Showing posts with label Registry. Show all posts
Showing posts with label Registry. Show all posts

2.3.13

ဒီ နည်းလေးကတော့ ကြာပါပြီ ... ကျွန်တော် အရင်တစ်ခေါက်မပြန်ခင်ကတည်းက အဲ့ဒီ့ပြဿနာ ကိုတွေ့ဖူးခဲ့တာ... နည်းနည်းလေး အောက်နေတဲ့ ပြဿနာ တစ်ခု ပေါ့ ... ဒါပေမယ့် မနေ့က Window တင်ပေးလိုက်တော့ အဲ့ဒါကို ပြန်တွေ့တယ်... ဖြေရှင်းတဲ့ နည်းကို ပြန်ရှာ ပြန်ရှာ ... နောက်တော့ ပြန်တွေ့သွားပါတယ် ... အဲဒါကြောင့်မလို့ ကျွန်တော့်လိုမျိုး ပြန်ရှာနေရမှာစိုးတဲ့ အတွက် ဒီပိုစ့်ကလေးကို တင်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ..... အဲ့ဒီ့ ပြဿနာက ဘာလဲ ဆိုတော့ ကျွန်တော်တို့ Window 7 ပြန်ပြင်ထားတဲ့ Window တွေမှာ ဆိုရင် Right Click ထောက်လိုက်တဲ့ အချိန်မှာ ပေါ်လာတာက Screen အပြည့်ပဲ .... တချို့ Screen သေးတဲ့ Laptop တွေဆိုရင် ဆန့်တောင်မဆန့်တော့ဘူး.... သူတို့ကတော့ စေတနာနဲ့ quick ဖြစ်အောင်ဆိုပြီးတော့ လုပ်ပေးထား တာပဲ ... ဒါပေမယ့် ကိုယ့်အတွက်ကျတော့ မျက်စိရှုပ်သလိုဖြစ်နေရော... အဲဒီ့မှာ မလိုတဲ့ ဟာတွေကို ဖျက်ဖို့ အတွက် ပါ ... အပေါ်က ပုံမှာ မြင်နိုင်ပါတယ် ....

အဲ့ဒါကို လုပ်ဖို့အတွက် အရင်ဆုံး Registry ကို Back up လုပ်ထားပါ့မယ် ...မလုပ်ပဲထားရင် တခါတလေ ကိုယ့်လက်က မှားပြီးတော့ ဖျက်မိတာမျိုး ... သတိမထားမိပဲ လုပ်မိလိုက်တာမျိုးဆိုရင် ပြန်ပြီးတော့ ကယ်နိုင်အောင်အတွက်ပါ ... Registry Backup လုပ်နည်းကို ကျွန်တော် ဒီနေရာ လေးမှာပြထားဖူးပါတယ် ... ကဲ စလိုက်ကြရအောင်ပါ ...

၁ ။ Window key + R ==> regedit
၂။ registry ပေါ်လာပြီဆိုရင် အောက်မှာ ပြထားတဲ့ လမ်းကြောင်းလေး အတိုင်းသွားလိုက်ပါခင်ဗျာ ..

 HKEY_CLASSES_ROOT\Directory\Background\shell

ရောက်သွားပြီဆိုရင် အဲ့ဒီ့အောက်မှာ ရှိတဲ့ File လေးတွေ အကုန်လုံးကို ဖျက်လိုက်ပါ ... ကိုယ် အသုံးပြုချင်တဲ့ Command လေးက လွဲလို့ပေါ့ .. ဖျက်ရင်လည်း ဘာမှ မဖြစ်ပါဘူး.... တခု ဖျက်လိုက်တိုင်းမှာ Desktop ပေါ်ကိုထောက်ကြည့်ပါ ... ကိုယ်ဖျက်လိုက်တဲ့ ဟာလေးတွေ ပျောက်ပျောက်သွားပါလိမ့်မယ်....    အဲ့ဒါဆိုရင် ရှည်လွန်းလို့ဆိုပြီးတော့ မျက်စိမနောက်တော့ဘူးပေါ့ဗျာ .... :) :)



အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်


Ref: windowsevenforum





Posted on Saturday, March 02, 2013 by Unknown

2 comments

22.5.11




ကိုဒီမောင် စီပုံးကနေပြီးတော့ အော်သွားတဲ့ Error လေးပါ ... အဲ့ဒီ့ Error လေးတွေ ဖြစ်တာ ဘာကြောင့်ဖြစ်လဲ ဆိုတော့ Window ရဲ့ service pack တွေ Update တွေလုပ်မိတယ်ဆိုရင် ဖြစ်ဖြစ် .. CD/DVD တွေ ကို Recording လုပ်တတ်တဲ့ Program တွေကို သွင်းတာ ၊ ပြန်ဖြုတ်တာ ဖြစ်ဖြစ် မှာဖြစ်တတ်ပါတယ် .. Error (Code 39) , (Code 31), (Code 19) , (Code 41) အဲဒီ့ လို Error မျိုးတွေ နဲ့ ပြတတ်ပါတယ် .. အဲဒါတွေကို Fix ဖြစ်ဖို့အတွက် အခုကြိုးစားကြည့်ကြရအောင်ပါ ... အဲ့ဒီ့ Error တွေအတွက် Registry fix ဖြစ်အောင် လုပ်တဲ့ Software လေးတွေ ကို သုံးရင်လည်း အဆင်ပြေနိုင်ပါတယ် .. ကျွန်တော် အခု တင်ပေးလိုက်တဲ့ အထဲမှာ Internet Connection ရှိမှ ပြန်ပြင်လို့ရမယ် Software လေးတစ်ခု ပါပါတယ် ... ပြီးတော့ Offline မှာပဲ စစ်လို့ရမယ့် တစ်ခု ပါပါတယ် .. အဲဒါကလေးတွေ နဲ့ စမ်းကြည့်စေချင်ပါတယ် ..အလုပ် လုပ်/မလုပ် ပေါ့ .. အခု အောက်ကနည်းကတော့ ကျွန်တော်တို့ ကိုယ်ကိုယ်တိုင် အဲ့ဒီ့ Error လေးတွေကို Fix ဖြစ်အောင်အတွက် ကြိုးစားလုပ်ကြည့်တာပေါ့ .. အရင်ဆုံး ကျွန်တော်တို့ Registry ကို ၀င်မပြင်ခင်မှာ Backup လုပ်ထားဖို့ အတွက် လိုအပ်ပါတယ် .. မှားသွားခဲ့တယ်ဆိုရင် မူရင်းအတိုင်းပြန်ဖြစ်အောင်ပေါ့ .. Registry ကို Backup လုပ်ဖို့အတွက် ကျွန်တော်အရင်က ပိုစ့် တစ်ခုမှာရေးထားတာလေး ရှိပါတယ် .. အဲဒါကလေးကို ဖတ်ပြီးတော့ Backup လုပ်ထားလိုက်ပါခင်ဗျာ ... အောက်ကလင့်ကလေးမှာ ရေးထားတာပါ ..
http://mglhulin.blogspot.com/2010/07/registry-error-fix-window-7-window.html
အဲ့ဒါကလေးက Backup လုပ်တဲ့ နည်းကလေးပါ .. အခု အောက်က လင့် ကလေးတွေ ကတော့ စောစောက Registry Error fix ဖြစ်ဖို့ အတွက်သုံးတဲ့ Software လေးတွေဖြစ်ပါတယ် ...

