ့ အတွက်ကြောင့်မလို့ Secure လည်း ဖြစ်တာပေါ့ ... အခု ပြောမှာကတော့  Facebook Account setting ထဲက Notification ပါ ..  အဲ့ဒီ့မှာ  Notification တင်မဟုတ်ပါဘူး .. တခြား Security , General , Privacy , Blocking စသဖြင့်လေးတွေ ပါပါတယ် .. အဲ့ဒါလေးတွေ ဖတ်ပြီးတော့ ပိတ်သင့်တာ ပိတ် ကိုယ်လိုချင်တာလေး တွေ ဖွင့်ထားမယ်ဆိုရင် ပိုပြီး အဆင်ပြေလိမ့်မယ်လို့ အကြံပေးချင်ပါတယ် ခင်ဗျာ ... Facebook မှ မဟုတ်ပါဘူး .. တခြား ဆိုဒ်တွေကနေပြီးတော့ လာတာတွေကို ပိတ်ချင်တယ်ဆိုရင်လည်း အဲ့ဒီ့လို သူ့ရဲ့ Option , ( Setting ) စတာတွေကနေပြီးတော့ အလွယ်တကူ သွားပြီးတော့ ပိတ်နိုင်ပါတယ် ..  မူရင်း ဆိုဒ်မှာ သွားပြီးတော့ ပိတ်နိုင်သလို ကိုယ့်ရဲ့ Gmail မှာလည်း Filter လေးသုံးပြီးတော့ ပိတ်ထားနိုင်ပါတယ်ခင်ဗျာ ... Gmail filter သုံးမယ်ဆိုရင်တော့

http://mglhulin.blogspot.ru/2009/08/g-mail-filter.html

အဲ့ဒီ့နေရာလေးမှာ ကျွန်တော်ပြောထားတာလေးရှိပါတယ်ခင်ဗျာ .... 

ခု Fb က မေးလ်တွေ မ၀င်အောင်ကတော့ ...

Facebook ရဲ့ ညာဘက်ထောင့် နားလေးမှာ ရှိတဲ့ စက်သီးပုံလေးကို Click လုပ်လိုက်ပါ ...
ပြီးရင် အဲ့ဒီ့မှာ Account Setting ဆိုတာလေးကို နှိပ်လိုက်ပါ ...

အောက်က ပုံလေးပေါ်လာပါလိမ့်မယ် ...
ပေါ်လာတယ်ဆိုရင် အဲ့ဒီ့မယ် Notifications ဆိုတာလေးကို နှိပ်လိုက်ပါ ...
ပြီးရင် ညာဘက်မှာ Email ဆိုတာလေး ရှိပါတယ် .. အဲ့ဒီ့မှာ Edit ဆိုတာလေးကို နှိပ်လိုက်ပါ ...
အဲ့ဒီ့မှာမှ ကိုယ် ပိတ်ချင်တာတွေကို Turn Off လုပ်ပြီး ပိတ်လို့ရပါတယ် ... ကျွန်တော့်ဆီမှာ ဆိုရင် See all 51 ဆို ရှိပါတယ် .. အဲ့ဒီ့လေးကို နှိပ်ပြီးတော့ အကုန်လုံး Turn Off လိုက်လုပ်လို့ရပါတယ် ... ဒါမှမဟုတ် .. Only notifications about your account , security and privacy ဆိုတာလေးမှာ ရွေးပြီး Close လုပ်ထားလိုက်ရင်လည်း ကိုယ့်ရဲ့ Email ထဲကို မ၀င်တော့ပါဘူးခင်ဗျာ ...
ရှင်းမယ်လို့ ယူဆမိပါတယ် ..
Notification နဲ့ပါတ်သတ်လို့ ကျန်တာလေးတွေကိုလည်း ကိုယ်လိုချင်သလို လုပ်ထားလို့ရပါတယ် .. အခုကတော့ Mail ထဲကို မ၀င်အောင် တားဆီးနည်းလေး ဖြစ်ပါတယ်ခင်ဗျာ ...


အားလုံး အစစအရာရာ အရင်ထက်ပို အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်

Posted on Wednesday, April 24, 2013 by Unknown

No comments

13.4.13


             Facebookအကောင့် ကို Secure ဖြစ်ဖို့ အရေးကြီးလာပါပြီ .. အသုံးပြုသူတွေများလာတဲ့အခါ အင်တာနက်သုံးမယ်ဆိုရင် Facebook အကောင့်မရှိဘူး ဆိုရင်ပဲ ခေတ်မမှီတော့သလိုဖြစ်လာပါပြီ .. ဒါပေမယ့် သုံးသာသုံးကြတာ သူ့ရဲ့ Security ကို တော့ သိပ်ပြီးတော့အလေးအနက်မထားမိကြဘူး .. ပုံမှန်အတိုင်းပဲ သုံးနေကြတာပဲ .. Facebook အကောင့်ကို Hack လုပ်ဖို့ဆိုတာလည်း လွယ်တော့မလွယ်လှပါဘူး .. ဒါပေမယ့် အချိန်မရွေးမှာလည်း Hack ခံရနိုင်ပါတယ် .. ကိုယ့်ဆီက Message ကနေဖြစ်ဖြစ် , ကိုယ့်ရဲ့ wall ကနေပဲဖြစ်ဖြစ် Link လေးတစ်ခုကို နှိပ်လိုက်ရုံနဲ့ တင်လည်း Hacked ဖြစ်သွားနိုင်ပါတယ် … တခြားနည်းတွေလည်းများမှများပါပဲ … ကိုယ့်အကောင့် Hack ခံရလည်း ဘာမှမဖြစ်နိုင်ပါဘူး ထားလိုက်ဆိုပေမယ့် တခြားလူက ကိုယ့်ရဲ့ အကောင့်ကနေပြီးတော့ အလွဲသုံးစား လုပ်နေမယ်ဆိုရင် အရင်ဆုံးသိက္ခာကျတာက ကိုယ်ပါ .. ဘယ်လိုပဲဖြစ်ဖြစ် Facebook စွဲ ရောဂါကလည်းရှိနေ တော့ ကိုယ့်ရဲ့ အကောင့်ကို တတ်နိုင်သလောက် တော့ကာကွယ် သင့်တယ်လို့ ယူဆသင့်ပါတယ် .. ရေးထားတဲ့အချက်ကလေးတွေက သိပ်ပြီးတော့ ထွေထွေထူးထူးကြီး မပါပေမယ့် သတိမထားမိတာလေးတွေ သတိထားမိအောင် သတိပြုမိအောင် ရည်ရွယ်ပါတယ် ….

