Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

4.1.14



စီပုံး ကနေပြီးတော့ တစ်ယောက်က ပြောသွားလို့ပါ .... အရင်က နှစ်ခု လုံးကို တင်ပေးခဲ့ဖူးပါတယ် .... ခု အဲ့ဒီ့ မှာ လင့်ခ် က သေတာတွေ က သေနေလို့ နှစ်ခုလုံးကို ပေါင်းပြီးတော့ တခါတည်းတင်ပေးလိုက်ပါတယ်ခင်ဗျာ ..... နှစ်ခု ကို ပေါင်းပြီးတော့ ဒေါင်းရင် Mb ဆိုဒ် များသွားမှာ စိုးလို့ ၁ ခုချင်းစီ ခွဲပြီးတော့ တင်ပေးလိုက်ပါတယ်ခင်ဗျာ ... ပြီး ကိုယ်လိုတာလေးကို ပဲ ဒေါင်းလို့ရအောင်လို့ပါ .... ဒေါင်းမယ်ဆိုရင် တော့ အောက်မှာ ဒေါင်းလို့ရပါတယ်ခင်ဗျာ .... Dropbox ကနေပြီးတော့ပဲ တင်ပေးထားပါတယ် .....

MS Office 2013 ToolKit

MS Office 2010 Toolkit

၅ စက္ကန့်လောက် အချိန်ရတယ် ဆိုရင်တော့ အောက်က လင့်ခ်ကနေပြီးတော့ ဒေါင်းပေးပါခင်ဗျာ ... :)

MS Office 2013 Toolkit ( With Advertisement )

MS Office 2010 Toolkit ( With Advertisement )

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Saturday, January 04, 2014 by Unknown

No comments

2.1.14



ကျွန်တော်တို့တွေ CD ထဲကို Data တွေထည့်တဲ့ အခါ ၊ Video ခွေ တွေ လုပ်တဲ့ အခါမှာ အသုံးများတဲ့ Nero ကို တင်ပေးလိုက်ပါတယ် .... အခု Ver ကတော့ Nero 2014 ပါ ... ကျွန်တော် သုံးကြည့်တာလည်း အဆင်ပြေပါတယ် ... Crack နဲ့မဟုတ်ပဲ Serial number နဲ့ ဆိုတော့ သိပ်ပြီးတော့ အခက်အခဲလည်း မရှိပါဘူး ... တကယ်လို့ Serial No: နဲ့ မကိုက်ဘူး ဆိုရင်တော့ ပြောကြပါ .. ကျွန်တော် crack ရှာပြီးတော့ တင်ပေးပါမယ် .... ကျွန်တော်သုံးတာတော့ အဆင်ပြေလို့ serial no နဲ့ ဟာလေးကို ပဲ တင်ပေးလိုက်ပါတယ် ..... သူ့ရဲ့ အတွင်းပိုင်း GUI မှာတော့ သိပ်ပြီး ထွေထွေထူးထူး ပြောင်းလဲ သွားခြင်းမရှိတဲ့ အတွက် သုံးရတာလည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် ... ဆိုဒ်ကတော့ 270 MB ရှိပါတယ် ... နည်းနည်းတော့ ကြီးပါတယ် .... ခွဲပြီးတော့ မတင်ပေးပဲနဲ့ တခု တည်းပဲ တင်ပေးလိုက်ပါတယ်ခင်ဗျာ .... လိုချင်တယ်ဆိုရင်တော့ အောက်က လင့်ခ် မှာ ဒေါင်းနိုင်ပါတယ် ခင်ဗျာ ...

Download From Dropbox

တကယ်လို့ ၅ စက္ကန့်လောက်များ အချိန်ပိုရရင်တော့ အောက်ကလင့်ခ် ကနေဒေါင်းပေးနော် ...ဘာမှ ထူးခြားချက်တော့မပါပါဘူး ... ကြေငြာစောင့်ဖို့အတွက်ပါ ... :D :D

Download ( with ads) 

ဒါကတော့ Software ကို ဒေါင်းပြီးတော့ serial no မရှိသေးတဲ့ သူတွေအတွက်ပါ .....       ::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
Serial no :::: 9040-0198-Z5EU-U5M9-5422-WC24-0EEW-L46M :::::::::: ::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....

Posted on Thursday, January 02, 2014 by Unknown

No comments

20.7.13



အခု တင်ပေးတဲ့ ဟာကလည်း ဖိုင် တွေ ဖျက်မိရင် ပြန်ရှာတဲ့ ဟာလေးပါ ... Partition Guru ထက်တော့ အသုံးသိပ်ဝင်မယ် မထင်မိဘူး ... ဘာလို့လဲ ဆိုတော့ သူက Partition တွေ ကို ပြန်ရှာ မရနိုင်ဘူး ထင်တယ် ....ဒါပေမယ့် ပျက်သွားတဲ့ ဖိုင်တွေ ကိုတော့ ပြန်ရှာပေးနိုင်ပါလိမ့်မယ် ... သူ က ကြေငြာထားတာ ကို က ကြည့်ကြည့်လေ ... A New Life For Your Files တဲ့ .. အဲ့ဒါကြောင့် လိုတဲ့ အခါ ကိုယ့်အတွက် Back up ဖြစ်အောင် လို့တော့ ယူ ထားသင့်တယ် ထင်ပါတယ် ... ပေါ့ ပေါ့ ပါးပါး  နဲ့ ရှာ ချင်တယ် ဆိုရင်တော့ အဆင်ပြေပါတယ်ခင်ဗျာ ...  လိုချင်သူများ အနေနဲ့ အောက်မှာ ယူလို့ရပါတယ် ... Crack လည်းပါပါတယ် ....

Crack ထည့်နည်းက တော့ Rar ကို ဖြည်လိုက်ပါ ... ပြီးရင် အဲ့ဒီ့ အထဲက crack ဆိုတာလေး ကို ကူး ပြီးရင် အောက်က ဖိုင်လမ်းကြောင်းလေး အတိုင်း သွားပြီးတော့ ထည့်ပေးလိုက်ပါခင်ဗျာ ....

 C:\Program Files (x86)\eSupport.com\eSupport UndeletePlus

Soft ကိုတော့ အောက်မှာ သွားဒေါင်းလိုက်ပါခင်ဗျာ ....


https://www.dropbox.com/s/pd0hfb1n1y3ijfu/Undelete%20Plus%20mglhulin.blogspot.com.rar

 အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....

