Showing posts with label G mail. Show all posts
Showing posts with label G mail. Show all posts

14.5.11






ဒီ Error က တွေ့တာကြာပါပြီ .. ဖြေရှင်းလိုက်လို့လည်း ရသွားပါတယ် .. ကျွန်တော် အရင်က ပျင်းတာလည်းပါ ၊ ဟိုလုပ်ဒီလုပ် လည်းပါ ၊ အလုပ်ရှုပ်တာလည်းပါ .. အကုန်လုံးနဲ့ ရှုပ်ကုန်တော့ မရေးဖြစ်ဘူးဖြစ်နေတာ ပါ .. ခုတော့ အဲဒီ့ Error လေးကို ကျွန်တော်တို့ ဖြေရှင်းကြည့်ကြအောင်ပါ .. မသိတဲ့ သူတွေများဆိုရင် အဲဒီ့ Error ကို လုပ်လို့မရလို့ဆိုပြီးတော့ Window ပြန်ချိန်းကြတာလည်းပါပါတယ် .. ကျွန်တော်တို့ တွေကလည်း အင်တာနက်ရှိတဲ့ စက်ဆိုရင် Gtalk ကလေး ရမ်းထားမှ ကို အဆင်ပြေတာ ... အရေးသိပ်မကြီးပေမယ့် အရေးကြီးတာပေါ့နော် ... :P :P ။ ဒီတော့ အဲဒီ့ Error ကိုစစ်ကြည့်ရအောင် .. ဘာဖြစ်တာလဲ ... ကျွန်တော်လည်း ဖြစ်တယ်ဗျ .. ဘယ်လိုဖြစ်လဲ ဆိုတော့ Window 7 တင်လိုက်တာ . နောက်ကျတော့ Window Update တင်တော့ကျတော့ IE 9 ကိုပါ တင်လိုက်တယ် ... တင်လိုက်တဲ့အချိန်က စပြီးတော့ အဲ့လို ဖြစ်တော့တာပါပဲ .. အဲဒါကို ပြန်ပြီးတော့ စဉ်းစားကြည့်လိုက်တော့ IE မှာ မြန်မာဖောင့် မရရင် လုပ်တဲ့နည်းလေးတွေ ကို ပြန်စဉ်းစားကြည့်တော့ ရသွားတယ် .. အခု နည်းလေး နဲ့ လုပ်လိုက်ရင် ဘာမှ မလိုဘူး .. အများဆုံး လုပ်ရရင် Click ၅ ချက် ၆ ချက်ပဲ .. အဲ့ဒါလေး နဲ့ပဲ အဆင်ပြေပါတယ် .. ဘယ်လိုလုပ်မလဲ ဆိုတာ ဆက်သွားကြည့်ရအောင် ..

Start menu =>> Control panel =>> Internet Option =>> General tab

အဲဒီ့ကိုရောက်သွားပြီဆိုရင် အောက်မှာ Appearence ဆိုတာလေးရဲ့အောက်မှာ font ဆိုတာလေး ရှိပါတယ် .. အဲ့ဒါလေး ကို နှိပ်လိုက် .. ပြီးရင် Zawgyi-one ကို ရွေးပေးလိုက် ... ပြီးရင် အိုကေ ပေးလိုက်ရင် .. It's ok ပါပဲ ... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

Posted on Saturday, May 14, 2011 by Unknown

1 comment

17.9.09

ဒီနည်း ကလေးကတော့ လွယ်လည်း လွယ်ပါတယ် ... blog တစ်ခုကို တည်ပြီးတော့ နောက်ထပ် blog ရေး ဖို့ အတွက် blogger ကို ပိတ်ထားတယ် ဆိုရင် တော်တော် အသုံးဝင်ပါတယ် ... ဒါမှ မဟုတ် ကိုယ် က ပိုစ့် တစ်ခုကို တင်ချင်တယ် ဒါပေမယ့် blogger မှာဝင်ပြီးတော့ တကူး မက မတင်ချင်တော့ဘူး .. တစ်ခါထဲ ကိုယ့် ရဲ့ မေးလ် ထဲကနေပြီးတော့ တင်လိုက်မယ် ဆိုရင်လည်း အဆင်ပြေသွားပါတယ် ... လုပ်ရမယ့် အချက်တွေ ကလည်း မများပါဘူး .... ကဲ စလုပ်ကြည့်လိုက်ရအောင် ....

