Showing posts with label G talk. Show all posts
Showing posts with label G talk. Show all posts

24.3.13


အပေါ်က ပုံလေးကတော့ Window 8 မှာ Gtalk ရဲ့ ဖြစ်နေတဲ့ ပုံစံပါ ... ရိုက်နေတုန်းကတော့ အကောင်းပဲ ... ဒါပေမယ့် နောက် Box ထဲလဲ ရောက်သွားရော ကိုးယို့ကားယားနဲ့ ဖြစ်သွားရော ... တခါ ရိုက်လိုက် .. ဟိုဘက်ကနေပြီးတော့ ပြန်ရိုက်ရင် အဲ့လို ပဲ ပေါ်တော့ ကျတော့ တနေရာမှာ သွားပြီးတော့ ပြန်ကြည့်လိုက်နဲ့ အဆင်မပြေတော့ဘူး ... အဲ့ဒီ့တော့ ဖြေရှင်းနည်းကို ရှာရပါတော့တယ် ...
လွယ်လွယ်လေးပါပဲ ...

သွားရမယ့်နေရာက Internet Option ကိုသွားရမှာပါ ... ဘယ်လို သွားမလဲ ဆိုတော့ တခြားလိုမျိုးလဲ သွားလို့ရပါတယ် .. ဒါပေမယ့် အတိုဆုံး နည်းလမ်းလေး နဲ့ပဲ ပြပေးလိုက်ပါတယ် ...

ပထမဆုံး Window key+r ( run box ) ကို ခေါ်လိုက်ပါ ..
ပြီးရင် အဲ့ဒီ့မှာ inetcpl.cpl ဆိုပြီးတော့ ရိုက်လိုက်ပါ ...
ရိုက်လိုက်ရင် Internet Option ပေါ်လာပါလိမ့်မယ် ...
ပေါ်လာရင် အဲ့ဒီ့မှာ အပေါ်က tab တွေထဲက Advanced Tab ကို ရွေးလိုက်ပါ ...
ရွေးပြီးသွားရင် အောက်နားလေးမှာ Reset ဆိုတဲ့ Button လေးရှိတယ် ..
အဲ့ဒါလေးကို နှိပ်လိုက်ရင် အဆင်ပြေသွားပါပြီ ... ဒါက Gtalk အတွက်ပါ ...


Google Chrome အတွက် ..

တော်တော်များများကတော့ Firefox သုံးနေကြပါတယ် .. ဒါပေမယ့် တချို့ကျတော့ Firefox ထက် Chrome ကို ပိုပြီးတော့ သုံးကြတာလည်းတွေ့ပါတယ် .. စစသုံးချင်းမှာတော့ Chrome က ပိုပြီးတော့ သွက်တယ်လို့ ထင်တယ် .. ဒါပေမယ့် နောက်ပိုင်း သုံးရင်းနဲ့က နည်းနည်းချင်းစီ လေးလေး လာတယ်လို့ ထင်ရတယ် .. Chrome သုံးနေတဲ့သူတွေ လည်း အဆင်ပြေသွားအောင်လို့ တင်ပေးလိုက်ပါတယ် ....
သူကတော့ သွားရတာ နည်းနည်းလေး ရှည်တယ် ဗျ ...

ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...

 C:\Users\username\AppData\Local\Google\Chrome\User Data\Default\User StyleSheets

username ဆိုတာမှာတော့ ကိုယ့်ရကွန်ပျူတာရဲ့  username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....

* , html, body, div,p {font-family:Zawgyi-One !important;}

အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Google Chrome ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...


အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

ref: myanmaritpro

Posted on Sunday, March 24, 2013 by Unknown

No comments

4.6.11

အရင်က Idle ကို ကျွန်တော် တင်ခဲ့ဖူးပါတယ် .. အခု Window 7 မှာကျတော့ Gtalk idle လုပ်ဖို့အတွက် အခက်အခဲ ဖြစ်ကြတယ်လို့ ပြောကြပါတယ် .. အဲဒါကြောင့် အခု Window 7 အတွက် dle ရယ် ပြီးတော့ နဂို ရှိပြီးသား Idle ကို window 7 မှာ Run နိုင်အောင်အတွက် လုပ်ပုံလေး ပါ ပြောထားလိုက်ပါတယ် ..
ပထမဆုံး Gtalk Idle မရှိဘူး ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ ...

