13.7.13

Torch Browser  ဆိုတာလေးပါ ... ဒါလေးရဲ့ အားသာ ချက်ကလေး တစ်ခုက ကျွန်တော်တို့အတွက် အဆင်ပြေပါတယ် ... Internet Download Manager က Firefox မှာ အဆင်မပြေသူများအတွက် .... IDM အခက်အခဲရှိသူများအတွက် အဆင်ပြေပါတယ် .. ဘာလဲဆိုတော့ ကိုယ်က Video တွေ ဘာတွေ ကြည့်နေတယ် ဆိုရင် Browser ရဲ့ ထိပ်ဖက်နားလေးမှာ Media ဆိုတဲ့ ခလုပ်ကလေး က ခုန်ဆွ ခုန်ဆွလေး လုပ်နေပါတယ် ... ဒေါင်းမလား .. မဒေါင်းဘူးလားပေါ့ ... ဒေါင်းမယ် ဆိုရင်တော့ ခလုပ်ကလေး ကို နှိပ်လိုက်ရုံပါပဲ ... အဆင်ပြေ လွယ်ကူချက် ကတော့ ပြောမနေနဲ့ ... ပြီးရင် သူနဲ့ Torrent တွေကိုလည်း ဒေါင်းလို့ရပါတယ် ...  သူ့ရဲ့ ဒီဇိုင်း ကတော့ Chrome ရဲ့ UI နဲ့ ခပ်ဆင်ဆင်ပါ .. ဥပမာ Option တွေဘာတွေ ၀င်ပြီးတော့ ပြင်တာက အစပေါ့ ... Chrome နဲ့ တူတာ တစ်ချက်က မြန်မာဖောင့်ကို သွားပြီးတော့ ပြင်ပေးရတာပါပဲ .. ဒါကလည်း ကျွန်တော့် စက်မှာပါ .. တခြားစက်တွေ တော့မသိဘူးဗျ .. ပြီးတော့ သူလည်း သုံးရတာ ပေါ့ပါတယ် ... အဆင်ပြေမယ် ဆိုရင်တော့ သူ့ဆိုဒ် မှာ သွားဒေါင်းလိုက်တော့နော် ..သူ့ရဲ့ ဆိုဒ်ကတော့ အောက်မှာ ပါ

http://www.torchbrowser.com/

အဲ့ဒီ့မှာ သွားမဒေါင်းတော့ဘူး ဒီကရှိတာပဲ ယူမယ်ဆိုရင်တော့ ... အောက်မှာ Offline Installer လေး Dropbox မှာ တင်ပေးထားပါတယ်ခင်ဗျာ .. Version ကတော့ ခုနောက်ဆုံး Version ပါပဲ ..

https://www.dropbox.com/s/jwoffzsdu6xora4/TorchSetupFull.exe

မြန်မာစာ မြင်ရဖို့အတွက်ကတော့ အောက်မှာ ရေးထားပါတယ် ....

ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...

 C:\Users\username\AppData\Local\Torch\User Data\Default\User StyleSheets

username ဆိုတာမှာတော့ ကိုယ့်ရဲ့ကွန်ပျူတာရဲ့  username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....

* , html, body, div,p {font-family:Zawgyi-One !important;}

အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Torch ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....

မောင်လုလင်

Posted on Saturday, July 13, 2013 by Unknown

No comments

10.7.13



အခု မိတ်ဆက်ပေးမဲ့ soft ကလေးကို ဖြစ်နိုင်ရင်တော့ ဒေါင်းထားကြစေချင်ပါတယ်.. အကယ်၍များ ကိုယ့် ဆီမှာများ တစုံတစ်ခု အမှား အယွင်း ဖြစ်ပြီးတော့ ကိုယ် ခွဲထားတဲ့ Partition များပျောက်သွားခဲ့ရင် ပေါ့နော် ... အဲ့ဒီ လိုမျိုး ပျောက်သွားခဲ့ရင် ပြန်ပြီး ရှာဖို့အတွက်ပါ ... တခြား Softwar တွေ စာအုပ်တွေ ဆိုတာက ပြန်ပြီးတော့ ဒေါင်းလုဒ် ချလို့ရပေမယ့် ဓါတ်ပုံ တွေ ကျတော့ ဒေါင်းလို့ မရ ရိုက်ရအောင်လည်း အဆင်မပြေ ဖြစ်သွားရင် နှမြောစရာပါ ... " ဓာတ်ပုံများသည် သင့်ဘဝရဲ့ ပြန်လည် ရယူရန် ခက်ခဲသော သမိုင်းမှတ်တမ်း ဖြစ်သည်... " တဲ့ .. အဲဒါကြောင့် မလို့ ကိုယ် ရဲ့ ဘ၀ အမှတ်တရတွေ ဟာ ဓါတ်ပုံတွေ ထဲမှာ ပြန်ပြီး တော့ ရှာဖွေနိုင်ပါတယ် ... ကျွန်တော်လည်း ခု အစ်ကို တစ်ယောက်ရဲ့ ကွန် မှာ System Restore လုပ်လိုက်တဲ့ အချိန်မှာ ခွဲထားတဲ့ Partition တွေက အကုန် ပျောက်ကုန်ပါတယ် ... ပျောက်တာမှ သူ့ရဲ့ Drive letter ပျောက်ရုံလဲ မဟုတ် .. Registry ထဲကနေပြီးတော့ ၀င်ပြင်လို့လည်းမရ .. Device Management မှာသွားကြည့်ပြန်တော့လည်း Drive တွေက အကုန်လုံး ပေါင်းပြီးတော့ ပြနေတယ် ... သွားပြီလို့ ... ဓါတ်ပုံတွေကို တော့ Recovery လုပ်လိုက်တော့ ဆိုပြီး စိတ် ကို ဒုံးဒုံးချခိုင်းလိုက်ပါတယ် .. အဲ့ဒီ့မှာ သွားစဉ်းစားမိတာက Partition Recovery တခုခု တော့ ရှိရမယ် ဆိုပြီး တွေးမိပါတယ် .. အဲ့ဒါနဲ့ ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး လိုက်ရှာရင်း အခု ဟာလေး ရပါတယ် ... free version ဆိုရင် အဆင်မပြေလို့ .. Pro ကို ရှာကြည့်လိုက်ပါတယ် ... အဆင်ပြေတာနဲ့ Run ပြီး စမ်းကြည့်လိုက်တော့ ပိုပြီးတော့ အဆင်ပြေသွားပါတယ် .. ပျောက်သွားတဲ့ Partition တွေ အကုန်လုံးက မူရင်း မပျက်ကလေး ပြန်ရလာပါတယ် ... ဒါကြောင့် ကိုယ့်ဆီမှာလည်း ဖြစ်ခဲ့သည် ရှိသော် ဒီကောင်လေးက ကူညီနိုင်အောင် လို့ ဒေါင်း ထားသင့်တယ်လို့ အကြံပေးရခြင်း ဖြစ်ပါတယ်ခင်ဗျာ ... ပြီးတော့ Partition မှ မဟုတ်ပါဘူး .. တခြား Data တွေများ ပျောက်သွားခဲ့ရင်လည်း ပြန်ရှာလို့ ရနိုင်ပါတယ် ... စမ်းသပ်ပြီးတော့ သုံးကြည့်ပါ ... Crack ပါတဲ့ အတွက်ကြောင့်မလို့ လုပ်ရမယ့်နည်းလေး ရေးပေးထားပါတယ် .. ဘာမှတော့ မခက်ပါဘူး ... 

