Showing posts with label Add-ons. Show all posts
Showing posts with label Add-ons. Show all posts

13.7.13

Torch Browser  ဆိုတာလေးပါ ... ဒါလေးရဲ့ အားသာ ချက်ကလေး တစ်ခုက ကျွန်တော်တို့အတွက် အဆင်ပြေပါတယ် ... Internet Download Manager က Firefox မှာ အဆင်မပြေသူများအတွက် .... IDM အခက်အခဲရှိသူများအတွက် အဆင်ပြေပါတယ် .. ဘာလဲဆိုတော့ ကိုယ်က Video တွေ ဘာတွေ ကြည့်နေတယ် ဆိုရင် Browser ရဲ့ ထိပ်ဖက်နားလေးမှာ Media ဆိုတဲ့ ခလုပ်ကလေး က ခုန်ဆွ ခုန်ဆွလေး လုပ်နေပါတယ် ... ဒေါင်းမလား .. မဒေါင်းဘူးလားပေါ့ ... ဒေါင်းမယ် ဆိုရင်တော့ ခလုပ်ကလေး ကို နှိပ်လိုက်ရုံပါပဲ ... အဆင်ပြေ လွယ်ကူချက် ကတော့ ပြောမနေနဲ့ ... ပြီးရင် သူနဲ့ Torrent တွေကိုလည်း ဒေါင်းလို့ရပါတယ် ...  သူ့ရဲ့ ဒီဇိုင်း ကတော့ Chrome ရဲ့ UI နဲ့ ခပ်ဆင်ဆင်ပါ .. ဥပမာ Option တွေဘာတွေ ၀င်ပြီးတော့ ပြင်တာက အစပေါ့ ... Chrome နဲ့ တူတာ တစ်ချက်က မြန်မာဖောင့်ကို သွားပြီးတော့ ပြင်ပေးရတာပါပဲ .. ဒါကလည်း ကျွန်တော့် စက်မှာပါ .. တခြားစက်တွေ တော့မသိဘူးဗျ .. ပြီးတော့ သူလည်း သုံးရတာ ပေါ့ပါတယ် ... အဆင်ပြေမယ် ဆိုရင်တော့ သူ့ဆိုဒ် မှာ သွားဒေါင်းလိုက်တော့နော် ..သူ့ရဲ့ ဆိုဒ်ကတော့ အောက်မှာ ပါ

http://www.torchbrowser.com/

အဲ့ဒီ့မှာ သွားမဒေါင်းတော့ဘူး ဒီကရှိတာပဲ ယူမယ်ဆိုရင်တော့ ... အောက်မှာ Offline Installer လေး Dropbox မှာ တင်ပေးထားပါတယ်ခင်ဗျာ .. Version ကတော့ ခုနောက်ဆုံး Version ပါပဲ ..

https://www.dropbox.com/s/jwoffzsdu6xora4/TorchSetupFull.exe

မြန်မာစာ မြင်ရဖို့အတွက်ကတော့ အောက်မှာ ရေးထားပါတယ် ....

ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...

 C:\Users\username\AppData\Local\Torch\User Data\Default\User StyleSheets

username ဆိုတာမှာတော့ ကိုယ့်ရဲ့ကွန်ပျူတာရဲ့  username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....

* , html, body, div,p {font-family:Zawgyi-One !important;}

အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Torch ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....

မောင်လုလင်

Posted on Saturday, July 13, 2013 by Unknown

No comments

26.6.13


ပေါ်ပေါ်သမျှ video chat တွေ ထဲမှာ တော်တော်များများကတော့ သူ့ဟာနဲ့သူ Record လုပ်လို့ရတယ်ဗျ ... ဒါပေမယ့် နာမည်ကြီး တဲ့ Skype မှာ ကျတော့ ဓါတ်ပုံသာ ရိုက်လို့ရတယ် .. Record လုပ်လို့မရဘူး ... အဲဒါနဲ့ Skype မှာ Record လုပ်လို့ရမယ့် ဟာလေး လိုက်ရှာကြည့်လိုက်တော့ တွေ့ပါတယ် .. free က နည်းတယ် ... ပြီး license ကလည်း မလွယ်ဘူး .. ရှာရင်းရှာရင်း ဒီဟာလေးကို တွေ့လိုက်ပါတယ် ... အဆင်လည်းပြေပါတယ် ... ကိုယ့်ရဲ့ အိမ်နဲ့စကားပြောတာကိုပဲ ဖြစ်ဖြစ် .. ကိုယ့်ရဲ့ ချစ်သူ နဲ့စကား ပြောတာကို ပဲ ဖြစ်ဖြစ် Record လုပ်ထားပြီး နောက်တချိန်မှာ အလွမ်းပြေ ပြန်ကြည့်ဖို့ ပဲ ဖြစ်ဖြစ် လိုအပ်မယ်လို့ထင်ပါတယ် ... :) ဒါပေမယ့် သူတပါး ကို ချောက်ချ ဖို့ အတွက်နဲ့တော့ မသုံးကြပါနဲ့လို့ လည်း တောင်းဆိုပါတယ် ... အခု Supertintin ကို Run ပြီးသွားရင် Update လုပ်ခိုင်းရင် မလုပ်ပါနဲ့ခင်ဗျာ .. Run ပြီးတာနဲ့ Activate ဆိုတာလေးကို ပဲ နှိပ်ပြီးတော့ Active ဖြစ်အောင်လုပ်လိုက်ပါ ... ပြီးရင်တော့ မိမိ လိုချင်သလောက် ကို Record လုပ်လို့ရပြီ ဖြစ်ပါကြောင်း .... လိုချင်သူများအနေနဲ့ အောက်မှာ ယူလို့ရပါတယ်ခင်ဗျာ ...

