Showing posts with label Window. Show all posts
Showing posts with label Window. Show all posts

4.1.14



စီပုံး ကနေပြီးတော့ တစ်ယောက်က ပြောသွားလို့ပါ .... အရင်က နှစ်ခု လုံးကို တင်ပေးခဲ့ဖူးပါတယ် .... ခု အဲ့ဒီ့ မှာ လင့်ခ် က သေတာတွေ က သေနေလို့ နှစ်ခုလုံးကို ပေါင်းပြီးတော့ တခါတည်းတင်ပေးလိုက်ပါတယ်ခင်ဗျာ ..... နှစ်ခု ကို ပေါင်းပြီးတော့ ဒေါင်းရင် Mb ဆိုဒ် များသွားမှာ စိုးလို့ ၁ ခုချင်းစီ ခွဲပြီးတော့ တင်ပေးလိုက်ပါတယ်ခင်ဗျာ ... ပြီး ကိုယ်လိုတာလေးကို ပဲ ဒေါင်းလို့ရအောင်လို့ပါ .... ဒေါင်းမယ်ဆိုရင် တော့ အောက်မှာ ဒေါင်းလို့ရပါတယ်ခင်ဗျာ .... Dropbox ကနေပြီးတော့ပဲ တင်ပေးထားပါတယ် .....

MS Office 2013 ToolKit

MS Office 2010 Toolkit

၅ စက္ကန့်လောက် အချိန်ရတယ် ဆိုရင်တော့ အောက်က လင့်ခ်ကနေပြီးတော့ ဒေါင်းပေးပါခင်ဗျာ ... :)

MS Office 2013 Toolkit ( With Advertisement )

MS Office 2010 Toolkit ( With Advertisement )

အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....
မောင်လုလင်

Posted on Saturday, January 04, 2014 by Unknown

No comments

20.7.13



အခု တင်ပေးတဲ့ ဟာကလည်း ဖိုင် တွေ ဖျက်မိရင် ပြန်ရှာတဲ့ ဟာလေးပါ ... Partition Guru ထက်တော့ အသုံးသိပ်ဝင်မယ် မထင်မိဘူး ... ဘာလို့လဲ ဆိုတော့ သူက Partition တွေ ကို ပြန်ရှာ မရနိုင်ဘူး ထင်တယ် ....ဒါပေမယ့် ပျက်သွားတဲ့ ဖိုင်တွေ ကိုတော့ ပြန်ရှာပေးနိုင်ပါလိမ့်မယ် ... သူ က ကြေငြာထားတာ ကို က ကြည့်ကြည့်လေ ... A New Life For Your Files တဲ့ .. အဲ့ဒါကြောင့် လိုတဲ့ အခါ ကိုယ့်အတွက် Back up ဖြစ်အောင် လို့တော့ ယူ ထားသင့်တယ် ထင်ပါတယ် ... ပေါ့ ပေါ့ ပါးပါး  နဲ့ ရှာ ချင်တယ် ဆိုရင်တော့ အဆင်ပြေပါတယ်ခင်ဗျာ ...  လိုချင်သူများ အနေနဲ့ အောက်မှာ ယူလို့ရပါတယ် ... Crack လည်းပါပါတယ် ....

Crack ထည့်နည်းက တော့ Rar ကို ဖြည်လိုက်ပါ ... ပြီးရင် အဲ့ဒီ့ အထဲက crack ဆိုတာလေး ကို ကူး ပြီးရင် အောက်က ဖိုင်လမ်းကြောင်းလေး အတိုင်း သွားပြီးတော့ ထည့်ပေးလိုက်ပါခင်ဗျာ ....

 C:\Program Files (x86)\eSupport.com\eSupport UndeletePlus

Soft ကိုတော့ အောက်မှာ သွားဒေါင်းလိုက်ပါခင်ဗျာ ....


https://www.dropbox.com/s/pd0hfb1n1y3ijfu/Undelete%20Plus%20mglhulin.blogspot.com.rar

 အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက်....

မောင်လုလင်

Posted on Saturday, July 20, 2013 by Unknown

No comments

28.4.13


ကျွန်တော် အရင်က Window 7 မှာ ပြောင်းတဲ့ နည်းလေး ပြောခဲ့ဖူးပါတယ် ... ဒါပေမယ့် အဲ့ဒါက ကန့်သတ်ချက်ရှိတယ်လို့ ပြောပါတယ် .. သူ့ရဲ့ Window Home Premium လား Professional လား စသဖြင့် ပြောင်းလဲပြီးတော့ကန့်သတ်ချက်ရှိတယ် ပြောပါတယ် ... အဓိက အရေးကြီးဆုံးကတော့ Language Pack က ကိုယ့်ဆီမှာ ရှိဖို့ပါပဲ .. အဲ့ဒါဆိုရင် ပြောင်းဖို့အတွက် အဆင်ပြေသွားပါပြီ ... အခု Window 8 ကိုပြောင်းမယ်ဆိုရင်တော့ အရင် Window 7 ထက်ပိုပြီးတော့ လွယ်မယ်ထင်ပါတယ် ... စောစောက ကျွန်တော်ပြောသလိုပဲ LP ကိုတော့ ဒေါင်းထားပေါ့နော် .. Eng Lp ကို ဒေါင်းချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလို့ရပါတယ် ... ဒါက 64Bit အတွက်နော် ... 32 bit အတွက်ဆိုရင်တော့ ရှာပြီးတော့ ဒေါင်းပြီးလုပ်လိုက်ပါ ...

https://www.dropbox.com/

အိုကေ ...
ဒေါင်းပြီးသွားပြီဆိုရင်တော့ အဲ့ဒီ့  Windows8-KB2607607-x64-ENG ဆိုတာလေးကို Double Click လုပ်လိုက်ပါ ...အဲ့လိုလုပ်လိုက်တယ်ဆိုရင် ...


အဲ့ဒီ့ပုံလေးပေါ်လာပါ့မယ် .. အဲ့ဒါဆိုရင် Next လုပ်လိုက်ပါ ... ပြီးရင် I accept ဘာညာ ကို ရွေးပြီး ရင် ထပ်ပြီးတော့ next လုပ်လိုက်ပါ ... လုပ်လိုက်ရင် အောက်ကပုံလေးလို Install လုပ်နေပါလိမ့်မယ် ...

လုပ်ပြီးသွားရင် Complete ဆိုပြီးပေါ်လာပါလိမ့်မယ် ...

Complete ဖြစ်သွားပြီဆိုရင်
Control Panel => Language => Add Language => English => United Kingdom ဆိုတာလေးကို ရွေးပြီးတော့ Add လိုက်ပါ .. Add ပြီးသွားပြီဆိုရင်တော့ အောက်ကပုံလေး ပေါ်ပါလိမ့်မယ် .. Option ဆိုတာလေးကို နှိပ်လိုက်ပါ..


နှိပ်လိုက်ရင် နောက်ထပ်စာမျက်နှာ တစ်ခု ပေါ်လာပါဦးမယ် .. အောက်က ပုံလေးမှာ ပြထားသလို Make
this the primary language ဆိုတာလေးကို နှိပ်လိုက်ပါ .. နှိပ်ပြီးသွားပြီဆိုရင်တော့ Restart ဖြစ်ဖြစ် Log out ဖြစ်ဖြစ် တောင်းပါလိမ့်မယ် ... ပြန်ပြီးတော့ ၀င်လိုက်တဲ့ အချိန်မှာ အင်္ဂလိပ်လိုလေးဖြစ်နေပါလိမ့်မယ် ...


အဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ် ... ကျွန်တော် ပြောင်းခဲ့တဲ့ နည်းလေး ဖြစ်ပါတယ် ... အကယ်၍ အဆင်မပြေခဲ့ဘူးဆိုရင် Comment လေးပေးခဲ့ပါဦးခင်ဗျာ ...

အားလုံးအစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် .....
မောင်လုလင်

Posted on Sunday, April 28, 2013 by Unknown

1 comment

29.3.13


ကျွန်တော် ခု လောလောဆယ် Download  တွေ တင်တာများမယ်ထင်တယ်ဗျ ... အသုံးတည့်မယ့် စာအုပ်တွေ ပြီးတော့ Software လေးတွေ ကို တင်ပေးပါ့မယ် ... တကယ်လို့ လိုအပ်တဲ့ software တွေ ရှိခဲ့ရင်လည်း မန့်ခဲ့တာပဲ ဖြစ်ဖြစ် ... စီပုံးမှာ အော် ခဲ့တာပဲ ဖြစ်ဖြစ် လုပ်ခဲ့လိုက်ပါ ... အတတ်နိုင်ဆုံး ရှာပြီးတော့ တင်ပေးပါ့မယ် ... IDM ကိုတော့ ကျွန်တော် Update  ထွက်တိုင်း မတင်တော့ပဲ တခုနဲ့ တခု ကို အဆက်ဖြတ်ဖြတ်ပြီး တင်ပေးပါ့မယ် ... ဥပမာ ခု ဆိုရင် 6.15 ပေါ့ .. အဲ့ဒီ့နောက်မှာ Build 1,2,3,4,5 စသဖြင့် ပါပါတယ် ... အဲ့ဒါကြောင့် ကျွန်တော် build တွေ နဲ့ မတင်ပဲ 6.16 မှ ပဲ တင်တာမျိုးလုပ် ရင်ပိုကောင်းမယ် ထင်ပါတယ် ... Window 8 နဲ့ 64 bit အတွက် မြန်မာဖောင့်ကိုလည်း ကျွန်တော့် ဆိုဒ်ရဲ့ sidebar မှာ တင်ထားပါတယ် ခင်ဗျာ... ကဲ လေကြောလည်း ရှည်တာများသွားပီ ... အခု တင်ပေးလိုက်တာကတော့ Window 8 အတွက် shortcut key လေးတွေ ပါ ... အမြန်သုံးချင်တဲ့ သူများအတွက် အဆင်ပြေမယ်ထင်ပါတယ် ... Eng version ပါ ... ဖတ်ရတာလည်း အဆင်ပြေမှာပါ ... လိုချင်တဲ့သူများအတွက် အောက်မှာ ဒေါင်းဖို့ လင့်လေး ပေးထားပါတယ်ခင်ဗျာ ......

100_Windows_8_Keyboard_Shortcuts.pdf





အားလုံး အစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ......
မောင်လုလင်

ref:http://www.redmondpie.com

Posted on Friday, March 29, 2013 by Unknown

No comments

24.3.13


အပေါ်က ပုံလေးကတော့ Window 8 မှာ Gtalk ရဲ့ ဖြစ်နေတဲ့ ပုံစံပါ ... ရိုက်နေတုန်းကတော့ အကောင်းပဲ ... ဒါပေမယ့် နောက် Box ထဲလဲ ရောက်သွားရော ကိုးယို့ကားယားနဲ့ ဖြစ်သွားရော ... တခါ ရိုက်လိုက် .. ဟိုဘက်ကနေပြီးတော့ ပြန်ရိုက်ရင် အဲ့လို ပဲ ပေါ်တော့ ကျတော့ တနေရာမှာ သွားပြီးတော့ ပြန်ကြည့်လိုက်နဲ့ အဆင်မပြေတော့ဘူး ... အဲ့ဒီ့တော့ ဖြေရှင်းနည်းကို ရှာရပါတော့တယ် ...
လွယ်လွယ်လေးပါပဲ ...