၁။ Password ကို လွယ်လွယ်ကူကူမထားပါနဲ့ ။

          ဒီအချက်ကတော့ အခြေခံအကျဆုံးပါပဲ .. တချို့ကျတော့ ပျင်းတာလား ၊ စိတ်မရှည်တာလားတော့ မသိဘူး ဗျ .. ကိုယ့်ရဲ့ Password ကို အလွယ်တကူ ရိုက်လို့ရအောင် .. မှတ်မိလွယ်အောင် ပဲပေးထားတတ်ကြတယ် … အဲ့ဒီ့တော့ Hack မယ့်လူကလည်း အလွယ်တကူပါပဲ .. ပါသွားလေရော .. ပြီးရင် ကိုယ့်ရဲ့ Password ကို သူများကို မပေးပါနဲ့ .. သူများဆီကနေလည်း ပါသွားတတ်ပါတယ် ..ကိုယ့်အကောင့်မဟုတ်တော့ ဂရုမစိုက်တတ်တာလည်း ပါတာပေါ့ … ပြီးရင် ကိုယ့်ရဲ့ Password ကိုလည်း ချိန်းပေး ဖို့ အတွက်လိုပါတယ် …. Password ကို Strong ဖြစ်ဖို့အတွက်ကတော့ သင်္ကေတတွေ ၊ အကြီးစာလုံး တွေ ၊ နံပါတ်တွေ စသဖြင့်ပေါ့ ထားပေးပါ … ကိုယ့်ရဲ့ Password ကို Strong ဖြစ်မဖြစ်ကို အောက်က ဆိုဒ်ကလေးမှာ သွားကြည့်ပါ …

http://www.passwordmeter.com/ 


၂။ ကိုယ့်ရဲ့ E-Mail ကိုလည်း လုံခြုံအောင်လုပ်ပါ ။

        ကိုယ့်ရဲ့ Facebook အကောင့် Hacked ဖြစ်ပြီဆိုပါတော့ .. ကိုယ့်ရဲ့ E-Mail ကနေပြီးတော့ပဲ ပြန်ပြီးတော့ ယူလို့ရပါတယ် … ဖြစ်နိုင်ရင်တော့ Email နဲ့ Facebook အကောင့် Password ကို တခုတည်း မထားတာအကောင်းဆုံးပါ … ဘာလို့လဲဆိုတော့ Facebook အကောင့်ပါသွားတာနဲ့ Email ပါ ပါသွားရင် မျှော်လင့်ချက်သိပ်မရှိတော့ပါဘူး … ဒါကို တော်တော်များများက သိပ်ပြီးတော့ သတိမထားမိတတ်ကြဘူး… ကိုယ့်ရဲ့ Email ကိုလည်း အတတ်နိုင်ဆုံး safe ဖြစ်အောင်ထားပါ..

၃။ ကိုယ့်ရဲ့ Computer ကိုလည်းကာကွယ်ပါ ။

          ကျွန်တော်တို့ဆီမှာ အရင်ကတော့ Internet ဆိုင်တွေကနေပြီးတော့ သုံးကြပါတယ် …. အဲ့ဒီ့လို သုံးကြတဲ့အခါ ကျရင် တခြားလူတွေက ကိုယ်သုံးမဲ့ကွန်ပျူတာထဲမှာ Spy တစ်ခုခု ထည့်ထားမယ် ဆိုပါတော့ အဲ့ဒီ့မှာ ပါသွားပါပီ … အခုနောက်ပိုင်းကတော့ ကိုယ့်ဖုန်းကနေပြီးတော့ ပဲ သုံးကြတာများမယ်ထင်ပါတယ် … တခါတလေကျရင်လည်း ကိုယ့်ရဲ့ Computer မှာ သတိမပြုမိပဲ Run လိုက်မိတဲ့ Software ကနေပြီးတော့ လည်း ပါသွားနိုင်ပါတယ် .. အဲ့ဒီ့တော့ကိုယ့် Computer မှာ Protect လုပ်ထားဖို့အတွက် ကို Antivirus ဖြစ်ဖြစ် Maleware scanner ဖြစ်ဖြစ် သွင်းထားဖို့လိုပါမယ် ။ ဖြစ်နိုင်ရင်တော့ကိုယ် မသိတဲ့ Software ၊ မရင်းနှီးတဲ့ Software တွေကို မသွင်းပါနဲ့ ….