မောင်လုလင်

Posted on Saturday, July 20, 2013 by Unknown

No comments

13.7.13

Torch Browser  ဆိုတာလေးပါ ... ဒါလေးရဲ့ အားသာ ချက်ကလေး တစ်ခုက ကျွန်တော်တို့အတွက် အဆင်ပြေပါတယ် ... Internet Download Manager က Firefox မှာ အဆင်မပြေသူများအတွက် .... IDM အခက်အခဲရှိသူများအတွက် အဆင်ပြေပါတယ် .. ဘာလဲဆိုတော့ ကိုယ်က Video တွေ ဘာတွေ ကြည့်နေတယ် ဆိုရင် Browser ရဲ့ ထိပ်ဖက်နားလေးမှာ Media ဆိုတဲ့ ခလုပ်ကလေး က ခုန်ဆွ ခုန်ဆွလေး လုပ်နေပါတယ် ... ဒေါင်းမလား .. မဒေါင်းဘူးလားပေါ့ ... ဒေါင်းမယ် ဆိုရင်တော့ ခလုပ်ကလေး ကို နှိပ်လိုက်ရုံပါပဲ ... အဆင်ပြေ လွယ်ကူချက် ကတော့ ပြောမနေနဲ့ ... ပြီးရင် သူနဲ့ Torrent တွေကိုလည်း ဒေါင်းလို့ရပါတယ် ...  သူ့ရဲ့ ဒီဇိုင်း ကတော့ Chrome ရဲ့ UI နဲ့ ခပ်ဆင်ဆင်ပါ .. ဥပမာ Option တွေဘာတွေ ၀င်ပြီးတော့ ပြင်တာက အစပေါ့ ... Chrome နဲ့ တူတာ တစ်ချက်က မြန်မာဖောင့်ကို သွားပြီးတော့ ပြင်ပေးရတာပါပဲ .. ဒါကလည်း ကျွန်တော့် စက်မှာပါ .. တခြားစက်တွေ တော့မသိဘူးဗျ .. ပြီးတော့ သူလည်း သုံးရတာ ပေါ့ပါတယ် ... အဆင်ပြေမယ် ဆိုရင်တော့ သူ့ဆိုဒ် မှာ သွားဒေါင်းလိုက်တော့နော် ..သူ့ရဲ့ ဆိုဒ်ကတော့ အောက်မှာ ပါ

http://www.torchbrowser.com/

အဲ့ဒီ့မှာ သွားမဒေါင်းတော့ဘူး ဒီကရှိတာပဲ ယူမယ်ဆိုရင်တော့ ... အောက်မှာ Offline Installer လေး Dropbox မှာ တင်ပေးထားပါတယ်ခင်ဗျာ .. Version ကတော့ ခုနောက်ဆုံး Version ပါပဲ ..

https://www.dropbox.com/s/jwoffzsdu6xora4/TorchSetupFull.exe

မြန်မာစာ မြင်ရဖို့အတွက်ကတော့ အောက်မှာ ရေးထားပါတယ် ....

ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...

 C:\Users\username\AppData\Local\Torch\User Data\Default\User StyleSheets

username ဆိုတာမှာတော့ ကိုယ့်ရဲ့ကွန်ပျူတာရဲ့  username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....

* , html, body, div,p {font-family:Zawgyi-One !important;}

အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Torch ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....

မောင်လုလင်

Posted on Saturday, July 13, 2013 by Unknown

No comments

10.7.13



အခု မိတ်ဆက်ပေးမဲ့ soft ကလေးကို ဖြစ်နိုင်ရင်တော့ ဒေါင်းထားကြစေချင်ပါတယ်.. အကယ်၍များ ကိုယ့် ဆီမှာများ တစုံတစ်ခု အမှား အယွင်း ဖြစ်ပြီးတော့ ကိုယ် ခွဲထားတဲ့ Partition များပျောက်သွားခဲ့ရင် ပေါ့နော် ... အဲ့ဒီ လိုမျိုး ပျောက်သွားခဲ့ရင် ပြန်ပြီး ရှာဖို့အတွက်ပါ ... တခြား Softwar တွေ စာအုပ်တွေ ဆိုတာက ပြန်ပြီးတော့ ဒေါင်းလုဒ် ချလို့ရပေမယ့် ဓါတ်ပုံ တွေ ကျတော့ ဒေါင်းလို့ မရ ရိုက်ရအောင်လည်း အဆင်မပြေ ဖြစ်သွားရင် နှမြောစရာပါ ... " ဓာတ်ပုံများသည် သင့်ဘဝရဲ့ ပြန်လည် ရယူရန် ခက်ခဲသော သမိုင်းမှတ်တမ်း ဖြစ်သည်... " တဲ့ .. အဲဒါကြောင့် မလို့ ကိုယ် ရဲ့ ဘ၀ အမှတ်တရတွေ ဟာ ဓါတ်ပုံတွေ ထဲမှာ ပြန်ပြီး တော့ ရှာဖွေနိုင်ပါတယ် ... ကျွန်တော်လည်း ခု အစ်ကို တစ်ယောက်ရဲ့ ကွန် မှာ System Restore လုပ်လိုက်တဲ့ အချိန်မှာ ခွဲထားတဲ့ Partition တွေက အကုန် ပျောက်ကုန်ပါတယ် ... ပျောက်တာမှ သူ့ရဲ့ Drive letter ပျောက်ရုံလဲ မဟုတ် .. Registry ထဲကနေပြီးတော့ ၀င်ပြင်လို့လည်းမရ .. Device Management မှာသွားကြည့်ပြန်တော့လည်း Drive တွေက အကုန်လုံး ပေါင်းပြီးတော့ ပြနေတယ် ... သွားပြီလို့ ... ဓါတ်ပုံတွေကို တော့ Recovery လုပ်လိုက်တော့ ဆိုပြီး စိတ် ကို ဒုံးဒုံးချခိုင်းလိုက်ပါတယ် .. အဲ့ဒီ့မှာ သွားစဉ်းစားမိတာက Partition Recovery တခုခု တော့ ရှိရမယ် ဆိုပြီး တွေးမိပါတယ် .. အဲ့ဒါနဲ့ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး လိုက်ရှာရင်း အခု ဟာလေး ရပါတယ် ... free version ဆိုရင် အဆင်မပြေလို့ .. Pro ကို ရှာကြည့်လိုက်ပါတယ် ... အဆင်ပြေတာနဲ့ Run ပြီး စမ်းကြည့်လိုက်တော့ ပိုပြီးတော့ အဆင်ပြေသွားပါတယ် .. ပျောက်သွားတဲ့ Partition တွေ အကုန်လုံးက မူရင်း မပျက်ကလေး ပြန်ရလာပါတယ် ... ဒါကြောင့် ကိုယ့်ဆီမှာလည်း ဖြစ်ခဲ့သည် ရှိသော် ဒီကောင်လေးက ကူညီနိုင်အောင် လို့ ဒေါင်း ထားသင့်တယ်လို့ အကြံပေးရခြင်း ဖြစ်ပါတယ်ခင်ဗျာ ... ပြီးတော့ Partition မှ မဟုတ်ပါဘူး .. တခြား Data တွေများ ပျောက်သွားခဲ့ရင်လည်း ပြန်ရှာလို့ ရနိုင်ပါတယ် ... စမ်းသပ်ပြီးတော့ သုံးကြည့်ပါ ... Crack ပါတဲ့ အတွက်ကြောင့်မလို့ လုပ်ရမယ့်နည်းလေး ရေးပေးထားပါတယ် .. ဘာမှတော့ မခက်ပါဘူး ... 

Download ကျလာတဲ့ rar ဖိုင်ကို ဖြည်လိုက်ပါ .. အဲ့ဒီ့ထဲမှာ Crack ဆိုတဲ့ ဖိုဒါလေး ရှိပါမယ် ... ပြီးရင် Partition Guru ကို Run လိုက်ပါ .. ပြီး Launch လုပ်မှာလားဆို မလုပ်ပါနဲ့ဦး .. စောစောက Crack ဆိုတဲ့ ဖိုဒါထဲက Partition Guru.exe ကို Copy လုပ်ပါ  .. ပြီးရင် C=> Program => Partition Guru ဆိုတာလေးထဲမှာ Paste လုပ်လိုက်ပါ ... အဲ့ဒါဆိုရင် အဆင်ပြေသွားပါပြီ .... 