Download ကျလာတဲ့ rar ဖိုင်ကို ဖြည်လိုက်ပါ .. အဲ့ဒီ့ထဲမှာ Crack ဆိုတဲ့ ဖိုဒါလေး ရှိပါမယ် ... ပြီးရင် Partition Guru ကို Run လိုက်ပါ .. ပြီး Launch လုပ်မှာလားဆို မလုပ်ပါနဲ့ဦး .. စောစောက Crack ဆိုတဲ့ ဖိုဒါထဲက Partition Guru.exe ကို Copy လုပ်ပါ  .. ပြီးရင် C=> Program => Partition Guru ဆိုတာလေးထဲမှာ Paste လုပ်လိုက်ပါ ... အဲ့ဒါဆိုရင် အဆင်ပြေသွားပါပြီ .... 

ဒေါင်းရမယ့် လင့်ခ် ကတော့ အောက်မှာပါခင်ဗျာ ...

Download From Dropbox

 ပြီးတော့ ကျွန်တော် Dropbox သုံးပြီးတဲ့ အချိန်ကနေစလို့ တင်ထားတဲ့ Software တွေကို လိုချင်ရင်တော့ အောက်က လင့်ခ် မှာ ယူနိုင်ပါတယ် ... ကျွန်တော် Share ထားပါတယ် .. လိုအပ်တာ လေး တွေ ကို ယူပေါ့နော ... 

Share SOft


အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Wednesday, July 10, 2013 by Unknown

No comments

26.6.13


ပေါ်ပေါ်သမျှ video chat တွေ ထဲမှာ တော်တော်များများကတော့ သူ့ဟာနဲ့သူ Record လုပ်လို့ရတယ်ဗျ ... ဒါပေမယ့် နာမည်ကြီး တဲ့ Skype မှာ ကျတော့ ဓါတ်ပုံသာ ရိုက်လို့ရတယ် .. Record လုပ်လို့မရဘူး ... အဲဒါနဲ့ Skype မှာ Record လုပ်လို့ရမယ့် ဟာလေး လိုက်ရှာကြည့်လိုက်တော့ တွေ့ပါတယ် .. free က နည်းတယ် ... ပြီး license ကလည်း မလွယ်ဘူး .. ရှာရင်းရှာရင်း ဒီဟာလေးကို တွေ့လိုက်ပါတယ် ... အဆင်လည်းပြေပါတယ် ... ကိုယ့်ရဲ့ အိမ်နဲ့စကားပြောတာကိုပဲ ဖြစ်ဖြစ် .. ကိုယ့်ရဲ့ ချစ်သူ နဲ့စကား ပြောတာကို ပဲ ဖြစ်ဖြစ် Record လုပ်ထားပြီး နောက်တချိန်မှာ အလွမ်းပြေ ပြန်ကြည့်ဖို့ ပဲ ဖြစ်ဖြစ် လိုအပ်မယ်လို့ထင်ပါတယ် ... :) ဒါပေမယ့် သူတပါး ကို ချောက်ချ ဖို့ အတွက်နဲ့တော့ မသုံးကြပါနဲ့လို့ လည်း တောင်းဆိုပါတယ် ... အခု Supertintin ကို Run ပြီးသွားရင် Update လုပ်ခိုင်းရင် မလုပ်ပါနဲ့ခင်ဗျာ .. Run ပြီးတာနဲ့ Activate ဆိုတာလေးကို ပဲ နှိပ်ပြီးတော့ Active ဖြစ်အောင်လုပ်လိုက်ပါ ... ပြီးရင်တော့ မိမိ လိုချင်သလောက် ကို Record လုပ်လို့ရပြီ ဖြစ်ပါကြောင်း .... လိုချင်သူများအနေနဲ့ အောက်မှာ ယူလို့ရပါတယ်ခင်ဗျာ ...

https://www.dropbox.com


 အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Wednesday, June 26, 2013 by Unknown

No comments

13.6.13


IDM ရဲ့ အခု ချိန်ထိ နောက်ဆုံး Lastest ပါ ... ကျွန်တော် တွေ့နေတာ 6.16 တွေကို တွေ့နေလို့ အဲ့ဒါနဲ့ သေချာလားဆိုပြီးတော့ သူ့ရဲ့ ဆိုဒ်မှာ News ကိုသွားပြီးကြည့်လိုက်တော့ 6.15 build 15 ကနောက်ဆုံးဖြစ်နေတာတွေ့ပါတယ် ... အဲ့ဒါနဲ့ကျွန်တော် ရှာပြီးတော့ ပဲ တင်ပေးလိုက်ပါတယ်ခင်ဗျာ ..ပြီးတော့ ကျွန်တော်အရင်က တင်ပေးထားတဲ့ IDM လင့်ခ် ကလည်း အလုပ်မလုပ်ဘူးဖြစ်နေပါတယ် .. အဲ့ဒါကြောင့်မလို့ အသစ်ကိုပဲ တင်ပေးလိုက်ပါတယ် .. Patch ဖြည်နည်းကတော့ IDM နဲ့တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်ကြတာမို့ အဆင်ပြေမယ်ထင်ပါတယ် ... အထဲမှာလည်း ရေးထားပါတယ်ခင်ဗျာ ... လိုအပ်သူများ အနေနဲ့တော့ အောက်ကလင့်ခ် ကလေးမှာ ယူနိုင်ပါတယ် ....

Internet Download Manager 6.15 build 15 (Dropbox)

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

Posted on Thursday, June 13, 2013 by Unknown

No comments

7.6.13



မြန်မာကျူတိုရီယယ် က သဘောကျတဲ့ပိုစ့်လေးကို ပြန်ရှယ်ခြင်းဖြစ်ပါတယ်ခင်ဗျာ ...ပိုစ့် ရေးသူ  ကို ခွင့်မတောင်းပဲ ရှယ်မိလို့လည်း  တောင်းပန်ပါတယ် .. ခွင့်လွှတ်ပါ ခင်ဗျာ ... စာဖတ်သူများ အနေနဲ့လည်း ဖတ်စေချင်ပါတယ် ....

ကျွန်တော်လည်း အလုပ်တွေ အရမ်းများနေတာနဲ့ စာမရေးဖြစ်တာ mmtuts လည်း ခြောက်ကပ်ကပ်ဖြစ်နေပြီ။ အဲဒီလို ဖြစ်နေရင် စိတ်ထဲမှာ နေလို့ မကောင်းဘူး။ ဒါနဲ့ တစ်ခုခုတော့ မဖြစ်ဖြစ်အောင် ရေးမယ်ဆိုပြီး ဟိုးတစ်နေ့က အဖြစ်အပျက်လေး တစ်ခု ခေါင်းထဲမှာ ရှိနေတာနဲ့ အဲဒီ အကြောင်းပဲ ချရေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်လောက်က သူငယ်ချင်းတစ်ယောက် ကွန်ပျူတာတစ်လုံး ဝယ်လာပါတယ်။ ကျွန်တော့်ဆီ ကွန်ပျူတာတွေ အစုံလိုက် မလာပြီး ဘာ Software တွေလိုဦးမလဲ၊ သူ့သားတွေ သူ့သမီးတွေ သုံးဖို့အတွက် ဘာတွေ ထည့်ပေးရဦးမလဲလို့ မေးပါတယ်။ အဲဒီတော့ ကျွန်တော်လည်း စက်ကိုဖွင့်ကြည့်ပြီး Software တွေကို စစ်ကြည့်ပါတယ်။ အဲဒီမှာ တော်တော်လေးကို စုံလင်အောင် ထည့်ပေးထားတာ တွေ့ရပါတယ်။ မြန်မာစာဖောင့်တွေလည်း အစုံပါပဲ။ ကျွန်​တော် တစ်ခုသတိထားမိတာက ကျန်တဲ့ မြန်မာစာဖောင့်တွေက ရောင်းတာလား အလကားပေးတာလား မသိပေမယ့် Win Myanmar စနစ်က ဖောင့်တွေကတော့ CD နဲ့ရောင်းတာ ဖြစ်တယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ အဲဒီမှာ အခန့်သင့် ပါနေပါတယ်။ အဲဒါနဲ့ ကျွန်တော်လဲ သူငယ်ချင်းကို မင်း အဲဒီ မြန်မာဖောင့်တွေက ဝယ်ပြီးထည့်ထားတာလား ဆိုတော့ သူက တအံ့တဩနဲ့ ဟ အဲဒါတွေက ဝယ်ရတာလား၊ ဆိုင်က ထည့်ပေးလိုက်တာလေကွာလို့ ပြောပါတယ်။ သူ့ကြည့်ရတာတော့ ဝယ်ရတဲ့ဟာမှန်း သိကို သိပုံမရပါဘူး။ ဟာကွာ မင်းကလဲ CD ရောင်းတဲ့ဆိုင်မှာတို့ တစ်ချို့ ကွန်ပျူတာရောင်းတဲ့ ဆိုင်တွေမှာ ရောင်းနေတာ မတွေ့ဘူးလားကွာဆိုတော့ ငါက ကွန်ပျူတာ သမားမှ မဟုတ်တာ ဘယ်သိမှာလဲတဲ့။ သူပြောတာလဲ ဟုတ်တုတ်တုတ်၊ သူ ဘယ်သိမှာလဲ။ ဒီတော့ သူမသိတာ အပြစ်လား၊ အလကား ထည့်ပေးလိုက်တဲ့ ကွန်ပျူတာဆိုင်က အပြစ်လား။