http://www.mediafire.com

http://ifile.it

http://www.mirrorcreator.com

http://www.multiupload.com

ဒေါင်းပြီးသွားပြီဆိုရင် အဲဒီ့အထဲမှာ Window 7 idle ဆိုပြီးတော့ ရေးထားတဲ့ ဖိုင်လေး ရှိပါတယ် .. အဲဒါကလေးကို သုံးရင်လည်း ရပါတယ် .. ဒါပေမယ့် အဲဒါက တော့ Idle လုပ်ချင်တဲ့ အခါတိုင်း Run ပေးရတာပါ ...
နောက်ထပ် Normal Idle ကို Window 7 မှာ သုံးမယ်ဆိုရင်တော့ galwaysidlesetup ဆိုတာကို R-click ထောက် .. ပြီးပြီဆိုရင် အဲဒီ့ မှာ Compatibility ဆိုတဲ့ Tab မှာ Window XP ( service pack 3 ) ဆိုတာကို ပြောင်းပေးလိုက် .. ပြီးရင် Apply , ok ပေးပြီးရင် ရပီ ... အဆင်ပြေစွာ Run နိုင်ပါပြီ ခင်ဗျာ ..




အားလုံး အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ..
မောင်လုလင်

Posted on Saturday, June 04, 2011 by Unknown

No comments

27.5.11

မင်္ဂလာပါ .. ဒါကတော့ ပြဿနာ တစ်ခု လို့ သတ်မှတ်လို့မရပါဘူး .. ဒါပေမယ့် လုပ်ချင်တဲ့သူတွေ အတွက် လုပ်လို့မရတဲ့ အခါတွေ မှာ တော့ ပြဿနာ တစ်ခု အဖြစ်သတ်မှတ်လို့ရပါတယ် ... ဘာလဲ .. သူများတွေ Gtalk တွေမှာ မြင်ဖူးမှာပါ .. သူတို့ သီချင်းဖွင့်ထားတယ်ဆိုရင် အဲဒီ့မှာ သီချင်းနာမည်လေး နဲ့ ဆိုတဲ့အဆိုတော် နာမည်လေးနဲ့ ပေါ်နေတာလေး ကို လေ ... အဲ့ဒါမျိုးလေး ဖြစ်ဖို့ အတွက် လုပ်ပုံလေးပါ .. တော်တော်များများ က တော့ မဖြစ်ပါဘူး .. ဒီတိုင်း ၀င်းဒိုး တင်ပြီးတော့ ပုံမှန်အတိုင်းလေး ပဲ Window media player နဲ့ သီချင်းဖွင့်ပြီးတော့ Gtalk မှာ Show current music track ဆိုပြီးတော့ လုပ်လိုက်တာနဲ့ တက်လာပါတယ် .. အဲဒီ့လို ကိုယ့်ဆီမှာ လုပ်လို့ရမရ ဘယ်လိုကြည့်မလဲ .. Windwo Media player ကို ဖွင့်လိုက်ပါ .. ပြီး၇င် More option => Plugin => background ဆိုတာလေးမှာ ဘေးဘက်က Google talk music plugin ဆိုတာလေး မရှိရင် အခုလိုမျိုးလုပ်ရမှာပါ .. အောက်ကပုံလေးလို ရှိရင်တော့ မလိုပါဘူး ...


လုပ်ဖို့ ဆိုတာကလည်း ဘာမှ မရှိပါဘူး ... ပထမဆုံး ကိုယ့်ဆီမှာ သွင်းထားတဲ့ Gtalk ကို Uninstall လုပ်ပစ်လိုက်ပါ .. ပြီးရင်တော့ အောက်က လင့်ကလေးမှာ Gtalk lastest version ကိုသွားယူလိုက်ပါ ..

www.google.com/talk


အဲဒီ့မှာ ယူပြီးသွားပြီဆိုရင်တော့ .. အဲဒီ့ gtalk.exe အပေါ်မှာ Right click ထောက်လိုက် .. ပြီးရင် Run as Administrator ဆိုပြီးတော့ သာ Run http://www.blogger.com/img/blank.gifလိုက်ပေတော့ .. အဲဒါဆိုရင်ရပါပြီ .. ကိုယ့်ရဲ့ Gtalk မှာ ကိုယ်သီချင်းနားထောင်နေတယ် ဆိုတာကို Gtalk Status Message မှာ ၀င်သွားပါပြီ ... အောက်ကပုံစံလေးနော် ...
http://www.blogger.com/img/blank.gif



အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ..