သွားရမယ့်နေရာက Internet Option ကိုသွားရမှာပါ ... ဘယ်လို သွားမလဲ ဆိုတော့ တခြားလိုမျိုးလဲ သွားလို့ရပါတယ် .. ဒါပေမယ့် အတိုဆုံး နည်းလမ်းလေး နဲ့ပဲ ပြပေးလိုက်ပါတယ် ...

ပထမဆုံး Window key+r ( run box ) ကို ခေါ်လိုက်ပါ ..
ပြီးရင် အဲ့ဒီ့မှာ inetcpl.cpl ဆိုပြီးတော့ ရိုက်လိုက်ပါ ...
ရိုက်လိုက်ရင် Internet Option ပေါ်လာပါလိမ့်မယ် ...
ပေါ်လာရင် အဲ့ဒီ့မှာ အပေါ်က tab တွေထဲက Advanced Tab ကို ရွေးလိုက်ပါ ...
ရွေးပြီးသွားရင် အောက်နားလေးမှာ Reset ဆိုတဲ့ Button လေးရှိတယ် ..
အဲ့ဒါလေးကို နှိပ်လိုက်ရင် အဆင်ပြေသွားပါပြီ ... ဒါက Gtalk အတွက်ပါ ...


Google Chrome အတွက် ..

တော်တော်များများကတော့ Firefox သုံးနေကြပါတယ် .. ဒါပေမယ့် တချို့ကျတော့ Firefox ထက် Chrome ကို ပိုပြီးတော့ သုံးကြတာလည်းတွေ့ပါတယ် .. စစသုံးချင်းမှာတော့ Chrome က ပိုပြီးတော့ သွက်တယ်လို့ ထင်တယ် .. ဒါပေမယ့် နောက်ပိုင်း သုံးရင်းနဲ့က နည်းနည်းချင်းစီ လေးလေး လာတယ်လို့ ထင်ရတယ် .. Chrome သုံးနေတဲ့သူတွေ လည်း အဆင်ပြေသွားအောင်လို့ တင်ပေးလိုက်ပါတယ် ....
သူကတော့ သွားရတာ နည်းနည်းလေး ရှည်တယ် ဗျ ...

ပထမဆုံး Folder option မှာ View =>Show Hidden folder ကို လုပ်ရမှာပါ ...
Window 8 မှာတော့ My Computer ကို ဖွင့်ပြီးရင် အပေါ်က Tab ကလေးတွေမှာ View ဆိုတာရှိပါတယ် .. အဲ့ဒါကလေးကို နှိပ်ပြီးရင် Hidden Item ဆိုတာလေး မှာ အမှန်ခြစ်ကလေး ထည့်ပေးလိုက်ပါ ... ထည့်ပြီးရင်တော့ အောက်ကလမ်းကြောင်းလေး အတိုင်းသွားလိုက်ပါ ...

 C:\Users\username\AppData\Local\Google\Chrome\User Data\Default\User StyleSheets

username ဆိုတာမှာတော့ ကိုယ့်ရကွန်ပျူတာရဲ့  username လေး ရှိမှာပါ ..ရောက်သွားပြီးဆိုရင် အဲ့ဒီ့အထဲမှာ Custom ဆိုတဲ့ css ဖိုင်လေး ရှိပါတယ် .. အဲ့ဒါကလေးကို ဖွင့်လိုက်ပါ ... ဖွင့်ပြီးသွားပြီဆိုရင်တော့ အဲ့ဒီထဲမှာ အောက်က စာလေးကို ကူးပြီးတော့ ထည့်ပေးလိုက်ပါ .. ပြီးရင်တော့ Save လိုက်ပါ ....

* , html, body, div,p {font-family:Zawgyi-One !important;}

အဲ့ဒါကို လုပ်ပြီးသွားရင်တော့ ပြီးသွားပါပြီ .. Google Chrome ကို သွားပြီးတော့ ကြည့်လိုက်ပါဦး ... မြန်မာဖောင့် ၀ိုင်းဝိုင်းလေးတွေ မြင်ရပါလိမ့်မယ် ...


အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

ref: myanmaritpro

Posted on Sunday, March 24, 2013 by Unknown

No comments

2.3.13

ဒီ နည်းလေးကတော့ ကြာပါပြီ ... ကျွန်တော် အရင်တစ်ခေါက်မပြန်ခင်ကတည်းက အဲ့ဒီ့ပြဿနာ ကိုတွေ့ဖူးခဲ့တာ... နည်းနည်းလေး အောက်နေတဲ့ ပြဿနာ တစ်ခု ပေါ့ ... ဒါပေမယ့် မနေ့က Window တင်ပေးလိုက်တော့ အဲ့ဒါကို ပြန်တွေ့တယ်... ဖြေရှင်းတဲ့ နည်းကို ပြန်ရှာ ပြန်ရှာ ... နောက်တော့ ပြန်တွေ့သွားပါတယ် ... အဲဒါကြောင့်မလို့ ကျွန်တော့်လိုမျိုး ပြန်ရှာနေရမှာစိုးတဲ့ အတွက် ဒီပိုစ့်ကလေးကို တင်လိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ ..... အဲ့ဒီ့ ပြဿနာက ဘာလဲ ဆိုတော့ ကျွန်တော်တို့ Window 7 ပြန်ပြင်ထားတဲ့ Window တွေမှာ ဆိုရင် Right Click ထောက်လိုက်တဲ့ အချိန်မှာ ပေါ်လာတာက Screen အပြည့်ပဲ .... တချို့ Screen သေးတဲ့ Laptop တွေဆိုရင် ဆန့်တောင်မဆန့်တော့ဘူး.... သူတို့ကတော့ စေတနာနဲ့ quick ဖြစ်အောင်ဆိုပြီးတော့ လုပ်ပေးထား တာပဲ ... ဒါပေမယ့် ကိုယ့်အတွက်ကျတော့ မျက်စိရှုပ်သလိုဖြစ်နေရော... အဲဒီ့မှာ မလိုတဲ့ ဟာတွေကို ဖျက်ဖို့ အတွက် ပါ ... အပေါ်က ပုံမှာ မြင်နိုင်ပါတယ် ....

အဲ့ဒါကို လုပ်ဖို့အတွက် အရင်ဆုံး Registry ကို Back up လုပ်ထားပါ့မယ် ...မလုပ်ပဲထားရင် တခါတလေ ကိုယ့်လက်က မှားပြီးတော့ ဖျက်မိတာမျိုး ... သတိမထားမိပဲ လုပ်မိလိုက်တာမျိုးဆိုရင် ပြန်ပြီးတော့ ကယ်နိုင်အောင်အတွက်ပါ ... Registry Backup လုပ်နည်းကို ကျွန်တော် ဒီနေရာ လေးမှာပြထားဖူးပါတယ် ... ကဲ စလိုက်ကြရအောင်ပါ ...

၁ ။ Window key + R ==> regedit
၂။ registry ပေါ်လာပြီဆိုရင် အောက်မှာ ပြထားတဲ့ လမ်းကြောင်းလေး အတိုင်းသွားလိုက်ပါခင်ဗျာ ..

 HKEY_CLASSES_ROOT\Directory\Background\shell

ရောက်သွားပြီဆိုရင် အဲ့ဒီ့အောက်မှာ ရှိတဲ့ File လေးတွေ အကုန်လုံးကို ဖျက်လိုက်ပါ ... ကိုယ် အသုံးပြုချင်တဲ့ Command လေးက လွဲလို့ပေါ့ .. ဖျက်ရင်လည်း ဘာမှ မဖြစ်ပါဘူး.... တခု ဖျက်လိုက်တိုင်းမှာ Desktop ပေါ်ကိုထောက်ကြည့်ပါ ... ကိုယ်ဖျက်လိုက်တဲ့ ဟာလေးတွေ ပျောက်ပျောက်သွားပါလိမ့်မယ်....    အဲ့ဒါဆိုရင် ရှည်လွန်းလို့ဆိုပြီးတော့ မျက်စိမနောက်တော့ဘူးပေါ့ဗျာ .... :) :)



အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်
မောင်လုလင်


Ref: windowsevenforum





Posted on Saturday, March 02, 2013 by Unknown

2 comments

21.2.13


အခုနောက်ပိုင်း Intel Core i series တွေ ပေါ်လာတော့ အဲ့ဒီ့မှာပါတဲ့ Window တွေက Window 8 တွေပါလာတာများလာပါတယ်... ကျွန်တော်လည်း အစကတော့ Window 8 ကို ကျွန်တော်နဲ့ သဟဇာတ ဖြစ်မယ်လို့ မထင်မိဘူး.... နောက်ပိုင်း သုံးကြည့်ရင်းနဲ့မှ ပဲ အံဝင်ခွင်ကျဖြစ်လာတယ် .... နောက်တော့ သုံးရင်း နဲ့ အဆင်ပြေလာတယ်ပေါ့ ... နောက်တော့ ပြဿနာ တစ်ခု ဖြစ်တယ် ... ဘာလဲ ဆိုတော့ Right Click ထောက်လိုက်ရင် နှေးပြီးတော့ နေတာပါပဲ .... Right Click ထောက်လိုက်ပြီးရင် စောင့်လိုက်ရတာ ... တော်တော် ကို စောင့်ရတယ် ... အထဲ မှာ ဖွင့်ရင် ပိုဆိုးတယ် .. Not Responding ဆိုပြီးတော့ ပေါ်တောင်မှ လာသေးတယ်... အဲ့ဒါ ရှင်းရအောင်ဆိုပြီး လိုက်ရှာ ကြည့်လိုက်တော့ တွေ့ပါတယ်  .... အခု အဲဒီ့အတိုင်းလေး လုပ်လိုက်တာ အဆင်ပြေသွားပါတယ် ... ကျွန်တော့်လိုမျိုး ပြဿနာ ကြုံနေသူများအတွက် ဖြေရှင်းနိုင်ဖို့ပါ ....

ပထမဆုံး 7 zip Run ထားတယ် ဆိုရင် ပြန်ဖြုတ်လိုက်ပါ ....
ပြီးရင်တော့ Window Key+R==> regedit
Registry ကို ဖွင့်လိုက်ပါ ..ပြီးရင် တော့ အောက်က လမ်းကြောင်းအတိုင်းသွားလိုက်ပါ ....
 HKEY_CLASSES_ROOT\Directory\Background\shellex\ContextMenuHandler\

အဲ့ဒီ့ကို ရောက်သွားပြီဆိုရင် ContextMenuHandler ဆိုတာရဲ့အောက်က ဟာတွေ အကုန်လုံးကို ဖျက်လိုက်ပါ .... အကယ်၍  New ဆိုတာ ရှိရင်တော့ အဲ့ဒီ့ New ကို မဖျက်ပါနဲ့ ... ထားခဲ့လိုက်ပါ ... ပြီးရင် စမ်းကြည့်ပါဦး ... အဆင်ပြေပြေနဲ့ Right Click context menu မြန်မြန် ပေါ်လာပါလိမ့်မယ်ခင်ဗျာ ....