၁ ။ blogger ကို ၀င်လိုက်ပါ ။
၂ ။ ၀င်ပြီးပြီဆိုရင် settings ဆိုတာကလေးကို နှိပ်လိုက်ပါ ...
၃ ။ နှိပ်ပြီသွားပြီဆိုရင်တော့ settings ထဲက tabs ကလေးတွေ ထဲမှာ Emails&mobile ဆိုတာကလေးကို
နှိပ်လိုက်ပါ ....
၎ ။ နှိပ်ပြီးသွားပြီဆိုရင်တော့ Posting Options ဆိုတာရဲ့ အောက်က Email Posting Address ဆိုတာကလေးမှာ ဘေးမှာ အကွက်ကလေး တွေ့ရမှာပါ ..
၅ ။ အဲဒီ့ အကွက်ကလေးထဲမှာ secret word ကို ရိုက်ရပါ့မယ် ... အနည်းဆုံး ၄ လုံးထည့်ရပါ့မယ် ... အဲဒီ့ ဂဏန်း ကလေးကို မှတ်ထားပါ ... ကိုယ် ဖြည့်လိုက်ပြီဆိုရင်တော့ .. ( ဥပမာ mglhulin.3424@blogger.com ) ဆိုပြီးတော့ ဖြစ်သွားပါ့မယ် ...
၆ ။ အောက်က သုံးခုမှာတော့ Publish emails immediately ဆိုတာကလေးကို ရွေး ထားလိုက် ပါ .

ပြီးရင်တော့ save ထားလိုက်ပါ . အခု ကျွန်တော် တို့ တော်တော်များများ သုံးနေကျ ဖြစ်တဲ့ ဂျီမေးလ် ကနေပြီးတော့ ပိုစ့် တင်ကြည့်ရအောင်ပါ.....

ဂျီမေးလ် မှာ မေးလ် ပို့ဖို့ အတွက် လုပ်လိုက်ပါ... ပြီးရင် ပို့မဲ့ လိပ်စာမှာ စောစော က ဖြည့်ခဲ့ တဲ့ address ကလေးကို ထည့်လိုက်ပါ ... ( mglhulin.3424@blogger.com ) ဆိုတာလေးမျိုးပါ ... ထည့်ပြီးသွားရင်
ပိုစ့် ခေါင်းစဉ်အတွက် ကတော့ subject မှာ ရေးလိုက်ပါ ...
ပြီးရင် စာကိုယ် ကတော့ body ထဲမှာ ရေးလိုက်ပါ .. ပြီးရင် send ပေးလိုက် တော့ ... အိုကေမှာ စိုပြေပဲ ...
ကိုယ် တင်လိုက်တဲ့ ပိုစ့် ကလေး ကိုယ့် blog ထဲကို ရောက်သွားပါပြီ .... အဆင်မပြေ တာကလေးတွေ ရှိခဲ့  ရင်လည်း မန့် ခဲ့ ပါဦးခင်ဗျာ .......ကျေးဇူးတင်ပါတယ် ....




Posted on Thursday, September 17, 2009 by မောင်လုလင်

5 comments

8.9.09

G mail မှာ ကိုယ် က ပုံကလေးတွေ ကို ပို့ချင်တယ်ဆိုရင် အများစုကတော့ attach file ကနေပြီးတော့ပဲ ပုံလေးတွေကိုထည့်ပြီးတော့ ပို့ကြပါတယ် .. အခု ဟာကတော့ အဲလို မဟုတ်ပါဘူး .. G mail မှာ body ထဲက စာရေးတဲ့ အထဲမှာပဲ ပုံကလေး ရောပြီးတော့ ပို့တာလေးပါ .. သူကတော့ animation ပုံကလေးတွေကိုလည်းထည့်လို့ရပါတယ် .. ပုံကလေးတွေနဲ့ စာကလေးတွေ တွဲပြီးတော့ ပို့ချင်တယ် ဆိုရင် အဆင်ပြေတာပေါ့ .. ကဲ စပြီးတော့ လုပ်ကြည့်ရအောင် ..


  1. ကိုယ့်ရဲ့ Gmail ကိုဝင်လိုက်ပါ ..

  2. ပြီးရင် setting ကို နှိပ်လိုက်ပါ ...

  3. နှိပ်လိုက်ပြီးပြီဆိုရင် အဲဒီ့မှာ Lab ဆိုတဲ့ Tab ကလေးကိုထပ်ပြီးတော့ နှိပ်လိုက်ပါဦး ..

  4. ပြီးရင် အဲဒီ့ အထဲမှာ Inserting image ဆိုတာကလေးကို ရှာလိုက်ပါ ..