ဒေါင်းရမယ့် လင့်ခ် ကတော့ အောက်မှာပါခင်ဗျာ ...

Download From Dropbox

 ပြီးတော့ ကျွန်တော် Dropbox သုံးပြီးတဲ့ အချိန်ကနေစလို့ တင်ထားတဲ့ Software တွေကို လိုချင်ရင်တော့ အောက်က လင့်ခ် မှာ ယူနိုင်ပါတယ် ... ကျွန်တော် Share ထားပါတယ် .. လိုအပ်တာ လေး တွေ ကို ယူပေါ့နော ... 

Share SOft


အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Wednesday, July 10, 2013 by Unknown

No comments

26.6.13


ပေါ်ပေါ်သမျှ video chat တွေ ထဲမှာ တော်တော်များများကတော့ သူ့ဟာနဲ့သူ Record လုပ်လို့ရတယ်ဗျ ... ဒါပေမယ့် နာမည်ကြီး တဲ့ Skype မှာ ကျတော့ ဓါတ်ပုံသာ ရိုက်လို့ရတယ် .. Record လုပ်လို့မရဘူး ... အဲဒါနဲ့ Skype မှာ Record လုပ်လို့ရမယ့် ဟာလေး လိုက်ရှာကြည့်လိုက်တော့ တွေ့ပါတယ် .. free က နည်းတယ် ... ပြီး license ကလည်း မလွယ်ဘူး .. ရှာရင်းရှာရင်း ဒီဟာလေးကို တွေ့လိုက်ပါတယ် ... အဆင်လည်းပြေပါတယ် ... ကိုယ့်ရဲ့ အိမ်နဲ့စကားပြောတာကိုပဲ ဖြစ်ဖြစ် .. ကိုယ့်ရဲ့ ချစ်သူ နဲ့စကား ပြောတာကို ပဲ ဖြစ်ဖြစ် Record လုပ်ထားပြီး နောက်တချိန်မှာ အလွမ်းပြေ ပြန်ကြည့်ဖို့ ပဲ ဖြစ်ဖြစ် လိုအပ်မယ်လို့ထင်ပါတယ် ... :) ဒါပေမယ့် သူတပါး ကို ချောက်ချ ဖို့ အတွက်နဲ့တော့ မသုံးကြပါနဲ့လို့ လည်း တောင်းဆိုပါတယ် ... အခု Supertintin ကို Run ပြီးသွားရင် Update လုပ်ခိုင်းရင် မလုပ်ပါနဲ့ခင်ဗျာ .. Run ပြီးတာနဲ့ Activate ဆိုတာလေးကို ပဲ နှိပ်ပြီးတော့ Active ဖြစ်အောင်လုပ်လိုက်ပါ ... ပြီးရင်တော့ မိမိ လိုချင်သလောက် ကို Record လုပ်လို့ရပြီ ဖြစ်ပါကြောင်း .... လိုချင်သူများအနေနဲ့ အောက်မှာ ယူလို့ရပါတယ်ခင်ဗျာ ...

https://www.dropbox.com


 အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Wednesday, June 26, 2013 by Unknown

No comments

13.6.13


IDM ရဲ့ အခု ချိန်ထိ နောက်ဆုံး Lastest ပါ ... ကျွန်တော် တွေ့နေတာ 6.16 တွေကို တွေ့နေလို့ အဲ့ဒါနဲ့ သေချာလားဆိုပြီးတော့ သူ့ရဲ့ ဆိုဒ်မှာ News ကိုသွားပြီးကြည့်လိုက်တော့ 6.15 build 15 ကနောက်ဆုံးဖြစ်နေတာတွေ့ပါတယ် ... အဲ့ဒါနဲ့ကျွန်တော် ရှာပြီးတော့ ပဲ တင်ပေးလိုက်ပါတယ်ခင်ဗျာ ..ပြီးတော့ ကျွန်တော်အရင်က တင်ပေးထားတဲ့ IDM လင့်ခ် ကလည်း အလုပ်မလုပ်ဘူးဖြစ်နေပါတယ် .. အဲ့ဒါကြောင့်မလို့ အသစ်ကိုပဲ တင်ပေးလိုက်ပါတယ် .. Patch ဖြည်နည်းကတော့ IDM နဲ့တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်ကြတာမို့ အဆင်ပြေမယ်ထင်ပါတယ် ... အထဲမှာလည်း ရေးထားပါတယ်ခင်ဗျာ ... လိုအပ်သူများ အနေနဲ့တော့ အောက်ကလင့်ခ် ကလေးမှာ ယူနိုင်ပါတယ် ....

Internet Download Manager 6.15 build 15 (Dropbox)

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

Posted on Thursday, June 13, 2013 by Unknown

No comments

7.6.13


ခပ်ပေါ့ပေါ့ နဲ့ စွမ်းဆောင်ချက် ကောင်းတဲ့ Antivirus လေးပါ ... သူကတော့ Antivirus အာရှသားပါ .. :) အင်ဒိုနီးရှားက ထုတ်ပါတယ် ...  သူ့ ကို ဒေါင်းဖို့ကလည်း 800 kb နီးပါးပဲ ရှိတာဆိုတော့ ဒေါင်းရတာ လည်း အဆင်ပြေမယ် ထင်ပါတယ် ... အသုံးပြုဖို့အတွက် User Interface ကလည်း လွယ်ပါတယ် ....  လိုချင်သူများအတွက် အောက်မှာ ယူလိုက်ပါ ... ပြီးတော့ Serial Key  ၃ ခုလည်းပါပါတယ် ...

https://www.dropbox.com/s/cz0l9md28qxm4xm/smadav.rar

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်..
မောင်လုလင်

Posted on Friday, June 07, 2013 by Unknown

No comments

6.6.13


မင်္ဂလာပါ ... အခု ကျွန်တော် တင်ပေးထားတာကတော့ ကိုယ့်ရဲ့ စက်မှာ Driver တစ်ခုခု Update လိုနေတယ်  ဒါမှမဟုတ်  Driver တစ်ခုခု က Error တက်နေတယ် .. အဲ့ဒါ အတွက်လိုအပ်တဲ့ Software ကလည်း ရှာလို့မတွေ့ဘူးဆိုရင် ဒီ ကောင်လေးက အကူအညီပေးပါလိမ့်မယ် ... သုံးရတာလည်း သိပ်ပြီးတော့ မခက်ပါဘူး .. အင်တာနက် ကော်နက်ရှင်ကောင်းရင်တော့ ဒါကောင်လေး နဲ့ ဒေါင်းလိုက်ရင် အဆင်ပြေပါတယ် ....  ပြီး ကိုယ့်စက်မှာ Run ထားတဲ့ Driver တွေ Update ဖြစ်မဖြစ်ကိုပါ စစ်ကြည့်ချင်ရင် ရပါတယ် ... တခုတော့ ရှိပါတယ် .. ဒါက Cobra driver pack တို့ လို မဟုတ်တဲ့ အတွက် Size မများပါဘူး .. ဒါပေမယ့် အင်တာနက် ကော်နက်ရှင် ရှိမှ ပဲ အဆင်ပြေပါလိမ့်မယ် ... လိုချင်သောသူများအတွက် အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ ...  .. ဒါပေမယ့် Update တက်လာခဲ့တယ် ဆိုရင်တော့ မပေးမိပါစေနဲ့ ... အထဲမှာ Serial key နှစ်ခု ပါပါတယ်ခင်ဗျာ ... တကယ်လို့ Serial Key ကို Copy / Paste လုပ်လို့မရဘူးဆိုရင် အရင်ဆုံး Copy ကူးလိုက် ပါ .. ပြီးရင်အောက်မှာ Copy to clipboard ဆိုလား မသိဘူးဗျ ရေးထားတယ် အဲ့ဒါလေးကို ထောက်ပေးလိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် ... လိုချင်သူများ အတွက် အောက်မှာေ ဒါင်းလိုက်ပါခင်ဗျာ ... Connection ကောင်းရင်တော့ တော်တော် အဆင်ပြေတဲ့ Software လေးဖြစ်ပါတယ် ....