Window 8 Activator 

ဒါကတော့ Window 8 ကို သုံး စွဲမည့်သူများအတွက် Activator လေးပါ ....  ဒေါင်းချင်သူများအတွက်ကတော့ အောက်မှာ ဒေါင်းလိုက်ပါ ... ကျွန်တော် Dropbox နဲ့ Amazon မှာ စမ်းပြီးတော့ တင်ထားပေးပါတယ်... အဆင်မပြေရင် အော်ခဲ့လိုက်ပါဦးခင်ဗျာ ......


dropbox

အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပျော်ရွှင်ပါစ လို့ ဆုတောင်းလျက်
မောင်လုလင်



Posted on Thursday, February 21, 2013 by Unknown

No comments

27.1.13

မင်္ဂလာပါ .... ကျွန်တော့်ရဲ့ ဆိုဒ်ကလေးလည်း Active မဖြစ်တာ အတော်ကြာနေပါပီ ... အင်တာနက်နဲ့ လည်း အလှမ်းကွာနေခဲ့တော့ သိပ်ပြီးတော့လည်း မရောက်ဖြစ်ဘူး... အင်တာနက်ဆိုတာပြောရင် တောင် ကြားဖူးသလိုလိုတော့ ရှိသား :) အဲ့လို ဖြစ်နေခဲ့ပါတယ် ... အခုတော့ အင်တာနက်နဲ့ အလှမ်းနီးသွားပြီဆိုတော့ ကျွန်တော် တတ်နိုင်သလောက်ကလေးများ ဖြေရှင်းပေးနိုင်အောင် တော့ ကြိုးစားသွားပါ့မယ် .... ခုကျွန်တော် လောလောဆယ်မှာ ပြဿနာတက်ခဲ့တာလေးပါ ... Microsoft Office 2010 ကို Active ဖြစ်အောင်လုပ်တဲ့ Software လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ် .. အစကတော့ ကီးတွေ ရှာပါသေးတယ် .. ကီးတွေ ရှာရင်း နဲ့ တွေ့သလိုလို နဲ့ မတွေ့ဘူးဖြစ်နေတာ ... အဲ့ဒါနဲ့ နောက်တော့ Activator လေးပဲ ရှာပြီးတော့ ကစ်လိုက်တာကောင်းပါတယ်ဆို ရှာပြီးတော့ စမ်းကြည့်လိုက်တယ် .. အဆင်ပြေသွားပါတယ် ... 2010 က ကြာပြီဆိုတော့လည်း ရှိနှင့်ပြီးသားလူတွေ အဆင်ပြေပြီးသားလူတွေ လည်းများလိမ့်မယ် ထင်ပါတယ် ... သွင်းပြီးတော့ အဆင်မပြေဖြစ်သူများအတွက် ပါ ... အလွယ်တကူ ဒေါင်းနိုင်အောင် ပါ .... အခုက ပထမဆုံးပြန်ပြီးတော့ တင်တဲ့ပိုစ့် ဆိုတော့ အဆင်မပြေတာလေးတွေများရှိခဲ့ရင် တောင်းပန်ပါတယ်ခင်ဗျာ .... ဒေါင်းမယ်ဆိုရင်တော့ အောက်မှာပါ ....


https://www.hidrive.strato.com/lnk/vBkSyMlo

https://www.dropbox.com/s/lzm4vm7pp1irxup/Office%202010%20Toolkit.rar




အားလုံး အစစအရာရာ အရင်ထက်ပိုပြီး အဆင်ပြေပါစေလို့ ဆုတောင်းလျက် ..... :) မောင်လုလင်

Posted on Sunday, January 27, 2013 by Unknown

1 comment

3.6.11

ကျွန်တော်တို့ Laptop တွေဘာတွေ ၀ယ်ပြီးတဲ့ အခါမှာ အသုံးဝင်ပါလိမ့်မယ် .. မြန်မာနိုင်ငံ က လူတွေ ပြောတာတော့မဟုတ်ပါဘူး .. ဥပမာ တခြားနိုင်ငံ ကိုရောက်နေတဲ့သူတွေ အနေနဲ့ .. ဘယ်လိုပြောရမလဲ … ရုရှား ၊ ဂျပန် ၊ ပြီးတော့ တခြား အင်္ဂလိပ်ဘာသာ အသုံးမပြုတဲ့ နိုင်ငံတွေ မှာ ရောက်နေတဲ့ သူတွေ အတွက်ပါ .. ပြီးတော့ Window OS ကို ဒေါင်းတဲ့အခါမှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့သူတွေ အတွက်ပါ .. ဘာလဲဆိုတော့ ကျွန်တော် တို့ Laptop ကို ၀ယ်တဲ့ အခါ ၊ တခြား ဘာသာ OS ကို တင်ပြီးတဲ့အခါကျရင် အဲ့ဒီ့ ဘာသာစကား နဲ့ OS ကို သုံးရတာ ကျွန်တော်တို့ အတွက် အင်္ဂလိပ်ဘာသာ စကားလောက် အဆင်မပြေပါဘူး ..ပြီးတော့ အဲဒီ့ Laptop ရဲ့ မူရင်းဝင်းဒိုးကို ပြန်မဖျက်ချင်ဘူးဆိုတဲ့ သူတွေ အတွက်ပါ အဆင်ပြေပါတယ် … အဲဒါမျိုးမှာ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ့ Interface ကို အင်္ဂလိပ် Interface အဖြစ် ပြောင်းပြီးသုံးဖို့အတွက်ပါ … အင်တာနက် Connection ရှိရင်တော့ ပိုပြီး အဆင်ပြေပါတယ် … ဘာလို့လဲ ဆိုတော့ သူက Window update နဲ့ ဆိုင်လို့ပါ … အဲဒီ့ကနေပြီးတော့ ပြောင်းဖို့အတွက် Source ကိုသွားယူရပါတယ် .. အဲဒါကြောင့်ပါ … Offline မှာ ပဲပြောင်းချင်တဲ့သူတွေ ကတော့ အဲဒီ့ Language Pack ကို ဒေါင်းပြီးတော့ မိမိရဲ့စက်မှာ ပြင်လို့ရပါမယ် … စပြီးတော့ စမ်းကြည့်ရအောင်ပါ … ကျွန်တော်ကတော့ အင်္ဂလိပ် OS နဲ့ပဲ နမူနာပြထားလိုက်တယ်နော် .. နည်းနည်း လေး Icon လေးတွေ ကြည့်ပြီးတော့ ပြောင်းကြည့်လိုက်ပေါ့ …

Control panel => Region and Language => keyboards and Languages

ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …



Choose a display language ဆိုတာလေးမှာ ကျွန်တော် ပြသလိုလေး နှစ်ခုပါတယ် ဆိုရင်တော့ English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေပါတယ် …



အဲဒီ့ Dropdown list ကလေးထဲမှာ ဘာမှ မရှိဘူး ဆိုရင်တော့
Install/uninstall languages ဆိုတာကလေးကို နှိပ်လိုက်ပါ … နှိပ်လိုက်ရင် အောက်က ပုံလေးပေါ်လာပါ့မယ် …



အဲဒီ့မှာ Install display languages ဆိုတာကလေးကို နှိပ်လိုက်ပါ … အဲဒီ့မှာ နောက်တစ်ခုမှ မေးလာပါတယ် .. ဘယ်ကနေပြီးတော့ Install လုပ်မှာလဲ ဆိုတာပါ .. ကျွန်တော်တို့က Internet connection ရှိရင်တော့
Launch Window Update ကို ရွေးလိုက်ပါမယ် …



အဲ့ဒီ့မယ် နောက်တစ်မျက်နှာ Window update လုပ်ဖို့ စာမျက်နှာကိုရောက်သွားပါပြီ …
ရောက်သွားပြီဆိုရင် အဲဒီ့မှာ xx optional updates are available ဆိုတာကလေးကိုနှိပ်လိုက်ပါ …
နှိပ်လိုက်တယ်ဆိုရင် အဲ့ဒီ့မယ် နောက်တစ်မျက်နှာကိုရောက်သွားပါပြီ ..





အဲ့ဒီ့ စာမျက်နှာမှာ Window language packs ဆိုတာကို တွေ့ရပါမယ် .. ကျွန်တော့်ဆီမှာတော့ English language pack ကိုသွင်းထားတဲ့ အတွက် ကြောင့် မပေါ်ပါဘူး … သတိထားရမှာက တခြားဘာသာ နဲ့ရေးထားမှာနော် .. အဲဒီ့မယ် ကိုယ်က ဖတ်ပြီးတော့ English ကို အမှန်ခြစ်ကလေးကို ရွေးပေးရမှာ …
ရွေးပြီးသွားရင် Ok ကိုပေးလိုက် … စောစောက စာမျက်နှာလေးကို ရောက်သွားလိမ့်မယ် … အဲဒီ့မှာ Install Update ဆိုတာကလေးကို နှိပ်လိုက် .. Internet connection ရှိရင် သူ့ဘာသာသူ Download ချ ပြီးတော့ Install လုပ်သွားလိမ့်မယ် … ပြီးရင် စောစော က အဆင့်ကလေးအတိုင်းပြန်သွားရပါ့မယ် …



Control panel => Region and Language => keyboards and Languages
ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …



Choose a display language ဆိုတာလေးမှာ စောစောက အပေါ်မှာပြောသလို လုပ်ခဲ့ပြီးပြီဆိုရင် ကျွန်တော် ပြသလို နှစ်ခုပါလာပါ့မယ် … English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေသွားပါမယ် …

Offline မှာသွင်းနည်း ..


အခု နောက်တစ်ခုကတော့ Download ချပြီးသား Pack ကလေး ကို ပြန်သွင်းတဲ့ နည်းလေးပါ … အပေါ်က ပြောခဲ့သလို လေး Install/Uninstall languages ထိသွား ပြီးရင် Install Languages ဆိုတာကို နှိပ်လိုက်ပါ ..