မောင်လုလင်

Posted on Friday, May 27, 2011 by Unknown

No comments

14.5.11






ဒီ Error က တွေ့တာကြာပါပြီ .. ဖြေရှင်းလိုက်လို့လည်း ရသွားပါတယ် .. ကျွန်တော် အရင်က ပျင်းတာလည်းပါ ၊ ဟိုလုပ်ဒီလုပ် လည်းပါ ၊ အလုပ်ရှုပ်တာလည်းပါ .. အကုန်လုံးနဲ့ ရှုပ်ကုန်တော့ မရေးဖြစ်ဘူးဖြစ်နေတာ ပါ .. ခုတော့ အဲဒီ့ Error လေးကို ကျွန်တော်တို့ ဖြေရှင်းကြည့်ကြအောင်ပါ .. မသိတဲ့ သူတွေများဆိုရင် အဲဒီ့ Error ကို လုပ်လို့မရလို့ဆိုပြီးတော့ Window ပြန်ချိန်းကြတာလည်းပါပါတယ် .. ကျွန်တော်တို့ တွေကလည်း အင်တာနက်ရှိတဲ့ စက်ဆိုရင် Gtalk ကလေး ရမ်းထားမှ ကို အဆင်ပြေတာ ... အရေးသိပ်မကြီးပေမယ့် အရေးကြီးတာပေါ့နော် ... :P :P ။ ဒီတော့ အဲဒီ့ Error ကိုစစ်ကြည့်ရအောင် .. ဘာဖြစ်တာလဲ ... ကျွန်တော်လည်း ဖြစ်တယ်ဗျ .. ဘယ်လိုဖြစ်လဲ ဆိုတော့ Window 7 တင်လိုက်တာ . နောက်ကျတော့ Window Update တင်တော့ကျတော့ IE 9 ကိုပါ တင်လိုက်တယ် ... တင်လိုက်တဲ့အချိန်က စပြီးတော့ အဲ့လို ဖြစ်တော့တာပါပဲ .. အဲဒါကို ပြန်ပြီးတော့ စဉ်းစားကြည့်လိုက်တော့ IE မှာ မြန်မာဖောင့် မရရင် လုပ်တဲ့နည်းလေးတွေ ကို ပြန်စဉ်းစားကြည့်တော့ ရသွားတယ် .. အခု နည်းလေး နဲ့ လုပ်လိုက်ရင် ဘာမှ မလိုဘူး .. အများဆုံး လုပ်ရရင် Click ၅ ချက် ၆ ချက်ပဲ .. အဲ့ဒါလေး နဲ့ပဲ အဆင်ပြေပါတယ် .. ဘယ်လိုလုပ်မလဲ ဆိုတာ ဆက်သွားကြည့်ရအောင် ..

Start menu =>> Control panel =>> Internet Option =>> General tab

အဲဒီ့ကိုရောက်သွားပြီဆိုရင် အောက်မှာ Appearence ဆိုတာလေးရဲ့အောက်မှာ font ဆိုတာလေး ရှိပါတယ် .. အဲ့ဒါလေး ကို နှိပ်လိုက် .. ပြီးရင် Zawgyi-one ကို ရွေးပေးလိုက် ... ပြီးရင် အိုကေ ပေးလိုက်ရင် .. It's ok ပါပဲ ... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

Posted on Saturday, May 14, 2011 by Unknown

1 comment

22.8.09

တခြားလူတွေနဲ့လည်း စာက မရိုက်ချင်ဘူး ..အဲဒီ့ အချိန် ကျမှ ကိုယ် နဲ့ စကားပြောမယ့် လူကလည်း online မှာ အလိုက်ကမသိဘူး .. လူရှုပ်နေတဲ့ အချိန်ကလာသေး ပေါ့ .. အဲဒီ့လူနဲ့ကလည်း စကားပြောရမှ ကျေနပ်မယ် ဆိုရင်တော့ ဒီနည်းလေးက တော်တော့် ကို အသုံးဝင်ပါတယ် .. ဟီး ဟီး ... g talk မှာ ကိုယ်က offline ပြပြီးတော့ online က လူ ကို စကားပြောတာလေးပါ ... mail ထဲကနေပေါ့ ..အဲဒါကလေးကို လုပ်မယ်ဆိုရင် အရင်ဆုံး gmail ကနေပြီးတော့ ပြထားတဲ့ video and voice setup ဆိုတာကို အရင် ဆုံး down ရပါ့မယ် .. ပြီးရင်တော့ run လိုက်ပေါ့ .... မရှိသေးဘူးဆိုရင်တော့ အောက် မှာ ရှိတယ်နော် .. ယူလိုက်ပါ ..တစ်နေရာရာကနေ Down လိုက်ပါ ..

