Gtalk မှာ သူတို့ ပေးထားတဲ့ အသံနဲ့ချည်းပဲ မချက် ချင်ဘူး .. တခြား ကိုယ် ကြိုက်တဲ့ သီချင်းကလေးကို ဖုန်းဝင်သံလုပ်မယ် ဒါမှမဟုတ် ဖုန်းခေါ်သံလုပ်မယ်ဆိုရင်တော့ ဒါကလေးက အဆင်ပြေပါတယ် .. လုပ်မယ်ဆိုရင်တော့ အရင်ဆုံးလုပ်ရမှာကတော့ resource hacker software ကို Download လုပ်ရမှာပါ..... အဲဒီ Software ကလေးက တော့ ဒီအောက်မှာပါ..

ifile.it

mediafire



အဲဒါကို အရင်ဆုံး down ပြီးပြီဆိုရင် Zip ကိုဖြေလိုက်ပါ.... ဖြေလိုက်ပြီးရင်တော့ အဲဒါကို ဖွင့်လိုက်ရင် အောက်က ပုံစံ အတိုင်း file ကလေးတွေကိုတွေ့ရပါ့မယ်... ပြီးရင် ပုံမှာအ၀ိုင်း ၀ိုင်းထားတဲ reshacker ဆိုတာကို ဖွင့်လိုက်ပါဦး...

ဖွင်ပြီးသွားရင် file ကနေ open ကိုသွားပါ .. အဲဒီကနေမှ ကိုယ်လုပ်မဲ့ Target ကိုရွေးရပါ့မယ်( Gtalk setup ".exe" ) ကလေးကို Desktop ပေါ်မှာတင်ထားရင်တော့ ပိုကောင်းပါတယ်.. Target ရွေးတဲ့အခါမှာ မြန်အောင်လို့ပါ။။။ ရွေးပြီးလို့ ဖွင့်လိုက်ရင် အောက်က ပုံစံလေးကိုမြင်ရပါလိမ့် မယ်...


အဲဒါ ပြီးရင် အသံ ကို စပြောင်းတော့မယ်ဆိုရင်တော့ WAVE ဆိုတာကိုနှိပ်လိုက်ပါ.... ( + ) ကလေးကိုထောက်ပါ .. အဲဒီမှာ 121
123
124
125
126
ဆိုတာကိုတွေ့ပါလိမ့်မယ်... *121* ဆိုတာက တော့ Gtalk မှာတခြားဆီက အသံဝင်ရင် တက်တဲ့ (တုန်) ဆိုတဲ့ အသံပါ...
အဲဒါကလေးကိုလဲ ပြောင်းလို့ ရပါတယ် .. ( အဲဒါကိုပြောင်းမယ်ဆိုရင် အသံကို အကြာကြီးထားလို့ မရပါဘူး ... ကြာမယ်ဆိုရင် အဲဒီ မြည်တဲ့ အသံကတော်တော်နဲ့ ပျောက်မှာ မဟုတ်ပါဘူး )
*125* ကတော့ ဖုန်းဝင်တဲ့ အသံပါ...
*126* ကတော့ ဖုန်းခေါ်တဲ့ အသံ ပါ...
*** သီချင်းဖိုင်တွေကိုထည့်မယ်ဆိုရင် File type က ".wave" type ဖြစ်ရပါမယ် .. wave ဖိုင်မဟုတ်ရင်မရပါဘူး...****

ပြောင်းပုံ ပြောင်းနည်းကတော့ အောက်က ပုံလေးတွေကိုကြည့်ပါ....



အဲဒီမှာ အ၀ိုင်းဝိုင်းထားတဲ့ နေရာလေးကို Right click ထောက်လိုက်ပါ ...

ပြီးရင် replace resource ဆိုတာကိုနှိပ်လိုက်ပါ.....

ပြီးရင် အ၀ိုင်းဝိုင်းထားတဲ့ နေရာကနေပြီးတော့ ကိုယ်ထည့်မယ့် သီချင်း ( . wave ) ဖိုင်ကိုရွေးပါ...ဖိုင် type ကမှန်တယ်ဆိုရင် အခုပုံအတိုင်းပေါ်ပါလိမ့်မယ်.. ပြီးရင်တော့ ကျွန်တော်ပြထားတဲ့အတိုင်းကလေး နံပါတ်တွေ ရိုက်လိုက်ပါ... အခုပြထားတဲ့ ပုံက တော့ ဖုန်းဝင်သံနေရာကိုပြောင်းတာပါ...(125) နေရာပါ...



အားလုံးကိုပြောင်းပြီးပြီဆိုရင်တော့ Replace ဆိုတာလေးကို နှိပ်လိုက်ပါ ... ဒါဆိုရင် ကိုယ်ရပါပြီ.. ကျန်တဲ့ နေရာတွေကိုလည်း ကိုယ်ကြိုက်တဲ့ အသံကလေးတွေ ထည့်လို့ ရပါတယ်...

****resource name *** မှာတော့ ကိုယ်က 123 မှာပြောင်းရင် 123 ဆိုပြီးတော့ ထည့်ပေးလိုက်ပါ ....121မှာပြောင်းရင် 121 ဆိုပြီးတော့ ထည့်ပေးလိုက်ပါ...

**Resource type ကလည်း WAVE ပဲထားရပါမယ်...
Resource language ကတော့ 0 ပဲ ထားရပါတယ်... *******

ပုံကလေးတွေကိုလည်း ပြောင်းလို့ ရပါတယ် ....
ဥပမာ .... စာရေးနေပါသည်.. လိုမျိုးပါ.. ကျွန်တော်သိသလောက်နံပါတ်ကလေးတွေ ရေးပေးလိုက်ပါတယ်

Bitmap က နံပါတ် 6051 က အဲဒီ ***စာရေးနေပါသည်**** ဆိုတဲ့ ပုံစံမျိုးပြောင်းတာပါ.. (*.bmp*) type ဖြစ်ရပါမယ်..

အားလုံး ကိုယ်ကြိုက်သလို ပြောင်းပြီးပြီဆိုရင်တော့ File ကနေပြီးတော့ Save ကိုနှိပ်လိုက်ပါ .. အဲဒါ Desktop ပေါ်မှာ save ရင်ပိုကောင်းပါတယ် .. ကိုယ်အရင်လုပ်တဲ့ file က အရင်က"gtalk,exe" ဆိုရင် အဲဒါ က "gtalk.original.exe" ဖြစ်သွားပါလိမ့်မယ်.. ကိုယ် save လိုက်တဲ့ ဟာကတော့ "gtalk.exe" ဆိုတဲ့ နာမည်ဖြစ်သွားမှာပါ ....ကျန်တဲ့ နေရာကလေးတွေကိုတော့ စမ်းကြည့်လိုက်ပါဦး .. အဲဒါကလေးနဲ့ အသံ တင်မဟုတ်ပါဘူး ကိုယ်သုံးမယ့် Gtalk ကို ပါ ပုံကလေးတွေနဲ့ အလှ ဆင်ကြည့်လို့ရပါတယ် .. ကိုယ့် ဘာသာ စမ်းပြီးတော့ရှာကြည့်ပြီး ကြိုက်သလို ပြောင်းလို့ရပါတယ် .. အဆင်ပြေပါစေဗျာ .. အဆင်မပြေတာကလေးတွေရှိရင်လည်း မန့်ပေးခဲ့ပါဦးခင်ဗျာ ...