၎။ Facebook သုံးတဲ့ အခါ Secure Browsing (https:) ဖြစ်အောင်လုပ်ပါ ။

          Secure Browsing လုပ်ထားရင်ကိုယ့်ရဲ့ Activity တွေ ၊ Feature တွေကို Encrypted လုပ်ထားပေးပါတယ်.. ကိုယ့်ရဲ့ အချက်အလက်တွေကို ကိုယ့်ရဲ့ Permission မပါပဲနဲ့ တခြားလူက အလွယ်တကူ မရနိုင်အောင်လုပ်ထားပေးတာပါ …

ဘယ်လို Secure browsing လုပ်မလဲ ….

ပထမဆုံး ညာဘက်ထောင့်ဆုံးက စက်သီးပုံလေးကို သွားပါ .. ပြီးရင် အောက်မှာ Privancy Setting ကို နှိပ်ပါ။

ပြီးရင်တော့ ဘယ်ဘက်နားက Security  ဆိုတာလေးကို နှိပ်လိုက်ပါ။

ပြီးရင်တော့ Secure Browsing ဆိုတာလေးမှာ Edit ဆိုတာကို နှိပ် ၊ ပြီးရင်တော့ အဲ့ဒီ့မှာ Browse Facebook on a secure connection (https) when possible ဆိုတာလေးမှာ အမှန်ခြစ် လေးခြစ်ပြီးတော့ Save လုပ်လိုက်ပါ … အောက်ကပုံလေးနဲ့ ကြည့်လိုက်ရင် လွယ်မယ်ထင်ပါတယ် …


၅။ ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို ထည့်ထားပါ ။

          ကိုယ့်ရဲ့ ဖုန်း နံပါတ်ကိုထည့်ထားတာကတော့ နောက်ထပ် လုံခြုံရေး တဆင့်မြှင့်လိုက်ခြင်း ဖြစ်ပါတယ် … တခြားတစ်ယောက်ယောက် က ကိုယ်ရဲ့ Password ကို Reset လုပ်မယ်ဆိုရင် Comfirm ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ ဖုန်းနံပါတ်ကို လှမ်းပြီး တော့ Verification လုပ်ဖို့ ပို့ပေးပါတယ် … ဒါကလည်း အသုံးကျတဲ့နည်းလမ်းလေး တစ်ခုပါပဲ ..


၆။ Keep me logged in ဆိုတာကို သတိပြုပါ ။

          တချို့ ရှိကြတယ်.. ကိုယ်က သူများကွန်ပျူတာကို သွားပြီးတော့ သုံးမိတယ် …. အဲ့ဒီ့မှာ Facebook ကိုဝင်တယ်ဆိုပါတော့ .. အဲ့ဒီ့ မှာ အောက်က Keep me logged in ဆိုတာလေး ကို သတိမထားမိဘူး .. ဒါမှမဟုတ် အကျင့်ပါပြီးတော့ အဲ့ဒါလေးကို အမှန်လေး ခြစ်ထားလိုက်တယ် .. ပြီးတော့ ၀င်သုံးတယ်ပေါ့ .. နောက်တော့ကျတော့ မေ့ပြီးတော့ browser ကို ပဲ ပိတ်လိုက်ရော.. အဲ့မယ့် ကိုယ့်အကောင့်က သူများကွန်မှာ ၀င်ထားရက်နဲ့ကျန်ခဲ့တယ် .. အဲ့ဒါလေး က သတိမမူမိတတ်တာတွေပါ …

၇။ Login  Notification ကို Enable လုပ်ထားပါ။

          အဲ့ဒါကို Enable လုပ်ထားတယ်ဆိုရင် ကိုယ့်ရဲ့ Facebook အကောင့်ကို တယောက်ယောက်က ၀င်တယ်ဆိုရင် သိနိုင်ပါတယ် … ဘယ်မှာ သိနိုင်မလဲဆိုရင် ကိုယ့်ရဲ့ Email နဲ့ ကိုယ့်ရဲ့ ဖုန်းတွေမှာ လာပြီးတော့ ပေါ်လာပါလိမ့်မယ် ….

ဘယ်လို Enable လုပ်ရမလဲ ဆိုရင်တော့ …

ညာဘက်ထောင့် မှာရှိတဲ့ စက်သီးပုံလေးကို နှိပ်ပါ ..

ပြီးရင် Account setting          ကိုသွားလိုက်ပါ …

Securtiy ကိုရွေးပြီးရင် ညာဘက်ခြမ်းက Login notification ဆို ရွေးလိုက်ပါ ..

ရွေးပြီးရင်တော့ အဲ့ဒီ့မှာ Email နဲ့ text message မှာ ကိုယ်ကြိုက်တာလေးကို အမှန်လေးခြစ်ပေးထားပါ ..