ပြီးရင် Browse computer ဆိုတာကလေးကို နှိပ်လိုက်ပါ … ပြီးရင် ကိုယ်ပြောင်းချင်တဲ့ ၊ Download ချထားတဲ့ Language pack ကလေးကို ရွေးပေးရပါမယ် … ရွေးပေးပြီးပြီဆိုတာနဲ့ ကျွန်တော်တို့ .. Next ဆိုတာကလေးက နေပြီးတော့ နောက် အဆင့်ကလေးတွေ မှာ ဆက်ပြီးတော့ လုပ်လိုက်ရင် သွားပြီးသားဖြစ်သွားပါမယ် …





ပြီးရင်
Control panel => Region and Language => keyboards and Languages
ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် …
Choose a display language ဆိုတာလေးမှာ စောစောက အပေါ်မှာပြောသလို လုပ်ခဲ့ပြီးပြီဆိုရင် ကျွန်တော် ပြသလို နှစ်ခုပါလာပါ့မယ် … English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေသွားပါမယ် …



အဲဒီ့ အဆင့်ကလေးအတိုင်းလေး လုပ်လိုက်ရင် အကုန်လုံးအဆင်ပြေသွားပါပြီခင်ဗျာ …
ကိုယ်သုံးချင်တဲ့ မူရင်း Window ကို လည်း အင်္ဂလိပ်ဘာသာ စကားနဲ့ သုံးစွဲလို့ ရသွားပါမယ် …

အားလုံး အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

Posted on Friday, June 03, 2011 by Unknown

9 comments

27.5.11

မင်္ဂလာပါ .. ဒါကတော့ ပြဿနာ တစ်ခု လို့ သတ်မှတ်လို့မရပါဘူး .. ဒါပေမယ့် လုပ်ချင်တဲ့သူတွေ အတွက် လုပ်လို့မရတဲ့ အခါတွေ မှာ တော့ ပြဿနာ တစ်ခု အဖြစ်သတ်မှတ်လို့ရပါတယ် ... ဘာလဲ .. သူများတွေ Gtalk တွေမှာ မြင်ဖူးမှာပါ .. သူတို့ သီချင်းဖွင့်ထားတယ်ဆိုရင် အဲဒီ့မှာ သီချင်းနာမည်လေး နဲ့ ဆိုတဲ့အဆိုတော် နာမည်လေးနဲ့ ပေါ်နေတာလေး ကို လေ ... အဲ့ဒါမျိုးလေး ဖြစ်ဖို့ အတွက် လုပ်ပုံလေးပါ .. တော်တော်များများ က တော့ မဖြစ်ပါဘူး .. ဒီတိုင်း ၀င်းဒိုး တင်ပြီးတော့ ပုံမှန်အတိုင်းလေး ပဲ Window media player နဲ့ သီချင်းဖွင့်ပြီးတော့ Gtalk မှာ Show current music track ဆိုပြီးတော့ လုပ်လိုက်တာနဲ့ တက်လာပါတယ် .. အဲဒီ့လို ကိုယ့်ဆီမှာ လုပ်လို့ရမရ ဘယ်လိုကြည့်မလဲ .. Windwo Media player ကို ဖွင့်လိုက်ပါ .. ပြီး၇င် More option => Plugin => background ဆိုတာလေးမှာ ဘေးဘက်က Google talk music plugin ဆိုတာလေး မရှိရင် အခုလိုမျိုးလုပ်ရမှာပါ .. အောက်ကပုံလေးလို ရှိရင်တော့ မလိုပါဘူး ...


လုပ်ဖို့ ဆိုတာကလည်း ဘာမှ မရှိပါဘူး ... ပထမဆုံး ကိုယ့်ဆီမှာ သွင်းထားတဲ့ Gtalk ကို Uninstall လုပ်ပစ်လိုက်ပါ .. ပြီးရင်တော့ အောက်က လင့်ကလေးမှာ Gtalk lastest version ကိုသွားယူလိုက်ပါ ..

www.google.com/talk


အဲဒီ့မှာ ယူပြီးသွားပြီဆိုရင်တော့ .. အဲဒီ့ gtalk.exe အပေါ်မှာ Right click ထောက်လိုက် .. ပြီးရင် Run as Administrator ဆိုပြီးတော့ သာ Run http://www.blogger.com/img/blank.gifလိုက်ပေတော့ .. အဲဒါဆိုရင်ရပါပြီ .. ကိုယ့်ရဲ့ Gtalk မှာ ကိုယ်သီချင်းနားထောင်နေတယ် ဆိုတာကို Gtalk Status Message မှာ ၀င်သွားပါပြီ ... အောက်ကပုံစံလေးနော် ...
http://www.blogger.com/img/blank.gif



အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ..

မောင်လုလင်

Posted on Friday, May 27, 2011 by Unknown

No comments

22.5.11




ကိုဒီမောင် စီပုံးကနေပြီးတော့ အော်သွားတဲ့ Error လေးပါ ... အဲ့ဒီ့ Error လေးတွေ ဖြစ်တာ ဘာကြောင့်ဖြစ်လဲ ဆိုတော့ Window ရဲ့ service pack တွေ Update တွေလုပ်မိတယ်ဆိုရင် ဖြစ်ဖြစ် .. CD/DVD တွေ ကို Recording လုပ်တတ်တဲ့ Program တွေကို သွင်းတာ ၊ ပြန်ဖြုတ်တာ ဖြစ်ဖြစ် မှာဖြစ်တတ်ပါတယ် .. Error (Code 39) , (Code 31), (Code 19) , (Code 41) အဲဒီ့ လို Error မျိုးတွေ နဲ့ ပြတတ်ပါတယ် .. အဲဒါတွေကို Fix ဖြစ်ဖို့အတွက် အခုကြိုးစားကြည့်ကြရအောင်ပါ ... အဲ့ဒီ့ Error တွေအတွက် Registry fix ဖြစ်အောင် လုပ်တဲ့ Software လေးတွေ ကို သုံးရင်လည်း အဆင်ပြေနိုင်ပါတယ် .. ကျွန်တော် အခု တင်ပေးလိုက်တဲ့ အထဲမှာ Internet Connection ရှိမှ ပြန်ပြင်လို့ရမယ် Software လေးတစ်ခု ပါပါတယ် ... ပြီးတော့ Offline မှာပဲ စစ်လို့ရမယ့် တစ်ခု ပါပါတယ် .. အဲဒါကလေးတွေ နဲ့ စမ်းကြည့်စေချင်ပါတယ် ..အလုပ် လုပ်/မလုပ် ပေါ့ .. အခု အောက်ကနည်းကတော့ ကျွန်တော်တို့ ကိုယ်ကိုယ်တိုင် အဲ့ဒီ့ Error လေးတွေကို Fix ဖြစ်အောင်အတွက် ကြိုးစားလုပ်ကြည့်တာပေါ့ .. အရင်ဆုံး ကျွန်တော်တို့ Registry ကို ၀င်မပြင်ခင်မှာ Backup လုပ်ထားဖို့ အတွက် လိုအပ်ပါတယ် .. မှားသွားခဲ့တယ်ဆိုရင် မူရင်းအတိုင်းပြန်ဖြစ်အောင်ပေါ့ .. Registry ကို Backup လုပ်ဖို့အတွက် ကျွန်တော်အရင်က ပိုစ့် တစ်ခုမှာရေးထားတာလေး ရှိပါတယ် .. အဲဒါကလေးကို ဖတ်ပြီးတော့ Backup လုပ်ထားလိုက်ပါခင်ဗျာ ... အောက်ကလင့်ကလေးမှာ ရေးထားတာပါ ..
http://mglhulin.blogspot.com/2010/07/registry-error-fix-window-7-window.html
အဲ့ဒါကလေးက Backup လုပ်တဲ့ နည်းကလေးပါ .. အခု အောက်က လင့် ကလေးတွေ ကတော့ စောစောက Registry Error fix ဖြစ်ဖို့ အတွက်သုံးတဲ့ Software လေးတွေဖြစ်ပါတယ် ...

www.mediafire.com


ifile.it

www.multiupload.com

အဲဒါက Software လေးတွေ ပါ .. နောက်ထပ် တစ်ခုကိုယ့်ဘာသာလေး လုပ်ကြည့်ဖို့ အတွက် ကြိုးစားကြည့်ကြရအောင်ပါ .. Registry ကို Backup လုပ်ထားဦးနော် ... မမေ့နဲ့ဦး မေ့သွားလို့ ကွိသွားဦးမယ် ... :D

စလုပ်ကြည့်ရအောင် ..

Run => regedit => ဆိုပြီးတော့ သွားလိုက်ပါ ..
ပြီးပြီဆိုရင် အောက်က လမ်းကြောင်းလေး အတိုင်းသွားလိုက်ကြရအောင် ..


HKEY_LOCAL_MACHINE => SYSTEM => CurrentControlSet => Control => Class =>{4D36E965-E325-11CE-BFC1-08002BE10318}

အဲဒီ့ လမ်းကြောင်းလေးအတိုင်းသွားလိုက်ပါဦး .. သွားပြီးပြီဆိုရင်တော့ ညာဘက် မှာ UpperFilters ဆိုတာနဲ့ LowerFilters ဆိုတာလေး ရှိပါမယ် .. အဲဒါကလေးတွေရဲ့ အပေါ်မှာ R-click ထောက် ပြီးရင် Delete လုပ်လိုက်ပါ .. ပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ ... အဆင်ပြေမယ်ထင်ပါတယ် .. လုပ်ကြည့်ပါဦးဗျာ .. မရရင် အောက်မှာ မန့် ခဲ့ပါဦး ...


အားလုံး အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

Posted on Sunday, May 22, 2011 by Unknown

1 comment




အရင် က ၀င်းဒိုး ၇ အတွက် ကျွန်တော် Activator လေးတွေ တင်ဖူးပါတယ် .. အဲဒါတွေ က အခု နောက်ပိုင်းဆိုရင် Activator လေးတွေ တော်တော် များများ က အလုပ်မလုပ်တော့တာ တွေ့ရပါတယ် .. အရင် ရက်ကလေးကတင် ကျွန်တော့်ညီ ခွန်စစ် က Loader လေး တစ်ခု တင်ပေးသွားပါသေးတယ် .. ခု က နောက်တစ်မျိုးပေါ့ Chew7 လို့ခေါ်ပါတယ် ... ဖိုင်ဆိုဒ် ကလည်း သိပ်ပြီးတော့ မကြီးတဲ့ အတွက် ဒေါင်းထားရင် နောက်တစ်ချိန် အသုံးလိုတဲ့ အချိန်ကျ သုံးလို့ရတာပေါ့ .. ပြီးတော့ ဒီဟာတွေက တရားဝင်မဟုတ်တဲ့ အတွက် နောက်တစ်ချိန်ကျရင် ဒီလင့်တွေ ကို ဖျက်လိုက်တယ် ဆိုရင် နောက်တစ်ချိန်မှာ ဒေါင်းဖို့ မလွယ်ကူပါဘူး .. ကျွန်တော် အရင်ကလည်း အဲဒီ့လိုမျိုး ညှိခဲ့ဖူးလို့ ကျွန်တော့် ပိုစ့် တစ်ခု တောင်ပျက်သွားဖူးပါတယ် .. အဲ့ဒါကြောင့် ရတဲ့ အချိန်လေးမှာ ဒေါင်းထားလိုက်ပါလို့ အကြံပေးချင်ပါတယ် ခင်ဗျာ ... ဒေါင်းဖို့လင့် ကတော့ အောက်မှာ ပါ .. သုံးခု ပေးထားလိုက်ပါတယ် ..