www.mediafire.com


ifile.it

www.multiupload.com

အဲဒါက Software လေးတွေ ပါ .. နောက်ထပ် တစ်ခုကိုယ့်ဘာသာလေး လုပ်ကြည့်ဖို့ အတွက် ကြိုးစားကြည့်ကြရအောင်ပါ .. Registry ကို Backup လုပ်ထားဦးနော် ... မမေ့နဲ့ဦး မေ့သွားလို့ ကွိသွားဦးမယ် ... :D

စလုပ်ကြည့်ရအောင် ..

Run => regedit => ဆိုပြီးတော့ သွားလိုက်ပါ ..
ပြီးပြီဆိုရင် အောက်က လမ်းကြောင်းလေး အတိုင်းသွားလိုက်ကြရအောင် ..


HKEY_LOCAL_MACHINE => SYSTEM => CurrentControlSet => Control => Class =>{4D36E965-E325-11CE-BFC1-08002BE10318}

အဲဒီ့ လမ်းကြောင်းလေးအတိုင်းသွားလိုက်ပါဦး .. သွားပြီးပြီဆိုရင်တော့ ညာဘက် မှာ UpperFilters ဆိုတာနဲ့ LowerFilters ဆိုတာလေး ရှိပါမယ် .. အဲဒါကလေးတွေရဲ့ အပေါ်မှာ R-click ထောက် ပြီးရင် Delete လုပ်လိုက်ပါ .. ပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ ... အဆင်ပြေမယ်ထင်ပါတယ် .. လုပ်ကြည့်ပါဦးဗျာ .. မရရင် အောက်မှာ မန့် ခဲ့ပါဦး ...


အားလုံး အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

Posted on Sunday, May 22, 2011 by Unknown

1 comment

15.7.10

Click ! Image to zoom!


အင်တာနက်က Error တက်နေတာနဲ့ပဲ Blog ကိုလည်းမရောက်ဖြစ်ဘူး .. သုံးနေကျ ဆိုဒ်တွေ လည်း မသုံးဖြစ်ဘူး .. ဖတ်နေကျ ဆိုဒ်တွေလည်း လိုက် မဖတ်ဖြစ်ဘူးဖြစ်သွားတယ် ... သီချင်းသာ ဆိုလိုက်ချင်တယ် .. " နက်မရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် " ဆိုပြီးတော့ .. ဟီး ... အခု ဟာ ကတော့ ကျွန်တော့်သူငယ်ချင်းစက်မှာ ဖြစ်တုန်းက ဖြေရှင်းတုန်း က အဆင်ပြေသွားတာလေးပါ .. ဘယ်လိုဖြစ်သွားလဲဆိုတော့ .. သူက Browser မှာ Flash player run တော့ ဖြစ်သွားတာပါ .. Run တော့ တစ်ခါတည်း Run ဆိုတာ ဆိုတာ ကို မနှိပ် ပဲနဲ့ .. Open with ဆိုပြီးတော့ Default program မှာ Adobe Reader နဲ့ သွားကစ်လိုက်တာ လစ်ပါလေရောလား .. Exe file တွေအကုန်လုံးကလည်း ဖွင့်လိုက်တိုင်း Adobe Reader နဲ့ ပွင့်ပွင့်နေတာ .. Run ပြီးသားတွေ လည်းမရတော့ဘူး နောက်တော့ Run ဖို့လုပ်လို့လည်းမရတော့ဘူးဖြစ်သွားတယ် ..Missing ဖြစ်သွားတဲ့ သဘော ... Window ပဲ ပြန်တင်ရတော့မလိုလို ဖြစ်သွားတယ် .. Registry ထဲကို ၀င်ပြင်ရမှာ .. ဒါပေမယ့်က အဲဒီ့ အထိ သွားရာလမ်းကြောင်းက မေ့နေရော .... အဲဒါနဲ့ ခဏနေပါဦးဆိုပြီးတော့ အဲဒီ့ ပြဿနာကို ရှင်းဖို့ အတွက် ကို ရှာဖွေရေး ဆင်းရတော့တာပဲ .. ဒီလိုနဲ့ ဟိုရှာ ဒီရှာ နဲ့ အရန်သင့် စားသုံး ရန် ဆိုပြီး စာတမ်းထိုးမထားတာ ကံကောင်း .. အဲဒီ့ ဆိုဒ်မှာသွားတွေ့ တာက Exe တင်မဟုတ်ဘူး ဗျာ .. စေတနာ ရှိရှိ ကျန်တဲ့ Folder တွေ Wma တွေ Jpeg တွေ ဘာတွေ စုံနေတာပဲ တင်ထားပေးတယ် ... အဲဒါနဲ့ သဘောကျလို့ အဲဒီ့ Reg file တွေ ကို ပြန်ပြီးတော့ မျှလိုက်ပါတယ် ... အဆင်ပြေမယ်ဆိုရင်တော့ Download လုပ်ထားလိုက်ပါခင်ဗျာ .. အကယ်၍များ အဲလို ပြဿနာတွေ ဘာတွေ ကြုံလာရင် ရှာစရာမလိုပဲ တစ်ခါတည်း ရှင်းလို့ ရတာပေါ့ ... ဒါပေမယ့် XP အတွက်တော့ မပါပါဘူး ... Vista နဲ့ Window 7 အတွက်ပါပဲ ... လုပ်ပုံကလည်း သိပ်ပြီးတော့ မခက်ပါဘူး .. ဒါပေမယ့် ကိုယ့်ဆီ က အရမ်းကြီး မဆိုးသေးဘူး ... ဒီတိုင်းသုံးလို့ရတယ်ဆိုရင် Registry ကို Backup လုပ်ထားစေချင်ပါတယ်ခင်ဗျာ ... Registry backup ကိုတော့ အောက်မှာ ပဲ ရေးထားလိုက်ပါ တယ် ... အခု ချထားတဲ့ Rar file ကို ဖြည်လိုက်ပါ ...ပြီးရင် ကိုယ်က ဘာ Error လဲ .. ဥပမာ Exe Missing ဖြစ်နေတယ်ဆိုပါတော့ ... အဲဒါဆိုရင် Exefix ဆိုတာကို ဖြည်လိုက်ပါ .. ပြီးရင် အထဲ က Reg file ကလေး ကို Double click လုပ်လိုက်ပါ .. ပြီးရင် Yes ပေးလိုက်ပါ .. ဒါမှ မဟုတ်ဘူးဆိုရင် Right-click ထောက်ပြီးတော့ Merge ဆိုပြီးတော့လုပ်ပေးလိုက်ပါ ... အဲဒါပြီးရင် တော့ Restart ချလိုက်ပါ ခင်ဗျာ .. ပြန်တက်လာရင် ကိုယ်စောစောက ဖြစ်ခဲ့တဲ့ Missing က အဆင်ပြေသွားလိမ့်ပါမယ် ... အနာနဲ့ ဆေးနဲ့တော့ တည့်ဖို့တော့ လိုတာပေါ့နော် .. အဲဒီ့ Reg file တွေကိုတော့ အောက်မှာပဲ ယူလိုက်ပါခင်ဗျာ ... file size ကလည်း KB လောက်ပဲ ရှိပါတယ် ..