တကယ်တော့ သူငယ်ချင်းကို မပြောဖြစ်လိုက်တာတွေ ရှိပါသေးတယ်။ ကျွန်တော်မေးဖြစ်လိုက်တာက တစ်ခွေမှ မြန်မာငွေ ၁၅၀ဝ/၂၀ဝ၀ ခန့်သာ ရှိတဲ့ Font CD ပါ။ တစ်ခြား Windows OS တို့ Photoshop တို့ စသည်ဖြင့် အလကား ထည့်ပေးလိုက်တဲ့ Software တွေရဲ့ တန်ဖိုးကိုသာ တွက်ပြလိုက်ရင် သူငယ်ချင်း အော်ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောလိုတာက သူငယ်ချင်းလို နည်းပညာနဲ့ မရင်းနှီးတဲ့သူတွေက သူ့သားသမီးတွေကို ကွန်ပျူတာ ဝယ်ပေးတယ်။ အဲဒီမှာ အားလုံးက အလကားရနေတယ်လို့ ထင်နေကြရင် မခက်ပါလားဆိုတဲ့ အတွေးပါ။ ကွန်ပျူတာဆိုင်က Neglect (လစ်လျူရှု) လုပ်ပြီးထည့်ပေးတယ်။ ဝယ်သွားတဲ့သူက Ignorance (မသိ) ဖြစ်ပြီး ယူသွားတယ်။ Ignorance ကနေ လက်ဆင့်ကမ်းရင် Ignorance ပဲ ကမ်းမှာ သေချာပါတယ်။ ဒီလိုဆို အကျိုးဆက်က ဘာတွေ ဖြစ်လာမလဲ၊ နည်းပညာကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေ ပျက်လာပါမယ်။ နည်းပညာဆိုတာ အိုင်ဒီယာ ထုတ်ကုန်ပါ။ ပညာထုတ်ကုန်ပါ။ အဲဒီတော့ အိုင်ဒီယာကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေ ပျက်လာမယ်။ ပညာကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်တွေ ပျက်လာမှာပါ။ အဲဒီလိုသာ သွားနေလို့ကတော့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ နည်းပညာလောကလည်း ခိုးကူးတွေ နှိပ်စက်လို့ ပျက်သလို ပျက်ကုန်မှာ သေချာပါတယ်။

သူငယ်ချင်းက​တော့ စိတ်ဝင်တစားရှိတာနဲ့ Win Myanmar စနစ်က ကိုဇော်ထွဋ်နဲ့ ပတ်သက်ရင် လေ့လာထားတာတွေ ရှိနေတဲ့အတွက် သူ့ကို ပြောပြဖြစ်ပါတယ်။ အဲဒီ Win Myanmar စနစ်ဆိုတာ မြန်မာ့ ကွန်ပျူတာ လောကမှာ Windows စနစ်အပေါ်မှာ ပထမဦးဆုံး မြန်မာစာစနစ်ကို ရအောင် စွမ်းဆောင်ပေးတဲ့သူ ဖြစ်ကြောင်း သူ နေ့မအိပ် ညမအိပ် ကြိုးစားခဲ့လို့ ခုလို ကွန်ပျူတာသုံး ပုံနှိပ်စနစ်ကို ကူးပြောင်းနိုင်ခဲ့တာ ဖြစ်ကြောင်း ပြောဖြစ်ပါတယ်။ သူငယ်ချင်းကလဲ စိတ်ဝင်စားလားပြီး မေးပါတယ်။ ဟာ ဒါဆို အဲဒီ ဖောင့်တွေ ရောင်းရတာနဲ့ ကိုဇော်ထွဋ်တို့ အရမ်းချမ်းသာ နေလောက်ပြီပေါ့တဲ့။ ကျွန်တော်လဲ ဘာပြန်ပြောရမှန်း မသိ၊ ကိုဇော်ထွဋ်ကိုသာ ပြေးပြီး မေးလိုက်ချင်မိတော့တယ်။ ဒါပေမယ့် ပြောဖြစ်လိုက်တာကတော့ မြန်မာပြည်မှာ Win Myanmar စနစ်သုံးသမျှ ကွန်ပျူတာတိုင်း ကိုဇော်ထွဋ် ပိုက်ဆံရမယ်ဆိုရင် မြန်မာပြည်မှာ ပထမဦးဆုံး နည်းပညာ သူဌေးက ကိုဇော်ထွဋ် ဖြစ်လာမယ်လို့ ထင်တယ်လို့။

ကျွန်တော်တို့တွေ မုန့်လုံးစက္ကူကပ် ဂျာအေးသူ့ အမေရိုက် တိုင်ပတ်နေတဲ့ ဘဝက တက်ကို မတက်လာတာ နှစ်တွေကြာနေပါပြီ။ မရှိလို့ မလှူ၊ မလှူလို့ မရှိဆိုသလို မတတ်နိုင်လို့ မဝယ်ရာကနေ တတ်နိုင်ရဲ့သားနဲ့ မဝယ်တဲ့ အဆင့်ကို ရောက်၊ နောက်တော့ ဝယ်ရမှန်း မသိတဲ့ အဆင့်ကို ရောက်နေပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီတော့ မဝယ်လို့ မတိုးတက်၊ မတိုးတက်လို့ မဝယ်ဆိုတဲ့ သံသရာလည်ပါတော့တယ်။ ကျွန်တော့် သူငယ်ချင်းလို လူတွေ ဘယ်နှစ်ယောက် ရှိနေပြီလဲ။ အဲဒီလိုလူတွေက လက်ဆင့်ကမ်းလိုက်တဲ့ ကလေးတွေမှာ ဘယ်လို အသိတွေ သိသွားမလဲ။ သေချာတာကတော့ Ignorance ပါပဲ။ သိကို မသိတာပါ။ ပေးရမှန်း မသိ၊ ဘယ်လောက် တန်းဖိုးရှိမှန်း မသိ။ သူတို့အတွက် ရပိုင်ခွင့်လို့ကို ထင်လာမှာပါ။