http://ifile.it/a4eulfo/GoogleVoiceAndVideoSetup.exe

(or)

http://mail.google.com/videochat?hl=en





run ပြီးသွားပြီဆိုရင်တော့ စမ်းကြည့်တာပေါ့ .. gmail ကို ၀င်လိုက်ပါ .. ၀င်ပြီးသွားရင် ကိုယ့် နစ်ထဲမှာရှိတဲ့ online က လူတစ်ယောက် ကို chat ဖို့ လုပ်လိုက်ပါ ..အဲဒါဆိုရင် ညာဘက် အောက် ထောင့်လေးမှာ သူနဲ့ chat ဖို့အတွက် box ကလေး ပေါ်လာပါလိမ့်မယ် ...ပေါ်လာတာကလေးကိုမှ အောက် က ပုံကလေးထဲ ကလို start voice chat ဆိုတာကလေးကို နှိပ်လိုက်ပါ .. ပထမ တစ်ခေါက် ကတော့ နဲနဲ ကြာတယ်ဗျ .. မရလောက်သေးဘူး .. မရသေးရင် နောက်ထပ် ထပ်ခေါ်လိုက်ပါ .. ဒုတိယ တစ်ခေါက် လောက်ဆိုရင်တော့ အဆင်ပြေ ပါတယ် .. သူ့ဘက်က ကိုင်ရင်ပေါ့ .. စပြီးတော့ စကားပြောလို့ရပါပြီ . အဲဒါဆိုရင် .. ကဲ ပုန်းရင်းကွယ် ရင်း ရှောင်ရင်း ရှားရင်း စကားပြော နိုင်ပါစေဗျာ.. အဆင်ပြေပါစေဗျာ ..အဆင်မပြေခဲ့တာလေးတွေရှိရင်လည်း ပြောခဲ့ပါဦးနော် .. အဲ ပြောဖို့မေ့သွားလို့ .. ကိုယ်က offline က နေပြီးတော့ ပြောမှာဆိုတော့ invisible ကလေးတော့ လုပ်ထားဖို့လိုမယ်နော် ...ဟီး ...




Posted on Saturday, August 22, 2009 by မောင်လုလင်

No comments

21.8.09

Gtalk မှာ သူတို့ ပေးထားတဲ့ အသံနဲ့ချည်းပဲ မချက် ချင်ဘူး .. တခြား ကိုယ် ကြိုက်တဲ့ သီချင်းကလေးကို ဖုန်းဝင်သံလုပ်မယ် ဒါမှမဟုတ် ဖုန်းခေါ်သံလုပ်မယ်ဆိုရင်တော့ ဒါကလေးက အဆင်ပြေပါတယ် .. လုပ်မယ်ဆိုရင်တော့ အရင်ဆုံးလုပ်ရမှာကတော့ resource hacker software ကို Download လုပ်ရမှာပါ..... အဲဒီ Software ကလေးက တော့ ဒီအောက်မှာပါ..

ifile.it

mediafire



အဲဒါကို အရင်ဆုံး down ပြီးပြီဆိုရင် Zip ကိုဖြေလိုက်ပါ.... ဖြေလိုက်ပြီးရင်တော့ အဲဒါကို ဖွင့်လိုက်ရင် အောက်က ပုံစံ အတိုင်း file ကလေးတွေကိုတွေ့ရပါ့မယ်... ပြီးရင် ပုံမှာအ၀ိုင်း ၀ိုင်းထားတဲ reshacker ဆိုတာကို ဖွင့်လိုက်ပါဦး...

ဖွင်ပြီးသွားရင် file ကနေ open ကိုသွားပါ .. အဲဒီကနေမှ ကိုယ်လုပ်မဲ့ Target ကိုရွေးရပါ့မယ်( Gtalk setup ".exe" ) ကလေးကို Desktop ပေါ်မှာတင်ထားရင်တော့ ပိုကောင်းပါတယ်.. Target ရွေးတဲ့အခါမှာ မြန်အောင်လို့ပါ။။။ ရွေးပြီးလို့ ဖွင့်လိုက်ရင် အောက်က ပုံစံလေးကိုမြင်ရပါလိမ့် မယ်...


