ဒီနည်းကလေးကို မသိသူများအတွက်ပါခင်ဗျာ ..G mail မှာ ကိုယ် က သူ့ဆီကို မေးလ် ပို့လိုက်တော့ .. ခဏပဲ ရှိသေးတယ် ..ဟောဗျာ .. ကျေးဇူးတင်ပါတယ် ဘာညာသရကာဆိုပြီးတော့ လေ.. အဲဒါနဲ့သူ များ ရှိလားလို့ ရှာတော့လည်း offline မှာ .. သူငါ့ကိုများညာလားလို့ offline ကနေများ ပုန်းပြီးတော့ ပြောလားဆိုပြီးစမ်းကြည့်တော့ လည်း မရှိ .. အဲလိုမျိုးလေး ကိုယ်မရှိပေမယ့်လည်း gmail ကို auto reply ကလေး လုပ်ထားကြအောင်ပါ ..

ပထမ ဆုံး Gmail ကို အရင်ဆုံးဖွင့်လိုက်ပါ ..
ဖွင့်ပြီးပြီဆိုတာနဲ့ အဲဒီ အပေါ်နားမှာ setting ဆိုတာလေးကို click လိုက်ပါ..

Vacation responder onဆိုတာလေးကို ရွေးပေးလိုက်ပါ.. ပြီးရင် တော့ ဘေး က Subject နဲ့ Message မှာ ကိုယ်ရိုက်ချင်တဲ့ စာလေး တွေကိုရိုက်လိုက် ရုံ ပါပဲ.. (ကျေးဇူးအရမ်းတင်တယ် ကွိစိကွစ ပေါ့) ..အဟဲ .. ပြီးရင်တော့ Save လိုက် ပါ .. အဲဒါ ဆိုရင်ကိုယ် ဆီကို ပို့ တဲ့ Mail လေးတွေကို Google က နေပြီး သူဘာသာသူ Reply ပြန်လုပ်ပေးမှာဖြစ်ပါတယ် .. ဒါပေမယ့် သူ က ပို့တိုင်းတော့ မရောက်ဘူးဗျ ..တစ်ခါထဲ ဟိုဘက်က ၃ စောင်လောက်ကို ပို့တယ်ဆိုရင်တော့ ပထမတစ်စောင့်အတွက်ပဲ ပေးမှာ.. ကျွန်တော်ထင်တာတော့ သူလဲ ညောင်းလို့နားတာနေမှာပေါ့ .. အဟဲ .. အဆင်ပြေပါစေ ဗျာ..