Multiupload

ifile.it

Mediafire


အားလုံး အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....

မောင်လုလင်

Posted on Sunday, May 22, 2011 by Unknown

No comments

17.5.11


ကျွန်တော်ဒီပိုစ့် လေးနဲ့ ပဲကိုယ့် ကိုယ်ကိုမိတ်ဆက်ပါရစေ.....ကျွန်တော့် နာမည်ကခွန်စစ်ပါ... နောက်နောင်များမှာ ကိုလုလင်နဲအတူကျွန်တော်တတ်စွမ်းတဲဘက်ကနေ.........software များကိုမျှဝေသွားမည် ဖြစ်ပါတယ်ခင်ဗျာ.... ကဲဒီ loader လေးအကြောင်းပြောလိုက်ကြရအောင်...ကျွန်တော်တို့ အရင်ကကိုလုလင်တို့ တင်ပေးတဲ့  loaders တွေ activators တွေနဲ့ ကျွန်တ်ာတို့ ရဲ့  window OS ကြီးကို activate ဖြစ်အောင် လုပ်ကြပါတယ်...
နာက်ပိုင်း windows တွေကမြင့် လာတာနဲ့ အမျှ loader တွေလဲ versions တွေတိုးလာတယ်... အသစ်တွေ ထွက်လာကြပါတယ်...အဲ့ ဒီတော့ အရင်က တင်ပေးခဲ့ တဲ့  loader တွေနဲ့  အဆင်မပြေဖြစ်လာကြပါတယ်....အခု ဒီ window loader လေးက အရင် loaders တွေနေရာမှာအသုံးဝင်မည့် software လေးပါ... ပြီးတော့ ကောင်းတာ တစ်ခုက ဒီကောင့် မှာ offline window keys တွေလဲပါတယ်...

Supported operating systems:
» Windows 7 Ultimate
» Windows 7 Ultimate E
» Windows 7 Professional
» Windows 7 Professional E
» Windows 7 Home Premium
» Windows 7 Home Premium E
» Windows 7 Home Basic
» Windows 7 Starter
» Windows 7 Starter E
» Windows Vista Ultimate
» Windows Vista Business
» Windows Vista Business N
» Windows Vista Home Premium
» Windows Vista Home Basic
» Windows Vista Home Basic N
» Windows Vista Starter
» Windows Server 2008 R2: Enterprise
» Windows Server 2008 R2: Standard
» Windows Server 2008 R2: Foundation
» Windows Server 2008: Enterprise
» Windows Server 2008: Standard
» Windows Server 2008: Foundation
» Windows Small Business Server 2008







ခွန်စစ်

Posted on Tuesday, May 17, 2011 by ခွန်စစ်

1 comment

14.5.11






ဒီ Error က တွေ့တာကြာပါပြီ .. ဖြေရှင်းလိုက်လို့လည်း ရသွားပါတယ် .. ကျွန်တော် အရင်က ပျင်းတာလည်းပါ ၊ ဟိုလုပ်ဒီလုပ် လည်းပါ ၊ အလုပ်ရှုပ်တာလည်းပါ .. အကုန်လုံးနဲ့ ရှုပ်ကုန်တော့ မရေးဖြစ်ဘူးဖြစ်နေတာ ပါ .. ခုတော့ အဲဒီ့ Error လေးကို ကျွန်တော်တို့ ဖြေရှင်းကြည့်ကြအောင်ပါ .. မသိတဲ့ သူတွေများဆိုရင် အဲဒီ့ Error ကို လုပ်လို့မရလို့ဆိုပြီးတော့ Window ပြန်ချိန်းကြတာလည်းပါပါတယ် .. ကျွန်တော်တို့ တွေကလည်း အင်တာနက်ရှိတဲ့ စက်ဆိုရင် Gtalk ကလေး ရမ်းထားမှ ကို အဆင်ပြေတာ ... အရေးသိပ်မကြီးပေမယ့် အရေးကြီးတာပေါ့နော် ... :P :P ။ ဒီတော့ အဲဒီ့ Error ကိုစစ်ကြည့်ရအောင် .. ဘာဖြစ်တာလဲ ... ကျွန်တော်လည်း ဖြစ်တယ်ဗျ .. ဘယ်လိုဖြစ်လဲ ဆိုတော့ Window 7 တင်လိုက်တာ . နောက်ကျတော့ Window Update တင်တော့ကျတော့ IE 9 ကိုပါ တင်လိုက်တယ် ... တင်လိုက်တဲ့အချိန်က စပြီးတော့ အဲ့လို ဖြစ်တော့တာပါပဲ .. အဲဒါကို ပြန်ပြီးတော့ စဉ်းစားကြည့်လိုက်တော့ IE မှာ မြန်မာဖောင့် မရရင် လုပ်တဲ့နည်းလေးတွေ ကို ပြန်စဉ်းစားကြည့်တော့ ရသွားတယ် .. အခု နည်းလေး နဲ့ လုပ်လိုက်ရင် ဘာမှ မလိုဘူး .. အများဆုံး လုပ်ရရင် Click ၅ ချက် ၆ ချက်ပဲ .. အဲ့ဒါလေး နဲ့ပဲ အဆင်ပြေပါတယ် .. ဘယ်လိုလုပ်မလဲ ဆိုတာ ဆက်သွားကြည့်ရအောင် ..

Start menu =>> Control panel =>> Internet Option =>> General tab

အဲဒီ့ကိုရောက်သွားပြီဆိုရင် အောက်မှာ Appearence ဆိုတာလေးရဲ့အောက်မှာ font ဆိုတာလေး ရှိပါတယ် .. အဲ့ဒါလေး ကို နှိပ်လိုက် .. ပြီးရင် Zawgyi-one ကို ရွေးပေးလိုက် ... ပြီးရင် အိုကေ ပေးလိုက်ရင် .. It's ok ပါပဲ ... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

Posted on Saturday, May 14, 2011 by Unknown

1 comment

11.3.11



Laptop ကိုယ်ပိုင်ရှိသူများအတွက် ဒီအချက်ကလေးတွေ ကို စုစည်းပြီးတော့ ဖော်ပြလိုက်ပါတယ် ... ကောင်းနိုးရာရာလေးတွေ ကိုပါ ... ပြီးတော့ Laptop ကို Plug မတပ်ပဲ သုံးတဲ့အခါ ကျွန်တော်တို့ အနေနဲ့ ခဏတဖြုတ် လောက်သာ သုံးစွဲရပါတယ် .. အခုလိုလုပ်တဲ့အတွက် အဲဒီ့ခဏတဖြုတ် ကို နည်းနည်း ခဏတဖြုတ် ပေါ့ အသက်ကလေး ဆွဲဆန့်ကြည့်ရတာပေါ့ .. ကိုယ်သုံးလို့ ကောင်းနေတုန်း အချိန် မျိုးမှ Battery ကကုန်သွားရင် မကောင်းဘူးပေါ့ .. အခု နည်းနည်းလေး Battery သက်တမ်းကို မြှင့်နိုင်အောင်အတွက် ပါ အချက်ကလေးတွေ စုထားလိုက်ပါတယ် ... ခက်ခက်ခဲခဲ မလုပ်ရမယ့် နည်းလေးတွေ ကို ပဲ စုပြီးတော့ တင်ပြလိုက်ပါတယ် ...

(၁) Screen Brightness ကို လျော့ထားခြင်း

ဒီအချက်ကလေး က တော့ ပထမဆုံး Basic အချက်ကလေးပါ .. ကျွန်တော်တို့ အနေနဲ့ Brightness ကို မလိုအပ်တဲ့အချိန်မှာ သုံးထားမယ်ဆိုရင် Battery ရဲ့ သက်တမ်းကို အလွယ်တကူ နဲ့ကုန်စေနိုင်ပါတယ် .. ဒါကြောင့် လိုအပ်တဲ့အချိန်မှာသာ အသုံးပြုပြီးတော့ မလိုအပ်တဲ့အချိန်မှာ Brightness ကို လျော့ချ ထားတာပိုပြီးတော့ ကြာကြာ ခံနိုင်ပါတယ် ...

(၂) မလိုအပ်တဲ့ program တွေကို ပိတ်ထားပါ

ဒါပိတ်တာကတော့ Run => msconfig ကနေပြီးတော့ Startup မှာ ကွန်ပျူတာ စစဖွင့်ခြင်းကတည်းက တက်လာမယ့် Program တွေရှိပါတယ် .. အဲဒီ့အထဲက မိမိအနေနဲ့ မလိုအပ်တဲ့ ၊ တခါတရံမှ သာ သုံးစွဲ တဲ့ Program တွေကို ဖြုတ်ထားပါ .. Ctrl+Alt+Del ကိုနှိပ်ပြီးတော့ မလိုတဲ့ application တွေကိုပိတ်နိုင်ပါတယ် ... ဘာလို့ ပိတ်ရသလဲ ဆိုရင် အဲဒီ့ဖွင့်ထားတာတဲ့ Program တွေ ကနေပြီးတော့ Battery ကို သုံးစွဲ နေလို့ပါ ...

(၃) Internet မသုံးဘူး ဆိုရင် Wifi နဲ့ Bluetooth ကိုပိတ်ထားပါ

မိမိ က Internet မရှိတဲ့နေရာမျိုးမှာ ဆိုရင် Wifi ကို ပိတ်ထားတာပိုကောင်းပါတယ် ... Wifi ကပိုပြီးတော့ မိမိရဲ့ Battery ကို ပိုပြီးတော့ သုံးပါတယ် ... Laptop မှမဟုတ်ပါဘူး . Phone တွေ Tablet တွေ ဆိုရင်လည်း Wifi နဲ့ သုံးရင် ဘယ်နှနာရီ .. မသုံးရင် ဘယ်နှနာရီ ဆိုပြီးတော့ တောင် ရှိပါတယ် .. ဒါကြောင့် မိမိ က အင်တာနက် ကို မသုံးရင် Wifi ကို ပိတ်ထားတာ အကောင်းဆုံးပါ .. Bluetooth ကတော့ အင်တာနက်နဲ့ မဆိုင်ပါဘူး .. ကိုယ်ကမှ အရေးတကြီး Share တို့ လက်ခံစရာတို့ မရှိရင် Bluetooth ကိုလည်း ပိတ်ထားတာပိုကောင်းပါတယ် ..

(၄) External device တွေကို ဖြုတ်ထားပါ

USB , External Hard disk စသဖြင့် တပ်ထားတယ်ဆိုရင် ဖြုတ်ထားပါ .. သူတို့က လည်း မိမိရဲ့ Battery ကို အသုံးပြု ပါတယ် .. ဒါကြောင့် မသုံးဘူး ဆိုရင် ဖြုတ်ထားပါ ..