အဲဒီလို Ignorance ဆိုတဲ့ အဆင့်ကို ရောက်နေတဲ့အခါမှာ Educate လုပ်မယ်ဆိုရင် ဘယ်လောက်ခက်တယ်ဆိုတာ လူတိုင်းသိမှာပါ။ ပထမ သိအောင်လုပ်ရပါမယ်။ Knowledge အဆင့်ကို ရောက်အောင် လုပ်ရပါမယ်။ အဲဒီလို သိပြီဆိုတာတောင် Neglect (လစ်လျူရှု) ရဲ့ ဒါဏ်ကို အလူးအလဲခံရပါဦးမယ်။ ဒါကလဲရှင်းပါတယ်။ အလကားရတယ်လို့ ထင်ထားတာကို ပိုက်ဆံသွားတောင်းတော့ မင်းက ဘာကောင်မို့ လာတောင်းတာလဲဆိုပြီး ထင်မှာ ထုံးစံပါပဲ။ အဲဒီလို Neglect ဆိုတာကို ဥပဒေတွေ ထုတ်ပြီး တားဆီးမယ်ဆိုရင်တောင် ခု သီချင်းခွေတွေလို ဖြစ်နေမှာပါ။ ဖမ်းမယ်ဟေ့ဆို သိမ်းထား၊ ပြီးတာနဲ့ ပြန်ရောင်း သံသရာ ပြန်လည်မှာပါ။

ကျွန်တော့်အမြင်အရတော့ Ignorance ဆိုတာကို တိုက်ဖျက်နိုင်ဖို့ သိအောင်လုပ်တဲ့ အပိုင်းမှာတောင် ကျွန်တော်တို့ အရမ်းကို အားနည်း နေပါသေးတယ်။ မဝယ်နိုင်လို့ ခိုးသုံးတာကို နည်းနည်း ခွင့်လွတ်လို့ရပေမယ့်၊ ဝယ်နိုင်ရဲ့သားနဲ့ ခိုးသုံးတာ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အဲဒီထက်ဆိုးတာက ခိုးသုံးထားတာကို မသိတဲ့သူတွေကို ပြန်ဖြန့်ဝေတာ ပိုးဆိုးပါတယ်။ Neglect ကနေ Ignorance ဆီကို ကူးသွားစေပါတယ်။ အနည်းဆုံး ၁၅၀ဝ ပဲရှိပါတယ်။ ဝယ်ပါဆိုရင်တော့ Customer က ဝယ်မှာ သေချာနေတာကို မဝယ်ခိုင်းပဲ အလွယ် ထည့်ပေးလိုက်တာ မီးခိုးကြွက်လျောက် ထိခိုက်မှုတွေ များစေပါတယ်။

ကျွန်တော် နိုင်ငံခြားက သူငယ်ချင်း တစ်ယောက်နဲ့ ပြောဖြစ်တာရှိပါသေးတယ်။ မြန်မာပြည်မှာ Android Apps Store လို ထောင်လို့ မဖြစ်နိုင်ဘူးလားလို့။ စိတ်ကူးယဉ်ဆန်တယ်ပဲ ပြောပြော၊ ချက်ချင်းလုပ် ချက်ချင်း ဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါပေမယ့် တကယ်တန်း လုပ်မယ်ဆိုရင် အားလုံး ခိုးကူးသွားကြမှာပေါ့ ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘာမှဆက်ပြောလို့ မရတော့ပါဘူး။ ယိုးဒယားမှာ ရှိတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်တော့ မင်းတို့ဆီမှာ ခိုးကူးတွေ မရှိဘူးလားဆိုတော့။ ရှိတာပေါ့တဲ့။ ဒါပေမယ့် သူသိသလောက် တော်တော်များများက အမှန်အကန်ပဲ သုံးကြတယ်တဲ့။ ဒါကလဲ လာဖမ်းမှာ ကြောက်လို့ မဟုတ်ဘူးတဲ့။ ခိုးတာကြီးကို သိသိကြီးနဲ့ သုံးနေတော့ သူခိုးတွေလို မလုံဘူးတဲ့ အဲဒါနဲ့ ခိုးသုံးတောင် လူမသိအောင် သုံးကြတာကြောင့် ဖြစ်မယ်လို့ မှတ်ချက်ပေးပါတယ်။ ကျွန်တော်တို့ကော သူတို့လို ရှက်တတ်ပြီလား။ ကျွန်တော့်အထင်တော့ ရှက်ဖို့နေနေသာသာ ရှက်စရာလို့တောင် မထင်သေးပါဘူး။

တစ်ဖက်က ကြည့်ပြန်တော့လဲ သူငယ်ချင်း အပြောနဲ့ ပြောရရင် မင်းပြောမှ ငါက သိရတာလေကွာ၊ အဲဒီလိုမှန်းသိရင် ငါ ပိုက်ဆံပေးဝယ်တာပေါ့။ ဘယ်လောက်မှလဲ ကုန်တာမဟုတ်ပဲ။ နောက် သူတို့ခင်ဗျာ၊ အများကြီးကြိုးစားခဲ့ရတာ ကြိုးစားသလောက် ထိုက်တန်တာတော့ ပြန်ရသင့်တယ်ဆိုတာ ငါလက်ခံပါတယ်တဲ့။ ကဲ မိတ်ဆွေ။ သူတို့လို လူတွေကို သိအောင် သင်တို့ ဘာကြောင့် မလုပ်ကြပါသလဲ။ သိအောင် လုပ်ဖို့ဆိုတဲ့ နေရာမှာ အွန်လိုင်း၊ စာနယ်ဇင်း၊ ပညာရှင်ပေါင်းစုံ၊ ကွန်ပျူတာနယ်ပယ်က Celebrities ပေါင်းစုံက တတွတ်တွတ်ပြောနေမှ တန်ကာကျမှာပါ။ ခုချိန်မှာ လေ့လာမိသလောက် ဘယ်သူမှ မပြောကြပါဘူး။ ကျွန်တော်တို့ ပြောရင် ကျွန်တော်တို့ လူမိုက်ဖြစ်မယ့် သဘောရှိပါတယ်။ ကျွန်တော် MYiD Group ဆိုတဲ့ လူငယ်တွေ အွန်လိုင်းမှာ စုပြီး နည်းပညာ အကြောင်းတွေ ပြောကြ လှူကြနဲ့ အင်မတန် ပျော်စရာကောင်းတဲ့ အဖွဲ့လေးနဲ့ သူတို့ဆီက အက်ဒမင်တွေနဲ့ ခင်ပါတယ်။ သူတို့တွေက အစပိုင်းမှာ vBulletin ကို ခိုးထားတဲ့ဟာ သုံးပါတယ်။ ကျွန်တော်က ခိုးထားတာ မသုံးစေချင်ကြောင်း အကြံပေးတော့ နောက်ပိုင်းမှာ ဝယ်သုံးလိုက်ပါတယ်။ အဲဒီလို ဝယ်သုံးလိုက်တော့ သူတို့ရဲ့ Technical Forum တွေကို ဝင်ခွင့်ရ ပြောရေးဆိုခွင့်ရတဲ့ အတော်လေးကို ဟန်ကျသွားပါတယ်။ နောက် အဲဒီလို ဝယ်သုံးထားတဲ့အတွက် ခပ်မာမာပဲ ဟေ့ မင်းတို့က ငါ့ကို မဖြေရှင်းပေးဘူးလား။ ခုချက်ချင်း ဖြေရှင်းပေးဆိုတာမျိုးတောင် သွားလုပ်လို့ ရလာပါတယ်။