  5. ရှာလို့တွေ့ရင်တော့ Enable လုပ်ပေးလိုက်ပါ ..အောက်ကပုံကလေးပါ ...


  6. ပြီးရင်တော့ save change ကိုပေးလိုက်ပေါ့ ..


ပုံကလေးတွေထည့်ချင်တယ်ဆိုရင်တော့ အဲဒီ့မယ် မေးလ် ပို့ဖို့အတွက် လုပ်လိုက်ပါ .. ပြီးရင် အပေါ်က bar ကလေးမှာ အောက်က ပုံကလေး တိုးလာတာကို တွေ့ရပါ့မယ် ...



ထည့်မယ်ဆိုရင် အဲဒီ့ ပုံကလေးကို နှိပ်လိုက်ပါ .. နှိပ်ပြီးသွားရင်တော့ ကိုယ်ပို့ချင်တဲ့ပုံကို ကွန်ပျူတာကနေပြီးတော့ပဲဖြစ်ဖြစ် Url နဲ့ပဲ ဖြစ်ဖြစ် ထည့်ပြီးတော့ upload ပေးလိုက်ပါ .. ပြီးရင်တော့ add image ပေါ့ ..



အဲဒီလိုကလေးတွေတင်ပြီးရေးချင်တာတွေရေးပြီးသွားပြီဆိုရင်တော့ ပို့လို့ရပါပြီခင်ဗျာ .. အောက်က ပုံကလေးက စမ်းပြီးတော့ ပြထားတဲ့ ပုံကလေးပါ ...


ပုံကလေးတွေကို ကိုယ်ကြိုက်သလို ထည့်ပို့ကြရင်း ပျော်ရွှင်ပါစေခင်ဗျာ ....

Posted on Tuesday, September 08, 2009 by မောင်လုလင်

4 comments

22.8.09

တခြားလူတွေနဲ့လည်း စာက မရိုက်ချင်ဘူး ..အဲဒီ့ အချိန် ကျမှ ကိုယ် နဲ့ စကားပြောမယ့် လူကလည်း online မှာ အလိုက်ကမသိဘူး .. လူရှုပ်နေတဲ့ အချိန်ကလာသေး ပေါ့ .. အဲဒီ့လူနဲ့ကလည်း စကားပြောရမှ ကျေနပ်မယ် ဆိုရင်တော့ ဒီနည်းလေးက တော်တော့် ကို အသုံးဝင်ပါတယ် .. ဟီး ဟီး ... g talk မှာ ကိုယ်က offline ပြပြီးတော့ online က လူ ကို စကားပြောတာလေးပါ ... mail ထဲကနေပေါ့ ..အဲဒါကလေးကို လုပ်မယ်ဆိုရင် အရင်ဆုံး gmail ကနေပြီးတော့ ပြထားတဲ့ video and voice setup ဆိုတာကို အရင် ဆုံး down ရပါ့မယ် .. ပြီးရင်တော့ run လိုက်ပေါ့ .... မရှိသေးဘူးဆိုရင်တော့ အောက် မှာ ရှိတယ်နော် .. ယူလိုက်ပါ ..တစ်နေရာရာကနေ Down လိုက်ပါ ..

http://ifile.it/a4eulfo/GoogleVoiceAndVideoSetup.exe

(or)

http://mail.google.com/videochat?hl=en





run ပြီးသွားပြီဆိုရင်တော့ စမ်းကြည့်တာပေါ့ .. gmail ကို ၀င်လိုက်ပါ .. ၀င်ပြီးသွားရင် ကိုယ့် နစ်ထဲမှာရှိတဲ့ online က လူတစ်ယောက် ကို chat ဖို့ လုပ်လိုက်ပါ ..အဲဒါဆိုရင် ညာဘက် အောက် ထောင့်လေးမှာ သူနဲ့ chat ဖို့အတွက် box ကလေး ပေါ်လာပါလိမ့်မယ် ...ပေါ်လာတာကလေးကိုမှ အောက် က ပုံကလေးထဲ ကလို start voice chat ဆိုတာကလေးကို နှိပ်လိုက်ပါ .. ပထမ တစ်ခေါက် ကတော့ နဲနဲ ကြာတယ်ဗျ .. မရလောက်သေးဘူး .. မရသေးရင် နောက်ထပ် ထပ်ခေါ်လိုက်ပါ .. ဒုတိယ တစ်ခေါက် လောက်ဆိုရင်တော့ အဆင်ပြေ ပါတယ် .. သူ့ဘက်က ကိုင်ရင်ပေါ့ .. စပြီးတော့ စကားပြောလို့ရပါပြီ . အဲဒါဆိုရင် .. ကဲ ပုန်းရင်းကွယ် ရင်း ရှောင်ရင်း ရှားရင်း စကားပြော နိုင်ပါစေဗျာ.. အဆင်ပြေပါစေဗျာ ..အဆင်မပြေခဲ့တာလေးတွေရှိရင်လည်း ပြောခဲ့ပါဦးနော် .. အဲ ပြောဖို့မေ့သွားလို့ .. ကိုယ်က offline က နေပြီးတော့ ပြောမှာဆိုတော့ invisible ကလေးတော့ လုပ်ထားဖို့လိုမယ်နော် ...ဟီး ...