(၅) Schedule လုပ်ထားရင် ပိတ်ပါ

ဥပမာ .. Defrag လုပ်တာကို အရင်ကများ ကိုယ်က ဘယ်နေ့မှာတော့ဖြင့် Defrag လုပ်မယ် ဆိုတာမျိုးပေါ့ .. အဲလိုမျိုးပေးထား ခဲ့ရင် ပြန်ပြီးတော့ ပိတ်ထားပါ .. အင်တာနက်မသုံးဘူး .. တခြား external device တွေ ကိုလည်း မသုံးဘူး ဆိုရင်တော့ Antivirus ရဲ့ update တွေကိုပါပိတ်ပါ .. သူတို့က Internet မရှိလည်း Update လုပ်ဖို့အတွက် Check လုပ်ပါတယ် .. အဲဒါကြောင့် ပိတ်ထားရင် ပိုတောင် ကောင်းပါတယ် .. Battery အတွက်ပြောတာနော် .. တော်ကြာ အင်တာနက် နဲ့ သုံးတဲ့အချိန် ဖွင့်မထားမိ လို့ ဒုတ်ကောက်တွေ ပေးနေဦးမယ် ... သတိထားပေးပါ ...

(၆) CD / DVD Drive တွေသုံးစရာမလိုရင် မသုံးပါနဲ့ဦး

ကိုယ့်အနေနဲ့ Battery ကို Charge လုပ်ထားတာမဟုတ်သေးရင် CD / DVD တွေကို မလိုရင် မသုံးပါနဲ့ .. CD/DVD ကို ဖတ်ဖို့အတွက် လည်ရတာတွေ ဘာတွေ ကို သုံးရတဲ့အတွက်ကြောင့် သင့် Battery ကို အများကြီး သုံးစွဲသွားနိုင်ပါတယ် ..

(၇) Screensaver ကိုလည်းပိတ်ထားပါ

Screensaver ကိုလည်း ပိတ်ထားပါ ... ကိုယ်က သုံးနေတာပဲ ဘယ်လိုလုပ် Screensaver က တက်လာမှာလဲ . ဒါကြောင့် Charging လုပ်နေတဲ့အချိန်မျိုးမှာ သုံးနေတာမဟုတ်ရင် Screensaver ကိုလည်း ပိတ်ထားတာ အကောင်းဆုံးပါ ..


(၈) တခြားအပူတွေကို ရှောင်ပါ

ကိုယ်ရဲ့ Laptop ကို နေရောင် အောက်တွေ မှာ ၊ တခြား ပြင်ပက အပူတွေ ရှိတဲ့နေရာမျိုးမှာ မဖွင့်ပါနဲ့ ... ပြင်ပက အပူတွေက Battery ရဲ့ ခံနိုင်ရည်ကို Reduce ဖြစ်နိုင်စေပါတယ် ..

(၉) Defrag လုပ်ထားပါ

ကိုယ့်ရဲ့ ကွန်ပျူတာကို Charge လုပ်ထားတဲ့အချိန်မှာ Defrag ပုံမှန်လေးပြုလုပ်ပေးပါ .. ဒါမှ Window အတွက် Program တွေက သူ့လိုအပ်တဲ့နေရာက နေပြီးတော့ လိုသလိုယူသုံး ပေါ့ .. ကျွန်တော် တို့ အပြင်မှာဆိုရင် ပစ္စည်းတွေကို စနစ်တကျမထားတဲ့ အခါကျရင် မလိုအပ်တဲ့ ရှာရခြင်းတွေ ဘာတွေမျိုးပေါ့ .. အချိန်လည်းကုန် အားလည်းကုန် .. အဲလိုမျိုးပါ .. ဒါကြောင့် ကွန်ပျူတာကို Defrag လုပ်ပေးပြီးတော့ သေချာလေး စီထားတာ အကောင်းဆုံးပါ ..

(၁၀) Window 7 သုံးနေ တယ်ဆိုရင် ScreenSlideShow ကို ပိတ်ထားပါ

ကိုယ့်ရဲ့စက်မှာ window 7 သုံးနေတယ်ဆိုရင် Desktop နောက်ခံ Background က Slideshow ပြနေတာတွေ ရှိနေတယ် ဆိုရင် မထားပါနဲ့ .. အဲဒါတွေ ကလည်း Battery ကို အသုံးပြုပါတယ် .. တချို့ဆိုရင် အဲဒီ့ SlideShow လေးပြတာကို သဘောကျလို့ တခြား window တွေမှာတောင် တပ်ထားတာတွေ ရှိပါတယ် .. ဒါကြောင့် ပိတ်ထားရင် ကောင်းပါတယ် ...

(၁၁) Hibernate ပြုလုပ်ထားပါ

ဘာကြောင့်လဲဆိုတော့ မိမိ ကွန်ပျူတာကို အသုံးမပြုတဲ့အချိန်မှာ Hibernate ပြုလုပ်ထားတဲ့အတွက် Power save ပိုပြီးတော့ဖြစ်ပါတယ် ..

(၁၂) မလိုအပ်တဲ့ Sound တွေကို အသုံးမပြုပါနဲ့

Window 7 ဆိုပါစို့ .. အဲဒီ့မှာ ဆိုရင် folder လေးတွေ ဖွင့်တာက အစ အသံလေးတွေ ထွက်နေတာတွေ ရှိပါတယ် .. အဲဒါလေးတွေ ကိုလည်း ပိတ်ထားပါ ..

(၁၃) Adaptors ကို မိမိ Adaptors နဲ့မိမိ သုံးပါ

အားသွင်းတဲ့အခါ ကိုယ့်ရဲ့ Adaptor မဟုတ်ပဲနဲ့ သုံးဆွဲမယ် ဆိုရင် အနည်းငယ် Battery ကို ထိခိုက်စေနိုင်ပါတယ် ..
ပြီးတော့ ကိုယ့်ရဲ့ Adaptor က မရှိခဲ့ဘူး ဆိုရင်တော့ တခြားဝယ်မယ်ဆိုရင် quality နိမ့်တဲ့ Adaptor တွေကိုမ၀ယ်ပါနဲ့ .. Quality မြင့်မြင့်နဲ့ မိမိ ကွန်ပျူတာနဲ့ ကိုက်ညီမယ့် adaptor ကိုပဲ ၀ယ်ပါ ..

(၁၄) power options ကို သုံးပါ

Control panel မှာရှိပါတယ် .. Laptop နဲ့သုံးမယ်ဆိုရင် Adaptor plugin နဲ့သုံးတာရယ် Battery နဲ့သုံးတာရယ် ရှိပါတယ် .. အဲဒီမှာ Battery နဲ့သုံးမယ်ဆိုရင် Turnoff harddisk ဆိုတာကလေးကို လျော့ချပါ ..


(၁၅) Aero Glass ကို ပိတ်ထားရင် ပိုပြီးတော့ ကောင်းပါတယ်


Window XP မှာတော့ Aero Glass ဆိုတာမရှိသေးပါဘူး .. နောက် Window vista နဲ့ window 7 တို့မှာ Aero Glass ဆိုတာပါလာပါ ပြီ .. တကယ်လိုမှ ကိုယ့်အနေနဲ့ အလုပ်အတွက်အမှန်တကယ်တမ်း အသုံးပြုနေတယ်ဆိုရင် ၊ အလှ အတွက် သုံးနေတာ မဟုတ်ဘူးဆိုရင် တော့ Window Classic ကိုပဲ သုံးပါ .. Window XP မှာ ဆိုရင်လည်း window classic ကိုသုံးလို့ရပါတယ် ..


ဒီအပေါ် က အချက်ကလေးတွေ က တော့ Laptop ကို Charging လုပ်မနေတဲ့ အချိန်မှာ ကြာကြာ သုံးနိုင် ဖို့အတွက် မိမိအနေနဲ့ ပြင်ဆင်ထားလို့ရအောင်ပါ ... နောက် မှာချင်တာ ကတော့ Laptop အသစ်တစ်လုံးများ ၀ယ်ယူခဲ့ပြီဆိုရင် မိမိ အနေနဲ့ အဲဒီ့ Laptop မှာပါတဲ့ Battery အားကို အကုန်လုံး သုံးပစ်လိုက်ပါ .. တစ်စက်ကလေးမှ မကျန်အောင်ပေါ့ .. ပြီးမှ အားပြန်သွင်းပါ .. ၀ယ်ယူလာပြီးပြီးချင်း ကို တခါတည်း အားမသွင်းလိုက်ပါနဲ့ .. ဘာကြောင့်လဲ ဆိုတော့ အဲလိုမျိုးအားသွင်း တဲ့ Laptop တွေ က စောစောက လို အားကုန်အောင် သုံးပြီးတော့ ပြန်သွင်းတဲ့ laptop တွေ လောက် Battery သက်တမ်းကြာကြာ မခံတတ်လို့ပါ .. Application တွေကို သုံးမယ်ဆိုရင်လည်း တစ်ခု ပြီးမှ တစ်ခုသုံးပါ .. တခါတည်း စုပြုံဖွင့်ခြင်းမျိုး မလုပ်ပါနဲ့ခင်ဗျာ ...

အဆင်ပြေပါစေလို့မျှော်လင့်လျက် ..
နောက်မှ ကျွန်တော် ထပ်ပြီးတော့ တင်ပြပေးပါဦးမယ် ...