ပြီးရင်တော့ Save Change ပေါ့ …

၈။ Click လုပ်တိုင်းမှာ သတိရှိပါ ။

          မြင်ဖူးကြမယ်ထင်ပါတယ် … “View who visited Your Profile” ဆိုတာတို့ …  သင့်ကို အချစ်ဆုံးသူက ဘယ်သူလဲတို့ အဲ့လိုမျိုး ခပ်ဆင်ဆင်လေး တွေ …. အဲ့ဒါတွေက လူတိုင်းသိချင်တဲ့အရာလေး တွေပါ …. စိတ်ဝင်စားအောင် လုပ်ပြီးတော့ နှိပ်လိုက်မယ်ဆိုရင်တော့ ပါသွားပြီ … ဒါပေမယ့် အဲ့ဒါတွေက အကုန်လုံးတော့ မဟုတ်ဘူးပေါ့…. ဖြစ်နိုင်မယ်ဆိုရင် အဲ့လိုမျိုး လင့်ခ် လေးတွေကို မနှိပ်ပါနဲ့… မသိရလို့ ကိစ္စသိပ်မရှိပါဘူး .. နှိပ်လိုက်မှ ပါသွားရင်တော့ ကိစ္စရှိသွားနိုင်ပါတယ်ခင်ဗျာ …

၉။ Privancy Setting နဲ့ ရင်းနှီးအောင်လုပ်ပါ။

          ကိုယ်တင်ထားတဲ့ပိုစ့်တွေ .. ဓါတ်ပုံတွေကို ကိုယ့်ရဲ့သူငယ်ချင်း ဒါမှမဟုတ်  မိမိကိုယ်တိုင် စသဖြင့်ပေါ့ … အဲ့ဒါတွေကို တားထားနိုင်ပါတယ် … ခုမှ စစသုံးချင်းသူတွေ အနေနဲ့ တော့ အဲ့ဒါတွေက စိမ်းနေမှာ အမှန်ပါပဲ … ဒါကတော့ Hack တာနဲ့ သိပ်မဆိုင်ပေမယ့် .. ကိုယ့်က ဘယ်သူမှ မပြချင်ဘူး ကိုယ့်ရဲ့ သူငယ်ချင်းတွေကိုပဲ ပြမယ်ဆိုတာတွေ ရှိရင်တော့ အဲ့ဒါလေးက အသုံးဝင်ပါတယ် …. သုံးမယ်ဆိုရင်တော့ ညာဘက်ထောင့်က စက်သီးလေး ရဲ့ အောက်မှာ Privancy Setting ဆိုတာလေး ရှိပါတယ်ခင်ဗျာ … ကိုယ်လိုအပ်သလိုလေး ပြင်လိုက်ပါ ….ပိုစ့် တစ်ခုချင်းစီ အောက်မှာလည်း ပြင်လို့ရပါတယ် ...

၁၀။ Apps တွေသုံးမယ်ဆိုရင် သတိပြုပါ။

          တချို့လိုင်းကောင်းတဲ့သူတွေ ကတော့ Facebook ပေါ်မှာ ဂိမ်းကစားကြပါတယ် .. အဲ့ဒီ့မှာကစားမယ်ဆိုရင် သူက Allow လုပ်မှာလား ဘာလားမေးပါတယ် … တချို့ ဂိမ်းမဟုတ်တဲ့  App တွေ ၊ ပျော်ဖို့အတွက် မေးခွန်းလေးတွေမေးတဲ့ App တွေ  အဲ့ဒါမျိုးလေးတွေလဲရှိပါတယ် … ကိုယ်က Allow ပေးလိုက်မယ်ဆိုရင် ကိုယ့်ဆီက တချို့ Information လေး တွေပါသွားပါတယ် … အဲဒါကြောင့် ကိုယ့်သုံးမဲ့ App တွေကို ဂရုတစိုက် သုံးစေချင်ပါတယ် …

၁၁။ Phishing လုပ်မှာကို သတိထားပါ ။

          ကိုယ့်ရဲ့မေးလ်ကို Facebook ကနေပြီးတော့ ပို့တာမဟုတ်ပဲ တခြားဆိုဒ်တွေကနေပြီးတော့ ပို့တာတွေရှိပါတယ် .. အဲဒီ့လိုမျိုးအချိန်မှာ အဲ့ဒီ့ လင့်ခ်တွေကို အရမ်း မနှိပ်မိပါစေနဲ့ … သေချာရဲ့လား ဆိုတာကို သတိပြုပြီးကြည့်ပါ …  Phishing လုပ်တယ်ဆိုတာက တော့  သုံးနေကျ ဆိုဒ်တစ်ခုရဲ့ ပုံစံနဲ့ တထပ်တည်း ပုံစံတူကျအောင်လုပ်ပြီး(ယုံအောင်) အဲ့ဒီ့မှာ ရိုက်ထည့်သမျှ ကွန်ပျူတာသုံးသူတွေရဲ့ အချက်အလက်တွေကို ခိုးယူခြင်းပါပဲ …     အဓိပ္ပါယ်က သိပ်တော့ မပြည့်စုံပါဘူး … ဒါပေမယ့် အကြမ်းဖျင်းလေးပါ … အဲ့ဒါကြောင့် သုံးတော့မယ်ဆိုရင် ကိုယ့်သုံးမဲ့ ဆိုဒ်ရဲ့ လိပ်စာကို သေချာလေး ဖတ်ကြည့်ဖို့ လိုမယ်လို့ထင်ပါတယ် …

အောက်ကနေရာလေးမှာတော့ Facebook ရဲ့ Security tips ကလေးတွေ ရေးထားတာလေး ရှိပါတယ် .. ကြည့်ကြည့်ပါဦး …

https://www.facebook.com/help/379220725465972/

 အတတ်နိုင်ဆုံး နဲ့ အနီးစပ်ဆုံး နားလည် သဘောပေါက်လွယ်အောင်  ရေးထားပါတယ်ခင်ဗျာ .. အသုံးဝင်မယ်လို့လည်းထင်ပါတယ် …

အားလုံးပဲ အစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် …..