For Vista

Download link : :>>

Download link : :>>

Download link : :>>


For Window 7

Download link : :>>

Download link : :>>

Download link : :>>

Registry Backup လုပ်နည်း ==>>


Start=> Run Box => Regedit ဆိုပြီးတော့ သွားလိုက်ပါ ..
ပြီးရင်တော့ အဲဒီ့မှာ Registry Editor ပေါ်လာပါလိမ့်မယ် ..
အဲဒီ့မှာ File => Export ဆိုတာ ကို နှိပ်ပြီးတော့ တစ်နေရာရာမှာ Save ပေးလိုက်ပါ ခင်ဗျာ ..
တကယ်လို့များ အပေါ်က Reg ဖိုင်တွေကို Merge လုပ်လိုက်လို့များ အဆင်မပြေပဲ .. ပိုဆိုးသွားခဲ့ရင် .. အခု Export လုပ်လိုက်တဲ့ Reg file ကို ပြန်ပြီးတော့ .. စောစော file => Import လုပ်ပေးလိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် .. နဂို Reg ကို Merge မလုပ်ခင်ကအတိုင်းလေး ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ ..

အားလုံးအဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ..

မောင်လုလင်


Source : http://ask-leo.com

Posted on Thursday, July 15, 2010 by မောင်လုလင်

6 comments

26.9.09

ကျွန်ပျူတာမှာ သုံးနေရင်နဲ့ start menu က run ကနေပြီးတော့ cmd ရိုက်ပြီးတော့ ခေါ်တာ မရဘူးဆိုရင် တော့ ဒီအောက်ကနည်းကလေး အတိုင်းကလေး စမ်းပြီးတော့ သုံးကြည့်လိုက်ပါ ဦး ....တစ်ခါတစ်လေ မှာ အဲဒါ ကလေးနဲ့အသုံးပြုရမယ့် အခါ မှာတစ်ယောက်ယောက် က ပိတ်ထားလို့ ( ဒါမှမဟုတ် ) Virus infection ကြောင့် ကိုယ်ကဖွင့် မရဘူး ဆိုတော့ အခက် တွေ့  တာပေါ့ .. အဲဒီ့ အချိန် ကျရင်ဒီနည်း ကလေး ကိုသုံးကြည့်လိုက်ပါဦး ....


နည်းလမ်း ( ၁ )

ပထမဆုံး start => run ( wn key + R ) ကို နှိပ်ပြီးတော့ အဲဒီ့ အထဲမှာ regedit.msc ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... ရိုက်ထည့် ပြီးသွားပြီဆိုရင် .အောက် က လမ်းကြောင်းကလေး အတိုင်းသွားလိုက်ပါ ဦး ...

HKEY_CURRENT_USER => Software => Microsoft => Command Processor => EnableExtensions => REG_DWORD


အဲဒီ့ လမ်းကြောင်းကလေး အတိုင်းရောက်သွားပြီဆိုရင်တော့ REG_DWORD value မှာ ဂဏာန်းထည့်ပေးရပါ့မယ် ...

1 ဆိုရင်တော့ အဲဒါက cmd ကို enable ပေးတာပါ ...

2 ဆိုရင်တော့ အဲဒါက cmd ကို disable ပေးတာပါ ...

အဲဒါ က တစ်နည်းပါ ...

နောက်တစ်နည်း ကတော့

နည်းလမ်း ( ၂ )

start => run ( win key + r) ကို သွားလိုက်ပါ

ပြီးရင် အောက် က စာကြောင်းကလေးကို ကူးပြီးတော့ run box ထဲမှာ paste လုပ် လိုက်ပါ .. ပြီးရင်တော့
enter ခေါက် ချလိုက်ပါ... ဖွင့် ရသလာ ဆိုတာကိုကြည့်ကြည့်လိုက်ပါဦး ...

REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f


နောက်တစ်နည်း ကတော့ group policy ကနေပြီးတော့ ဖွင့်ကြည့်တာပါ ...

နည်းလမ်း ( ၃ )

start => run ( win key + r) ကို သွားလိုက်ပါ..
ပြီးရင် gpedit.msc ဆိုပြီးတော့ ရိုက်လိုက်ပါ ..
အဲဒီ့မယ် group policy box ပေါ်လာပါလိမ့်မယ် ...