https://www.dropbox.com


 အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Wednesday, June 26, 2013 by Unknown

No comments

15.5.13


Downloader တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ် ... IDM လိုပေါ့ ... အသုံးများတာတော့ IDM ပဲ အသုံးများ ပါတယ်.. ကျွန်တော် လည်း IDM သုံးရင်းနဲ့ FB က Video တွေကို ဒေါင်းလို့မရဘူးဖြစ်နေတာဗျ ...ကျွန်တော့်စိတ်ထင် တော့ Window 8 နဲ့ပဲ ကီးမကိုက်တာလားမသိ ..  တခါတလေ ကိုယ် ကြိုက်တာလေးတွေ ရှိရင် ဒေါင်းချင်ပေမယ့် ဒေါင်းလို့က မရဘူး ... ဒီနေ့ Facebook က group တစ်ခုမှာ အဲ့ဒါလေး ကို ပြောလို့ ကျွန်တော်လည်း စမ်းသုံးကြည့်မိတယ် .. အဆင်ပြေတယ်ဆိုပါတော့ ... Real Downloader ပါ .. ကျွန်တော့်လိုမျိုး အဆင်မပြေဖြစ်နေသူများ အဲ့ဒါလေးကို စမ်းသုံးကြည့်ပါလို့ အကြံပေးချင်ပါတယ်ခင်ဗျာ ... ဒေါင်းရမယ့်နေရာကိုတော့ သူ့ရဲ့ မူရင်းဆိုဒ်ကို ပဲ ညွှန်းလိုက်ပါတယ် ... Free ဆိုတော့ အဆင်ပြေမယ် ထင်ပါတယ် ... အောက်ကနေရာမှာသွားလိုက်ပါခင်ဗျာ...သူရဲ့ ဒေါင်းလုဒ် လုပ်ဖို့အတွက် ခလုပ်ကလေးကလည်း IDM ပေါ်တဲ့နေရာမှာပဲပေါ်ပါတယ် ....  စစဖွင့်ချင်းမှာမပေါ်သေးဘူးဗျ ... ပြီးတော့ ကိုယ်ချချင်တဲ့ Video ပေါ်ကို မောက်စ် ကလေး တင်လိုက်မှ အဲ့ဒီ့ ခလုပ် ကလေးပေါ်လာတာပါ ... စမ်းသုံးကြည့်ပါခင်ဗျာ ...

http://www.real.com/realdownloader



အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်

Posted on Wednesday, May 15, 2013 by Unknown

No comments

26.2.11

မင်္ဂလာပါ .... ကျွန်တော် ပေါ်ပျောက် ပြန်ရောက်လာပါပီ ... :) .. အခု မိတ်ဆက်ပေးမှာကတော့ ကိုယ်ပိုင် Browser တွေအတွက် အသုံးဝင်မယ့် Add-ons လေးတွေကို မိတ်ဆက်ပေးချင်လို့ပါ .... ဘာတွေလဲ ဆိုတော့ ကိုယ့်ရဲ့ Browser မှာ Bookmark လုပ်တဲ့အခါမှာသုံးဖို့အတွက်ရယ် ..ကိုယ်က တခြားဆိုဒ်တွေကို လည်တဲ့အခါကျရင် Username နဲ့ Password တွေကို တစ်ခုတည်းသုံးတာ မဟုတ်ပဲ နာမည်အမျိုးမျိုး သုံးဖြစ်တယ် .. Password လည်းများနေမယ်ဆိုရင် တစ်ခါတလေမှာ အခက်အခဲတွေ့နိုင်ပါတယ် ... အဲဒီ့အခက်အခဲကို အဆင်ပြေစွာ ဖြေရှင်းနိုင်ဖို့အတွက် Password မှတ်တဲ့ Add-ons ကလေးရယ်ပါ ... စမ်းကြည့်ရအောင် ..