Posted on Friday, March 11, 2011 by Unknown

5 comments

28.2.11



EASEUS Partition Recovery ဆိုတဲ့ software လေးဖြစ်ပါတယ် .... ဘာကြောင့်တင်ဖြစ်လဲ ဆိုရင် ရှိထားသင့်တယ် ထင်လို့ပါ ... တကယ်လို့များ အကြောင်း တစ်စုံတစ်ခုကြောင့် မိမိရဲ့ Partition များ ပျောက်သွားတာများ ဖြစ်ခဲ့ရင် မိမိ စုဆောင်းထားသမျှ တွေ အားလုံး အကုန်ပါကုန်မှာပါ ... အဲဒီ့အချိန်ကျရင် ဟိုအရင် တုန်းကလိုမျိုးလည်း စုဆောင်းဖို့အတွက်အချိန် လည်း မပေးချင်တော့ဘူး ... အဲဒီ့တော့ အရှုံးပဲ ရှိသွားတာပေါ့ ... တကယ်လို့များ ဟိုအရင်တုန်းက ရိုက်ခဲ့တဲ့ ကိုယ့်ရဲ့ ဓါတ်ပုံတွေ .. အရေးကြီး တဲ့ ဖိုင်တွေ ပါတဲ့ Partition တွေများ ပျက်သွားခဲ့ရင်တော့ ဆုံးရှုံးမှု ပိုကြီးသွားတာပေါ့ ဗျာ .. အဲဒီ့ အခက်အခဲလေးတွေများ ပြေပျောက်စေအောင် .. အထောက်အကူလေးများ ရအောင် ဆိုပြီး တော့ ဒီ software လေးကို လမ်းညွှန်လိုက်တာပါ .. ဘာမှ မလိုပါဘူး .. မလိုဘူး ဆိုတာက register လုပ်စရာမလိုပါဘူး ... freeware ပါ .. အေးအေး ဆေးဆေး သုံးလို့ရပါတယ် .. ကျွန်တော့် အနေနဲ့ကတော့ ဒါကလေးကို ဒေါင်းထားစေချင်ပါတယ် .. မိမိရဲ့စက်က အမှားအယွင်း မရှိခဲ့တောင် တချိန်ချိန်များ အဲလို အခက်အခဲနဲ့ ကြုံလာခဲ့ရင် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်အောင်ပါခင်ဗျာ .. သုံးရတာလည်း လွယ်ကူပါတယ် ..
software ကို ဒေါင်းချင်တယ် ဆိုရင်တော့ အောက်မှာ လင့်ကလေးတွေ ရှိပါတယ်... အဆင်ပြေမယ့် နေရာလေးတွေက နေပြီးတော့ ဒေါင်းနိုင်ပါတယ် .. ပြီးတော့ တစ်ခု တောင်းပန်ချင်တာကတော့ ကျွန်တော့် အင်တာနက်က အရင်လို မကောင်းတော့ပါဘူး ... Software တွေ လင့်သေနေတာကိုလည်း တောင်းပန်ပါတယ် ... ဒါကြောင့် ဒေါင်းမယ်ဆိုရင် တစ်ခါတည်းဒေါင်း ထားပေးစေချင်ပါတယ် ခင်ဗျာ .. အရင်ကလို ပြန်ပြီးတော့ Upload ကို တင်လို့မရနိုင်တော့လို့ပါ ...အဆင်ပြေပါစေလို့ဆုတောင်းလျက်ပါ ...

Posted on Monday, February 28, 2011 by Unknown

2 comments

15.7.10

Click ! Image to zoom!


အင်တာနက်က Error တက်နေတာနဲ့ပဲ Blog ကိုလည်းမရောက်ဖြစ်ဘူး .. သုံးနေကျ ဆိုဒ်တွေ လည်း မသုံးဖြစ်ဘူး .. ဖတ်နေကျ ဆိုဒ်တွေလည်း လိုက် မဖတ်ဖြစ်ဘူးဖြစ်သွားတယ် ... သီချင်းသာ ဆိုလိုက်ချင်တယ် .. " နက်မရှိရင် အသက်မရှင်ချင်ဘူး အချစ်ရယ် " ဆိုပြီးတော့ .. ဟီး ... အခု ဟာ ကတော့ ကျွန်တော့်သူငယ်ချင်းစက်မှာ ဖြစ်တုန်းက ဖြေရှင်းတုန်း က အဆင်ပြေသွားတာလေးပါ .. ဘယ်လိုဖြစ်သွားလဲဆိုတော့ .. သူက Browser မှာ Flash player run တော့ ဖြစ်သွားတာပါ .. Run တော့ တစ်ခါတည်း Run ဆိုတာ ဆိုတာ ကို မနှိပ် ပဲနဲ့ .. Open with ဆိုပြီးတော့ Default program မှာ Adobe Reader နဲ့ သွားကစ်လိုက်တာ လစ်ပါလေရောလား .. Exe file တွေအကုန်လုံးကလည်း ဖွင့်လိုက်တိုင်း Adobe Reader နဲ့ ပွင့်ပွင့်နေတာ .. Run ပြီးသားတွေ လည်းမရတော့ဘူး နောက်တော့ Run ဖို့လုပ်လို့လည်းမရတော့ဘူးဖြစ်သွားတယ် ..Missing ဖြစ်သွားတဲ့ သဘော ... Window ပဲ ပြန်တင်ရတော့မလိုလို ဖြစ်သွားတယ် .. Registry ထဲကို ၀င်ပြင်ရမှာ .. ဒါပေမယ့်က အဲဒီ့ အထိ သွားရာလမ်းကြောင်းက မေ့နေရော .... အဲဒါနဲ့ ခဏနေပါဦးဆိုပြီးတော့ အဲဒီ့ ပြဿနာကို ရှင်းဖို့ အတွက် ကို ရှာဖွေရေး ဆင်းရတော့တာပဲ .. ဒီလိုနဲ့ ဟိုရှာ ဒီရှာ နဲ့ အရန်သင့် စားသုံး ရန် ဆိုပြီး စာတမ်းထိုးမထားတာ ကံကောင်း .. အဲဒီ့ ဆိုဒ်မှာသွားတွေ့ တာက Exe တင်မဟုတ်ဘူး ဗျာ .. စေတနာ ရှိရှိ ကျန်တဲ့ Folder တွေ Wma တွေ Jpeg တွေ ဘာတွေ စုံနေတာပဲ တင်ထားပေးတယ် ... အဲဒါနဲ့ သဘောကျလို့ အဲဒီ့ Reg file တွေ ကို ပြန်ပြီးတော့ မျှလိုက်ပါတယ် ... အဆင်ပြေမယ်ဆိုရင်တော့ Download လုပ်ထားလိုက်ပါခင်ဗျာ .. အကယ်၍များ အဲလို ပြဿနာတွေ ဘာတွေ ကြုံလာရင် ရှာစရာမလိုပဲ တစ်ခါတည်း ရှင်းလို့ ရတာပေါ့ ... ဒါပေမယ့် XP အတွက်တော့ မပါပါဘူး ... Vista နဲ့ Window 7 အတွက်ပါပဲ ... လုပ်ပုံကလည်း သိပ်ပြီးတော့ မခက်ပါဘူး .. ဒါပေမယ့် ကိုယ့်ဆီ က အရမ်းကြီး မဆိုးသေးဘူး ... ဒီတိုင်းသုံးလို့ရတယ်ဆိုရင် Registry ကို Backup လုပ်ထားစေချင်ပါတယ်ခင်ဗျာ ... Registry backup ကိုတော့ အောက်မှာ ပဲ ရေးထားလိုက်ပါ တယ် ... အခု ချထားတဲ့ Rar file ကို ဖြည်လိုက်ပါ ...ပြီးရင် ကိုယ်က ဘာ Error လဲ .. ဥပမာ Exe Missing ဖြစ်နေတယ်ဆိုပါတော့ ... အဲဒါဆိုရင် Exefix ဆိုတာကို ဖြည်လိုက်ပါ .. ပြီးရင် အထဲ က Reg file ကလေး ကို Double click လုပ်လိုက်ပါ .. ပြီးရင် Yes ပေးလိုက်ပါ .. ဒါမှ မဟုတ်ဘူးဆိုရင် Right-click ထောက်ပြီးတော့ Merge ဆိုပြီးတော့လုပ်ပေးလိုက်ပါ ... အဲဒါပြီးရင် တော့ Restart ချလိုက်ပါ ခင်ဗျာ .. ပြန်တက်လာရင် ကိုယ်စောစောက ဖြစ်ခဲ့တဲ့ Missing က အဆင်ပြေသွားလိမ့်ပါမယ် ... အနာနဲ့ ဆေးနဲ့တော့ တည့်ဖို့တော့ လိုတာပေါ့နော် .. အဲဒီ့ Reg file တွေကိုတော့ အောက်မှာပဲ ယူလိုက်ပါခင်ဗျာ ... file size ကလည်း KB လောက်ပဲ ရှိပါတယ် ..


For Vista

Download link : :>>

Download link : :>>

Download link : :>>


For Window 7

Download link : :>>

Download link : :>>

Download link : :>>

Registry Backup လုပ်နည်း ==>>


Start=> Run Box => Regedit ဆိုပြီးတော့ သွားလိုက်ပါ ..
ပြီးရင်တော့ အဲဒီ့မှာ Registry Editor ပေါ်လာပါလိမ့်မယ် ..
အဲဒီ့မှာ File => Export ဆိုတာ ကို နှိပ်ပြီးတော့ တစ်နေရာရာမှာ Save ပေးလိုက်ပါ ခင်ဗျာ ..
တကယ်လို့များ အပေါ်က Reg ဖိုင်တွေကို Merge လုပ်လိုက်လို့များ အဆင်မပြေပဲ .. ပိုဆိုးသွားခဲ့ရင် .. အခု Export လုပ်လိုက်တဲ့ Reg file ကို ပြန်ပြီးတော့ .. စောစော file => Import လုပ်ပေးလိုက်ပါ .. အဆင်ပြေသွားပါလိမ့်မယ် .. နဂို Reg ကို Merge မလုပ်ခင်ကအတိုင်းလေး ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ ..

အားလုံးအဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ..

မောင်လုလင်


Source : http://ask-leo.com

Posted on Thursday, July 15, 2010 by မောင်လုလင်

6 comments

9.5.10

Click ! Image to zoom!


ကျွန်တော့် ရဲ့ မထိရက် မတို့ရက် ကွန်ပျူတာကလေး က ပျက်နေတဲ့ အတွက် ဘာမှ ကို လုပ်လို့ မရဘူး ဖြစ်နေလို့ ဘာမှ ကို ပြန်လည်း မဖြေဖြစ် ရေးလည်း မရေး ဖြစ် ဖြစ်နေတာကို တောင်းပန်ပါတယ် ... မထိရက် မတို့ရက် ဆိုလို့ အရမ်း ဈေးကြီးလွန်းလို့ ရိုရိုသေသေ ကိုင်နေရတယ် ဆိုပြီးတော့ အထင်တွေမကြီး လိုက်ပါနဲ့ .. ကွန်ပျူတာက ယဲ့ယဲ့ ကလေးမလို့ပါ .... သူ့ ဟိုဘက် ဒီဘက်လှုပ်တာနဲ့ကို ဟိုဟာကပြုတ်လိုက် ဒီဟာက လှုပ်လိုက်နဲ့ .. ပြန်မလာတော့ ဘူး .. အဲဒီ့လောက် မာနကြီးတာ ... :P .. ခုလည်း အဲဒီ့ ကောင်ကလေး ပြန်ကောင်းသွားတာနဲ့ ရေးလိုက်ရပါတယ် .. အစ်မတစ်ယောက်က 2007 key လေး တောင်းလို့ အလွယ်တကူ လုပ်လို့ရတဲ့ နည်းကလေးလည်းတွေ့တာနဲ့ တင်ပေးလိုက်ပါတယ် .... Microsoft office 2010 တောင် ပေါ်တာ ကြာနေပီ .. ဒါပေမယ့် 2007 ကို မှ အကြိုက်တွေ့သူတွေ လက်မလွှတ်ချင်သူများအတွက် တော့ ကိုယ်သုံးချင်တဲ့ အခါမှာ Key ကမရှိဘူး ဆိုရင် အတော် ဒုတ်ကောက် ရပါတယ် .. အဲဒီ့တော့ ကိုယ်ဘာသာကိုယ် ပဲ နည်းနည်းလေး ပြင်ပီးတော့ သုံးလိုက်ရင် အေးဆေးပေါ့ .. လွယ်လည်း လွယ်ပါတယ် ... သိပ်ပီးတော့ လည်း မရှုပ်ပါဘူး ....
စမ်းကြည့်ကြတာပေါ့ .... 2010 ကိုတော့ စမ်းမကြည့်ရသေးပါဘူး ...