https://www.dropbox.com/s/wes0yf1puj5f61u/Uniblue%20DriverScanner.rar

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

Posted on Thursday, June 06, 2013 by Unknown

No comments

28.5.13



 ကျွန်တော် Antivirus နဲ့ ပတ်သတ်ပြီးတော့ တင်မပေးဖြစ်တာလဲ ကြာပါပြီ ... အခု က Antivirus မှာ နံပါတ် ၁ လို့ သတ်မှတ်ထားတဲ့ BitDefender  ကို တင်ပေးပါ့မယ် ... Window 8 အတွက်ပါ အဆင်ပြေပါတယ် ...  Antivirus လိုသူများအတွက် အဆင်ပြေအောင် လို့ ရှာပေးလိုက်ပါတယ် ခင်ဗျာ ... သူက နံပါတ် ၁ လို့ ပြောရင်လည်း ပြောရမယ် ဗျ .. ဘာလို့လည်း ဆိုတော့ သူ့အတွက် ကို System Requirement လည်းရှိသေးတယ် .. နည်းနည်း ကြီးကျယ်တယ်ပေါ့ ... အောက်က ပြောထားသလောက် System Requirement ကိုယ့်မှာ ရှိမှ သာ အဆင်ပြေပါမယ်တဲ့ .. အဲ့ဒီလောက်မှ မရှိဘူးဆိုရင်တော့ သိပ်ပြီး အဆင်မပြေပါဘူးတဲ့ ...  လိုအပ်တာကတော့

  • 800MB free space on the hard disk.
  • 800MHz processor, infact Intel Core 2 Duo (1.66 GHz) will be better.
  • 1GB of RAM or higher.
အဲ့ဒီ့လောက် လိုအပ်ပါတယ် ...  ပြီးရင် Activate လုပ်ဖို့အတွက် ကတော့ Internet လည်းလိုအပ်ပါတယ် ခင်ဗျာ ... အင်တာနက် မရှိရင်တော့ အဆင်မပြေပါဘူး ... အခု Antivirus ကို သွင်းမယ် ဆိုရင်တော့ အောက်က လင့်မှာ သွားယူလိုက်ပါ ... 

(32) bit အတွက်ဆိုရင် အောက်မှာပါ ...


(64) bit အတွက်ဆိုရင် အောက်မှာပါ 


အဲ့ဒါတွေကို Activate လုပ်ဖို့အတွက် ကိုတော့ အောက်မှာ ချပါ ....

https://www.dropbox.com/s/4uqc3nkh0jsa2oq/Bitdefender%20Cracker.rar

အပေါ်က ပြထားတာလေးတွေ ဒေါင်းပြီးသွားပြီဆိုရင်တော့ BitDefender ကို သွင်းလိုက်ပါမယ် ... သွင်းလိုက်ပြီးပြီဆိုရင် BitDefender အကောင့် ဖောက်လိုက်ပါ ...  တကယ်လို့ ကိုယ်က ရက် ၉၀ ပဲ သုံးချင်တယ် ဆိုရင်တော့ အောက်က Key လေးကို ထည့်လိုက်ပါခင်ဗျာ .... ဘယ်နေရာမှာ ထည့်ရမလဲဆိုရင်တော့ အောက်မှာ ကျွန်တော် အနီရောင်လေး နဲ့ပြထားပါတယ် ... အဲ့ဒါလေးကို နှိပ်လိုက်ပြီးရင် Licence key ထည့်ရမယ့် နေရာလေးမှာ ထည့်လိုက်ရင် 90 days left ဆိုပြီးတော့ ပေါ်လာပါလိမ့်မယ် ....  ကျွန်တော် ကတော့ Activate ဖြစ်အောင် လုပ်ထားပြီးတဲ့အတွက် 21550 ရက် ကျန်နေတာပဲ ဖြစ်ပါတယ် ...


(E52HEDV):90Days
(BYQP505):30Days

.





ဒီအောက်က ဟာကတော့ အကြာကြိးသုံးချင်တဲ့သူများအတွက်ပါ .... စောစောက ကျွန်တော် ပြောတဲ့ Crack လေးကို ဒေါင်းပြီးသွားရင် မဖြည်ပါနဲ့ဦး ... ပြီးရင် BitDefender ကို ပိတ်ထားလိုက်ပါ ...  ပိတ်တာကတော့ Setting =>> Antivirus =>> On access Scaning ရော အောက်က ဟာလေးကိုရော Off ထားလိုက်ပါ ...  ပိတ်ပြီးသွားရင်တော့ စက်ကို Safe Mode နဲ့ ၀င်ရပါမယ် ... ပုံမှန်ဆိုရင်တော့ စက်ကို Restart ချလိုက်ပါ ...ပြီးရင် ပြန်တက်လာတဲ့ အချိန်မှာ F8 ကို နှိပ်ထားလိုက်ပါ ... နှိပ်ထားပြီးရင် Safe Mode နဲ့ဝင်လိုက်ပါမယ် ....

ကျွန်တော် တင်ပေးထားတဲ့ BitDefender Cracker ဆိုတာလေးကို ဖြည်လိုက်ပါ 
ပြီးရင် အင်တာနက်ချိတ်လိုက်ပါ ... 
အဲ့ဒီ့ အထဲက Exe ဖိုင်လေးကို Right Click ထောက် ...
ပြီးရင် Run as administrator ဆိုပြီးတော့ Run လိုက်ပါ ...
Run ပြီးရင်တော့ Setting ဆိုတာလေးကို နှိပ်လိုက်ပါ ... 
အဲ့ဒီ့မှာ နှစ်ဘယ်လောက် လိုချင်သလဲ ကိုယ် လိုချင်သလောက်ထားလိုက်ပါ ... 
ထားပြီးရင်တော့ Save ဆိုပြီး နှိပ်လိုက်ပါ ..
ပြီးရင်တော့ Activate ဆိုတာလေးကို နှိပ်လိုက်ပါ ... 

နှိပ်လိုက်ရင် Successful ဆိုတာ လေး ပေါ်လာပါလိမ့်မယ် ခင်ဗျာ .... 