User Configuration => Administrative Templates => System အဲဒီ့ လမ်းကြောင်းကလေး အတိုင်းကလေး သွားလိုက်ပါ .. ရောက်ပြီဆိုရင်တော့ ညာဘက်ကလေး မှာ open Prevent access to ဆိုတာကလေးရှိပါတယ် ... အဲဒါ ကလေးကို double click ကလေးပေးးပြီးတော့ disable ကလေးပေးလိုက်ပါ .. ပြီးရင်တော့ ကေပေးလိုက်ပါခင်ဗျာ....တနည်း နဲ့ မှ မရရင် လည်း နောက်ထပ် တစ်နည်းနဲ့ ပေါ့ ဗျာ ။။ စမ်းကြည့်ကြပါဦး ... အဆင်ပြေပျော်ရွှင် ကြပါစေခင်ဗျာ ....

ရိုးရိုး ပတ်လမ်းအတိုင်း cmd ကို ဖွင့်မယ်ဆိုရင်တော့ c:/windows/system32/cmd.exe အဲဒီံ လမ်းကြောင်းကလေး အတိုင်းသွားကြည့်လို့ ရပါတယ် ....

Posted on Saturday, September 26, 2009 by မောင်လုလင်

1 comment

11.9.09

အခု ကတော့ desktop ပေါ်မှာ ရှိနေတဲ့ recycle bin ကို ထည့် တာရယ် ဖျောက်တာရယ်ပါ ... ကိုယ်ရဲ့ desktop ပေါ်မှာ ရှုပ်စရာ ဆိုလို့ recycle bin လေးတောင်မှ မထားချင်ဘူးဆိုရင်တော့
စမ်းကြည့်လိုက်ပါဦး ... ပြီးမှ ဟာ recycle bin ကို ဖြုတ် ထားလို့လည်း မကိုက် သေးပါဘူး .. အမှိုက် လွှင့် ရတာ အဆင်မပြေဘူး လေ အမှိုက် ထည့်စရာမရှိတော့ဘူး ဆိုရင်လည်း ရပါတယ် ... ပြန်ထည့်လိုက်
လို့ အဆင်ပြေပါတယ် ... အောက်က registry အတွက် code ကလေးတွေ ကို ကူးလိုက်ပါ.. ကူးပြီးပြီဆိုရင်တော့ notepad ကလေးထဲမှာထည့် .. ပြီးတော့ save မယ်ဆိုရင် .reg ဆိုတာကလေးနဲ့
save လိုက်ပါ... ပြီးရင် run လိုက်ပေါ့ ... run ရင် box ကလေးတစ်ခု ပေါ်လာပါလိမ့်မယ် ..အဲဒီ့မှာ oK ဆိုပြီးတော့ ပေးလိုက်ပါ .. ဖျောက်တာကလေးကို run တယ်ဆိုရင် တော့ desktop ပေါ်မှာပဲ
refresh လုပ်ကြည့်လိုက်ပါ ... အမှိုက်ပုံး ပျောက်သွားပါလိမ့် မယ် .... ပျောက်သွားပြီဆိုတော့ ပြန်ဖော်ချင်တယ် ဘာရယ်ဆိုရင်တော့ပြန်ဖော်တဲ့ code ကလေးကို run လိုက်ပေါ့ ... အဆင်ပြေပါတယ် .... အောက်မှာနော် code ကလေးတွေက ....

ဒါက တော့ recycle bin ကို ဖျောက်တာကလေးပါ ....

REGEDIT4

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\HideDesktopIcons]

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\HideDesktopIcons\ClassicStartMenu]
"{645FF040-5081-101B-9F08-00AA002F954E}"=dword:00000001

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\HideDesktopIcons\NewStartPanel]
"{645FF040-5081-101B-9F08-00AA002F954E}"=dword:00000001


ဒါကတော့ recycle bin ကို ပြန်ဖော်တာလေးပါ ...အောက်မယ်နော် ...


REGEDIT4

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\HideDesktopIcons]

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\HideDesktopIcons\ClassicStartMenu]
"{645FF040-5081-101B-9F08-00AA002F954E}"=dword:00000000

[HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\HideDesktopIcons\NewStartPanel]
"{645FF040-5081-101B-9F08-00AA002F954E}"=dword:00000000

Posted on Friday, September 11, 2009 by မောင်လုလင်

No comments

26.8.09



my computer မှာ registry ကလေး ထည့် ကြည့်လိုက်တာပါ .. registry ကို သွားမယ် ဆိုရင် run box ကနေပြီးတော့ regedit ဆိုပြီးတော့ ရိုက်ထည့် ပြီးသွားရပါတယ်..ဒီနည်း ကတော့ အဲဒီ့ လို သွားစရာ မလိုပဲ နဲ့ my computer ကို r click ထောက်ရုံကလေးနဲ့ registry ဆိုတာလေး ပါပြီးတော့ တခါတည်း အလွယ် တကူလေး သွားလို့ ရတဲ့နည်းကလေးပါ ... အဆင်ပြေပါယတ်.. လုပ်မယ်ဆိုရင်တော့ အောက် က စာကလေးတွေကို notepad ထဲမှာ ကူးထည့်ပြီးတော့ နာမည် တစ်ခု ပေးလိုက်ပါ ... ပြီးရင် .reg ဆိုပြီးတော့
နာမည်ပေးလိုက် ပါ .. ပြီးရင်တော့ အဲဒါကလေးကို run ပေးလိုက်ပါ .. ပေါ်လာတဲ့ ဟာလေးတွေကို yes , ok ပေးလိုက် ရပါပြီ ....အောက်က စာကလေးတွေ နော် .. အဆင်ပြေပါစေ ..

REGEDIT4

[HKEY_CLASSES_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}]
"LocalizedString"=hex(2):25,55,53,45,52,4e,41,4d,45,25,27,73,20,43,6f,6d,70,75,74,65,72,00

[HKEY_CLASSES_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\shell\regedit]
@="Registry"

[HKEY_CLASSES_ROOT\CLSID\{20D04FE0-3AEA-1069-A2D8-08002B30309D}\shell\regedit\command]
@="C:\\Windows\\Regedit.exe"




Posted on Wednesday, August 26, 2009 by မောင်လုလင်

No comments

25.8.09

My computer ထဲ ကို အသုံးဝင်မယ် ထင်တဲ့ icon ကလေးတွေ ထည့် ထားလို့ရပါတယ် .. လို တော့ သိပ်မလို လောက်ပါဘူး ... ဒါပေမယ့် လုပ်ချင်တယ် ဆိုရင် လုပ်လို့ရအောင်ပေါ့ ....