အဲဒါ ပြီးရင် အသံ ကို စပြောင်းတော့မယ်ဆိုရင်တော့ WAVE ဆိုတာကိုနှိပ်လိုက်ပါ.... ( + ) ကလေးကိုထောက်ပါ .. အဲဒီမှာ 121
123
124
125
126
ဆိုတာကိုတွေ့ပါလိမ့်မယ်... *121* ဆိုတာက တော့ Gtalk မှာတခြားဆီက အသံဝင်ရင် တက်တဲ့ (တုန်) ဆိုတဲ့ အသံပါ...
အဲဒါကလေးကိုလဲ ပြောင်းလို့ ရပါတယ် .. ( အဲဒါကိုပြောင်းမယ်ဆိုရင် အသံကို အကြာကြီးထားလို့ မရပါဘူး ... ကြာမယ်ဆိုရင် အဲဒီ မြည်တဲ့ အသံကတော်တော်နဲ့ ပျောက်မှာ မဟုတ်ပါဘူး )
*125* ကတော့ ဖုန်းဝင်တဲ့ အသံပါ...
*126* ကတော့ ဖုန်းခေါ်တဲ့ အသံ ပါ...
*** သီချင်းဖိုင်တွေကိုထည့်မယ်ဆိုရင် File type က ".wave" type ဖြစ်ရပါမယ် .. wave ဖိုင်မဟုတ်ရင်မရပါဘူး...****

ပြောင်းပုံ ပြောင်းနည်းကတော့ အောက်က ပုံလေးတွေကိုကြည့်ပါ....



အဲဒီမှာ အ၀ိုင်းဝိုင်းထားတဲ့ နေရာလေးကို Right click ထောက်လိုက်ပါ ...

ပြီးရင် replace resource ဆိုတာကိုနှိပ်လိုက်ပါ.....

ပြီးရင် အ၀ိုင်းဝိုင်းထားတဲ့ နေရာကနေပြီးတော့ ကိုယ်ထည့်မယ့် သီချင်း ( . wave ) ဖိုင်ကိုရွေးပါ...ဖိုင် type ကမှန်တယ်ဆိုရင် အခုပုံအတိုင်းပေါ်ပါလိမ့်မယ်.. ပြီးရင်တော့ ကျွန်တော်ပြထားတဲ့အတိုင်းကလေး နံပါတ်တွေ ရိုက်လိုက်ပါ... အခုပြထားတဲ့ ပုံက တော့ ဖုန်းဝင်သံနေရာကိုပြောင်းတာပါ...(125) နေရာပါ...



အားလုံးကိုပြောင်းပြီးပြီဆိုရင်တော့ Replace ဆိုတာလေးကို နှိပ်လိုက်ပါ ... ဒါဆိုရင် ကိုယ်ရပါပြီ.. ကျန်တဲ့ နေရာတွေကိုလည်း ကိုယ်ကြိုက်တဲ့ အသံကလေးတွေ ထည့်လို့ ရပါတယ်...

****resource name *** မှာတော့ ကိုယ်က 123 မှာပြောင်းရင် 123 ဆိုပြီးတော့ ထည့်ပေးလိုက်ပါ ....121မှာပြောင်းရင် 121 ဆိုပြီးတော့ ထည့်ပေးလိုက်ပါ...

**Resource type ကလည်း WAVE ပဲထားရပါမယ်...
Resource language ကတော့ 0 ပဲ ထားရပါတယ်... *******

ပုံကလေးတွေကိုလည်း ပြောင်းလို့ ရပါတယ် ....
ဥပမာ .... စာရေးနေပါသည်.. လိုမျိုးပါ.. ကျွန်တော်သိသလောက်နံပါတ်ကလေးတွေ ရေးပေးလိုက်ပါတယ်

Bitmap က နံပါတ် 6051 က အဲဒီ ***စာရေးနေပါသည်**** ဆိုတဲ့ ပုံစံမျိုးပြောင်းတာပါ.. (*.bmp*) type ဖြစ်ရပါမယ်..

အားလုံး ကိုယ်ကြိုက်သလို ပြောင်းပြီးပြီဆိုရင်တော့ File ကနေပြီးတော့ Save ကိုနှိပ်လိုက်ပါ .. အဲဒါ Desktop ပေါ်မှာ save ရင်ပိုကောင်းပါတယ် .. ကိုယ်အရင်လုပ်တဲ့ file က အရင်က"gtalk,exe" ဆိုရင် အဲဒါ က "gtalk.original.exe" ဖြစ်သွားပါလိမ့်မယ်.. ကိုယ် save လိုက်တဲ့ ဟာကတော့ "gtalk.exe" ဆိုတဲ့ နာမည်ဖြစ်သွားမှာပါ ....ကျန်တဲ့ နေရာကလေးတွေကိုတော့ စမ်းကြည့်လိုက်ပါဦး .. အဲဒါကလေးနဲ့ အသံ တင်မဟုတ်ပါဘူး ကိုယ်သုံးမယ့် Gtalk ကို ပါ ပုံကလေးတွေနဲ့ အလှ ဆင်ကြည့်လို့ရပါတယ် .. ကိုယ့် ဘာသာ စမ်းပြီးတော့ရှာကြည့်ပြီး ကြိုက်သလို ပြောင်းလို့ရပါတယ် .. အဆင်ပြေပါစေဗျာ .. အဆင်မပြေတာကလေးတွေရှိရင်လည်း မန့်ပေးခဲ့ပါဦးခင်ဗျာ ...