Speed Dial




ဒီတစ်ခုကတော့ Browser အတွက် Bookmarks တွေကို မှတ်ထားဖို့အတွက်အထောက်အကူပြုပါတယ် ... သူကမှတ်တဲ့အခါမှာ မိမိ အနေနဲ့လည်း တူရာတူရာလေးတွေကို စုထားပြီးတော့ Group လေးတွေဖွဲ့ထားလို့ရပါတယ် ... သုံးရတာလည်း လွယ်ကူပါတယ် .. ဆိုဒ်ကလေးတွေကို ဇယားကွက်ကလေးတွေ အနေနဲ့ပြထားတဲ့အတွက် ကိုယ်ကဆိုဒ်နာမည် ကိုမေ့နေတယ်ဆိုရင်တောင် အဲဒီ့ဆိုဒ်ရဲ့ပုံစံကလေးကို မြင်ပြီးတော့ မှတ်မိနိုင်ပါတယ် ... ဘယ်လိုလုပ်မလဲ ဆိုတာကို စမ်းကြည့်ရအောင်ပါ ...

firefox = > Tools => Add-ons => Get Add-ons

ဆိုပြီးတော့ သွားလိုက်ပါ .. ပြီးရင် အဲဒီ့အောက် search box ကလေးမှာ Speed Dial ဆိုပြီးတော့ ရိုက်ပြီးတော့ ရှာကြည့်လိုက်ပါ ... အဲဒီ့မှာ တွေ့ရပါ့မယ် ... Add-ons ကို Install ဆိုတာလုပ်လိုက်ရင် ရပါပြီ .. အဲလိုလုပ်ပြီးပြီဆိုတာနဲ့ သူက FF ကို restart ချလိုက်ပြီးပြန်တက်လာတာနဲ့ Speed Dial ကနေပြီးတော့ Box ကလေး တက်လာပါ့မယ် ... အဲဒီ့မှာ Load in new tab ဆိုတာကလေးမှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ .. အဲဒါမှသူက new tab တစ်ခု ဖွင့်လိုက်တိုင်းမှာပေါ်လာပြီးတော့ ကိုယ်ကြိုက်ရာ ဆိုဒ်ကလေးတွေကို ရွေးလို့ရပါ့မယ် ... ပြီးရင် ကိုယ်က window တင်မယ်လုပ်တဲ့အခါမျိုးမှာဆိုရင် အဲဒီ့ speed dial option ကလေးကနေပြီးတော့ Setting လေးကို Exports လုပ်ထားလိုက် ... ပြီးရင်ပြန်သွင်းလိုက်ရင် အရင်တုန်းက မှတ်ထားတဲ့အတိုင်းလေးရသွားပါလေရောဗျာ ... ဒီလောက်ဆို အဆင်ပြေမယ် ထင်ပါတယ် .. အောက်မှာကျွန်တော် Tut လေး လုပ်ထားပါတယ်ခင်ဗျာ ....


Lass Password




ဒီ Add-ons ကလေးကတော့ ကိုယ်ပိုင် ရှိတဲ့သူတွေ အတွက် ပဲ ကောင်းမယ်ထင်ပါတယ် ... တကယ်လို့ မိမိရဲ့ Pass က အရမ်းကြီးအရေးကြီး တဲ့ Password မျိုး ..ဥပမာ Bank account password တွေမျိုးဆိုရင်တော့ မိမိဘာသာမှတ်ဥာဏ်နဲ့ဖြစ်ဖြစ်မှတ်ထားတာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ် ... ဒါကိုမသုံးသင့်ပါဘူး .. ဆိုင်တွေဘာတွေမှာဆိုရင် လည်း ကိုယ်က ကိုယ့် ရဲ့ account နဲ့ ၀င်ခဲ့ပြီး ပြန် မထွက်ခဲ့ဘူးဆိုရင် တခြားသူတွေက သုံးသွားနိုင်ပါတယ် ... မိမိတစ်ယောက်တည်း သုံးမယ့် ကွန်ပျူတာ ဆိုရင် အကောင်းဆုံးဖြစ်ပါ့မယ် ခင်ဗျာ .. စမ်းကြည့်ရအောင်ပါ ...