1. Run box ကနေ REGEDIT ကိုဖွင့်ပါ

2. HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\
Explorer\MyComputer\NameSpace ကိုရောက်အောင်သွားပါ။

3. NameSpace ကိုရောက်ရင် right click New ကိုနှိပ် Key ကိုရွေးပါ။

4. ပြီးရင် {D20EA4E1-3957-11D2-A40B-0C5020524153} စာကြောင်းကိုကူးထည့်ပါ။

5. My Computer ကိုဖွင့်ကြည့်ပါ Administrative Tool icon ကို တွေ့ ရလိမ့်မည်။

နောက် icon များထည့်သွင်းရန်အတွက် အဆင့် ၃ မှ စတင်ပါ အဆင့် ၄ နေရာတွင် အောက်ပါစာကြောင်းများကိုလည်း ပြောင်းလဲ ထည့်ကြည့်ပါ။

{D20EA4E1-3957-11D2-A40B-0C5020524153} : Administrative Tools
{2227A280-3AEA-1069-A2DE-08002B30309D} : Printers and Faxes
{D6277990-4C6A-11CF-8D87-00AA0060F5BF} : Scheduled Tasks
{7007ACC7-3202-11D1-AAD2-00805FC1270E} : Network Connections
{645FF040-5081-101B-9F08-00AA002F954E} : Recycle Bin
{208D2C60-3AEA-1069-A2D7-08002B30309D} : My Network Places

အဲဒါဆိုရင်တော့  ရသွားပြိဗျာ ။။ စမ်းပြီးတော့ ထည့် ကြည့် ချင်တယ်ဆိုရင် စမ်းကြည့် ပေါ့ .... :D :)


Posted on Tuesday, August 25, 2009 by မောင်လုလင်

No comments

23.8.09

အရင်က ကျွန်တော် ဒီနေရာ ကလေးမှာ window တင်ထားတဲ့ C drive ကလေးကို ဖျောက်တဲ့နည်းကလေးကိုရေးထားသေးပါတယ် .. အဲဒီ့ နည်းကလေး က ဖျောက်မယ်ဆိုရင် ရှည်ရှည်ဝေးဝေးသွားနေရသေးတယ် .. အခု နည်းကတော့ D-click ကလေးပဲ ခေါက်ပါ .. အများကြီး မခေါက်ပါနဲ့ .. ဟီး .. ပျောက်သွားစေရပါ့မယ် .. ကွန်ပျူတာ .အဲ ဟုတ်ပါဝူး .. Drive တွေ ကိုပြောတာပါ .. အောက်က code ကလေးတွေ ကိုကူးပြီးတော့ notepad ထဲမှာ ထည့်လိုက်ပါ .. ပြီးရင် .bat ကလေးနဲ့ save လိုက်ပါ .. စမ်းကြည့်ချင်တယ်ဆိုရင်တော့ Double click ကလေးပေးလိုက်ပေါ့ ..ပြီးရင်တော့ my computer ကို ၀င်ကြည့်လိုက်ပါ .. ပျောက်နေပါလိမ့်မယ် ..( XP မှာ တော့ တခါတည်းပျောက်တယ်ဗျ .. Vista တွေဘာတွေတော့ မသိဘူး..စမ်းမကြည့်ရသေးဘူး ..ဟီးဟီး ) code က အောက်မှာပါ ..

Drive တွေကို ဖျောက်မယ်ဆိုရင်

@echo off
reg add hklm\software\microsoft\windows\currentversion\policies\explorer /v NoDrives /t reg_dword /d 67108863 /f
@echo off
Drive တွေကို ပြန်ဖော်မယ်ဆိုရင်

@echo off
reg delete hklm\software\microsoft\windows\currentversion\policies\explorer /v NoDrives /f
@echo off


ပြန်ဖော်မယ်ဆိုရင်တော့ တစ်ခါတည်းမပေါ်ဘူးနော် Restart ကလေးချပြီးမှ ပြန်ပေါ်ပါတယ် .. စမ်းရင်းနဲ့ ပျော်ရွှင်ကြပါစေဗျာ ..




Posted on Sunday, August 23, 2009 by မောင်လုလင်

No comments

15.8.09

တစ်ခါတလေ ကွန်ပျူတာ သုံးရင်း နဲ့ software တစ်ခုခု က ကြောင် သွားပြီးတော့ အကြာကြီးပဲ .. အဲလာကြီးကို ပိတ်လို့ ကလည်းမရ .. ပိတ်ချင်ရင် task manager ကို ခေါ်ပြီးပိတ် လိုက် နဲ့ အလုပ် နည်းနည်းရှုပ်ပါတယ် အဲဒါလေးတွေ ကို auto ပိတ်သွားအောင် လုပ်ကြည့်ရအောင်ပါ ...တကယ်တမ်းရိုးရိုးတမ်းတမ်း ကလေး ပိတ်မယ်ဆိုရင်
Task Manager ( ctrl+Alt+Del ) (သို့ ) Taskbar ပေါ်မှာ r click ထောက် taskmanager ..
Application Tab မှာရပ်ဆိုင်းနေတဲ့ programs ကို ရွေး ပြီးရင် End Task အဲဒါ က တနည်းပါ .....

နောက်တနည်း အနေနဲ့ ကတော့ ....................

Run box >> Regedit >>HKEY_CURRENT_USER >>Control Panel >> Desktop

အဲဒီ လမ်းကြောင်း ကလေး ထိ ရောက်အောင် သွားလိုက်ပါ .. ပြီးရင်တော့

ညာဘက်ခြမ်းက AutoEndTasks ကို ရှာလိုက်ပါ....

ပြီးရင်တော့ right click နှိပ် Modify ကိုရွေး

Value ကို 0 အစား 1 ပြောင်းလိုက်ပါ ... နဂို 1 ဆိုရင်တော့ ပြောင်းပေးဖို့ မလိုတော့ပါဘူး ခင်ဗျာ .. အဆင်ပြေကြပါစေ ခင်ဗျာ ..