Posted on Friday, August 21, 2009 by မောင်လုလင်

6 comments

20.8.09

G talk မှာ သူများတွေ က ပုံကလေးတွေ တင်ထားတယ် .. အဲဒီ့ ပုံကလေးကို ကိုယ် က ကြိုက်လို့ ယူထားချင်တယ် .. ဒါပေမယ့် လည်း သူ့ကို က မသိစေချင်ဘူး ..သူလစ်တဲ့ အချိန် ထိကိုလည်းမစောင့်စေချင်ဘူး ပေါ့.. ပြီးတော့ ကိုယ် ပြောင်းချင်တဲ့ အချိန် မှာလည်း အဲ ဒီ့ ပုံကလေးကို ပြောင်းချင်တယ်ဆိုရင်တော့ ဒါကလေးက အသုံးဝင်ပါတယ် ..ဒါပေမယ့် ဒီကောင်ကလေးနဲ့ ပုံကလေးတွေကို ယူမယ်ဆိုရင်တော့ ပုံရဲ့ မူရင်း size ကို ရမှာ မဟုတ်ဘူးဗျ .. Gtalk မှာပေါ်တဲ့ ပုံ လောက် ပဲ သေးသေးလေးပဲ ရမယ် ..အဲဒီ့ တစ်ခုတော့ ရှိပါတယ် .. သုံးရတာတော့လွယ် ပါတယ် .. ယူချင်တဲ့ ပုံကလေးတွေ သူများမသိအောင် ယူလို့ရအောင်ပေါ့ .. အဆင်ပြေပါစေ .. အောက်က နေရာကလေးမှာယူလိုက်နော် ..

http://ifile.it/hida5tp/ygtalkavators.exe



Posted on Thursday, August 20, 2009 by မောင်လုလင်

No comments

15.8.09

ကိုယ် က G talk ကို မသုံးချင်တော့ ဘူး .. ဘယ်လို ကိစ္စ မျိုးနဲ့မှ လည်းမသုံးတော့ ဘူး .. ဒါမှမဟုတ် ဒီအကောင့် မှာက ပြဿနာကလေးတွေ ရှိလို့ ဒီ အကောင့်ကို မသုံးတော့ဘူးဆိုရင် အဲဒီ့ အကောင့်ကို ဖျက် ပလိုက် ချင်ရင် ဖျက်လိုက်လို့ ရပါတယ် ....အရင် ဆုံး g talk ကနေပြီးတော့ setting ကိုသွားလိုက်ပါ .. ပြီးရင်တော့ account setting ကို ထပ်နှိပ်လိုက်ပါဦး .. အဲဒါ ဆိုရင် firefox မှာ မိမိနဲ့ ပါတ်သတ်တဲ့ data တွေကိုတွေ့ ပါလိမ့်မယ် ... အဲဒီကနေမှ MY Product ဆိုတာရဲ့ ဘေးလေးမှာ Edit ဆိုတာလေး ရှိပါတယ် ... အဲဒါလေးကိုနှိပ်လိုက်ပါ ... ပြီးရင်တော့ Delete Account ဆိုတာကိုတွေ့ပါလိမ့်မယ် .. အဲဒီအောက်ကClose account and delete all services and info associated with it အဲဒီ့ စာသားလေးကိုနှိပ်လိုက်ပါ ..ပြီးရင်တော့ အကုန်လုံးကို အမှန်ခြစ်ကလေးတွေပေး .. ပြီးရင် ယခု သုံးနေတဲ့ password ကို ထည့် ပြီးပြီ ဆိုရင်တော့ Delete google account ကိုနှိပ်လိုက် ... အဲဒါဆိုရင် ကိုယ့်ရဲ့ account ကို ဖျက်ပြီးသွားပါပြီ ....ဖျက်ချင်တဲ့ အကောင့်ကလေးများရှိရင်တော့ စမ်းကြည့်ပါဦး အဟဲ :P :D ..အဆင်ပြေပါစေခင်ဗျာ . ..