Posted on Saturday, August 22, 2009 by မောင်လုလင်

No comments

21.8.09

ကိုယ့် gmail box ကို ဖွင့်လိုက်ရင် အဖြူရောင် ချည်းပဲ ရိုးနေတယ်ဆိုရင်တော့ အဲဒီ့ နောက်ခံပုံစံကလေးတွေ ကို ပြောင်းလိုက်လို့ရပါတယ် .. သူပေးထားတဲ့ ပုံစံကလေးတွေ ကတော့ တော်တော် များပါတယ် ကိုယ်ကြိုက်တဲ့ Theme ကလေးကို ရွေးပြီးတော့ကြည့်လိုက်ပေါ့ .... အဲဒါကတော့ ကိုယ် ရဲ့ mail ကို အရင်ဆုံး ဖွင့်လိုက်ပါ .. ပြီးရင် setting ကိုသွားပါ... ပြီးပါက Theme ဆိုတာလေးကိုနှိပ်လိုက်ပါ.. အဲဒီမှာ ပဲ design လေးတွေအများကြီးကို တွေရပါလိမ့်မယ်... ကိုယ်ကြိုက်တဲ့ ပုံကို ရွေးလိုက်ပါ .. အဲဒီမှာ နေတဲ့နိုင်ငံ နဲ့ မြို့ ကို ဖြည့်ပေးပြီး save လိုက် ရင် ကိုယ့် ရဲ့ gmail background က သင်လိုချင်တဲ့ အတိုင်း ရရှိသွားမှာဖြစ်ပါတယ် ......သိပြီသားတွေ ဆိုရင်လည်း :sry နော် .. ဟီး ...



Posted on Friday, August 21, 2009 by မောင်လုလင်

No comments

15.8.09

ကိုယ် က G talk ကို မသုံးချင်တော့ ဘူး .. ဘယ်လို ကိစ္စ မျိုးနဲ့မှ လည်းမသုံးတော့ ဘူး .. ဒါမှမဟုတ် ဒီအကောင့် မှာက ပြဿနာကလေးတွေ ရှိလို့ ဒီ အကောင့်ကို မသုံးတော့ဘူးဆိုရင် အဲဒီ့ အကောင့်ကို ဖျက် ပလိုက် ချင်ရင် ဖျက်လိုက်လို့ ရပါတယ် ....အရင် ဆုံး g talk ကနေပြီးတော့ setting ကိုသွားလိုက်ပါ .. ပြီးရင်တော့ account setting ကို ထပ်နှိပ်လိုက်ပါဦး .. အဲဒါ ဆိုရင် firefox မှာ မိမိနဲ့ ပါတ်သတ်တဲ့ data တွေကိုတွေ့ ပါလိမ့်မယ် ... အဲဒီကနေမှ MY Product ဆိုတာရဲ့ ဘေးလေးမှာ Edit ဆိုတာလေး ရှိပါတယ် ... အဲဒါလေးကိုနှိပ်လိုက်ပါ ... ပြီးရင်တော့ Delete Account ဆိုတာကိုတွေ့ပါလိမ့်မယ် .. အဲဒီအောက်ကClose account and delete all services and info associated with it အဲဒီ့ စာသားလေးကိုနှိပ်လိုက်ပါ ..ပြီးရင်တော့ အကုန်လုံးကို အမှန်ခြစ်ကလေးတွေပေး .. ပြီးရင် ယခု သုံးနေတဲ့ password ကို ထည့် ပြီးပြီ ဆိုရင်တော့ Delete google account ကိုနှိပ်လိုက် ... အဲဒါဆိုရင် ကိုယ့်ရဲ့ account ကို ဖျက်ပြီးသွားပါပြီ ....ဖျက်ချင်တဲ့ အကောင့်ကလေးများရှိရင်တော့ စမ်းကြည့်ပါဦး အဟဲ :P :D ..အဆင်ပြေပါစေခင်ဗျာ . ..