မောင်လုလင်

Ref:tips4pc

Posted on Saturday, April 13, 2013 by Unknown

No comments

12.4.13


ဒီအချက်ကလေးတွေကတော့ တော်တော်များများလည်း သိထားပြီးသားဖြစ်ကြမယ်ထင်ပါတယ် .... သိပြီးသားသူတွေကိုတော့ တောင်းပန်ပါ၏... မသိသေးသောသူများအတွက် ကွန်ပျူတာသုံးရာမှာ အချိန်ကုန်သက်သာ လွယ်ကူအောင်ဆိုပြီးတော့ ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ... ဥပမာ Copy ကူးမယ်ဆိုပါတော့ Mouse ကို R-click ထောက် ပြီး Copy ကို နှိပ် .. ပြီးရင် ပြောင်းချင်တဲ့နေရာမှာ R-click ပြန်ထောက် Paste ကိုပြန်ပေး.. နည်းနည်းလေးတော့ အလုပ်ရှုပ်တယ်လို့ထင်ရသလိုပဲ :P ... Shortcuts key လေးနဲ့ဆိုတော့ ခဏပဲလေ .. Ctrl+C, Ctrl+V ဆို အလွယ်တကူသာရောက်သွားပါလေရဲ့ .. တခြားကီးလေးတွေကလည်း အသုံးဝင်ပါတယ် .. မှတ်ဖို့လည်းမခက်ဘူးထင်ပါတယ် ..

၁။ Ctrl + C or Ctrl + Insert
ကိုယ်လိုချင်တဲ့စာသား (သို့) ကိုယ်ကူးချင်တဲ့ Hightlighted ဖြစ်ပြီးသား တွေကို Copy လုပ်တာ ဖြစ်ပါတယ် ...

၂။ Ctrl + V or Shift + Insert
ကိုယ် Copy လုပ်ထားတာတွေကို ပြောင်းချင်တဲ့နေရာမှာ Paste လုပ်တာဖြစ်ပါတယ် ...

၃။ Ctrl + Z and Ctrl + Y
ပြောကြတာတွေကြားဖူးကြမှာပါ .. ဘ၀ကို Ctrl+Z လုပ်လို့မရဘူးတို့ဘာတို့လေ .. Ctrl+Z ကတော့ Undo ပါ .. ကိုယ်လုပ်နေရင်း နဲ့ တနေရာရာမှာ မှားသွားပြီဆိုရင် မမှားခင်နေရာကို ပြန်သွားရအောင် သုံးတာပါ .. Ctrl+Y ကတော့ Redo ပါ ... Redo ကတော့ Undo ရဲ့ ပြောင်းပြန်ပေါ့ .. :)

၎။ Ctrl + F
ကိုယ်သုံးချင်တဲ့ Program တစ်ခုကို ဖွင့်ပါ .. ဥပမာ Firefox ပေါ့ .. ပြီးရင် Ctrl+F ကို နှိပ်လိုက်ရင် ဘယ်ဘက်ထောင့်နားလေးမှာ Find ဆိုတာလေးပေါ်လာပါလိမ့်မယ် .. ကိုယ်ရိုက်ထဲ့ထားတဲ့ စာလုံးလေးတွေနဲ့ တူတာကို ရှာပေးမှာဖြစ်ပါတယ် ...

၅။ Alt + Tab or Alt + Esc or Window Key + Tab
ကိုယ်သုံးနေတာ Multi ဖြစ်နေတယ်ဆိုပါတော့ ..ဥပမာ သီချင်းလည်း ဖွင့်ထားမယ် .. browser လည်းဖွင့်ထားမယ် .. စာအုပ်လည်း ဖတ်နေမယ် ဆိုရင် .. ဒီကီးလေး က အမြန်ပြောင်းတာလေးပါ ... 
Alt+Tab ကိုတွဲနှိပ်မယ်ဆိုရင်တော့ သူက အစဉ်လိုက်ပြောင်းသွားမှာဖြစ်ပြီး .. Alt+Shift+Tab ကို တွဲနှိပ်မယ်ဆိုရင် နောက်ပြန်ပြန်သွားမှာဖြစ်ပါတယ် ..
Windows Vista နဲ့  7  သုံးသူတွေ အတွက်ကတော့ Window key+Tab ကို တွဲနှိပ်မယ်ဆိုရင် Screen အပြည့်ပေါ်ပြီးတော့ သူသွားတဲ့ ပုံစံလေးတွေက စောင်းစောင်းလေးတွေနဲ့ ကြည့်ရတာလှသလိုလိုပါပဲ .. :)

၆။ Ctrl + Backspace and Ctrl + Left or Right arrow
Ctrl+Backspace ဆိုရင်တော့ ရွေးထားတဲ့ စာလုံးတွေ အကုန်လုံးကို ဖျက်ပစ်ပြီး Character တစ်လုံးနဲ့ အစားထိုးလိုက်မှာ ဖြစ်ပါတယ် ..
Ctrl+Left or Right arrow ကတော့ ကိုယ်လိုချင်တဲ့ နေရာ အထိ အတိအကျ Character တစ်လုံးချင်းဆီကို ရွေးမယ်ဆိုရင် Ctrl ကို ဖိထားပြီး Left or Right arrow လေးနဲ့ ဖြည်းဖြည်းချင်းစီ သွားပြီးရွေးလို့ရပါတယ် ...