Safe Mode ကို အလွယ်တကူ ၀င်မရသော သူများအတွက်ကတော့ 
Window Key + R =>> msconfig => Boot option => Safe boot ကို အမှန်ခြစ်ခြစ်ပြီးရင် Restart ချလိုက်ပါ ... အဲ့ဒါဆို ပြန်တက်လာရင် Safe Mode ဖြစ်နေပါလိမ့်မယ် ...  လုပ်ပြီးသွားရင်တော့ စောစောက ခြစ်ထားတဲ့ အမှန်ခြစ်ကလေးကို ပြန်ဖျောက်ဖို့ မမေ့နဲ့ဦးနော် ...


အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ် ... အဆင်မပြေတာများရှိခဲ့ရင် Cbox မှာပြောခဲ့လိုက်ပါခင်ဗျာ ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

Posted on Tuesday, May 28, 2013 by Unknown

No comments

22.5.13


အခု တင်ပေးတဲ့ဟာလေးကတော့ Android ဖုန်းသုံးသူများအတွက်ဖြစ်ပါတယ် ... ကိုယ့်ရဲ့ကွန်ပျူတာကနေပြီး အင်တာနက်ကို  ဖုန်းမှာ သုံးချင်သောသူများအတွက်ပါ ... ပုံမှန်အားဖြင့်တော့ ဖုန်းက အင်တာနက်ကို ကွန်ပျူတာမှာသုံးတာများပါတယ် ... ကွန်ပျူတာ က အင်တာနက်ကို ဖုန်းမှာ သုံးမယ်ဆိုရင် Wifi  နဲ့ သုံးကြတာများပါတယ် ... ကိုယ့် ကွန်ပျူတာက Laptop ဆိုရင်ပေါ့လေ ... တကယ်လို့ Desktop ဆိုရင်ကျတော့ ပြန်လွှင့်ဖို့ အတွက် အဆင်မပြေတော့  အင်တာနက် သုံး ဖို့ အခက်အခဲ ဖြစ်လာပါတယ် ... အခု ကျွန်တော် တင်ပေးတဲ့ ဟာလေး နဲ့ဆိုရင် Desktop ကွန်ပျူတာကနေ  ဖုန်းကို  အင်တာနက်ချိတ်ပြီး သုံးဖို့ အတွက် အဆင်ပြေပါလိမ့်မယ် ခင်ဗျာ ... လိုတာကတော့ ဖုန်းနဲ့ ကွန်ပျူတာချိတ်ဖို့အတွက် USB  ရယ် ကိုယ့်ရဲ့ ဖုန်းမှာ USB Debugging ဆိုတာလေးမှာ အမှန်ခြစ်ထားပေးဖို့ရယ် ပြီးရင် ဖုန်းက Root လုပ်ပြီးသား ဖြစ်ဖို့လည်း  လိုပါတယ် ... ပြီးရင်တော့ အောက်ကလင့် ကလေးမှာပေးထားတဲ့ ReverseTethering v3.2 ကို ဒေါင်းလုဒ် ချလိုက်ပါခင်ဗျာ ...

Download

ဒေါင်းလုဒ် ချပြီးပြီဆိုရင်တော့ အဲ့ဒီ့ Zip ကို ဖြည်လိုက်ပါ .. ဖြည်ပြီးသွားရင်တော့ အထဲမှာပါတဲ့
Tracetool service.apk ဆိုတာကို Phone ထဲမှာ သွင်းလိုက်ပါ ... အိုကေ သွင်းပြီးသွားရင်တော့ ... စောစောက ဖြည်လိုက်တဲ့ အထဲမှာ AndroidTool ဆိုတာလေး ရှိပါတယ် .. အဲ့ဒါလေးကို Run လိုက်ပါ ...  ကိုယ့်ရဲ့ ဖုန်းကို တော့ ကွန်ပျူတာနဲ့ ချိတ်ထားရမှာနော် ... Run လိုက်ရင် အောက်က ပုံလေး ပေါ်လာပါလိမ့်မယ် ..
အဲ့ဒီ့မှာ ကိုယ့်ဖုန်းက ချိတ်ထားတယ်ဆိုရင် Select a device ဆိုတာမှာ ကိုယ့်ရဲ့ Phone  ( device ) ကို ပြပါလိမ့်မယ် ... အောက်က DNS ဆိုတာကတော့ ကိုယ့်ရဲ့ IP ကိုပြပါလိမ့်မယ် .. အဲ့လို ပြပြီဆိုရင် Connect ဆိုတာလေးကို နှိပ်လိုက်ပါ .. သူ့ဘာသာသူ Check လုပ်ပြီးတော့ ချိတ်ပေးပါလိမ့်မယ် ... အဲ့ဒီ့အချိန်မှာ ဖုန်းက SuperUser မှာ Box ကလေးတစ်ခု တက်လာပါလိမ့်မယ် .. အဲ့ဒါကို Yes လို့ပေးလိုက်ပါ ...  ပုံမှန် တော့ အဲ့လို မျိုး အဆင်ပြေပါတယ်ခင်ဗျာ ... အကယ်၍ အဆင်မပြေဘူးဆိုရင်တော့ Cbox မှာပြောပေးခဲ့ပါ ခင်ဗျာ .....

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်
software ref: facebook Moblie user group

Posted on Wednesday, May 22, 2013 by Unknown

No comments

15.5.13


Downloader တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ် ... IDM လိုပေါ့ ... အသုံးများတာတော့ IDM ပဲ အသုံးများ ပါတယ်.. ကျွန်တော် လည်း IDM သုံးရင်းနဲ့ FB က Video တွေကို ဒေါင်းလို့မရဘူးဖြစ်နေတာဗျ ...ကျွန်တော့်စိတ်ထင် တော့ Window 8 နဲ့ပဲ ကီးမကိုက်တာလားမသိ ..  တခါတလေ ကိုယ် ကြိုက်တာလေးတွေ ရှိရင် ဒေါင်းချင်ပေမယ့် ဒေါင်းလို့က မရဘူး ... ဒီနေ့ Facebook က group တစ်ခုမှာ အဲ့ဒါလေး ကို ပြောလို့ ကျွန်တော်လည်း စမ်းသုံးကြည့်မိတယ် .. အဆင်ပြေတယ်ဆိုပါတော့ ... Real Downloader ပါ .. ကျွန်တော့်လိုမျိုး အဆင်မပြေဖြစ်နေသူများ အဲ့ဒါလေးကို စမ်းသုံးကြည့်ပါလို့ အကြံပေးချင်ပါတယ်ခင်ဗျာ ... ဒေါင်းရမယ့်နေရာကိုတော့ သူ့ရဲ့ မူရင်းဆိုဒ်ကို ပဲ ညွှန်းလိုက်ပါတယ် ... Free ဆိုတော့ အဆင်ပြေမယ် ထင်ပါတယ် ... အောက်ကနေရာမှာသွားလိုက်ပါခင်ဗျာ...သူရဲ့ ဒေါင်းလုဒ် လုပ်ဖို့အတွက် ခလုပ်ကလေးကလည်း IDM ပေါ်တဲ့နေရာမှာပဲပေါ်ပါတယ် ....  စစဖွင့်ချင်းမှာမပေါ်သေးဘူးဗျ ... ပြီးတော့ ကိုယ်ချချင်တဲ့ Video ပေါ်ကို မောက်စ် ကလေး တင်လိုက်မှ အဲ့ဒီ့ ခလုပ် ကလေးပေါ်လာတာပါ ... စမ်းသုံးကြည့်ပါခင်ဗျာ ...