Posted on Saturday, August 15, 2009 by မောင်လုလင်

No comments

14.8.09

ကွန်ပျူတာက နေပြီးတော့ Software တစ်ခုခု ကို ဖြုတ်မယ်ဆိုရင် alert ကလေး ပေးရင် ပိုကောင်းပါတယ် .. အကယ်၍များကိုယ် က မျက်စိမှောက်ပြီးတော့ အသုံးပြုနေဆဲ program တစ်ခုခု ကို ဖြုတ်လိုက်မိတယ်ဆိုရင် သွားရော .. အဲဒါကလည်း ကိုယ့် ဆီ မှာ မရှိတော့ ဘယ်လို ပြန်ရှာရမှန်းမသိ .. အဲဒီ့တော့ ကိုယ် က အဲဒီ့ program ကို မဖြုတ်မီ မှာ ဒီ program ကို ဖြုတ်မှာ သေချာလား ဆိုတဲ့စာတန်းလေး နဲ့ သတိပေးထားရအောင်ပါ ....

၁။ Run => regedit ကိုရိုက်လိုက်ပါ ။
၂။ ပြီးရင်တော့ အောက်က လမ်းကြောင်းကလေးအတိုင်းသွားလိုက်ပါ ...

HKEY_CURRENT_USER => Software => Microsoft => Windows => CurrentVersion => Explorer => DontShowMeThisDialogAgain


အဲဒီ့  အထိကိုသွားလိုက်ပါ .. ရောက်ပြီဆိုရင် {948e51fb-0a48-44f0-86ac-33c36def540c} ဒီ value ကလေးကို ဖျက်ထုတ်လိုက်ပါ .. ရပါပြီ အဲဒါဆိုရင် အဆင်ပြေသွားပါပြီ...

အခု နောက်ပိုင်း OS တွေမှာတော့ ဒီ function ကလေး က ပါလာပါပြီ .. မရှိဘူးဆိုရင်တော့ ထားလိုက်ပါရပါတယ် ..






Posted on Friday, August 14, 2009 by မောင်လုလင်

No comments

တချို့ဆိုရင် keyboard က ကွန်ပျူတာစဖွင့် ကတည်း က num lock က မလာပါဘူး .. အဲဒါကလေးကို ကွန်ပျူတာ စဖွင့်ဖွင့်ချင်းကတည်းက နေပြီးတော့ auto on အောင်လုပ်လို့ရသလို့ တခြား Cap lock တို့ scroll lock တို့ ကိုလည်း လုပ်ထားလို့ရပါတယ် .. အများသော အားဖြင့်ကတော့ Num lock ကိုပဲ ထားပြီးတော့ သုံးကြတာများပါတယ် .. ကိုယ် အနေနဲ့ အားလုံးပဲ ဖွင့်ပြီးသုံးချင်သလား .. ဒါမှမဟုတ် တစ်ခုချင်းဆီ ကို ပဲ ထားပြီးတော့သုံးချင်သလားဆိုတာကို ရွေးချယ်လို့ရပါတယ် .. အောက်ကအတိုင်းလေးလုပ်ကြည့်ပါဦး ...


၁။ start=> run=> regedit ကို ဖွင့်လိုက်ပါ ။
၂။ HKEY_CURRENT_USER => Control Panel => Keyboard
အဲဒီ့ လမ်းကြောင်းကလေးအတိုင်းရောက်ပြီဆိုရင်တော့ ညာဘက်ခြမ်းမှာ InitialKeyboardIndicators ဆိုတာကလေးရှိပါတယ် .. အဲကောင်ကလေးကို D-click နဲ့ ဖွင့်လိုက်ပါ ။ ပြီးရင်တော့ အောက် က Value တွေ ထဲက ကိုယ် ကြိုက်တဲ့ value ကိုသာ ထားကြည့်ပေတော့ဗျိုး ...


0 – All Keys off
1 – Caps Lock on
2 – Num Lock on
3 – Caps Lock and Num Lock on
4 – Scroll Lock on
5 – Caps Lock and Scroll Lock on
6 – Num Lock and Scroll Lock on
7 – Caps Lock, Num Lock, and Scroll Lock on

ပြီးရင်တော့ effect ကိုတော့ restart ပြီးမှ ပဲကြည့်ကြည့်လိုက်ပေါ့ .. အဆင်ပြေပါစေဗျာ ..





Posted on Friday, August 14, 2009 by မောင်လုလင်

4 comments

Administrator account က Windows welcome screen နဲ့ ရော နေခဲ့တယ်ဆိုရင် ဒီအောက်အတိုင်းလေး Vista နဲ့ XP.မှာ ပြောင်းပေးလို့ရပါတယ် ..

၁။ run ကနေပြီးတော့ regedit ကိုရိုက်လိုက်ပါ ။ ပြီးရင်တော့ enter ပေါ့။

registry editor ပေါ်လာပြီဆိုရင် အောက်ကလမ်းကြောင်းကလေးအတိုင်းလေးသွားလိုက်ပါဦး ..

၂။ HKEY_LOCAL_MACHINE => Software => Microsoft => Windows NT => CurrentVersion => Winlogon => SpecialAccounts => UserList

အဲဒီလမ်းကြောင်းအတိုင်းရောက်သွားပြိဆိုရင် တော့ ညာဘက် ခြမ်းကို ကြည့်လိုက်ပါဦး .. Administrator ဆိုတာကို ရှာကြည့်လိုက်ပါ .. မတွေ့ဘူးဆိုရင် ကျွန်တော်တို့ ကလုပ်ပေးရမှာပါ .. ဘယ်လိုလုပ်မလဲ ဆိုရင် Userlist ကို R click ထောက်လိုက်ပါ .. ထောက်ပြီးရင်တော့ New => Dword value ကို ပေးလိုက်ပါ ..ပြီးရင် အဲဒါကလေးကို ကိုယ်လုပ်ထားတာမှတ်မိအောင် Administrator ဆိုပြီးတော့ ပေးလိုက်ပါ ..ပေးပြီးပြီဆိုရင်တော့ အဲဒါကလေးကို Double-click ဖြစ်ဖြစ် R click ကနေပြီးတော့ modify ဖြစ်ဖြစ် ပေါ့ . လုပ်လိုက်ပါ .. ပြီးရင် သူ့ ရဲ့ value ကို 1 ဆိုပြီးတော့ ထည့်လိုက်ပါ ..ထည့်ပြီးပြီဆိုရင်တော့ ကေကေ ပေးလိုက်ပါ . ပြီးရင် တော့ ရပါပြီခင်ဗျာ.. စမ်းကြည့်ပါဦး ..