၇။ Ctrl + S
Ctrl + S ကတော့ ကိုယ်ရေးထားတဲ့ Document ဖြစ်ဖြစ် ၊ notepad ဖြစ်ဖြစ် အစရှိသဖြင့်ပေါ့လေ Save တာဖြစ်ပါတယ် .. Programmer တွေအတွက်ကတော့ အရေးကြီးတဲ့ ကီးလေး ပဲဖြစ်ပါတယ် .. ကိုယ်လုပ်နေတာလေးတွေ တခုခု ကြောင့်ပျက်သွားမှာစိုးတဲ့အတွက် ခဏခဏ နှိပ်ပေးနေရတဲ့ ကီးလေးပါပဲ ..

၈။ Ctrl + Home or Ctrl + End
Ctrl မပါပဲနဲ့ Home key နဲ့ End key ကို နှိပ်မယ်ဆိုရင် Home key ဆိုရင် စာကြောင်းတစ်ကြောင်းရဲ့ အရှေ့ဆုံးကို ရောက်သွားပြီး End key ဆိုရင် စာကြောင်းတစ်ကြောင်းရဲ့ နောက်ဆုံးကို ရောက်သွားပါတယ် ... Ctrl နဲ့တွဲပြီးနှိပ်တယ်ဆိုရင်တော့ ကိုယ်ရေးနေတဲ့ စာပိုဒ် တစ်ပိုဒ်လုံး၊ စာတစ်ပုဒ်လုံးရဲ့ ရှေ့ဆုံး နဲ့ နောက်ဆုံးကိုရောက်သွားမှာဖြစ်ပါတယ် ...

၉။ Ctrl + P
Print ထုတ်မယ်ဆိုတော့နမူနာကို ကြည့်လို့ရအောင်အတွက်ပါ .. ဥပမာ Document တွေနဲ့ Browser စသဖြင့်ပေါ့ ...

၁၀။ Page Up, Space bar, and Page Down
Page Up and Page Down ကတော့ စာနဲ့ပြောထားသလိုပါပဲ .. အပေါ်တက်မလား အောက်ဆင်းမလား ဆိုတာပါ .. အပေါ်တက်ချင်ရင် Page Up ၊ အောက်ကိုဆင်းချင်ရင်တော့ Page Down ပေါ့ .. Space bar ကတော့ Browser မှာဆိုရင် အောက်ကိုဆင်းဖို့အတွက် သုံးပါတယ် ...

တခြားလွယ်လင့်တကူ သုံးရတဲ့ Shortcuts များလည်းရှိပါသေးတယ် .. ဒါပေမယ့် ဒီကီးလေး တွေကတော့ နေ့ဒဓူဝ သုံးနေတာတွေမှာ သုံးဖြစ်မယ် ကီးလေးတွေပါ .. ကျွန်တော် Window 8 ရဲ့ Shortcut တွေကိုလည်းတင်ပေးဖူးထားပါတယ် ... တခြား အသုံးဝင်တဲ့ Shortcuts တွေကို တော့ အောက်မှာ ရေးထားပါတယ်ခင်ဗျာ .. အင်္ဂလိပ်လိုပါ ..

Shortcut Keys Description
Alt + F File menu options in current program.
Alt + E Edit options in current program
F1 Universal Help in almost every Windows program.
Ctrl + A Select all text.
Ctrl + X Cut selected item.
Shift + Del Cut selected item.
Ctrl + C Copy selected item.
Ctrl + Ins Copy selected item
Ctrl + V Paste
Shift + Ins Paste
Ctrl + P Print the current page or document.
Home Goes to beginning of current line.
Ctrl + Home Goes to beginning of document.
End Goes to end of current line.
Ctrl + End Goes to end of document.
Shift + Home Highlights from current position to beginning of line.
Shift + End Highlights from current position to end of line.
Ctrl + Left arrow Moves one word to the left at a time.
Ctrl + Right arro Moves one word to the right at a time.


အားလုံး အစစအရာရာ အရင်ထက်ပိုပြီးအဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

ref:Computerhope 

Posted on Friday, April 12, 2013 by Unknown

No comments

6.4.13



ဟိုအရင်က ဒီနေရာလေးမှာ ကျွန်တော် Online မှာ Data Storage လုပ်နိုင်ဖို့အတွက် Site တွေကို ပြခဲ့ဖူး ပါတယ် ... အဲ့ဒီ့မှာ ပြခဲ့တဲ့ ဆိုဒ်တွေက တော့ Free တော့ free ပါပဲ ဒါပေမယ့် မသုံးတာကြာရင် ကိုယ်တင်ထားတဲ့ ဖိုင်တွေ က ပျက်သွားတတ်ပါတယ်... ဒါပေမယ့် အဲ့ဒီ့နေရာလေးမှာ အောက်က ဇယားလေးကတော့ Update ဖြစ်ပါတယ် ... အဲ့ဒီ့မှာ ဆိုရင်တော့ ဆိုဒ်တွေ အကုန် ရှိပါတယ် ... သူ့ရဲ့ Limit တွေလည်း ပြထားပေးပါတယ် .... အခုကျွန်တော် ညွှန်းတာကတော့ ခေတ်စားနေတဲ့ Cloud storage site တွေပါ .. ဒီနေရာတွေမှာက ကိုယ့်ရဲ့ အကောင့်ကို မှတ်မိထားမယ်ဆိုရင် ၊ သူပေးထား တဲ့ Free limit နဲ့ လည်း ညီမယ်ဆိုရင် တော်ရုံတန်ရုံပျက်ခဲပါတယ် .. ကျွန်တော်တို့လို ဖရီး မှ ဖရီး လိုက်ရှာတဲ့သူတွေ အတွက် သင့်တော်တဲ့ Software လေးတွေ ရှိရင် အဆင်ပြေဖို့အတွက် တင်ပေး နိုင်ဖို့ အတွက်တော့ အသင့်တော်ဆုံးပါ ... သင့်တော်မဲ့ ဆိုဒ်လေးတွေကိုလည်း ပေးထားပါတယ် ... ဒါပေမယ့် အဲ့ဒီ့မှာ တင်ဖို့အတွက်တော့ Acc လေးတော့ ဖောက်ရမယ်နော် ... အခုချိန်မှာဆိုရင် Phone ဈေး တွေကလည်း ပေါလာတော့ .. Phone ကိုင်သောသူများလည်း ကိုယ်သိမ်းချင်တဲ့ ဟာတွေကို အွန်လိုင်းမှာ သိမ်းထားလို့ရတော့ အဆင်ပြေတာပေါ့ .. ကိုယ့်ဖုန်း (သို့) ကိုယ့်ကွန်ပျူတာ သူနဲ့ သက်ဆိုင်တဲ့ drive ကို သွင်းထားပြီးတော့ အဆင်ပြေချောမောစွာ share လို့ရပါတယ် ...

