G mail မှာကိုယ် က အဲဒီ့ မေးလ် address ကနေပြီးတော့ ကိုယ့်ဆီကို ဘယ်တော့ မှ မေးလ် မလာအောင် ပေါ့ .. ကိုယ် က အဲဒီ့ကနေပြီးတော့ ဘာကိုမှ မပို့စေချင်ဘူး စိတ်ရှုပ်တယ်ဆိုရင် G mail မှာ filter ကလေးတပ်ထားလို့ရပါတယ် .. အဲဒီ filter ထဲမှာ ကိုယ်ထည့်ချင်တဲ့ mail address ကိုသာထည့်ထားလိုက် .. ပြီးရင် သူ့ဆီ က ဘာမှ မလာစေချင်ဘူး .. ဒါမှမဟုတ် သူ့ဆီ ကလာတာတွေ အကုန်လုံးကို အရေးကြီးသတ်မှတ်ထားတယ် ..(star ပြထားမယ် ) စသဖြင့်ပေါ့ .လုပ်ထားလို့ရပါတယ် ..ကိုယ်ကြိုက်သလိုလေးလုပ်ထားလို့ရပါတယ် .. လုပ်မယ်ဆိုရင်တော့ create a filter ဆိုတာလေး ရှိပါတယ် အဲဒါကလေးကိုနှိပ်လိုက်ပါ .. အောက်မှာပုံကလေးပြထားပါတယ် ..





အဲဒါကလေးကိုနှိပ်ပြီးသွားပြီဆိုရင် တော့ Box ကလေးကျလာပါလိမ့်မယ်..

From မှာ ကိုယ်လုပ်ချင်တဲ့ mail address ကို ထည့်လိုက်ပါ .. To မှာတော့ ကိုယ့် mail address ပေါ့..ဖြည့်ပြီးပြီဆိုရင် Next step ကိုပေးလိုက်ပါ ..
ပြီးရင်တော့ , Apply the labe, Forward it to, အဲဒါတွေပါပါတယ် .. အဲဒါကလေးတွေကို ကိုယ်ကြိုက်တာကလေးမှာ အမှန်ခြစ်ကလေး ကို ပေးလိုက်ပါ .ပြီးရင်တော့ Create filter ဆိုတာကလေးကိုနှိပ်လိုက်ရင်ရပါပြီ .. ကိုယ်လုပ်ထားသလိုလေးပေါ့ .. အဆင်ပြေကြပါစေဗျာ .. အဆင်မပြေတာကလေးတွေရှိရင်လည်းပြောခဲ့ကြပါဦးနော် ...