Posted on Friday, August 14, 2009 by မောင်လုလင်

No comments

13.8.09

IE မှာ download limit ကလေး နည်းနေတယ်ဆိုရင်ပေါ့ .. ဒီအောက်နည်းကလေးနဲ့စမ်းကြည့်ရအောင်ပါ ... ဒီအောက် က နှစ်ဆင့်ကလေးက IE ရဲ့download limit ကလေးကို မြင့်အောင်စွမ်းဆောင်ပေးနိုင်မှာပါ လုပ်ကြည့်တာပေါ့ ။

၁။ Run => regedit ကို ရိုက်ထည့်လိုက်ပါ ..
၂။ ပြီးရင်တော့ အောက်က လမ်းကြောင်းကလေးအတိုင်း ကလေး သွားလိုက်ပါ ဦး ..

HKEY_CURRENT_USER=>Software=>Microsoft=>Windows=>CurrentVersion=>Internet Settings

အဲဒီ့ နေရာကလေးထိရောက်ရင့် အောက်က value ကလေးတွေ ကိုရှာပြီးတော့ ဂဏန်းကလေးတွေ ပြောင်းပြီး ထည့်ပေးလိုက်ပါ ..

"MaxConnectionsPer1_0Server" = Dword : 0000000a (Hexadecimal နော်)
"MaxConnectionsPerServer" = Dword : 0000000a


အဆင်ပြေပါစေဗျာ .. လျင်လျင်မြန်မြန်နဲ့ သုံးနိုင်ပါစေ ... :D :p









Posted on Thursday, August 13, 2009 by မောင်လုလင်

No comments

Window task bar မှာ icon ကလေးတွေ နဲ့ စာကလေးတွေ မြင်ဖူးမှာပါ .. အဲဒီ့မှာ ဥပမာ Firefox ကိုဖွင့်ထားတယ်ဆိုရင် firefox icon ကလေးရယ် ပြီးတော့ ကိုယ် ဖွင့်ထားတာဘယ်နေရာလဲ စသဖြင့်ပေါ့ စာကလေး ပေါ်နေတဲ့နေရာကလေးပါ... အဲဒါကလေးမှာ Icon ကလေးပဲ ကြည့်ချင်တယ် .. ဘယ်စာကို မှ မမြင်ချင်ဘူးဆိုရင်ပေါ့ .. လုပ်ကြည့်ရအောင်ပါ ...

၁။ run => regedit ကို ရိုက်လိုက်ပါ ..
၂။ ပြီးရင် တော့ အောက်ကလမ်းကြောင်းကလေးအတိုင်းကလေးသွားလိုက်ပါဦး ..
HKEY_CURRENT_USER => Control Panel =>Desktop => WindowMetrics အဲဒီ့ အထိကို သွားလိုက် ပါ ..
၃။ ပြီးရင် အဲဒါကလေးကို ရွေးပြီးတော့ r-click ပြီးရင် new => string value ကို ရွေးလိုက်ပါ ..
၎။ ရွေးပြီးပြီဆိုရင်တော့ အဲဒါကလေးကို Minwidth ဆိုပြီးတော့ နာမည်ပေးလိုက်ပါ ..
၅။ ပြီးရင် အဲဒါကလေးကို double click ကလေးခေါက်ပြီးတော့ တန်ဖိုးမှာ -255 ဆိုပြီးတော့ ပေးလိုက်ပါ ..

ပေးပြီးသွားပြီဆိုရင်တော့ regedit ကို ပိတ်.. ပြီးရင် restart ချ .. ပြန်တက်လာရင် taskbar ပေါ်မှာ စာလေးတွေ မတွေ့ရတော့ဘူး .. Icon ကလေးပဲ ရှိတော့မယ်ဗျား .. Taskbar အပေါ်မှာ ခပ်ရှင်းရှင်းလေး ဖြစ်သွားတာပေါ့ဗျာ ..အဆင်ပြေပါစေဗျာ ..



Posted on Thursday, August 13, 2009 by မောင်လုလင်

No comments

9.8.09

start menu မှာ contact ကလေးတွေ ပါတာကလေးတွေ ကို ကိုယ်က မြှားကလေးနဲ့ထောက်လိုက် ရင် ဘေးကမြှားကလေး ကနေပြီးတော့ သူ့ထဲမှာဘာပါတယ်ဆိုတာ ပြပါတယ် .. အဲဒါကလေးတွေ များ ကိုယ်ထောက်လိုက်တာနဲ့ မပြရင် စက်ပဲလေးနေသလိုလို ဘာလိုလို .. အဲဒါကလေးကို မြန်အောင်ပေါ့ .. :) စမ်းကြည့်လိုက်ပါဦးနော် ..
ပထမ run ==>> ကနေ regedit ကို ခေါ်လိုက်ပါ ...

ပြီးရင်တော့ အောက်က လမ်းကြောင်းလေး အတိုင်း လေး သွားလိုက်ပါ ...

HKEY_CURRENT_USER\Control Panel\Desktop\

အဲ ဒီကို ရောက်သွားပြီ ဆိုရင်ညာ ဘက် မှာ MenuShowDelay ဆိုတာလေးကို ရှာလိုက်ပါ ..

ပြီးရင်တော့ အဲဒီ က value လေးကို 0 လို့ ပြောင်းပေးလိုက်... ကေကေ .. အဲဒါပြီးရင် တော့ ကွန်ကို reboot လုပ်လိုက်ပေါ့ ... အဆင်ပြေပါစေ .. :@







Posted on Sunday, August 09, 2009 by မောင်လုလင်

No comments

6.8.09

ဒီနည်းကလေးက တော့ ဖိုရမ်တွေ တော်တော်များများမှာ ရှိပါတယ် .. တော်တော်များများကလည်းတင်ထားကြပါတယ် .. သိသူများ ကျော်သွားပါ၍ မသိသူများ သိရှိစေရန် အတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်ခင်ဗျာ ..ခွင့်လွှတ်ကြပါလို့... အခု ပြင်မှာက Regedit ထဲက value ကလေးတွေကိုပြောင်းပေးတာပါ ..ဘာတွေ effect ရှိလာလဲဆိုတာကတော့ ကျွန်တော်တို့ webpage တွေ အသစ်ဖွင့်တဲ့ အခါ မှာ ကြာတဲ့ အချိန် ကို လျှော့ချပေးနိုင်တာပါ .. အဲဒီ effect ကလေးရရှိလာအောင် ပြောင်းလဲခြင်းဖြစ်ပါတယ် ... ပြောင်းမယ်ဆိုရင်တော့ ..