ကျွန်တော့် အတွေ့အကြုံတစ်ခု ပြောပြပါ့မယ်။ ကျွန်တော့် mmtuts အတွက် iPad, iPhone မှာ ရဖို့အတွက် WP Touch Pro ဆိုတဲ့ Plugin တစ်ခု ဝယ်လိုက်ပါတယ်။ နောက် မြန်မာစာ မြင်ရဖို့ ကိုစေတန့်ရဲ့ ကျေးဇူးနဲ့ မြန်မာစာ မြင်ရအောင် လုပ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်က ဝယ်ထားတာဆိုတော့ သူတို့ Technical Support Team မှာ သွားအော်ပါတယ်။ အဲဒီမှာ Support ပေးတဲ့ သူတစ်ယောက်ရဲ့ အပြောကို ပြန်ဖောက်သည် ချရမယ်ဆိုရင် သူ့အနေနဲ့ Myanmar(Burma) က ဝယ်သုံးတာဆိုတော့ အံ့ဩမိကြောင်း၊ သူတို့ဆီမှာ တစ်ခုတည်းသော မြန်မာနိုင်ငံက ဝယ်တဲ့သူ ဖြစ်ကြောင်း၊ အဲဒီအတွက် မြန်မာဖောင့်ကို မြင်ရအောင် လုပ်ပေးဖို့ ကျွမ်းကျင် ပညာရှင် မရှိကြောင်း အဲဒီအတွက် ဝမ်းနည်းပါကြောင်းဆိုပြီး Message ပို့လာပါတယ်။ ကျွန်တော်ကတော့ စိတ်ထဲမှာ ကြိတ်ပြီး ဝမ်းသာနေပါတယ်။ ငါတို့ မြန်မာတွေလဲ ဝယ်သုံးတယ်ဆိုတာ သူသိသွားပြီဆိုပြီးတော့ပါ။ အဲဒီလိုသာ ဝယ်သုံးလာတာ များလာရင် ကျွန်​တော်တို့ဆီမှာ ဈေးကွက်ဆိုတာ ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။ iPhone Apps တွေ တစ်ထောင်လောက် ပေးရတာ ဘယ်သူမဆို ဈေးကွက်ထဲမှာ ဝယ်သုံးနိုင်လာပါမယ်။ အဲဒီလို အွန်လိုင်း ဈေးကွက်ကြီးလာရင် ကိုယ့်နိုင်ငံကလူတွေလဲ ဝင်ကျဲလို့ ရလာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ခုတော့ Global မပြောနဲ့ Local မှာတော့ ခပ်မှိန်မှိန် ဖြစ်နေရပါတယ်။

လွန်ခဲ့တဲ့ TED@Youth ပွဲတစ်ပွဲမှာ ကိုငွေထွန်းပြောသွားတာ မှတ်မိပါသေးတယ်။ ၂၀၁၃ မှာ ကျွန်တော်တို့ နိုင်ငံအတွက် WIPO က အသက်ဝင်တော့မှာ ဖြစ်ကြောင်း အဲဒီအချိန်ကျ ခိုးထားသမျှ အကုန် တိုင်ပတ်တော့မှာ ဖြစ်ကြောင်း ပြောသွားတာပါ။ ၂၀၁၃ ဆိုတာ ဘာမှကို မလိုတော့တာပါ။ ကျွန်တော်အထင် ၂၀ဝ၆ ခုနှစ်က အသက်ဝင်မယ်ပြောပြီး ရွေ့လိုက်တာ ၂၀၁၃ ဆိုတော့ ဒီတစ်ခါတော့ ထပ်ရွေ့မယ် မထင်တော့ပါဘူး။ ဒီလိုပဲ အီးရော အီးရောနဲ့ ဖြစ်လာလိုက်တာ ၂၀၁၁ ရောက်လို့ ၂၀၁၃ နားကပ်တော့မယ်။ ဘာမှ ထူးခြား မလာသေးပါဘူး။ ၂၀၁၂ မှာ ကမ္ဘာကြီး ပျက်မှာပဲ ဒီတော့ မထူးပါဘူးဆိုပြီး ဆက်သုံးနေကြသလားမသိ။ အဲဒီလိုသာ ဆက်သွားနေလို့ကတော့ WIPO လည်း WACO (We All Copy Only) ဖြစ်သွာမှာ သေချာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အိုင်ဒီယာကို တန်ဖိုးမထား၊ တစ်ယောက်နဲ့ တစ်ယောက် အိုင်ဒီယာကို မလေးစား၊ Credit မပေး ခိုးယူ၊ ခိုးထားတာတွေကို ပြန်ဖြန့်၊ ဒီတော့ ကျွန်တော့် မိတ်ဆွေကို ပြောလို ပြောရမယ်ဆိုရင် သူငယ်ချင်း မင်းအလကားရတာ သေချာလို့လားလို့ ပြောရုံမှတပါး အခြား မရှိနိုင်တော့ပေ။

(မှတ်ချက် – ကျွန်တော်ကိုယ်တိုင်ပင် အမူအကျင့်တွေ အများကြီး ပြင်ရဦးမည် ဖြစ်ပါသည်။ မင်းဒါတွေ ရေးနေတာ မင်းကရော ဘယ်လောက် သန့်စင်လို့လဲလို့ မေးလာရယ် ကျွန်တော် ၆၀% သန့်စင်ပါသည်ဟု ဖြေရပါလိမ့်မည်။ လွန်ခဲ့သည့် တစ်နှစ်က ဝ% ကနေ အခု ၆၀% ဆိုတော့ တော်တော်သန့်လာပြီဟု ဆိုနိုင်ပါသည်။ ဒါပေမယ့် ကျန်သည့် ၄၀% ကို သန့်စင်ရပါဦးမယ်။)

အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေ ..

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

credit to => http://www.myanmartutorials.com/articles/are-you-sure-it-can-get-free/

Posted on Friday, June 07, 2013 by Unknown

No comments


ခပ်ပေါ့ပေါ့ နဲ့ စွမ်းဆောင်ချက် ကောင်းတဲ့ Antivirus လေးပါ ... သူကတော့ Antivirus အာရှသားပါ .. :) အင်ဒိုနီးရှားက ထုတ်ပါတယ် ...  သူ့ ကို ဒေါင်းဖို့ကလည်း 800 kb နီးပါးပဲ ရှိတာဆိုတော့ ဒေါင်းရတာ လည်း အဆင်ပြေမယ် ထင်ပါတယ် ... အသုံးပြုဖို့အတွက် User Interface ကလည်း လွယ်ပါတယ် ....  လိုချင်သူများအတွက် အောက်မှာ ယူလိုက်ပါ ... ပြီးတော့ Serial Key  ၃ ခုလည်းပါပါတယ် ...

https://www.dropbox.com/s/cz0l9md28qxm4xm/smadav.rar

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်..
မောင်လုလင်

Posted on Friday, June 07, 2013 by Unknown

No comments

6.6.13


မင်္ဂလာပါ ... အခု ကျွန်တော် တင်ပေးထားတာကတော့ ကိုယ့်ရဲ့ စက်မှာ Driver တစ်ခုခု Update လိုနေတယ်  ဒါမှမဟုတ်  Driver တစ်ခုခု က Error တက်နေတယ် .. အဲ့ဒါ အတွက်လိုအပ်တဲ့ Software ကလည်း ရှာလို့မတွေ့ဘူးဆိုရင် ဒီ ကောင်လေးက အကူအညီပေးပါလိမ့်မယ် ... သုံးရတာလည်း သိပ်ပြီးတော့ မခက်ပါဘူး .. အင်တာနက် ကော်နက်ရှင်ကောင်းရင်တော့ ဒါကောင်လေး နဲ့ ဒေါင်းလိုက်ရင် အဆင်ပြေပါတယ် ....  ပြီး ကိုယ့်စက်မှာ Run ထားတဲ့ Driver တွေ Update ဖြစ်မဖြစ်ကိုပါ စစ်ကြည့်ချင်ရင် ရပါတယ် ... တခုတော့ ရှိပါတယ် .. ဒါက Cobra driver pack တို့ လို မဟုတ်တဲ့ အတွက် Size မများပါဘူး .. ဒါပေမယ့် အင်တာနက် ကော်နက်ရှင် ရှိမှ ပဲ အဆင်ပြေပါလိမ့်မယ် ... လိုချင်သောသူများအတွက် အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ ...  .. ဒါပေမယ့် Update တက်လာခဲ့တယ် ဆိုရင်တော့ မပေးမိပါစေနဲ့ ... အထဲမှာ Serial key နှစ်ခု ပါပါတယ်ခင်ဗျာ ... တကယ်လို့ Serial Key ကို Copy / Paste လုပ်လို့မရဘူးဆိုရင် အရင်ဆုံး Copy ကူးလိုက် ပါ .. ပြီးရင်အောက်မှာ Copy to clipboard ဆိုလား မသိဘူးဗျ ရေးထားတယ် အဲ့ဒါလေးကို ထောက်ပေးလိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် ... လိုချင်သူများ အတွက် အောက်မှာေ ဒါင်းလိုက်ပါခင်ဗျာ ... Connection ကောင်းရင်တော့ တော်တော် အဆင်ပြေတဲ့ Software လေးဖြစ်ပါတယ် ....

