မင်္ဂလာပါခင်ဗျာ .... ဒီနေ့ ကျွန်တော့် Blog ကလေး တစ်နှစ်သားပြည့်တဲ့ နေ့ကလေးပါ .... အလည်လာရောက်သူများ အားလုံးကို လည်း ကျေးဇူးတင်ပါတယ် ....မတောက်တခေါက် နည်းပညာလေးတွေ မျှဝေထားတဲ့ ကျွန်တော့် Blog ကလေး ကို ရောက်ခဲ့သူတွေအားလုံးကိုရော .. ကျွန်တော် ကို ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ အကြံပေးခဲ့ ကြသောသူများ ကို ရော ၊ နည်းပညာများ ကို ပြန်လည်မျှဝေခွင့်ပြုသော ဆိုဒ်များ အားလုံး ကိုလည်း အထူးကျေးဇူး တင်မိပါတယ် ခင်ဗျာ ... တောင်းပန်ချင်တာ ကတော့ ကျွန်တော့် ကို လာရောက် မေးမြန်းသူ တွေ ကို ကျွန်တော် အားလုံး ပြည့်ပြည့်စုံစုံ ဖြေမပေးနိုင်ခဲ့တာကို တောင်းပန်ချင်ပါတယ် ... ကျွန်တော် မသိခဲ့တာတွေ ကို မတိကျ မရေရာပဲ နဲ့ ဖြေပေးလိုက်တဲ့ အခါ အမှားတွေ နဲ့ တွေ့မှာ စိုးတဲ့ အတွက် ဖြေမပေးခြင်းဖြစ်ပါတယ် ခင်ဗျာ .. နားလည်ပေးစေလိုပါတယ် ... တချို့ အကြောင်းအရာများ ကျတော့ ကိုယ်ကိုယ်တိုင် ပဲ ကြိုးစား ဖြေရှင်းကြည့်စေချင်ပါတယ် .... ဒါမှမဟုတ် ဖိုရမ်တွေ မှာ ဖြစ်ဖြစ် မေးကြည့်စေလိုပါတယ် .. အဲဒါမှ အားလုံး Discussion အနေနဲ့ ဆွေးနွေးပြီးတော့ အဲဒီ့ အထဲကမှ အကောင်းဆုံး အကြံကို ယူပြီးတော့ လုပ်တာ ကောင်းမယ်လို့ထင်ပါတယ်ခင်ဗျာ .... ကျွန်တော့် အနေနဲ့လည်းကျွန်တော် တတ်နိုင်သမျှကလေးတွေ ကို ဖြေရှင်းပေးပါ့မယ် ... ပြီးတော့ ကျွန်တော် အခုရက်ပိုင်းတွေ မှာ ပိုစ့် တွေကို မရေးနိုင်ခဲ့တာကိုလည်း တောင်းပန်ပါတယ် .... နောက်ရက်တွေမှာလည်း ပိုပြီးတော့ ဖြစ်လာနိုင်ပါတယ် .. ဘာလို့လဲ ဆိုတော့ ကျွန်တော် အခု နေတဲ့ အဆောင်က ပြောင်းရမယ် ဆိုတဲ့အတွက်ကြောင့် နောက် အဆောင် ရောက်တဲ့အခါကျရင် အင်တာနက် က ရမယ်မှန်းမသိ ၊ မရမယ်မှန်းမသိ ဖြစ်သွားနိုင်ပါတယ် .. မရခဲ့ရင်တော့ ပိုစ့် ရေးတာကလေးတွေ တော့ အတော် ( ဒီ့ထက်ကို ) ကျဲသွားနိုင်ပါတယ် ခင်ဗျာ ... ကြိုတင်တောင်းပန်တာပါ .. ၁ နှစ်ပြည့် အနေနဲ့ ပြောပါတယ်ဆိုမှ အခက်အခဲ တွေ ကို ပြောခိုင်းနေသလို ဖြစ်နေပြီ :) :) :) ... ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်တော့် ရဲ့ ဘလော့ဂ် ကလေးကို မျက်စိ လည်ပြီးရောက်ခဲ့သူတွေ ကိုရော ... လက်ရှိ အားပေးနေကြတဲ့ သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ .... အခက်အခဲများ ရှိခဲ့ရင်လည်း ကျွန်တော့်ရဲ့ Email ကိုပဲ ဖြစ်ဖြစ် ... Cbox မှာပဲ ဖြစ်ဖြစ်ပေါ့ .. အော်သွားခဲ့ပါခင်ဗျာ .. ကျွန်တော် တတ်နိုင်သမျှကလေးတွေ ကို ဖြေရှင်းပေးပါ့မယ် ခင်ဗျာ .... အသုံးဝင်မယ့် software ကလေးတွေကိုလည်း ဆက်လက် မျှဝေ သွားပါ့မယ် ... ပျော်ရွှင်ကြပါစေခင်ဗျာ ........


အားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်