firefox = > Tools => Add-ons => Get Add-ons

အဲဒီ့အတိုင်းလေးသွားပြီးရင် Search box မှာ Lass Pass ဆိုပြီးတော့ ရှာလိုက်ပါ ... ပြီးရင် အဲဒီ့မှာတွေ့တာလေးကို install လုပ်ပေးလိုက်ပါ ... FF ကို restart ချပြီးပြီဆိုတာနဲ့ သူက Box ကြီးတစ်ခုပေါ်လာပါ့မယ် ... ကိုယ့်မှာ အရင်က လုပ်ထားခဲ့တဲံ Account မရှိဘူးဆိုရင် Account တစ်ခု ဖောက်ရမှာပါ ...
ပြီးပြီဆိုတာနဲ့ သူ့ဆိုဒ်မှာ မိမိရဲ့ profile ကိုပြပါ့မယ်.. အဲဒါဆိုရင် ရပါပီ .. အဆင်ပြေပါပြီ .. ဘယ်လိုမှတ်လဲဆိုတာတော့ ကိုယ်က ဆိုဒ်တစ်ခုကို ၀င်မယ်ဆိုရင် Username နဲ့ Password ရိုက်ထည့်လိုက်မယ်ဆိုရင် ညာဘက်ထောင်မှာ save site ဆိုပြီးတော့ Lass Password ကမေးပါမယ် ... ကိုယ်က save site ကို ပေးလိုက်ရုံပါပဲ .. ပြီးရင် ဘယ် Group မှာထည့်မလဲ .. ဆိုတာလေး ပေါ်လာပါ့မယ် .. အဲဒါကလေးကိုလည်း ကိုယ်ကြိုက်ရာ နာမည် လေးပေးပြီး Group လေးတွေလည်း ဖွဲ့ထားလို့ရပါသေးတယ် .. ဘယ်လို လေးတွေ သုံးရမယ် ဆိုတာကလေးကို ကျွန်တော် Video ကလေးနဲ့ ပြထားပါတယ်ခင်ဗျာ.. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ ...



Posted on Saturday, February 26, 2011 by Unknown

No comments

23.10.10



firefox တွေမှာ မြင်ဖူးမှာပါ ...တခြားသူတွေ လုပ်ထားတဲ့ toolbar လေးတွေ... အခု က မြန်မာ အွန်လိုင်း ရေဒီယိုတွေ များလာပါပြီ .. အဲဒီ့တော့ အွန်လိုင်းရေဒီယိုလေး နားထောင်တဲ့အခါမှာ Window Media Player ကို ဖွင့်မနေတော့ပဲနဲ့ firefox က toolbar ရေဒီယိုလေးမှာပဲ ထည့်ပြီးနားထောင်ကြပါတယ် ... Toolbar ကတော့ သုံးတတ်မယ် ဆိုရင် သုံးတတ်သလိုပါ ပဲ အဆင်ပြေပါတယ် ... ခုတော့ ရေဒီယိုနားထောင်ဖို့ပဲ ဖြစ်ဖြစ်ပေါ့ စမ်းပြီး လုပ်ကြည့်တာပေါ့ ... နောက်တစ်ခါ window ပြောင်းလို့ပဲဖြစ်ဖြစ် firefox ကို အသစ်ပြန်သွင်းရင်ပဲဖြစ်ဖြစ် ကိုယ်လုပ်ထားတဲ့ toolbar လေး ကို ပဲ ပြန်ပြန်ထုတ်ပြီးတော့ သုံးလို့ရတာပေါ့ .. လုပ်ရတာလည်း တကယ်လွယ်ကူပါတယ် ... အခု စပြီး စမ်းပြီး လုပ်မယ်ဆိုရင်တော့ အောက်က ဆိုဒ်ကလေးကို အရင်သွားလိုက်ပါ ...


အဲဒီ့ကို ရောက်ပြီဆိုရင်တော့ ပထမဆုံး လုပ်ရမှာကတော့ ထုံးစံ အတိုင်း Register လုပ်ရမှာပါ ..
လုပ်ပြီးသွားပြီဆိုရင် တော့ ရပါပြီ .. ကိုယ်ပိုင် toolbar လေး တစ်ခု ရဖို့အတွက် ကိုယ်ကြိုက်တဲ့ application လေးတွေ ကို ထည့်ရပါမယ် ...

ဘာတွေ ထည့်မလဲ ... ?