https://www.dropbox.com/s/wes0yf1puj5f61u/Uniblue%20DriverScanner.rar

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

Posted on Thursday, June 06, 2013 by Unknown

No comments

28.5.13



 ကျွန်တော် Antivirus နဲ့ ပတ်သတ်ပြီးတော့ တင်မပေးဖြစ်တာလဲ ကြာပါပြီ ... အခု က Antivirus မှာ နံပါတ် ၁ လို့ သတ်မှတ်ထားတဲ့ BitDefender  ကို တင်ပေးပါ့မယ် ... Window 8 အတွက်ပါ အဆင်ပြေပါတယ် ...  Antivirus လိုသူများအတွက် အဆင်ပြေအောင် လို့ ရှာပေးလိုက်ပါတယ် ခင်ဗျာ ... သူက နံပါတ် ၁ လို့ ပြောရင်လည်း ပြောရမယ် ဗျ .. ဘာလို့လည်း ဆိုတော့ သူ့အတွက် ကို System Requirement လည်းရှိသေးတယ် .. နည်းနည်း ကြီးကျယ်တယ်ပေါ့ ... အောက်က ပြောထားသလောက် System Requirement ကိုယ့်မှာ ရှိမှ သာ အဆင်ပြေပါမယ်တဲ့ .. အဲ့ဒီလောက်မှ မရှိဘူးဆိုရင်တော့ သိပ်ပြီး အဆင်မပြေပါဘူးတဲ့ ...  လိုအပ်တာကတော့

  • 800MB free space on the hard disk.
  • 800MHz processor, infact Intel Core 2 Duo (1.66 GHz) will be better.
  • 1GB of RAM or higher.
အဲ့ဒီ့လောက် လိုအပ်ပါတယ် ...  ပြီးရင် Activate လုပ်ဖို့အတွက် ကတော့ Internet လည်းလိုအပ်ပါတယ် ခင်ဗျာ ... အင်တာနက် မရှိရင်တော့ အဆင်မပြေပါဘူး ... အခု Antivirus ကို သွင်းမယ် ဆိုရင်တော့ အောက်က လင့်မှာ သွားယူလိုက်ပါ ... 

(32) bit အတွက်ဆိုရင် အောက်မှာပါ ...


(64) bit အတွက်ဆိုရင် အောက်မှာပါ 


အဲ့ဒါတွေကို Activate လုပ်ဖို့အတွက် ကိုတော့ အောက်မှာ ချပါ ....

https://www.dropbox.com/s/4uqc3nkh0jsa2oq/Bitdefender%20Cracker.rar

အပေါ်က ပြထားတာလေးတွေ ဒေါင်းပြီးသွားပြီဆိုရင်တော့ BitDefender ကို သွင်းလိုက်ပါမယ် ... သွင်းလိုက်ပြီးပြီဆိုရင် BitDefender အကောင့် ဖောက်လိုက်ပါ ...  တကယ်လို့ ကိုယ်က ရက် ၉၀ ပဲ သုံးချင်တယ် ဆိုရင်တော့ အောက်က Key လေးကို ထည့်လိုက်ပါခင်ဗျာ .... ဘယ်နေရာမှာ ထည့်ရမလဲဆိုရင်တော့ အောက်မှာ ကျွန်တော် အနီရောင်လေး နဲ့ပြထားပါတယ် ... အဲ့ဒါလေးကို နှိပ်လိုက်ပြီးရင် Licence key ထည့်ရမယ့် နေရာလေးမှာ ထည့်လိုက်ရင် 90 days left ဆိုပြီးတော့ ပေါ်လာပါလိမ့်မယ် ....  ကျွန်တော် ကတော့ Activate ဖြစ်အောင် လုပ်ထားပြီးတဲ့အတွက် 21550 ရက် ကျန်နေတာပဲ ဖြစ်ပါတယ် ...


(E52HEDV):90Days
(BYQP505):30Days

.





ဒီအောက်က ဟာကတော့ အကြာကြိးသုံးချင်တဲ့သူများအတွက်ပါ .... စောစောက ကျွန်တော် ပြောတဲ့ Crack လေးကို ဒေါင်းပြီးသွားရင် မဖြည်ပါနဲ့ဦး ... ပြီးရင် BitDefender ကို ပိတ်ထားလိုက်ပါ ...  ပိတ်တာကတော့ Setting =>> Antivirus =>> On access Scaning ရော အောက်က ဟာလေးကိုရော Off ထားလိုက်ပါ ...  ပိတ်ပြီးသွားရင်တော့ စက်ကို Safe Mode နဲ့ ၀င်ရပါမယ် ... ပုံမှန်ဆိုရင်တော့ စက်ကို Restart ချလိုက်ပါ ...ပြီးရင် ပြန်တက်လာတဲ့ အချိန်မှာ F8 ကို နှိပ်ထားလိုက်ပါ ... နှိပ်ထားပြီးရင် Safe Mode နဲ့ဝင်လိုက်ပါမယ် ....

ကျွန်တော် တင်ပေးထားတဲ့ BitDefender Cracker ဆိုတာလေးကို ဖြည်လိုက်ပါ 
ပြီးရင် အင်တာနက်ချိတ်လိုက်ပါ ... 
အဲ့ဒီ့ အထဲက Exe ဖိုင်လေးကို Right Click ထောက် ...
ပြီးရင် Run as administrator ဆိုပြီးတော့ Run လိုက်ပါ ...
Run ပြီးရင်တော့ Setting ဆိုတာလေးကို နှိပ်လိုက်ပါ ... 
အဲ့ဒီ့မှာ နှစ်ဘယ်လောက် လိုချင်သလဲ ကိုယ် လိုချင်သလောက်ထားလိုက်ပါ ... 
ထားပြီးရင်တော့ Save ဆိုပြီး နှိပ်လိုက်ပါ ..
ပြီးရင်တော့ Activate ဆိုတာလေးကို နှိပ်လိုက်ပါ ... 

နှိပ်လိုက်ရင် Successful ဆိုတာ လေး ပေါ်လာပါလိမ့်မယ် ခင်ဗျာ .... 

Safe Mode ကို အလွယ်တကူ ၀င်မရသော သူများအတွက်ကတော့ 
Window Key + R =>> msconfig => Boot option => Safe boot ကို အမှန်ခြစ်ခြစ်ပြီးရင် Restart ချလိုက်ပါ ... အဲ့ဒါဆို ပြန်တက်လာရင် Safe Mode ဖြစ်နေပါလိမ့်မယ် ...  လုပ်ပြီးသွားရင်တော့ စောစောက ခြစ်ထားတဲ့ အမှန်ခြစ်ကလေးကို ပြန်ဖျောက်ဖို့ မမေ့နဲ့ဦးနော် ...


အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ် ... အဆင်မပြေတာများရှိခဲ့ရင် Cbox မှာပြောခဲ့လိုက်ပါခင်ဗျာ ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

Posted on Tuesday, May 28, 2013 by Unknown

No comments

22.5.13


အခု တင်ပေးတဲ့ဟာလေးကတော့ Android ဖုန်းသုံးသူများအတွက်ဖြစ်ပါတယ် ... ကိုယ့်ရဲ့ကွန်ပျူတာကနေပြီး အင်တာနက်ကို  ဖုန်းမှာ သုံးချင်သောသူများအတွက်ပါ ... ပုံမှန်အားဖြင့်တော့ ဖုန်းက အင်တာနက်ကို ကွန်ပျူတာမှာသုံးတာများပါတယ် ... ကွန်ပျူတာ က အင်တာနက်ကို ဖုန်းမှာ သုံးမယ်ဆိုရင် Wifi  နဲ့ သုံးကြတာများပါတယ် ... ကိုယ့် ကွန်ပျူတာက Laptop ဆိုရင်ပေါ့လေ ... တကယ်လို့ Desktop ဆိုရင်ကျတော့ ပြန်လွှင့်ဖို့ အတွက် အဆင်မပြေတော့  အင်တာနက် သုံး ဖို့ အခက်အခဲ ဖြစ်လာပါတယ် ... အခု ကျွန်တော် တင်ပေးတဲ့ ဟာလေး နဲ့ဆိုရင် Desktop ကွန်ပျူတာကနေ  ဖုန်းကို  အင်တာနက်ချိတ်ပြီး သုံးဖို့ အတွက် အဆင်ပြေပါလိမ့်မယ် ခင်ဗျာ ... လိုတာကတော့ ဖုန်းနဲ့ ကွန်ပျူတာချိတ်ဖို့အတွက် USB  ရယ် ကိုယ့်ရဲ့ ဖုန်းမှာ USB Debugging ဆိုတာလေးမှာ အမှန်ခြစ်ထားပေးဖို့ရယ် ပြီးရင် ဖုန်းက Root လုပ်ပြီးသား ဖြစ်ဖို့လည်း  လိုပါတယ် ... ပြီးရင်တော့ အောက်ကလင့် ကလေးမှာပေးထားတဲ့ ReverseTethering v3.2 ကို ဒေါင်းလုဒ် ချလိုက်ပါခင်ဗျာ ...

Download

ဒေါင်းလုဒ် ချပြီးပြီဆိုရင်တော့ အဲ့ဒီ့ Zip ကို ဖြည်လိုက်ပါ .. ဖြည်ပြီးသွားရင်တော့ အထဲမှာပါတဲ့
Tracetool service.apk ဆိုတာကို Phone ထဲမှာ သွင်းလိုက်ပါ ... အိုကေ သွင်းပြီးသွားရင်တော့ ... စောစောက ဖြည်လိုက်တဲ့ အထဲမှာ AndroidTool ဆိုတာလေး ရှိပါတယ် .. အဲ့ဒါလေးကို Run လိုက်ပါ ...  ကိုယ့်ရဲ့ ဖုန်းကို တော့ ကွန်ပျူတာနဲ့ ချိတ်ထားရမှာနော် ... Run လိုက်ရင် အောက်က ပုံလေး ပေါ်လာပါလိမ့်မယ် ..
အဲ့ဒီ့မှာ ကိုယ့်ဖုန်းက ချိတ်ထားတယ်ဆိုရင် Select a device ဆိုတာမှာ ကိုယ့်ရဲ့ Phone  ( device ) ကို ပြပါလိမ့်မယ် ... အောက်က DNS ဆိုတာကတော့ ကိုယ့်ရဲ့ IP ကိုပြပါလိမ့်မယ် .. အဲ့လို ပြပြီဆိုရင် Connect ဆိုတာလေးကို နှိပ်လိုက်ပါ .. သူ့ဘာသာသူ Check လုပ်ပြီးတော့ ချိတ်ပေးပါလိမ့်မယ် ... အဲ့ဒီ့အချိန်မှာ ဖုန်းက SuperUser မှာ Box ကလေးတစ်ခု တက်လာပါလိမ့်မယ် .. အဲ့ဒါကို Yes လို့ပေးလိုက်ပါ ...  ပုံမှန် တော့ အဲ့လို မျိုး အဆင်ပြေပါတယ်ခင်ဗျာ ... အကယ်၍ အဆင်မပြေဘူးဆိုရင်တော့ Cbox မှာပြောပေးခဲ့ပါ ခင်ဗျာ .....

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်
software ref: facebook Moblie user group

Posted on Wednesday, May 22, 2013 by Unknown

No comments

15.5.13


Downloader တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ် ... IDM လိုပေါ့ ... အသုံးများတာတော့ IDM ပဲ အသုံးများ ပါတယ်.. ကျွန်တော် လည်း IDM သုံးရင်းနဲ့ FB က Video တွေကို ဒေါင်းလို့မရဘူးဖြစ်နေတာဗျ ...ကျွန်တော့်စိတ်ထင် တော့ Window 8 နဲ့ပဲ ကီးမကိုက်တာလားမသိ ..  တခါတလေ ကိုယ် ကြိုက်တာလေးတွေ ရှိရင် ဒေါင်းချင်ပေမယ့် ဒေါင်းလို့က မရဘူး ... ဒီနေ့ Facebook က group တစ်ခုမှာ အဲ့ဒါလေး ကို ပြောလို့ ကျွန်တော်လည်း စမ်းသုံးကြည့်မိတယ် .. အဆင်ပြေတယ်ဆိုပါတော့ ... Real Downloader ပါ .. ကျွန်တော့်လိုမျိုး အဆင်မပြေဖြစ်နေသူများ အဲ့ဒါလေးကို စမ်းသုံးကြည့်ပါလို့ အကြံပေးချင်ပါတယ်ခင်ဗျာ ... ဒေါင်းရမယ့်နေရာကိုတော့ သူ့ရဲ့ မူရင်းဆိုဒ်ကို ပဲ ညွှန်းလိုက်ပါတယ် ... Free ဆိုတော့ အဆင်ပြေမယ် ထင်ပါတယ် ... အောက်ကနေရာမှာသွားလိုက်ပါခင်ဗျာ...သူရဲ့ ဒေါင်းလုဒ် လုပ်ဖို့အတွက် ခလုပ်ကလေးကလည်း IDM ပေါ်တဲ့နေရာမှာပဲပေါ်ပါတယ် ....  စစဖွင့်ချင်းမှာမပေါ်သေးဘူးဗျ ... ပြီးတော့ ကိုယ်ချချင်တဲ့ Video ပေါ်ကို မောက်စ် ကလေး တင်လိုက်မှ အဲ့ဒီ့ ခလုပ် ကလေးပေါ်လာတာပါ ... စမ်းသုံးကြည့်ပါခင်ဗျာ ...

http://www.real.com/realdownloader



အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်

Posted on Wednesday, May 15, 2013 by Unknown

No comments

6.5.13


အရင်က ကျွန်တော် ဒီနေရာလေးမှာ တစ်နည်းနဲ့ ပြခဲ့ပါတယ် ... အဲ့ဒီ့ နည်းလေးကတော့ ကိုယ့်ရဲ့ ဆိုဒ်က ခေါင်းစဉ်ကလေးကိုပဲ ပြတာပါ ... အခု ဒီနည်းကတော့ ခေါင်းစဉ်အပြင် ကိုယ့်ရဲ့ Post က စာမြည်း အနေနဲ့ စာလုံးရေ ၂၅၀ ကိုပါ ပြပေးပါတယ် ... စာမြည်းဖတ်ပြီးတဲ့ အချိန် စိတ်ဝင်စားသွားပြီး ကိုယ့်ဆီ ကို ပိုပြီးတော့ ရောက်လာနိုင်တာပေါ့နော် ... ဒါကြောင့် ဒီနည်းလေးကို ရှာပြီးတော့ ပြပေးလိုက်တာပါ ... တချို့ တွေလည်း သိပြီးဖြစ်ပါလိမ့်မယ် .. FB fan page auto feed အတွက် ရှာနေသူများ အဆင်ပြေအောင်ပါ ... အရင်ဆုံး Fb မှာ အကောင့် ၀င်ထားလိုက်တာ ပိုပြီးတော့ အဆင်ပြေမယ် ထင်ပါတယ် ... ၀င်ပြီးသွားရင်တော့ အောက်က လင့်ခ် ကလေးကို နှိပ်လိုက်ပါ ....

https://apps.facebook.com/rssgraffiti/

နှိပ်လိုက်ရင် အောက်က စာမျက်နှာလေးကိုရောက်သွားပါလိမ့်မယ် ....