၁ ။ www.dropbox.com

ဒါကတော့ တော်တော်များများသိတဲ့ ဆိုဒ်ပါ ..  သူရဲ့ Free ပေးထားတဲ့ ဆိုဒ်ကတော့  2Gb ပါ .. ပြီးရင် အဲ့ဒီ့မှာ သူ့ရဲ့တင်နိုင်တဲ့ Stroage ကို fri invite လုပ်တာတို့ တခြားတို့နဲ့ ထပ်ဖြည့်လိုက်ရင်တော့ တော်တော်များများ တင်လို့ရပါတယ် ... ပြီးတော့ ကိုယ့်ရဲ့ အကောင့်ကနေပြီး Folder တစ်ခုကို ရှယ်ချင်တယ်ဆိုရင် သီးသန့်ရှယ် .. ပြီးရင် ကိုယ်ကြိုက်တဲ့ သူများကို Invite လုပ်လို့လည်းရပါတယ် ...  သူက Web-browser interface လည်းမလိုပါဘူး .. ပြီး Linux , Window နဲ့ iOs , Android OS တွေအတွက်ကို ပါ အဆင်ပြေပါတယ်ခင်ဗျာ ...

၂။ https://www.amazon.com

အမေဇုန် အမေဇုန် နဲ့ ကြားဖူးမှာပါ ...  ဒါကလည်း ပေါ်ပြူလာ ပါပဲ .. သူ့ရဲ့ Free ပေးထားတဲ့ ဆိုဒ်ကတော့ 5Gb ပါ။

၃။ https://one.ubuntu.com/

အစကတော့ Ubuntu သုံးသောသူများအတွက် အဆင်ပြေအောင်လုပ်ပေးထားတာပါ .. ခုတော့ Window အတွက်ပါ အဆင်ပြေသွားပါပြီ .. သူကတော့ 5Gb ပါ ..

၎။ https://drive.google.com/

ကျွန်တော်တို့နဲ့ အရင်းနှီးဆုံး မိတ်ဆွေကြီး Google ပါ .. သူကလည်း 5Gb ပါပဲ ... Gmail acc ရှိသောသူများ အားလုံးသုံးနိုင်ပါတယ် ...

၅။ https://www.box.com/

ဒီနေရာမှာကလည်း 5Gb ပါ.. သူမှာလည်း Dropbox လိုသုံးနိုင်ပါတယ် .. မိမိရှယ်ချင်တာတွေကို လွယ်လင့်တကူ ရှယ်နိုင်ပါတယ် ..

၆။ Sky Drive

Microsoft ရဲ့ Sky Drive ပါ .. ဒီမှာပေးထားတာကတော့ 7Gb ပေးထားပါတယ် .. ဒါပေမယ့် သူ့ဆီမှာ အသုံးပြုရတာတော့ တခြား နေရာတွေထက်စာရင် နည်းနည်းလေး ရှုပ်သလို ခံစားရပါတယ် .. 7Gb ဆိုတော့ နည်းတဲ့ space မဟုတ်ပါဘူး ...

၇။ https://www.bitcasa.com

ဒီနေရာကတော့ free ပေးထားတာ များတယ်လို့တောင်ဆိုလို့ရပါတယ် ... 10Gb ပါ .. Access anywhere  ပါပဲ

၈။ http://evernote.com/

တော်တော်များများမြင်ဖူးကြမယ်ထင်ပါတယ် .. ဆင်ရုပ်ကလေးနဲ့ Evernote ဆိုတာလေးပါ .. သူကတော့ တခြား ဆိုဒ်တွေနဲ့ နည်းနည်းလေး မတူပါဘူး ..သူ့ဆီမှာ တင်လို့ရတာတွေကတော့ Note တွေ Document တွေ Image တွေပါ ... Note တွေတင်မယ်ဆိုရင် ၁ သိန်းလောက်တင်လို့ရပါတယ်တဲ့ ...

၉။ https://www.icloud.com/

Apple User များအတွက် icloud ပါ ... Apple acc ရှိသူတိုင်းဝင်လို့ရပါတယ် .. သိမ်းထားလို့ရပါတယ် ...