http://www.real.com/realdownloader



အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်

Posted on Wednesday, May 15, 2013 by Unknown

No comments

6.5.13


ကျွန်တော်တို့ အခု ခောတ်မှာ တော်တော်များများမှာ ဖုန်းတွေ ရှိလာပါပြီ .. ဖုန်းတွေရှိလာတော့ ကိုယ် သွားခဲ့လာခဲ့ တဲ့နေရာလေးတွေကို ဓါတ်ပုံရိုက်တာပဲ ဖြစ်ဖြစ် ၊ ဗွီဒီယို မှတ်တမ်းတင်တာပဲ ဖြစ်ဖြစ်ပေါ့ .. အမှတ်တရ လုပ်ခဲ့ကြတယ် .. ဒါပေမယ့် ကွန်ပျူတာထဲကို ပြန်ပြီးတော့ ထည့်တဲ့အချိန်မှာ ကိုယ်က အခြေအနေ အရ ပြောင်းပြန်ကိုင်မိပြီးတော့ ပြောင်းပြန်ကြီး ပြန်ကြည့်နေရတယ် .. အဲဒါကို ပြန်ပြီးတော့တည့် ချင်တယ် ဆိုရင် အသုံးပြုဖို့ အတွက်ပါ .. လိုလို မယ်မယ် ဒေါင်းပြီးတော့ထားလိုက်ပါ ... ကျွန်တော်ကတော့ ကိုယ့် ဆီမှာ ရှိထားသင့်တယ်လို့ ထင်ပါတယ် .. လိုတဲ့အချိန်မှာ တည့်လို့ရတာပေါ့ ...ပြီးတော့ Free ဆိုတော့ အဆင်လည်းပြေပါတယ် .. ဘာမှ မလိုပါဘူး .. ကိုယ် တည့်ချင်တဲ့ ဖိုင်ကိုထည့် .. ပြီးရင် အောက်မှာ မြှားလေး တွေ ရှိတယ် ... အဲ့ဒါကလေးတွေ နဲ့ လိုသလို တည့်လိုက် ... ပြီးရင် Save Video ဆိုတာကိုပေးလိုက်ရင် တည့်သွားပါတယ် ... Video ရဲ့ Quality လည်း ကျမသွားပါဘူး ... ဒေါင်းမယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ ...

https://www.dropbox.com/

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်

Posted on Monday, May 06, 2013 by Unknown

1 comment

18.4.13


Microsoft 2013 အတွက် .. Toolkit လေးပါ .. အရင်က ကျွန်တော် 2010 အတွက် Toolkit လေးတင်ပေးဖူးပါတယ် .... Microsoft office 2013 အသုံးပြုမည့်သူများ အဆင်ပြေစေရန် အတွက် တင်ပေးလိုက်ပါတယ် .. ကျွန်တော်လည်း အခု 2013 ကို သုံးနေပါတယ် .. 2013 Professional Plus ပါ .. အဲ့ဒါကို အခု တင်ပေးထားတာနဲ့ Activate လုပ်တာတော့ အဆင်ပြေပါတယ် ... ဘာတွေ ကွာသလဲဆိုတာကတော့ ကျွန်တော် သေချာမသိသေးဘူး .. ဒါပေမယ့် အသုံးပြုရတဲ့ UI ကတော့ အရင်ကနဲ့ စာရင် တော်တော်လေးကို ကွာသွားတယ်လို့ထင်မိပါတယ် .. သူ့ရဲ့သွားပုံလာပုံတွေ က Touch တွေ မှာသွားသလိုမျိုးလေး .. စွဲဆောင်မှုတော့ ရှိတယ်ထင်ပါတယ် ... အဲ့ Ms 2013 ကြေငြာရောက်သွားပြီ .. ထားပါတော့ .. key activate အတွက် အဆင်ပြေချင်သူများ အောက်မှ  ဒေါင်းလို့ရပါတယ် ခင်ဗျာ ... Dropbox ကနေပြီးတော့ ပဲ တင်ပေးထားပါတယ် .. အဆင်မပြေသူများ ကော်မန့်လေး ပေးခဲ့ပါခင်ဗျာ ....

https://www.dropbox.com/

Posted on Thursday, April 18, 2013 by Unknown

No comments

21.2.13


အခုနောက်ပိုင်း Intel Core i series တွေ ပေါ်လာတော့ အဲ့ဒီ့မှာပါတဲ့ Window တွေက Window 8 တွေပါလာတာများလာပါတယ်... ကျွန်တော်လည်း အစကတော့ Window 8 ကို ကျွန်တော်နဲ့ သဟဇာတ ဖြစ်မယ်လို့ မထင်မိဘူး.... နောက်ပိုင်း သုံးကြည့်ရင်းနဲ့မှ ပဲ အံဝင်ခွင်ကျဖြစ်လာတယ် .... နောက်တော့ သုံးရင်း နဲ့ အဆင်ပြေလာတယ်ပေါ့ ... နောက်တော့ ပြဿနာ တစ်ခု ဖြစ်တယ် ... ဘာလဲ ဆိုတော့ Right Click ထောက်လိုက်ရင် နှေးပြီးတော့ နေတာပါပဲ .... Right Click ထောက်လိုက်ပြီးရင် စောင့်လိုက်ရတာ ... တော်တော် ကို စောင့်ရတယ် ... အထဲ မှာ ဖွင့်ရင် ပိုဆိုးတယ် .. Not Responding ဆိုပြီးတော့ ပေါ်တောင်မှ လာသေးတယ်... အဲ့ဒါ ရှင်းရအောင်ဆိုပြီး လိုက်ရှာ ကြည့်လိုက်တော့ တွေ့ပါတယ်  .... အခု အဲဒီ့အတိုင်းလေး လုပ်လိုက်တာ အဆင်ပြေသွားပါတယ် ... ကျွန်တော့်လိုမျိုး ပြဿနာ ကြုံနေသူများအတွက် ဖြေရှင်းနိုင်ဖို့ပါ ....

ပထမဆုံး 7 zip Run ထားတယ် ဆိုရင် ပြန်ဖြုတ်လိုက်ပါ ....
ပြီးရင်တော့ Window Key+R==> regedit
Registry ကို ဖွင့်လိုက်ပါ ..ပြီးရင် တော့ အောက်က လမ်းကြောင်းအတိုင်းသွားလိုက်ပါ ....
 HKEY_CLASSES_ROOT\Directory\Background\shellex\ContextMenuHandler\

အဲ့ဒီ့ကို ရောက်သွားပြီဆိုရင် ContextMenuHandler ဆိုတာရဲ့အောက်က ဟာတွေ အကုန်လုံးကို ဖျက်လိုက်ပါ .... အကယ်၍  New ဆိုတာ ရှိရင်တော့ အဲ့ဒီ့ New ကို မဖျက်ပါနဲ့ ... ထားခဲ့လိုက်ပါ ... ပြီးရင် စမ်းကြည့်ပါဦး ... အဆင်ပြေပြေနဲ့ Right Click context menu မြန်မြန် ပေါ်လာပါလိမ့်မယ်ခင်ဗျာ ....