၁ ။ ပထမဆုံး Microsoft office 2007 ကို Key တွေ ဘာတွေ ထည့်မထားပဲနဲ့ Run ပေးလိုက်ပါ ...
၂ ။ Run ပြီးသွားပီ .. ဆိုရင်တော့ အောက်က လမ်းကြောင်းကလေး အတိုင်း ၀င်သွားလိုက်ပါ ...

C:\Program Files\Common Files\Microsoft Shared\OFFICE12\Office Setup Controller\Proof.en

ကဲ အဲဒီ့ အထဲကိုရောက်သွားတော့ တွေ့ပါလိမ့်မယ် Proof ဆိုတဲ့ XML file ကလေးကို ... အဲဒီ့ ဖိုင် ကလေးကို open with ကနေပြီးတော့ notepad နဲ့ဖွင့်လိုက်ပါ ....

၃ ။ ဖွင့်ပြီးသွားပီဆိုရင်တော့ အဲဒီ့အထဲမှာ စာကြောင်းတွေ တွေ့ပါလိမ့်မယ် .. အဲဒီ့ အထဲက စာကြောင်းကလေးတွေမှာ နည်းနည်းလေး လိုက်ပြောင်းပေးရုံပါပဲ ....

<feature id="SetupXmlFiles" cost="1248">
<optionref id="AlwaysInstalled">
</optionref></feature>


အဲဒီ့ စာကြောင်းကလေးတွေ တွေ့ပါလိမ့်မယ် .... အဲဒါ ကလေးတွေ ကို ဘယ်လို ပြင်မလဲ ...

AlwaysInstalled ဆိုတဲ့ နေရာကလေးမှာ neverinstalled ဆိုပြီးတော့ ပြင်ပေးလိုက်ပါ ... ဒီအောက်က ပုံစံလေး အတိုင်းပေါ့ ...

<feature id="SetupXmlFiles" cost="1248">
<optionref id="neverInstalled">
</optionref></feature>


အဲဒါကလေး ကိုပြင်ပြီးသွားပြီဆိုရင်တော့ ... ရပါပြီ ... ဖွင့်ထားတဲ့ XML file ကို save ပြီးတော့ ပိတ်လိုက်ပါ ...
ပြီးရင်တော့ microsoft 2007 ကို စတင်သုံးလို့ရပါပြီခင်ဗျာ ... သူပြောထားတာတော့ version အားလုံးမှာ အလုပ်လုပ်တယ်လို့ပြောပါတယ် ...

video ကိုကြည့်ချင်ရင်တော့ အောက်မှာ youtube link ကလေးကို တင်ပေးထားပါတယ် ... တိုက်ရိုက်ကလေး ကြည့်ပြီးတော့ လုပ် ကြည့် ချင် ရင် လုပ်ကြည့်လို့ရတာပေါ့ ... အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....

http://www.youtube.com/watch?v=7w4OX4_tTVQ


Posted on Sunday, May 09, 2010 by မောင်လုလင်

No comments

4.4.10


Click ! Image to zoom!


အရင်က သူများ လုပ်ပေးထားတဲ့ software ကလေးတွေ နဲ့ Window Genuine Advantage notifiaction ကလေး တက်လာခဲ့ရင် ဖြေရှင်းကြတာပါ ... အခု ကိုယ်ကိုယ်တိုင်ပဲ Code ကလေးကို ကူးပြီးတော့ထည့်ပြီး အဲဒါကလေးကို ဖျောက်ကြတာပေါ့ ... ကိုယ်ကိုယ် တိုင် လုပ်ရတာ ကလည်း ပင်ပန်းတယ်ဆိုသူများအတွက် တော့ ကျွန်တော် အရင်က ပေးထားတဲ့ Window 7 WGA remover နဲ့ XP WGA Remover ကလေးတွေကို သုံးပြီးတော့ ပဲ ဖြေရှင်းကြတာပေါ့ ... ကိုယ်ကိုယ်တိုင် ပဲ စမ်းပြီးတော့ ဖျောက်ကြည့်ချင်တယ်ဆိုရင်တော့ ဒီတိုင်း ကလေး စမ်းကြည့်ကြတာပေါ့ နော် ...

အရင်ဆုံး ဘာလုပ်ရမလဲ .. ? ပထမဆုံးတော့ ကိုယ်ဖွင့်ထားတဲ့ application တွေအကုန်လုံးကို ပိတ်လိုက်ပါ ခင်ဗျာ .. :D .. ကဲ ပိတ်ပြီးသွားပြီဆိုရင်တော့ အောက်က ကုဒ်ကလေးကို ကူးလိုက်နော် ....


move %Windir%\system32\WgaLogon.dll %Windir%\system32\WgaLogon.old
move %Windir%\system32\WgaTray.exe %Windir%\system32\WgaTray.old
Regsvr32 %Windir%\system32\LegitCheckControl.dll /u
regedit /D HKEY_LOCAL_MACHINE\SOFTWARE\Microsoft\WindowsNT\CurrentVersion\Winlogon\Notify\WgaLogon
regedit /D HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\WgaNotify
shutdown /r /t 120


ကဲ အဲဒီ့ ကုဒ် ကလေးကိုကူးပြီး သွားပီဆိုရင်တော့ .... Notepad ကလေးကို ဖွင့်လိုက်ပါအုံး .. ဖွင့်ပြီးရင် အဲဒီ့ အထဲကို စောက ကူးထားတဲ့ ကုဒ်ကလေးကိုထည့်လိုက်ပါ ... အဲဒါကို Save ရမယ့် ပုံစံ ကတော့ ...
C ထဲမှာ (window တင်ထားတဲ့ Drive ထဲမှာ) RemoveWGA.cmd ဆိုပြီးတော့ Save ပေးလိုက်ပါခင်ဗျာ ..
အားလုံး Save ပြီးသွားရင်တော့ .. စောစောက Save ထားတဲ့ RemoveWGA.cmd ဆိုတာကလေးကို Run ပေးလိုက်ပါ .... ဒါကလေးက တော့ Window 7 မှာပါ အလုပ်လုပ် တယ်ခင်ဗျာ .....ပြီးသွားရင် တော့ Restart ချလိုက်ပေါ့ ..... နောက် Window တက်လာတဲ့ အခါ WGA notification ဆိုတာ ကလေး ပျောက်သွားပါ လိမ့် မယ်ခင်ဗျာ .... အရာအားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....



Allocate relatively longer and continuous perionds of time for major tasks.
အဓိက အလုပ်ကြီးတွေအတွက် အလုပ်ချိန် များများ သတ်မှတ်ပါ။တောက်လျှောက်လုပ်နိုင်အောင် ဇယားဆွဲပါ။



Posted on Sunday, April 04, 2010 by မောင်လုလင်

No comments

27.3.10


Click ! Image to zoom!

အရင်က ကျွန်တော် ဒီနေရာကလေး မှာ Window-XP အတွက်ကို Genuine ဖျောက် တာ က လေး ကိုတင်ပေးဖူးပါတယ်.... အဲဒီ့ဟာကလေးနဲ့က Window XP ကိုပဲ အဆင်ပြေပါတယ်... အခုနောက်ပိုင်း Window 7 တွေမှာဖြစ်တဲ့ ညာဘက်ထောင့် က this copy of windows is not genuine ဆိုတာကလေး ကို ရှင်းတာကလေးပါ ...အရင်က Window 7 ကို Activator တွေသုံးပြီးတော့ Activited ဖြစ်အောင်လုပ်ကြ ပါတယ်... နောက်တော့ Microsoft ကနေပြီးတော့ နည်းနည်းလေး ပညာပြလိုက်တယ်ထင်ပါရဲ့ .. Window update နဲ့ အတူတူနဲနဲ ထည့်လိုက်တဲ့ နောက်ပိုင်း Window Genuinue Error တွေပေါ်လာတော့တာပါ .. မှတ်မှတ်ရရတော့ ကျွန်တော့် သိတဲ့သူတွေထဲက ၃ ၄ ယောက်လောက် အဲဒါမျိုးကြုံတာပဲ .. အဲဒါနဲ့ Activator တွေသုံးပြီးတော့ Window ကို Active ဖြစ်အောင်လုပ်တာလည်းမရတော့ဘူးဖြစ် နေတာ ... နောက်တော့ ဒါကလေးကို ရှာတွေ့ သွားတာနဲ့ ကျွန်တော် တင်ပေးလိုက်ပါတယ် ... Window 7 မှာဖြစ်ရင်လည်း Window XP လိုပါပဲ ... Screen က အနက်ရောင်ဖြစ်သွားတယ် .. ပြီးတော့ ညာဘက် အောက်ထောင့်မှာ this copy of windows is not genuine စသဖြင့်ပေါ့ .. ပေါ်နေပါတယ် .. အခုကျွန်တော်ပေးထားတဲ့ Remove WAT နဲ့ဆိုရင် အဲဒါတွေပျောက်သွားပါတယ် .. My Computer ရဲ့ Properties ကနေပြီးတော့ သွားကြည့်ရင်လည်း Window is Activated ဆိုတာလည်းပျောက်သွားပါ့မယ် .. ဒါပေမယ့် Window 7 ကိုတော့ ဘာမှ ပြဿနာမရှိပဲ ဆက်ပြီးတော့ သုံးစွဲ နိုင်ပါတယ်ခင်ဗျာ .. အောက်ကနေရာမှာ ကျွန်တော် Upload တင်ပေးထားလိုက်ပါတယ်ခင်ဗျာ ... အထဲမှာ ကျွန်တော်နှစ်ခု ထည့်ပေးထားပါတယ် .. ကြိုက်တဲ့ ၁ ခုကို Run ရင် အဆင်ပြေပါတယ်ခင်ဗျာ ... Run ပြီးသွားရင် Restart ချပေးလိုက်ပါ .. ပြီးတော့ Window ပြန်တက်လာတဲ့ အခါမှာ အဲဒီ့ ညာဘက်ထောင့် ကစာကလေးပျောက်သွားပါ့မယ် .. Screen အနက်ရောင်ဖြစ်နေတာကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြောင်းပေးရမှာပါခင်ဗျာ ...

Download link : :>>

Download link : :>>

Download link : :>>


အားလုံးအဆင်ပြေပါစေလို့ မျှော်လင့်လျက် .....


The greatest mistake a man can make is to be afraid of making one .....
လူတစ်ယောက်ပြုလုပ်နိုင်သော အကြီးဆုံးမှားယွင်းမှုမှာ တစ်ခုခုမှားမည်ကို ကြောက်ရွံ့ခြင်းပင်ဖြစ်၏


Posted on Saturday, March 27, 2010 by မောင်လုလင်

2 comments