ကိုယ့် အတွက် ကိုယ်ဖတ်နေကျ ဆိုဒ်ကလေး တွေကနေပြီးတော့ Rss နဲ့ ဖတ်လို့ရအောင် Rss ကလေး တစ်ခု ထည့်မယ် ဆိုရင် Basic ရဲ့ အောက်က Rss reader ကလေးကို add ဆိုပြီးတော့ ထည့်လိုက်ပါ ... ထည့်လိုက်ရင် အပေါ်မှာ သူ က ကိုယ် ဘာ application ထည့်ပြီးသွားပြီလဲ ဆိုတာကို Preview အနေနဲ့ ပြပါမယ် ..

Radio ဆိုရင်တော့ Readymade ဆိုတာမှာ Radio Station ဆိုတာကလေးကို နှိပ်ပြီါ်တော့ ထည့်လိုက်ရုံပါပဲ ...

ကျန်တာလေးတွေ ကတော့ ကိုယ်ကြိုက်တာလေးတွေကို ရွေးပြီးတော့ ထည့်ရုံပါပဲ ... ထည့်ပြီးသွားပြီ.. ပြန်ပြင်မယ် ဆိုရင်တော့ Preview toolbar အပေါ်ကို mouse ထောက်လိုက်ပါ .. အဲဒီ့ မှာ Edit ဆိုတာလေး ရှိပါမယ် ... အဲဒီ့ကနေပြီးတော့ ပြန်ပြင်နိုင်ပါတယ် ခင်ဗျာ ..

ပြီးရင် ကိုယ်လုပ်ထားတာကလေးတွေ တစ်ခု စီကို ခြားချင်တယ်ဆိုရင်တော့ အောက်မှာ Separator ဆိုတာကလေးကို add ပြီးရင် Move left ဖြစ်ဖြစ် Move Right ဖြစ်ဖြစ်ပေါ့ သပ်သပ် ရပ်ရပ်ကလေးဖြစ်အောင် ညှိပေးလို့လည်း ရပါတယ် ..

ကဲ အားလုံးပြီးသွားပြီ ... ကိုယ်ရဲ့ toolbar ကို ဘယ်လိုယူမလဲ ... ?

အပေါ် ညာဘက်ထောင့်ကလေးမှာ Download now ဆိုတာကလေးရှိပါမယ် .. အဲဒါကလေးကို နှိပ်လိုက်ရင် firefox ရဲ့ ညာဘက် ထောင့်မှာ add-on ကို သွင်းဖို့အတွက် Allow လုပ်မှာလား ဆိုပြီးတော့ မေးပါလိမ့်မယ် .. Allow လုပ်လိုက်ပါ .. ပြီးရင် add-on ကို သွင်းနေပါလိမ့်မယ် .. ပြီးရင်တော့ Firefox ကို restart ချလိုက်ရင် အိုကေ သွားပါပြီ ...

ကျွန်တော် စမ်းထားတဲ့ Toolbar ကလေး လည်း ရှိပါတယ် ... အောက်က link ကလေးကနေပြီးတော့ သွားပြီးတော့ ကြည့်ကြည့်ပါဦး.. :P :P


အဲလိုမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ blog မှာ ထည့်ထားပြီးတော့ buttom လေးကို နှိပ်လိုက်ရင်ပဲ တစ်ခါတည်း သွင်းသွားအောင်လည်း လုပ်လို့ရပါတယ် .. စမ်းကြည့်ပါဦး ....

toolbar powered by Conduit

လုပ်ရတာ အဆင်ပြေအောင် အောက်မှာ ကျွန်တော် Tut video လေးတစ်ခုကို ပါ ထပ်ထည့်ပေးထားပါတယ် ... ကြည့်ကြည့်ပါဦး ...





Posted on Saturday, October 23, 2010 by မောင်လုလင်

No comments

18.2.10


Click ! Image to zoom!