Window 8 Activator 

ဒါကတော့ Window 8 ကို သုံး စွဲမည့်သူများအတွက် Activator လေးပါ ....  ဒေါင်းချင်သူများအတွက်ကတော့ အောက်မှာ ဒေါင်းလိုက်ပါ ... ကျွန်တော် Dropbox နဲ့ Amazon မှာ စမ်းပြီးတော့ တင်ထားပေးပါတယ်... အဆင်မပြေရင် အော်ခဲ့လိုက်ပါဦးခင်ဗျာ ......


dropbox

အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစ လို့ ဆုတောင်းလျက်
မောင်လုလင်



Posted on Thursday, February 21, 2013 by Unknown

No comments

17.2.13

ကျွန်တော် IDM နဲ့ပါတ်သတ်ပြီးတော့ Update ဖြစ်တာလေးတွေ မတင်ဖြစ်တာကြာပါပြီ ... အခု ဟာကတော့ လောလောဆယ်မှာ IDM နောက်ဆုံး Update ပါပဲ ... Update မှားပြီးပေးမိသူတွေအတွက် အဆင်ပြေအောင်ပါ ... Patch အတွက်ကတော့ အဲ့ဒီ့နေရာလေးမှာ  ပြောပြပေးထားဖူးပါတယ် ... အဲလိုမလုပ်ချင်ရင်လည်း Register လုပ်ပြီးရင် Key generate လုပ်ပြီးတော့သာ သုံးလိုက်ရင် အဆင်ပြေသွားမှာပါ ... ဒေါင်းရမယ့်နေရာတွေကတော့ ကျွန်တော် Dropbox နဲ့ Amazon မှာ စမ်းပြီးတော့ တင်ပေးထားပါတယ် ... အဆင်ပြေမယ် ထင်ပါတယ် .. အဆင်မပြေရင်တော့ အော်သွားလိုက်ပါဦးဗျာ ...


Dropbox

Amazon

အားလုံးအစစ အရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ဆုတောင်းလျက် .... 
မောင်လုလင်

Posted on Sunday, February 17, 2013 by Unknown

No comments

27.1.13

မင်္ဂလာပါ .... ကျွန်တော့်ရဲ့ ဆိုဒ်ကလေးလည်း Active မဖြစ်တာ အတော်ကြာနေပါပီ ... အင်တာနက်နဲ့ လည်း အလှမ်းကွာနေခဲ့တော့ သိပ်ပြီးတော့လည်း မရောက်ဖြစ်ဘူး... အင်တာနက်ဆိုတာပြောရင် တောင် ကြားဖူးသလိုလိုတော့ ရှိသား :) အဲ့လို ဖြစ်နေခဲ့ပါတယ် ... အခုတော့ အင်တာနက်နဲ့ အလှမ်းနီးသွားပြီဆိုတော့ ကျွန်တော် တတ်နိုင်သလောက်ကလေးများ ဖြေရှင်းပေးနိုင်အောင် တော့ ကြိုးစားသွားပါ့မယ် .... ခုကျွန်တော် လောလောဆယ်မှာ ပြဿနာတက်ခဲ့တာလေးပါ ... Microsoft Office 2010 ကို Active ဖြစ်အောင်လုပ်တဲ့ Software လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ် .. အစကတော့ ကီးတွေ ရှာပါသေးတယ် .. ကီးတွေ ရှာရင်း နဲ့ တွေ့သလိုလို နဲ့ မတွေ့ဘူးဖြစ်နေတာ ... အဲ့ဒါနဲ့ နောက်တော့ Activator လေးပဲ ရှာပြီးတော့ ကစ်လိုက်တာကောင်းပါတယ်ဆို ရှာပြီးတော့ စမ်းကြည့်လိုက်တယ် .. အဆင်ပြေသွားပါတယ် ... 2010 က ကြာပြီဆိုတော့လည်း ရှိနှင့်ပြီးသားလူတွေ အဆင်ပြေပြီးသားလူတွေ လည်းများလိမ့်မယ် ထင်ပါတယ် ... သွင်းပြီးတော့ အဆင်မပြေဖြစ်သူများအတွက် ပါ ... အလွယ်တကူ ဒေါင်းနိုင်အောင် ပါ .... အခုက ပထမဆုံးပြန်ပြီးတော့ တင်တဲ့ပိုစ့် ဆိုတော့ အဆင်မပြေတာလေးတွေများရှိခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ .... ဒေါင်းမယ်ဆိုရင်တော့ အောက်မှာပါ ....


https://www.hidrive.strato.com/lnk/vBkSyMlo

https://www.dropbox.com/s/lzm4vm7pp1irxup/Office%202010%20Toolkit.rar




အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပါစေလို့ ဆုတောင်းလျက် ..... :) မောင်လုလင်

Posted on Sunday, January 27, 2013 by Unknown

1 comment

26.1.12


ဒါလေးကတော့ Pdf files တွေကိုmultiplePdf filesကနေsinglePdf fileပြောင်းတဲ့ softwareလေးပါ...နောက်ပြီးPdf fileတစ်ခုကနေmultiplePdf filesတွေခွဲထုတ်ရာမှာလဲအသုံးဝင်ပါတယ်။အထဲမှာserial number ပါပါတယ်။
serial numberထည့် ပြီးတော့ full versionသုံးလို့ ရပါတယ်။


Download link :

Download link :



Posted on Thursday, January 26, 2012 by ခွန်စစ်

No comments

14.6.11

အရင်က ကျွန်တော် Word to PDF ပြောင်းပုံလေးတွေ တင်ခဲ့ဖူးပါတယ် ... အဲ့ဒါတွေ က Software အကူအညီလေးတွေ နဲ့ ပြောင်းတာပါခင်ဗျာ .. တခါတလေ ကျရင် အဆင်မပြေတဲ့အချိန်ကျရင် မြန်မာဖောင့် တွေ က အတုံးအတုံး တွေ နဲ့ ပေါ်သွားတတ်ပါတယ် .. အခု ဟာက တော့ ကျွန်တော်တို့အနေနဲ့ Microsoft Word ထဲကို Plugin လေး ထည့်ပြီးတော့ Word မှာရေး ပြီးရင် Pdf အဖြစ် Save လို့ရပါတယ်.. Microsoft Word 2007 မှာ ဆိုရင် ပုံမှန်အတိုင်းဆိုရင် Pdf အဖြစ် တခါတည်း Save လို့မရပါဘူး .. ကျွန်တော် အခု ပြောတဲ့ Plugin လေး ကို ထည့်သွင်းမှ သာ Pdf အဖြစ် Save လို့ရပါ့မယ် ...
ကျွန်တော်တို့ အနေနဲ့ 2010 ထက် 2007 ကို အသုံးများမယ်ထင်ပါတယ် ..
ကဲ စကြည့်လိုက်အောင် ..

http://www.microsoft.com/download/en/details.aspx?displaylang=en&id=9943
အဲဒီ့ က Plugin ကလေးကို ဒေါင်းလုဒ်ချလိုက်ပါ .. ပြီးရင်တော့ Run လိုက်ပါခင်ဗျာ .. Run လိုက်ပြီးပြီဆိုရင် ကိုယ်ကြိုက်တဲ့ Microsoft word 2007 မှာ Save as ကနေပြီးတော့ Save မယ်ဆိုရင် Pdf ဆိုတာလေး ပေါ်လာပါ့မယ် .. အဲ့ဒါ ဆိုရင် Save လို့ရပါပြီ ..