၁၀။ http://www.binfire.com/

ဒါကတော့ သိပ်တော့ မရင်းနှီးလောက်ဘူးထင်ပါတယ် ... ဒါပေမယ့်လည်း Free ပေးထားတာကတော့ မက်လောက်စရာပါပဲ ... 10Gb ပါ ။

၁၁။ https://www.sugarsync.com/

ဒီနေရာမှာကတော့ 5Gb ရပါတယ်ခင်ဗျာ ..

၁၂။ https://www.opendrive.com/

ဒီနေရာမှာလည်း 5Gb ပါပဲ... ကိုယ်ရှယ်ချင်တဲ့ ဖိုင်ကိုလည်း link ပေးပြီးတော့ ရှယ်လို့ရပါတယ်ခင်ဗျာ ...

တခြားတခြားသော ဆိုဒ်တွေလည်းရှိပါသေးတယ် ... ကျွန်တော်တော့ အခု ၁၂ ခုပဲ ပြထားလိုက်ပါတယ် ... မိမိ အဆင်ပြေမည့် ဆိုဒ်တွေကို ရွေးကြည့်ပြီးသာ သုံးကြပေတော့ဗျိုး ... ကျွန်တော်အခု ပြောထားတဲ့ 5Gb တို့ဘာတို့ဆိုတာက အကောင့်တစ်ခု ဖောက်ရုံနဲ့ free space ရတာတွေကိုပြောတာပါ .. ကိုယ်က ထပ်ပြီးတော့သုံးချင်တယ် .. ပိုပြီးတော့ Space များများလိုချင်တယ်ဆိုရင်တော့ ၁နှစ်ကို ဘယ်လောက် စသဖြင့် ပေးချေပြီးတော့လည်း အသုံးပြုနိုင်ပါတယ်ခင်ဗျာ ...

အားလုံးအစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်ပါစေလို့ဆုတောင်းလျက် .....
မောင်လုလင်




Posted on Saturday, April 06, 2013 by Unknown

No comments

21.2.13


အခုနောက်ပိုင်း Intel Core i series တွေ ပေါ်လာတော့ အဲ့ဒီ့မှာပါတဲ့ Window တွေက Window 8 တွေပါလာတာများလာပါတယ်... ကျွန်တော်လည်း အစကတော့ Window 8 ကို ကျွန်တော်နဲ့ သဟဇာတ ဖြစ်မယ်လို့ မထင်မိဘူး.... နောက်ပိုင်း သုံးကြည့်ရင်းနဲ့မှ ပဲ အံဝင်ခွင်ကျဖြစ်လာတယ် .... နောက်တော့ သုံးရင်း နဲ့ အဆင်ပြေလာတယ်ပေါ့ ... နောက်တော့ ပြဿနာ တစ်ခု ဖြစ်တယ် ... ဘာလဲ ဆိုတော့ Right Click ထောက်လိုက်ရင် နှေးပြီးတော့ နေတာပါပဲ .... Right Click ထောက်လိုက်ပြီးရင် စောင့်လိုက်ရတာ ... တော်တော် ကို စောင့်ရတယ် ... အထဲ မှာ ဖွင့်ရင် ပိုဆိုးတယ် .. Not Responding ဆိုပြီးတော့ ပေါ်တောင်မှ လာသေးတယ်... အဲ့ဒါ ရှင်းရအောင်ဆိုပြီး လိုက်ရှာ ကြည့်လိုက်တော့ တွေ့ပါတယ်  .... အခု အဲဒီ့အတိုင်းလေး လုပ်လိုက်တာ အဆင်ပြေသွားပါတယ် ... ကျွန်တော့်လိုမျိုး ပြဿနာ ကြုံနေသူများအတွက် ဖြေရှင်းနိုင်ဖို့ပါ ....

ပထမဆုံး 7 zip Run ထားတယ် ဆိုရင် ပြန်ဖြုတ်လိုက်ပါ ....
ပြီးရင်တော့ Window Key+R==> regedit
Registry ကို ဖွင့်လိုက်ပါ ..ပြီးရင် တော့ အောက်က လမ်းကြောင်းအတိုင်းသွားလိုက်ပါ ....
 HKEY_CLASSES_ROOT\Directory\Background\shellex\ContextMenuHandler\

အဲ့ဒီ့ကို ရောက်သွားပြီဆိုရင် ContextMenuHandler ဆိုတာရဲ့အောက်က ဟာတွေ အကုန်လုံးကို ဖျက်လိုက်ပါ .... အကယ်၍  New ဆိုတာ ရှိရင်တော့ အဲ့ဒီ့ New ကို မဖျက်ပါနဲ့ ... ထားခဲ့လိုက်ပါ ... ပြီးရင် စမ်းကြည့်ပါဦး ... အဆင်ပြေပြေနဲ့ Right Click context menu မြန်မြန် ပေါ်လာပါလိမ့်မယ်ခင်ဗျာ ....

Window 8 Activator 

ဒါကတော့ Window 8 ကို သုံး စွဲမည့်သူများအတွက် Activator လေးပါ ....  ဒေါင်းချင်သူများအတွက်ကတော့ အောက်မှာ ဒေါင်းလိုက်ပါ ... ကျွန်တော် Dropbox နဲ့ Amazon မှာ စမ်းပြီးတော့ တင်ထားပေးပါတယ်... အဆင်မပြေရင် အော်ခဲ့လိုက်ပါဦးခင်ဗျာ ......


dropbox

အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစ လို့ ဆုတောင်းလျက်
မောင်လုလင်



Posted on Thursday, February 21, 2013 by Unknown

No comments