ပထမဆုံး Run box မှာ Regedit ဆိုတာကလေးကိုရိုက်လိုက်ပါ... ရိုက်လိုက်ရင် Registry editor ကလေးပေါ်လာပါ့မယ် ..အဲဒီကနေမှ အောက်က loacation ကလေးအတိုင်းလေးသွားလိုက်ပါ ..

HKEY LOCAL MACHINE => SYSTEM => CurrentControlSet=>Services=>Tcpip=> ServiceProvider

အဲဒီ့အဆင့်ကလေးထိ ရောက်အောင်သွားလိုက်ပါ .. ရောက်ပြီဆိုတာနဲ့ ညာဘက်ခြမ်း မှာရှိတဲ့ အောက် က နာမည်လေးတွေကိုရှာပြီးတော့ အဲဒီ့ က value အတိုင်းလေး ပြောင်းပေးလိုက်ပါ ...

1.Class =1
2.DnsPriority =1
3.HostsPriority =1
4.LocalPriority =1
5.NetbtPriority =1

hexadecimal value ကိုပြောင်းတာပါ ..ပြောင်းတာကတော့ အဲဒီ နာမည်ကလေးတွေကို Double click ကလေးထောက်လိုက်ရင် box ကလေး တစ်ခု ပေါ်လာမှာပါ ..အဲဒီ့ နေရာကလေးတွေမှာ value ကလေးတွေကိုပြောင်းပေးရုံပါပဲ ...အဆင်ပြေပါစေ ဗျာ ..လျင်လျင်မြန်မြန်သွက်သွက်ကလေးရှိပါစေ .. အဟဲ ..




Posted on Thursday, August 06, 2009 by မောင်လုလင်

No comments

4.8.09

memory strick ကလေးနဲ့ များ software တို့ဘာတို့ ကူးလာပြီဆိုရင် ကိုယ် ထားချင်တဲ့နေရာ ကို လိုက်ဖွင့်ပြီးတော့ ထားရင်ထား .. ဒါမှ မဟုတ် အရင် ဆုံး desktop ပေါ်မှာပဲ ထား ပြီးမှ ပြန်ရွှေ့ .. အာ အလုပ် ရှုပ်လိုက်တာကွာ.. :D ဆိုပြီးမငြီးရအောင်ပေါ့ .... :P စလုပ်ကြည့်ရအောင် .. အရင်ဆုံး အောက်က code ကလေးတွေကို အရင် ဆုံး copy လုပ်လိုက်ပါ ...

Windows Registry Editor Version 5.00

[HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers]

[HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers\{C2FBB631-2971-11D1-A18C-00C04FD75D13}]


[HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers]

[HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers\{C2FBB630-2971-11D1-A18C-00C04FD75D13}]


ကဲကူးပြီးပြီဆိုရင်တော့ notepad (start => run => notepad) ကိုဖွင့်လိုက်ပါဦး ..ဖွင့်ပြီးပြီဆိုရင် စောစောက code
ကလေးကို paste လုပ်လိုက်ပါ .. ပြီးရင်တော့ notepad ကို နာမည်တစ်ခုခုပေး , file type ကိုတော့ *.reg နဲ့ save လိုက်ပါ.. ပြီးရင် အဲဒါကလေးကို run ပေးလိုက်ဗျာ ..
R-click menu ထဲ copy to , move to ဆိုလာလေး ဟချလောင်းဆို ရောက်လာလိမ့်မယ် ..




Posted on Tuesday, August 04, 2009 by မောင်လုလင်

No comments

3.8.09

ရှုပ်ရှုပ် ရှက်ရှက်တွေ ကို မကြိုက်တဲ့ လူတွေ အတွက် shortcut icon ကလေးတွေ မှာ မြှားလေးတွေ နဲ့ ဆိုတာကိုကြည့်ရတာ ရှုပ်ပါတယ် ဆိုတဲ့လူတွေ အတွက် ပေါ့ဗျာ.. အဲဒီမြှား ကလေးတွေ ကို ဖျောက်ကြည့်ရအောင်ပါ ...

စပြီးတော့ ဖျောက်မယ် ဆိုရင်တော့ regedit ကို ဖွင့်လိုက်ပါ .. ပြီးရင် တော့ အောက်ကအတိုင်းလေး ပဲ သွားလိုက်ကြရအောင် . ...

၁ ။ HKEY_CLASSES_ROOT ကို သွားလိုက်ပါ ။
၂ ။ LNKFILE ဆိုတာလေးကိုဖွင့်လိုက်ပါ ။
၃။ IsShortcut ဆိုတာလေးကို ဖြတ်လိုက်ပါ ။
၎။ PIFFILE ဆိုတာလေးကို ဖွင့်လိုက်ပါဦး ။
၅။ IsShortcut ဆိုတာလေး ကို ထပ်ပြီးတော့ ဖျက်လိုက်ပါ ။

သူ့ ရဲ့ effect ကတော့ reboot ပြီးမှ ပဲ တွေ့ရမယ်နော် .. ( ဒါမှမဟုတ်ရင် ) run => cmd => ကနေပြီးတော့ gpupdate ဆိုပြီးရိုက်ရင်လည်း ရနိုင်ပါတယ် ...

အဲဒါကိုမှ မရသေးဘူး ဆိုရင်တော့ Ctrl+Alt+Del ဆိုနှိပ်ပြီးတော့ Task Manager ကိုခေါ်လိုက်ပါဦး .. ပြီးရင်
Process မှာ Explorer.exe ဆိုတာကလေးကို End process ပေးလိုက်ပါ .. အဲဒီ့ အခါ ကျရင် အကုန်ပျောက်သွားပါလိ့မ်မယ်။ စိတ်မပူနဲ့နော် .. ပြီးတော့ Applicktion ကနေပြီးတော့ New task ဆိုတာကိုနှိပ်လိုက်ပါ ။ ပြီးရင်တော့ တက်လာတဲ့ Box ထဲမှာ Explorer ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ .. ရပါပြီ အဲဒါဆိုရင် မြှားကလေးတွေ ပျောက်ကုန်ပါပီ ..
အဆင်ပြေပါစေဗျာ ..အဆင်မပြေရင်တော့ မန့်ခဲ့ ပါဦး ...

Posted on Monday, August 03, 2009 by မောင်လုလင်

No comments