Account တစ်ခုလုံးကို မဖျက်ပဲနဲ့ ကိုယ်က အဲဒီ့ account နဲ့ တခြား အရေးကြီးတဲ့ website တွေကို ၀င်ပြီးသွားပြီ ဒါပေမယ့် g mail ကိုတော့ မသုံးချင်တော့ဘူးဆိုရင်လည်း G mail နဲ့ ဆိုင်တာကိုပဲ ဖျက်မယ်ဆိုရင် တော့ Remove Gmail permanently ဆိုတာကလေးကို ပဲ နှိပ်ပြီး တော့ G mail ကို အသုံးမပြုပဲနဲ့ Web နဲ့ ဆိုင်တာတွေမှာပဲ ကိုယ် account ကို အသုံးပြုနိုင်ပါတယ်ခင်ဗျာ ....


(မှတ်ချက် ၊ ၊ အဲဒီ account က ဖျက်နေတဲ့ အချိန်အတွင်းမှာ သုံးနေတုန်းဆိုရင်တော့ မပျက်သေးပါဘူး... sign out လုပ်ပြီးရင်တော့ ပြန်ဝင်လို့ မရတော့ ပါဘူး ခင်ဗျာ ....)






Posted on Saturday, August 15, 2009 by မောင်လုလင်

No comments

10.8.09



ဒါကလေး ကတော့ အသုံးဝင်ရင်လည်း ၀င်မယ် .. မ၀င်ရင်လည်း မ၀င်လောက်ပါဘူး ဗျာ .. ကျွန်တော်တော့ တင်ပေးလိုက်ပါတယ် ..ကိုယ့် Gmail တွေကို back up ယူထားလိုက်တဲ့ ဟာလေးပါ .. သူကို သုံးပြီးတော့ ကိုယ့် account ထဲ က ဟာလေးတွေ ကို backup လုပ်မယ်ဆိုရင် အဲဒီ့ account ထဲက ဟိုး စကတည်း က ပြောထားတာတွေ အကုန်လုံးကို မေးလ်တွေ အကုန်လုံးကို Date ကလေးတွေ နဲ့ Download ချပေးပါတယ် .. ပြီးတော့ ချထားတာလေးတွေကိုဖွင့်မယ်ဆိုရင်တော့ outlook express နဲ့ဖွင့်ရပါတယ် .. ဓါတ်ပုံတွေဘာတွေဆိုရင်လည်း ရပါတယ်... Gmail ထဲမှာ အရေးကြီး Data တွေ ရှိတဲ့လူတွေ အတွက်တော့ အသုံးဝင်လောက်မယ်ထင်ပါတယ်ဗျာ ...


G mail back up







Posted on Monday, August 10, 2009 by မောင်လုလင်

No comments

G mail မှာကိုယ် က အဲဒီ့ မေးလ် address ကနေပြီးတော့ ကိုယ့်ဆီကို ဘယ်တော့ မှ မေးလ် မလာအောင် ပေါ့ .. ကိုယ် က အဲဒီ့ကနေပြီးတော့ ဘာကိုမှ မပို့စေချင်ဘူး စိတ်ရှုပ်တယ်ဆိုရင် G mail မှာ filter ကလေးတပ်ထားလို့ရပါတယ် .. အဲဒီ filter ထဲမှာ ကိုယ်ထည့်ချင်တဲ့ mail address ကိုသာထည့်ထားလိုက် .. ပြီးရင် သူ့ဆီ က ဘာမှ မလာစေချင်ဘူး .. ဒါမှမဟုတ် သူ့ဆီ ကလာတာတွေ အကုန်လုံးကို အရေးကြီးသတ်မှတ်ထားတယ် ..(star ပြထားမယ် ) စသဖြင့်ပေါ့ .လုပ်ထားလို့ရပါတယ် ..ကိုယ်ကြိုက်သလိုလေးလုပ်ထားလို့ရပါတယ် .. လုပ်မယ်ဆိုရင်တော့ create a filter ဆိုတာလေး ရှိပါတယ် အဲဒါကလေးကိုနှိပ်လိုက်ပါ .. အောက်မှာပုံကလေးပြထားပါတယ် ..





အဲဒါကလေးကိုနှိပ်ပြီးသွားပြီဆိုရင် တော့ Box ကလေးကျလာပါလိမ့်မယ်..