Account တစ်ခုလုံးကို မဖျက်ပဲနဲ့ ကိုယ်က အဲဒီ့ account နဲ့ တခြား အရေးကြီးတဲ့ website တွေကို ၀င်ပြီးသွားပြီ ဒါပေမယ့် g mail ကိုတော့ မသုံးချင်တော့ဘူးဆိုရင်လည်း G mail နဲ့ ဆိုင်တာကိုပဲ ဖျက်မယ်ဆိုရင် တော့ Remove Gmail permanently ဆိုတာကလေးကို ပဲ နှိပ်ပြီး တော့ G mail ကို အသုံးမပြုပဲနဲ့ Web နဲ့ ဆိုင်တာတွေမှာပဲ ကိုယ် account ကို အသုံးပြုနိုင်ပါတယ်ခင်ဗျာ ....


(မှတ်ချက် ၊ ၊ အဲဒီ account က ဖျက်နေတဲ့ အချိန်အတွင်းမှာ သုံးနေတုန်းဆိုရင်တော့ မပျက်သေးပါဘူး... sign out လုပ်ပြီးရင်တော့ ပြန်ဝင်လို့ မရတော့ ပါဘူး ခင်ဗျာ ....)






Posted on Saturday, August 15, 2009 by မောင်လုလင်

No comments

14.8.09

g talk မှာ နောက်ခံ ပုံ နဲနဲ ခပ်လန်းလန်း လေး မလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ .. ပုံစံကလေးကတော့ မိုက်တယ်ဗျ .. ကျွန်တော် တော့ ကြိုက်တယ် .. သူက အရုပ်ကလေးတွေနဲ့လည်း chat လို့ရပါတယ် ..ခပ်လန်းလန်းလေး လိုချင်ရင်တော့ အောက်မှာ Down လိုက်နော် ... ပုံကလေးတွေ ကတော့ အဲဒီ့ အောက်မှ ပြထားပါတယ် .. run လိုက်ရုံပါပဲ .. သိပ်ပြီးတော့ ထွေထွေ ထူးထူး မပါပါဘူး ခင်ဗျာ ...စမ်းကြည့်နော် ..

http://ifile.it/4q61yxr











Posted on Friday, August 14, 2009 by မောင်လုလင်

2 comments

9.8.09

အဟဲ .. ပြောတာတော့နည်းနည်းလွန်းသွားမလားမသိ.. G talk မှာ webtoim@gmail.com ကို add ထားလိုက်ပါ .. ဒီကောင်က တာဝန်တော့ကျေပါတယ် ..တခြား ဘာသာပြန်တွေလိုပဲ တခါတည်း အွန်လိုင်း ကိုတက်ပြီးတော့ မီးလေးစိမ်းလာပါတယ်..အဲဒီ့အခါကျရင် မေးချင်ရာ မေးကြည့်ပါဦး .. အပျော်သဘောပဲဖြစ်ဖြစ် ပေါ့.. သူလဲ တတ်နိုင်သလောက်ဖြေပေးပါတယ်..ဒါပေမယ့် တခြားနိုင်ငံတွေရဲ့ အချိန်တွေဘာတွေကို မေးရင်တော့ မှန်ပါတယ် .. အတိအကျ ပါပဲ .. လူနာမည်တွေဘာတွေ လည်း မေးကြည့်ရင်မေးလို့ရပါတယ် ... မေးကြည့်ကြရအောင်ပါ ..အောက်က address နော် ..

webtoim@gmail.com







Posted on Sunday, August 09, 2009 by မောင်လုလင်

No comments

7.8.09

ဒီနည်းကလေးကို မသိသူများအတွက်ပါခင်ဗျာ ..G mail မှာ ကိုယ် က သူ့ဆီကို မေးလ် ပို့လိုက်တော့ .. ခဏပဲ ရှိသေးတယ် ..ဟောဗျာ .. ကျေးဇူးတင်ပါတယ် ဘာညာသရကာဆိုပြီးတော့ လေ.. အဲဒါနဲ့သူ များ ရှိလားလို့ ရှာတော့လည်း offline မှာ .. သူငါ့ကိုများညာလားလို့ offline ကနေများ ပုန်းပြီးတော့ ပြောလားဆိုပြီးစမ်းကြည့်တော့ လည်း မရှိ .. အဲလိုမျိုးလေး ကိုယ်မရှိပေမယ့်လည်း gmail ကို auto reply ကလေး လုပ်ထားကြအောင်ပါ ..