အပေါ်က ပုံကိုကြည့်ကြည့်ပါ .. ဘာထူးခြားလဲဆိုတော့ သီချင်းရဲ့ဘေးဘက်မှာ Lyric ကလေးနဲ့ပါ .. သီချင်းဝါသနာပါတဲ့သူတွေ အတွက်တော့ သီချင်းစာသားကလေးတွေ လိုက်ကြည့်ပြီးတော့ ဆိုလို့ရတာပေါ့ .. ပုံမှ ဆိုရင် You tube မှာသီချင်းတွေ ကြည့်တဲ့အခါမှာ သီချင်းစာသားတွေကို မမြင်ရပါဘူး.. Lyric ကလေးပါ မြင်ရတော့ ကိုယ်ကြိုက်တဲ့ သီချင်းကလေးတွေ တွေ့ရင် စာသားကလေးတွေကို ကူးထားလို့ပါရပါတယ် .. ( မှတ်ချက် ။ ။ မြန်မာသီချင်းတော့ မပါဘူးနော်.. :) ) အင်္ဂလိပ်သီချင်း ဆိုရင်တော့ သူ့ရဲ့ ခေါင်းစဉ်နာမည်ကို သိတာနဲ့ ရနိုင်ပါတယ် ... ဘယ်လို ရှာမလဲဆိုရင် . ကိုယ်ကြိုက်တဲ့ သီချင်း နာမည် ကို Youtube မှာဖွင့်လိုက်ပါ ။ ပြီးရင် အဲဒီ့ဘေးဘက်မှာ Lyric site ကလေးတွေ ရှိပါတယ်.. တစ်ခုနဲ့ မပေါ်ဘူးဆိုရင် နောက်ထပ် site တစ်ခု ကို Down arrow ကလေးကနေပြီးတော့ ရွေးပြီးတော့ ရှာပေးလိုက်ပါ.. အဆင်ပြေမယ် ထင်ပါတယ်.. ဘယ်လို လုပ်ရမယ်ဆိုတော့ .. ပထမဆုံး Greasemonkey ဆိုတဲ့ Javascript တွေကို ချိတ်ပေးတဲ့ Add-on ကလေးကိုသုံးရပါ့မယ်.. အဲဒီ့ Add-on ကလေးကို ဒီအောက်က နေရာကလေးကိုနှိပ်ပြီးတော့ Install လုပ်လို့ရပါမယ် ....



အဲဒါကလေးကိုနှိပ်လိုက်ရင် Box ကလေးတစ်ခုပေါ်လာပြီးတော့ Install လုပ်ခိုင်းပါ့မယ်.. Install လုပ်ပေးပြီးရင်တော့ Firefox ကို Restart ပေးလိုက်ပါ ...ပေးပြီးရင်တော့ အောက်က Javascript ကို ထည့်ရပါမယ်.. Install javascript ဆိုတာကလေးကို နှိပ်လိုက်ပါ..



နှိပ်လိုက်ရင်တော့ စောကလိုပဲ Install ဆိုတာကလေးပေါ်လာပါ့မယ် .. အဲဒါလုပ်ပြီးသွားရင်တော့ Youtube မှာ သီချင်းစာသားကလေးတွေ ကြည့်လို့ရပါပြီ...

အဲဒီ့ အပေါ်က နှစ်ခုရဲ့ မူရင်း Link တွေကတော့ ဒီအောက်မှာပါ.. တကယ်လို့အပေါ်က Link တွေကများ အမှားအယွင်းဖြစ်နေရင် ဒီလင့်ကလေးတွေနဲ့လုပ်လို့ရပါမယ် ...အဆင်ပြေပါစေခင်ဗျာ...

Greasemonkey Add-on => https://addons.mozilla.org/en-US/firefox/search?q=monkey&cat=all&advancedsearch=1&as=1&appid=1&lver=3.6&atype=0&pp=20&pid=5&sort=&lup=

Java Script => http://userscripts.org/scripts/source/22569.user.js




Posted on Thursday, February 18, 2010 by မောင်လုလင်

1 comment

12.2.10


Click ! Image to zoom!


ကျွန်တော် အရင်က Window ကနေပြီးတော့ပဲ ကိုယ် မဖွင့်စေချင်တဲ့ Site တွေကို ပိတ်တဲ့ နည်းကလေးကို ဒီနေရာ ကလေးမှာ ရေးထားခဲ့ဖူးပါတယ် .. အခု ကတော့ firefox ကနေဆိုရင် ရော ဘယ်လို ပိတ်မလဲ ဆိုပြီးတော့ မေးလာလို့ Add-on ကလေးကို သုံးပြီးတော့ site ကို ပိတ်တဲ့နည်းကလေးကို ပြလိုက်ပါတယ်ခင်ဗျာ... ဒီ add-on ကလေးကိုသုံးပြီးတော့ အဲဒီ့ Site ကို အချိန်ဘယ်လောက်ပိတ်ထားမလဲ .. ၁ နာရီလား ၂ နာရီလား ... ၁ ရက်လား ၁ပတ်လား စသဖြင့် အချိန်ပေးပြီးတော့လည်းပိတ်လို့ရပါတယ် .. အချိန်တိုင်းပိတ်ထားချင်ရင်လည်း ရပါတယ် .... ဒါပေမယ့် ဒီနည်း နဲ့ပိတ်ထားတယ်ဆိုရင်တော့ ကွန်ပျူတာအကြောင်းကို နည်းနည်းလောက်သိတဲ့သူတွေအနေနဲ့ ဆိုရင် ကိုယ် သွင်းထားတဲ့ add-on ကလေးကို ဖြုတ်ပြီးတော့ အလွယ်တကူပဲ ၀င်သွားမှာ ဖြစ်ပါတယ် ... :) ဒီနည်းကလေးကို လုပ်မယ်ဆိုရင်တော့ အရင်ဆုံး အောက်မှာပေးထားတဲ့ link ကလေးကနေပြီးတော့ စပြီးတော့ သွားပါ့မယ် ...