From မှာ ကိုယ်လုပ်ချင်တဲ့ mail address ကို ထည့်လိုက်ပါ .. To မှာတော့ ကိုယ့် mail address ပေါ့..ဖြည့်ပြီးပြီဆိုရင် Next step ကိုပေးလိုက်ပါ ..
ပြီးရင်တော့ , Apply the labe, Forward it to, အဲဒါတွေပါပါတယ် .. အဲဒါကလေးတွေကို ကိုယ်ကြိုက်တာကလေးမှာ အမှန်ခြစ်ကလေး ကို ပေးလိုက်ပါ .ပြီးရင်တော့ Create filter ဆိုတာကလေးကိုနှိပ်လိုက်ရင်ရပါပြီ .. ကိုယ်လုပ်ထားသလိုလေးပေါ့ .. အဆင်ပြေကြပါစေဗျာ .. အဆင်မပြေတာကလေးတွေရှိရင်လည်းပြောခဲ့ကြပါဦးနော် ...





Posted on Monday, August 10, 2009 by မောင်လုလင်

No comments

8.8.09

ကိုယ့်ကို သူက password ပေးထားတယ် အဲဒါကို နောက်ကျရင် သူကလည်း သူ့ password ကလေးကို ပြန်ပြောင်းတော့မယ် .. ဒါပေမယ့် ကိုယ်က သူ့ဆီ က ၀င်လာတဲ့မေးလ် တွေကိုကလည်းဖတ်ချင်သေး .. အဲဒါဆိုရင်တော့  ဒီနည်းကလေးက အသုံးဝင်ပါတယ် ...ဒီနည်းက G mail မှ မဟုတ်ပါဘူး.. နောက်ထပ် တခြား yahoo တို့ ဘာတို့ကိုလည်း ရပါတယ် Password သိရင် ပြောတာပါ ....
ကျွန်တော် ပြောတဲ့ နည်း က သူ့ရဲ့ password ကို သိမှ ရမှာပါ ဗျာ ... မသိရင်တော့ မရပါဘူး ... သိခဲ့တယ် ဆိုရင်တော့ အောက်က နည်းလေး အတိုင်းလေး စလိုက်ကြရအောင် ...ကိုယ့် gmail ကိုဝင်လိုက်ပါ ... ပြီးရင် setting ကိုသွားလိုက်ပါ ... ပြီးရင်တော့ account ကိုသွားလိုက်ဦးနော် ...get mail from other account ကနေပြီးတော့ add a another account ကို click လိုက်ပါ ... အဲဒီ မှာ ကိုယ် လုပ်ချင်တဲ့ account address ကို ထည့်လိုက်ပါ..ပြီးရင်တော့ နောက် ထပ် တစ်ခု ပေါ်လာပါလိမ့်မယ် .. အဲဒီမှာ password ကလေးကိုဖြည့်လိုက်ပါ ပြီးရင် label in incoming massage ဆိုတာလေးကို အမှန် ခြစ်ကလေး ပေးထားလိုက် နော် .. အိုကေ ပြီးရင် add account ဆိုတာ ကို ပေးလိုက် .. အဲလာ ဆိုရင် gmail ကနေပြီးတော ကိုယ် နောက်ထပ်ထည့်ထားတဲ့ account ကနေပြီးတော့ ရှိသမျှမေးလ်တွေကို ကိုယ့် account ထဲကို ဆွဲထည့်ပေးလိမ့်မယ်နော် ...
အဲဒီ account ကမေးလ်တွေကိုကြည့်ချင်ရင်တော့ Travel ဆိုတာရဲ့ အပေါ်မှာ ကိုယ် စောစောက ထည့်ထားတဲ့ account ကလေးကို တွေ့လိမ့်မယ် .. အဲလာကလေးကို နှိပ်လိုက် .. တွေ့ပါလိမ့်မယ်ဗျာ .. အဲ ဒီ account က မေးလ်တွေ အားလုံးကို ... အဆင်ပြေပါစေဗျာ ....

ပြီးရင်တော့ အချိန် ကလေး နည်းနည်း စောင့်လိုက်နော် သူက checking gmail ဆိုပြီးတော့ နောက်ပိုင်း အဲဒီ မေးလ် ထဲက မေးလ်တွေ ကို ယူပေးလိမ့်မယ် ..