ပထမ ဆုံး Gmail ကို အရင်ဆုံးဖွင့်လိုက်ပါ ..
ဖွင့်ပြီးပြီဆိုတာနဲ့ အဲဒီ အပေါ်နားမှာ setting ဆိုတာလေးကို click လိုက်ပါ..

Vacation responder onဆိုတာလေးကို ရွေးပေးလိုက်ပါ.. ပြီးရင် တော့ ဘေး က Subject နဲ့ Message မှာ ကိုယ်ရိုက်ချင်တဲ့ စာလေး တွေကိုရိုက်လိုက် ရုံ ပါပဲ.. (ကျေးဇူးအရမ်းတင်တယ် ကွိစိကွစ ပေါ့) ..အဟဲ .. ပြီးရင်တော့ Save လိုက် ပါ .. အဲဒါ ဆိုရင်ကိုယ် ဆီကို ပို့ တဲ့ Mail လေးတွေကို Google က နေပြီး သူဘာသာသူ Reply ပြန်လုပ်ပေးမှာဖြစ်ပါတယ် .. ဒါပေမယ့် သူ က ပို့တိုင်းတော့ မရောက်ဘူးဗျ ..တစ်ခါထဲ ဟိုဘက်က ၃ စောင်လောက်ကို ပို့တယ်ဆိုရင်တော့ ပထမတစ်စောင့်အတွက်ပဲ ပေးမှာ.. ကျွန်တော်ထင်တာတော့ သူလဲ ညောင်းလို့နားတာနေမှာပေါ့ .. အဟဲ .. အဆင်ပြေပါစေ ဗျာ..




Posted on Friday, August 07, 2009 by မောင်လုလင်

No comments

5.8.09




G talk မှာ တခါတလေ ကိုယ် က ချက်နေရင်းဘာရင်း လူတွေ များလာတော့ သူများတွေကိုလည်း အားက နာရသေး အဲဒီလိုမျိုးအချိန်မှာ ကိုယ် ကလည်း အာပါတ်လွတ်ကလေးပေါ့ .. ကိုယ် nick ကိုတော့ ဖွင့်ထားတယ် .. ဒါပေမယ့် ကွန်ပျူတာနားမှာ ကိုယ်မရှိဘူးပေါ့ ..အဟဲ .. နောက်နေ့မှ ငါ့ဆီ ကို စာရိုက်သွားသေးတယ်နော်.. ငါ့ ကွန်နားမှာ မရှိလို့ပါပေါ့ .. လိမ်နည်းလေးပါ.. အဟဲ ..အောက် က link ကလေးက နေပြီးတော့ down လိုက်နော် ..

http://www.devilsworkshop.org/files/2008/03/galwaysidlesetup.exe



Posted on Wednesday, August 05, 2009 by မောင်လုလင်

5 comments

4.8.09

ဒီနည်းကလေးကတော့ သူများတွေ ကိုယ့်စက်မှာ လာပြီးတော့ chat ကျတော့မယ်ဆိုရင် မ chat စေချင်လို့ပဲဖြစ်ဖြစ် ..ဘာပဲ ဖြစ်ဖြစ် သူ့အတွက်လည်း ရှာရဖွေရ ဖြစ်ပေါ့ .အဟဲ .. နောက်တာနော် ...
gtalk ကို run box ကနေခေါ်ပြီးတော့ သုံးတဲ့နည်းလေးပါ ... မသိရင်တော့ ဆရာလိုလို ဘာလိုလိုပေါ့ .
g talk ကို shortcut ထုတ် .. ပြီးရင် rename ဥပမာ .. hello ဆိုရင် hello ပေါ့ ..အဲဒီ နာမည်ကိုတော့ မှတ်ထားနော် ... အများကြီးသုံးချင်ရင်တော့ nomutex ရိုက်ထည့်ထားပေါ့ .. ပြီးရင်

C ကို ဖွင့်လိုက်ပါ ....ပြီးရင် window ဆိုတဲ့ file ကိုဖွင့် .. system 32 ကိုဖွင့် .. ပြီးရင် စောစောက hello shortcut ကလေးကို ထည့်ပေးလိုက်ပါ .. အဲဒါဆိုရင် run box ကနေပြီးတော့ hello လို့ရိုက်ထည့်လိုက် .. gtalk ကလေးပေါ်လာမှာပါ .အဆင်ပြေပါစေ ...




Posted on Tuesday, August 04, 2009 by မောင်လုလင်

No comments