အဲဒီ့ စာမျက်နှာလေးကိုရောက်သွားပြီဆိုရင်တော့ ပြထားတဲ့ အတိုင်းလေး Add New Publishing Plan
ဆိုတာလေးကို နှိပ်လိုက်ပါ ... အဲ့ဒါဆိုရင် သူက နာမည်ထည့်ခိုင်းပါလိမ့်မယ် ... ကိုယ့် Blog ရဲ့ Url ကိုထည့်လိုက်လည်းရပါတယ် ... ထည့်လိုက်ရင် အောက်ကပုံလေးပေါ်လာပါလိမ့်မယ် ...


ပေါ်လာရင်တော့ အဲ့ဒီ့မှာ Add New ဆိုတာကို နှိပ်လိုက်ပါ ... နှိပ်လိုက်ရင် Box ကလေး တစ်ခု ပေါ်လာပါ လိမ့်မယ် ....

http://blogname.blogspot.com/feeds/posts/default?alt=rss 


အဲ့ဒီ့မှာ အပေါ်ကအတိုင်းလေး ထည့်လိုက်ပါ ...  Blogname ဆိုတာမှာတော့ကိုယ့်ရဲ့ Blog address ကို ထည့်လိုက်ပါ ... ပြီးရင် Add Source ဆိုတာကို ထည့်ပေးလိုက်ပါခင်ဗျာ .... ထည့်ပေးလိုက်ရင် အောက်က ပုံလေးနဲ့ပေါ်လာပါလိမ့်မယ် ...

အဲ့လိုပေါ်လာပြီဆိုရင် .. Feed Title ဆိုတာမှာ ကိုယ့် ရဲ့feed မှန်တယ်ဆိုရင် ကိုယ့်ဆိုဒ် နာမည် ပေါ်နေပါလိမ့်မယ် ....ပြီးရင် Update Frequency ဆိုတာမှာကတော့ As soon as possible ဆိုတာလေးကို ရွေးပေးလိုက်ပါ ..ပြီးရင်တော့ Save လုပ်လိုက်ပါ ... Maximum Posts per update ဆိုတာမှာကတော့ကိုယ့် က တခါ Update တင်တိုင်းမှာ ပိုစ့် ဘယ်နှခု တင်မလဲ ဆိုတာပါ ..ပထမဆုံး တင်တာမှာ ပြဿနာ ရှိမှာ မဟုတ်ပေမယ့် .. နောက်ပိုင်းကျရင် ပိုစ့်တွေက ထပ်သွားမှာပါ .... အဲ့ဒါကြောင့် 1 post ပဲ ထားတာ ကောင်းပါတယ် ....
အိုကေ .. အဲ့ဒါကတော့ ကိုယ့်ရဲ့ Blog ကနေပြီး feed ယူတာပြီးသွားပါပြီ ... ပြီးရင်တော့ ဘယ်ကို သွားပြီး တင်မှာလဲ ဆိုတဲ့ Target ကိုရွေးပါမယ် ....
Target ဖက်က add new ဆိုတာကို နှိပ်လိုက်ပါ ...
နှိပ်လိုက်ရင် အောက်က ပုံလေး ပေါ်လာပါလိမ့်မယ် ...
ပေါ်လာပြီဆိုရင်တော့ Choose Target မှာကိုယ့်ရဲ့ Page လေးကို ရွေးလိုက်ပါ ... ရွေးပြီးရင်တော့ Save Change ဆိုတာလေးကို နှိပ်လိုက်ပါ ... ဒါဆိုရင် တော့ ပြီးသွားပါပြီ ... ပြီးသွားပြီဆိုတာက ချိတ်လို့ ပြီးသွား ပြီ ကို ပြောတာပါ .... နောက် တစ်ဆင့်ကျန်သေးပါတယ် .... 


အပေါ်က ပုံလေးက လို ခလုပ် ကလေးကို Off ကနေပြီးတော့ On ကို ပြောင်းပြီးသွားပြီ ဆိုရင်တော့ တကယ်ပြီးသွားတာပါ ... ပြီးရင် ကိုယ့်ရဲ့ Blog မှာ Post တင်ကြည့်လိုက်ပါ ... ခဏ စောင့်ကြည့်လိုက်ပါ ...  တက်လာပါလိမ့်မယ် ခင်ဗျာ ...

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်

Posted on Monday, May 06, 2013 by Unknown

No comments


ကျွန်တော်တို့ အခု ခောတ်မှာ တော်တော်များများမှာ ဖုန်းတွေ ရှိလာပါပြီ .. ဖုန်းတွေရှိလာတော့ ကိုယ် သွားခဲ့လာခဲ့ တဲ့နေရာလေးတွေကို ဓါတ်ပုံရိုက်တာပဲ ဖြစ်ဖြစ် ၊ ဗွီဒီယို မှတ်တမ်းတင်တာပဲ ဖြစ်ဖြစ်ပေါ့ .. အမှတ်တရ လုပ်ခဲ့ကြတယ် .. ဒါပေမယ့် ကွန်ပျူတာထဲကို ပြန်ပြီးတော့ ထည့်တဲ့အချိန်မှာ ကိုယ်က အခြေအနေ အရ ပြောင်းပြန်ကိုင်မိပြီးတော့ ပြောင်းပြန်ကြီး ပြန်ကြည့်နေရတယ် .. အဲဒါကို ပြန်ပြီးတော့တည့် ချင်တယ် ဆိုရင် အသုံးပြုဖို့ အတွက်ပါ .. လိုလို မယ်မယ် ဒေါင်းပြီးတော့ထားလိုက်ပါ ... ကျွန်တော်ကတော့ ကိုယ့် ဆီမှာ ရှိထားသင့်တယ်လို့ ထင်ပါတယ် .. လိုတဲ့အချိန်မှာ တည့်လို့ရတာပေါ့ ...ပြီးတော့ Free ဆိုတော့ အဆင်လည်းပြေပါတယ် .. ဘာမှ မလိုပါဘူး .. ကိုယ် တည့်ချင်တဲ့ ဖိုင်ကိုထည့် .. ပြီးရင် အောက်မှာ မြှားလေး တွေ ရှိတယ် ... အဲ့ဒါကလေးတွေ နဲ့ လိုသလို တည့်လိုက် ... ပြီးရင် Save Video ဆိုတာကိုပေးလိုက်ရင် တည့်သွားပါတယ် ... Video ရဲ့ Quality လည်း ကျမသွားပါဘူး ... ဒေါင်းမယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါခင်ဗျာ ...

https://www.dropbox.com/

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်

Posted on Monday, May 06, 2013 by Unknown

1 comment