Posted on Saturday, August 08, 2009 by မောင်လုလင်

No comments

7.8.09

ဒီနည်းကလေးကို မသိသူများအတွက်ပါခင်ဗျာ ..G mail မှာ ကိုယ် က သူ့ဆီကို မေးလ် ပို့လိုက်တော့ .. ခဏပဲ ရှိသေးတယ် ..ဟောဗျာ .. ကျေးဇူးတင်ပါတယ် ဘာညာသရကာဆိုပြီးတော့ လေ.. အဲဒါနဲ့သူ များ ရှိလားလို့ ရှာတော့လည်း offline မှာ .. သူငါ့ကိုများညာလားလို့ offline ကနေများ ပုန်းပြီးတော့ ပြောလားဆိုပြီးစမ်းကြည့်တော့ လည်း မရှိ .. အဲလိုမျိုးလေး ကိုယ်မရှိပေမယ့်လည်း gmail ကို auto reply ကလေး လုပ်ထားကြအောင်ပါ ..

ပထမ ဆုံး Gmail ကို အရင်ဆုံးဖွင့်လိုက်ပါ ..
ဖွင့်ပြီးပြီဆိုတာနဲ့ အဲဒီ အပေါ်နားမှာ setting ဆိုတာလေးကို click လိုက်ပါ..

Vacation responder onဆိုတာလေးကို ရွေးပေးလိုက်ပါ.. ပြီးရင် တော့ ဘေး က Subject နဲ့ Message မှာ ကိုယ်ရိုက်ချင်တဲ့ စာလေး တွေကိုရိုက်လိုက် ရုံ ပါပဲ.. (ကျေးဇူးအရမ်းတင်တယ် ကွိစိကွစ ပေါ့) ..အဟဲ .. ပြီးရင်တော့ Save လိုက် ပါ .. အဲဒါ ဆိုရင်ကိုယ် ဆီကို ပို့ တဲ့ Mail လေးတွေကို Google က နေပြီး သူဘာသာသူ Reply ပြန်လုပ်ပေးမှာဖြစ်ပါတယ် .. ဒါပေမယ့် သူ က ပို့တိုင်းတော့ မရောက်ဘူးဗျ ..တစ်ခါထဲ ဟိုဘက်က ၃ စောင်လောက်ကို ပို့တယ်ဆိုရင်တော့ ပထမတစ်စောင့်အတွက်ပဲ ပေးမှာ.. ကျွန်တော်ထင်တာတော့ သူလဲ ညောင်းလို့နားတာနေမှာပေါ့ .. အဟဲ .. အဆင်ပြေပါစေ ဗျာ..




Posted on Friday, August 07, 2009 by မောင်လုလင်

No comments

6.8.09

ကိုယ့်ဆီမှာ က G mail က နှစ်ခု ရှိတယ် .. ဒါပေမယ့် mail ကိုဝင်တော့ကျတော့ တစ်ခုကိုဝင်လိုက် ပြီးနောက်တစ်ခုကိုဝင်မယ်ဆိုတော့လည်း ၀င်ထားတဲ့ဟာကို ထွက်လိုက် .. ဆိုးပြီ .. အဲလိုမျိုး အခက်အခဲလေးတွေ ကို အဆင်ပြေအောင်လုပ်လို့ရပါတယ် .. အခု add-ons ကလေးကိုသာ firefox မှာ install လုပ်ပေးထားလိုက် .. ကေတယ်ဗျာ ..ကဲဒါဆိုရင် အရင်ဆုံး add-ons ကလေးကိုထည့်လိုက်ဗျာ ...

https://addons.mozilla.org/en-US/firefox/addon/1320

ထည့်ပြီးသွား ရင် firefox ကို restart ချလိုက်ပေါ့ .. ချပြီးသွားပြီဆိုရင်တော့ .firefox=>tool=> add-on ကိုနှိပ်လိုက်ရင်စောစောက သွင်းလိုက်တဲ gmail manager ကိုတွေ့ရပါ့မယ် .. အဲဒီကနေပြီးတော့ option ကိုရွေးလိုက်ပါ .

Browser ရဲ့ status bar မှာလည်း Gmail manager icon လေးပေါ်နေပါလိမ့်မယ် ..

‘All account settings ကိုသွားလိုက် ပြီးရင် တော့ ကိုယ့် ရဲ့ account ကလေးတွေကိုဖြည့်လိုက်ပါ.. password တော့ မှန်အောင်ဖြည့်နော် ..computer ဖွင့်တိုင်း မှာ စပြီးတော့ လုပ်ချင်တယ်ဆိုရင်တော့ start up ကိုရွေးပေးလိုက် .
တက်တာနဲ့သူဘာသာသူ လေး net ချိတ်အောင်လုပ်ပေးလိမ့်မယ်ဗျာ ...ဖယ်ထုတ်ချင်ရင်လည်းဖယ်ထုတ်လို့ရပါတယ် ..ကိုယ်ဖွင့်ချင်တယ်ဆိုရင်တော့ tab ကလေးတွေ ဖွင့်ပြီးတော့ account တစ်ခုချင်းစီကို ဖွင့်လိုက်ပေါ့ ..စမ်းပြီးတော့သုံးကြည့်ပေါ့ .. အောက်မှာ ပုံကလေးတွေ ပြထားပါတယ် ..အဆင်ပြေပါစေ...