အခု ဒီအောက်က ဟာကတော့ 2010 အတွက်ပါ .. 2010 အတွက်ဆိုရင်တော့ ကျွန်တော်တို့ အနေနဲ့ Pdf လုပ်ဖို့ Plugin တွေဘာတွေ မလိုပါဘူး ..

File => Share အဲ့ဒီ့မှာမှ Create as Pdf/xps ဆိုပြီးတော့ ရှိပါတယ် .. အဲဒါကလေးကို နှိပ်လိုက်ရင် ရပါတယ် ..


ပြီးရင်တော့ ကိုယ်ကြိုက်တဲ့နေရာလေးမှာ Publish လုပ်လိုက်ရင်ရပါတယ်ခင်ဗျ ...

နောက်တစ်နည်းကတော့ Software အကူအညီနဲ့ပါ .. အဲဒီ့ Software ကိုသွင်းလိုက်ရင်တော့ 2003/2007/2010 အကုန်လုံးကို အဆင်ပြေမယ်ထင်ပါတယ် .. သူ့ကို သွင်းလိုက်တာနဲ့ ကျွန်တော် တို့  Word ပေါ်မှာ Pdf Plugin ကို တခါတည်း သွင်းပြီးသား ဖြစ်သွားပါလိမ့်မယ်ခင်ဗျ ..
အဲဒီ့ Software ကို ဒီအောက်ကနေရာလေးမှာ သွားပြီးတော့ ဒေါင်းလိုက်ပါ ..
အဲဒီ့ Software ကတော့ Primo ပါ .. အဲဒီ့နေရာကလေးမှာဒေါင်းပြီးတော့ ထည့်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျ ...

http://www.primopdf.com/index.aspx


ဒိအောက်ကလင့်ကတော့ 2007 နဲ့ 2003 အတွက် Plugin ကလေးတွေပါ ..

http://www.mediafire.com/?hwqo5hghtyi2aba

ဒီနေ့ ကျွန်တော်စာရေး ထားတာ အဆင်မပြေဘူးထင်တယ်ဗျ .. ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်ခင်ဗျာ ... ကျေးဇူးတင်ပါတယ် ..

အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

Posted on Tuesday, June 14, 2011 by Unknown

No comments

8.6.11


ဒီပိုစ့် ကလေးကို ရေးလိုက်တာက မြန်မာက အင်တာနက်သုံးသူများအတွက်သာ ရည်ရွယ်လိုက်ပါတယ် .. ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဖတ်ချင်တဲ့စာမျက်နှာတွေ ရှိပေမယ့် အကျော်အခွ ကလေးတော့နည်းနည်းလုပ်ရပါတယ် .. အဲဒီ့ အခက်အခဲလေးများ ပြေပျောက်စေအောင်ပါ .. တကယ်တော့ ၀ါသနာရှင်များအနေနဲ့ အင်တာနက်ကနေပြီးတော့ ကိုယ့်သိထားတာလေးတွေ ကို ဖြန့်ဝေရတာဝါသနာ ပါတဲ့အခါမှာ ကိုယ်ပိုင် ဖရီးရ တဲ့ Blog လေး တစ်ခု လောက် ပြုလုပ်ပြီးတော့ မျှဝေတဲ့ အခါမှာ အများဆုံး သုံးတာကတော့ အခု Blogspot ပါ .. အဲ့ဒါကို ပိတ်ထားတယ်လို့ ကြားမိပါတယ် .... တချို့ပညာရှင်များ ရေးသားထားတဲ့ စာမျက်နှာတွေ ကို ၀င်ဖတ်ရင်လည်း ကျွန်တော်တို့ ဆီမှာပိတ်ထားတာတွေ ရှိတယ်လို့ ကြားမိပါတယ် .. အမှန်တော့ အခု အင်တာနက် စာမျက်နှာပေါ်မှာ လေ့လာမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ပါပဲ .. မည်သူတွေပဲ ပိတ်ထားထား ရအောင်ဝင်တဲ့ နည်းလမ်း ကတော့ ရှိနေမှာပါပဲ ... အင်တာနက်စာမျက်နှာပေါ်မှာ ကောင်းတဲ့ စာမျက်နှာတွေ ရှိသလို .. မကောင်းတဲ့ စာမျက်နှာတွေ .. လူတွေ ကို အာရုံများစေတဲ့ စာမျက်နှာတွေ .. အစုံပါပဲ .. စုံတာမှ တော်တော့် ကိုစုံတာပါ ... ဒါကြောင့် လေ့လာချင်တဲ့သူများ အဆင်ပြေအောင်လို့ ဒါကလေးကို လမ်းညွှန်လိုက်တာပါ .. ကျွန်တော့် ထက် အရင် သိပြီးတဲ့သူတွေ လည်းရှိမှာပါ ... ကျွန်တော်လည်း မနေ့ညက မှ ကျွန်တော့် အကို က လမ်းညွှန်တဲ့အတွက် မြန်မာနိုင်ငံက မသိတဲ့သူတွေများ သိပါစေ ဆိုပြီး ပြန်ပြီးတော့ Share လိုက်တဲ့ သဘောပါခင်ဗျာ .. စိုးတော့ စိုးရိမ်မိပါတယ် .. ဒါကလေး တင်ပြီးမှ ဒါကိုပါ ပိတ်သွားမှာကိုပါ .. ဘာမှ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ .. ကျွန်တော် အနေနဲ့ကတော့ အင်တာနက်မှာ လာသုံးတာချင်းအတူတူ တော့ ရတဲ့အ ချိန်လေးမှာ အကျိုးရှိစွာ အသုံးချနိုင်ပါစေ လို့ပဲ ပြောပါရစေ ...

ကဲ စကားတွေ ရှည်သွားပြီဗျ .. အခု ကျွန်တော် ပြောမယ့် ဟာက အကျော်အခွ အတွက် အထူးကောင်းတဲ့ အရာလို့ ပြောတယ် .. အရင်ဆုံး အောက်က လင့်ကိုသွားလိုက်ဗျာ ..

https://www.torproject.org/download/download.html.en

အဲဒီ့ကို ရောက်ပြီဆိုရင် Tor Browser Bundle (English) version 1.3.24, works with Windows 7, Vista, and XP အဲဒီ့ စာလေးရဲ့ ဘေးက Download ဆိုတာကလေးကို နှိပ်လိုက်ပါ ..
ပြီးရင်အဲ့ဒါကို ရပြီဆိုရင် .. Rar file ကို ဖြည်လိုက်နော် .. အဲဒီ့အထဲမှာ Start Tor Browser ဆိုတာကလေးကို နှိပ်လိုက် ပြီးရင် အဲဒီ့အထဲက Firefox portable ကလေးကို ဖွင့်ပြီးတော့ ကျော်စရာခွစရာ လိုပါတယ်ဆိုတဲ့ ဆိုဒ်များအားလုံးကို ကျော်လို့ ရနိုင်ပြီ ဖြစ်ပါကြောင်း .... Firefox ကို Update ပေးလို့လည်းရတယ်နော် .. မပေးလည်း ရပါတယ်.. အဆင်ပြေမယ် ထင်ပါတယ် ...

အားလုံး အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

Posted on Wednesday, June 08, 2011 by Unknown

1 comment