အဲဒီ့ add-on ကလေးကို အရင်ဆုံး Firefox ထဲမှာ ထည့်လိုက်ပါ.
ပြီးရင်တော့ firefox => tool => leechBlock => option ဆိုပြီးတော့ သွားလိုက်ပါခင်ဗျာ...
အဲဒါဆိုရင် အောက်က Box ပုံစံကလေးပေါ်လာပါ့မယ် .. အဲဒီ့မှာ ကိုယ် block ချင်တဲ့ site တွေကို ထည့်ပြီးတော့ အချိန်တွေဘာတွေထည့်ပြီးစမ်းကြည့်လိုက်ပါ.. အဆင်ပြေပါစေခင်ဗျာ .....


Posted on Friday, February 12, 2010 by မောင်လုလင်

No comments

18.9.09

ဒါကလေးတွေကို ကျွန်တော် မြန်မာအိုင်တီဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ကနေပြီးတော့ တွေ့လာပါတယ် .. အသုံး ချမယ့်သူများလည်း အဆင်ပြေသွားအောင် .. Firefox ကို အလှဆင်ချင်တယ်ဆိုရင်လည်း ဆင်လို့ရအောင် ပါ ... စမ်းပြီးတော့ သုံးကြည့်ပါဦး ...

၁။ ဒါကတော့ firefox ကို အလှ ဆင်တာကလေးပါ ..




ဒီနေရာကလေးကနေသွားပါ


၂ ။ Tamper Data 10.1.0



အဲဒါကိုတော့ ဒီနေရာကလေးကနေသွားလိုက်ပါ ..


၃။ Foxtab
ဒါကလေးနဲ့လည်း အလှဆင်လို့ ရပါတယ် 3 D စတိုင်ပါ ..



အဲဒါကိုတော့ ဒီနေရာကလေးကနေသွားလိုက်ပါ ..



၎။ FireFTP 1.0.5



အဲဒါကိုတော့ ဒီနေရာကလေးကနေသွားလိုက်ပါ ..


၅။ DownThemAll! 1.1.6



အဲဒါကိုတော့ ဒီနေရာကလေးကနေသွားလိုက်ပါ ..


Posted on Friday, September 18, 2009 by မောင်လုလင်

3 comments

14.8.09



Google chrome ကိုအသုံးပြုနေတဲ့ လူတွေ အတွက် Chrome ကို အလှဆင်ကြည့်ရအောင်ပါ .. ဒီအောက်ကလင့်ကလေးမှာ ကိုယ် ကြိုက်တဲ့ Theme ကလေးကို Apply change ပေးလိုက်ပါ ရပါပြိ .. အဆင်ပြေပါတယ် .. အလှဆင်ချင်တယ်ဆိုရင်တော့ ဒီအောက်ကနေရာကလေးကနေပြီးတော့ သွားလိုက်နော် ..


https://tools.google.com/chrome/intl/en/themes/index.html






Posted on Friday, August 14, 2009 by မောင်လုလင်

No comments

7.8.09

ဒီအောက်က နေရာ ကလေးကနေပြီးတော့ ကျွန်တော်တို့ရဲ့ firefox ကလေးတွေကို အလှဆင်ပေးလို့ရပါတယ် .. ဘယ်လို ပုံစံကြိုက်သလဲ ကနုတ်တွေနဲ့ကြိုက်လား .နေ၀င်နေတာကိုကြိုက်လား .. ကြိုက်ရာရွေး Free ဗျာ.. ၁၀၀ ဖိုး ၃ ခုတောင် မဟုတ်ဘူး .. အဟဲ .. ရွေးပြီးပြီဆိုတာနဲ့သူ့ကို add-ons ကလေးကို ထည့်ပေးလိုက် ..ပြီးရင် firefox ကလေးကို restart ချပေးလိုက်ဗျာ .. skin လှလှ ကလေးနဲ့ ပုံလေးတွေ တွေ့ရလိမ့်မယ် ...ကဲ စမ်းကြည့်လိုက်ကြရအောင်ဗျာ ..