Posted on Thursday, August 06, 2009 by မောင်လုလင်

4 comments

အားလုံးကြုံဘူးကြမှာပါ .. ကိုယ့်ဆီကိုမေးလ်တော့ရောက်လာတယ် .. ဒါပေမယ့် အဲဒီလူကဘယ်ကမှန်းလည်းမသိဘူး .. ဒါပေမယ့် ကိုယ်နဲ့သိတဲ့လူလိုလိုဘာလိုလို ကိုယ့် nick ထဲကိုကြည့်တော့လည်း အဲဒီ nick နဲ့တူတာလားလားမှမရှိဘူး ..ပဟေဠိဆန်ဆန် အဲလိုလူတွေကိုရှာနိုင်အောင်ပါ .. ဘယ်သူလဲတော့မသိဘူးနော် .. ဒါပေမယ့် သူဘယ်ကနေပြီးတော့ ကိုယ့်ဆီကို မေးလ်ပို့သလဲဆိုတာတော့သိမယ်...သူ က online ကိုတက်ပြီးတော့ ကိုယ် ပို့လိုက်တဲ့မေးလ်ကိုဖတ်လိုက်တာနဲ့ပေါ့ .. အဲနည်းနည်းလေးတောင်လေကြောရှည်သွားပြီ ...
အရင်ဆုံး လုပ်ရမှာက ကိုယ်ပို့မယ့် compose mail ကို new window ကလေးနဲ့ဖွင့်ထားလိုက်ပါ ..

ပြီးရင် http://spypig.com/ ကိုသွားလိုက်ပါ ...ရောက်သွားပြီဆိုရင် .အဲဒီမှာဖြည့်ရမှာက
အဆင့် ၄ ဆင့်ပေါ့ ..
၁။ ကိုယ့်ရဲ့ mail address
၂။ your massage title အဲဒါက ကိုယ်ကြိုက်တာရေးပေါ့..မင်္ဂလာပါဖြစ်ဖြစ် ပေါ့ ..
၃။ သုံးမှာကတော့ကိုယ်ကြိုက်တဲ့ပုံကလေးကိုရွေးလိုက်ပါ ..အောက်ကအစက်ကလေးကိုဖြည့်လိုက်ပေါ့..ကိုယ်ကြိုက်တဲ့ပုံတင်လည်း
ရတယ်နော် ..
၎။ 3 ဆိုတာလေးကိုရွေးလိုက်ပါ ..

ရွေးပြီးသွားပြီဆိုရင်တော့ အဆင့် ၅ က ခလုတ်ကလေးကိုနှိပ်လိုက် ပါ ..အဲဒါကလေးကိုနှိပ်လိုက်ရင် ၅ ရဲ့အောက်မှာစောစောက အဆင့် ၃ မှာ ကိုယ်ထည့်ထားတဲ့ပုံကလေး တွေ့လိမ့်မယ် .. တွေ့ပြီဆိုတာနဲ့ အရင်ဆုံး
firefox new window မှာ ကိုယ်ဖွင့်ထားခဲ့တဲ့ mail massage ထဲကို အဲဒီပုံကလေးကို ဆွဲပြီးတော့ထည့်လိုက်ဗျာ ..
ထည့်ပြီးပြီဆိုရင် ကိုယ်ကြိုက်တာကလေးကိုရေး . ပြီးရင် send လိုက်တော့ဗျာ ..ရပြီ ..အဲဒီ့အခါကျရင် သူကိုယ်ပို့လိုက်တဲ့
မေးလ် ကိုဖတ်ပြိဆိုတာနဲ့ ရပြီသူနေတဲ့နေရာကိုသိရပါပြီ...

ဒီ့ထက်ပိုပြီးတော့ သေသေချာချာသိချင်ရင်တော့ ရတဲ့ IP address ကို http://whatismyipaddress.com/ အဲဒီနေရာကလေးမှာ ထည့်ပြီးတော့ trace လိုက်ပါ .. မြေပုံကလေးနဲ့ပါပြလိမ့်မယ်ဗျား..စမ်းကြည့်ချင်တဲ့လူရှိရင်စမ်းကြည့်လိုက်ဦးနော် ..



Posted on Thursday, August 06, 2009 by မောင်လုလင်

No comments