www.getpersonas.com





Posted on Friday, August 07, 2009 by မောင်လုလင်

No comments

6.8.09

ကိုယ့်ဆီမှာ က G mail က နှစ်ခု ရှိတယ် .. ဒါပေမယ့် mail ကိုဝင်တော့ကျတော့ တစ်ခုကိုဝင်လိုက် ပြီးနောက်တစ်ခုကိုဝင်မယ်ဆိုတော့လည်း ၀င်ထားတဲ့ဟာကို ထွက်လိုက် .. ဆိုးပြီ .. အဲလိုမျိုး အခက်အခဲလေးတွေ ကို အဆင်ပြေအောင်လုပ်လို့ရပါတယ် .. အခု add-ons ကလေးကိုသာ firefox မှာ install လုပ်ပေးထားလိုက် .. ကေတယ်ဗျာ ..ကဲဒါဆိုရင် အရင်ဆုံး add-ons ကလေးကိုထည့်လိုက်ဗျာ ...

https://addons.mozilla.org/en-US/firefox/addon/1320

ထည့်ပြီးသွား ရင် firefox ကို restart ချလိုက်ပေါ့ .. ချပြီးသွားပြီဆိုရင်တော့ .firefox=>tool=> add-on ကိုနှိပ်လိုက်ရင်စောစောက သွင်းလိုက်တဲ gmail manager ကိုတွေ့ရပါ့မယ် .. အဲဒီကနေပြီးတော့ option ကိုရွေးလိုက်ပါ .

Browser ရဲ့ status bar မှာလည်း Gmail manager icon လေးပေါ်နေပါလိမ့်မယ် ..

‘All account settings ကိုသွားလိုက် ပြီးရင် တော့ ကိုယ့် ရဲ့ account ကလေးတွေကိုဖြည့်လိုက်ပါ.. password တော့ မှန်အောင်ဖြည့်နော် ..computer ဖွင့်တိုင်း မှာ စပြီးတော့ လုပ်ချင်တယ်ဆိုရင်တော့ start up ကိုရွေးပေးလိုက် .
တက်တာနဲ့သူဘာသာသူ လေး net ချိတ်အောင်လုပ်ပေးလိမ့်မယ်ဗျာ ...ဖယ်ထုတ်ချင်ရင်လည်းဖယ်ထုတ်လို့ရပါတယ် ..ကိုယ်ဖွင့်ချင်တယ်ဆိုရင်တော့ tab ကလေးတွေ ဖွင့်ပြီးတော့ account တစ်ခုချင်းစီကို ဖွင့်လိုက်ပေါ့ ..စမ်းပြီးတော့သုံးကြည့်ပေါ့ .. အောက်မှာ ပုံကလေးတွေ ပြထားပါတယ် ..အဆင်ပြေပါစေ...















Posted on Thursday, August 06, 2009 by မောင်လုလင်

4 comments

ဒီ add-ons ကလေးကတော့ Gmail ရဲ့ အတွင်းထဲကို Google reader နဲ့ ချိတ်ဆက်ပြီး folder လေးတခု တည်ဆောက် ပေးပါလိမ့်မယ်။ အဲဒီ folder မှာ google ရဲ့ သတင်းတွေ မှန်သမျှ ရှိနေတဲ့ အတွက် တခြားနေရာတွေ ကနေ သတင်းတွေကို တကူးတက လိုက်ရှာနေဖို့ မလိုတော့ပါ။ ဒီအောက်ကနေပြီးတော့ install ပြုလုပ်နိုင်ပါတယ် ..


http://www.userscript.org/scripts/show/8598




Posted on Thursday, August 06, 2009 by မောင်လုလင်

No comments

5.8.09

firefox ကြီး ဒီအတိုင်းသုံးရတာ ရိုးလွန်းပါတယ်.. အဲဒီတော့ ကျွန်တော်တို့ firefox ကလေးကို အလှဆင်ကြည့်ရအောင်ပါ .အောက် ကပေးထားတဲ့ link ကလေးကနေပြီးတော့ သွားလိုက်ပါ .. ပြီးရင် အဲဒီ link ကလေး က add on ကလေးကို
add လိုက်ပါ .. ပြီးရင်တော့ firefox ကို restart ချလိုက်ပေါ့ .. ပြန်တက်လာရင်တော့ အလန်းလေးတွေ့ရလိမ့်မယ်ဗျား ..ပုံလေးပါပြထားတယ်နော် .. တော်ကြာ add ပြီးမှ မကြိုက်ဖူးဖြစ်မှာစိုးလို့ ..အဟဲ ..




https://addons.mozilla.org/en-US/firefox/addon/6252



Posted on Wednesday, August 05, 2009 by မောင်လုလင်

No comments