မင်္ဂလာပါ .... စိမ်းတော့ စိမ်းသွားမလားမသိဘူး... ကျွန်တော့်ရဲ့ blog ကလေး update မဖြစ်တာလည်း အတော့် ကိုတော်တော် ကြာနေပါပြီ ... ကျွန်တော့်ရဲ့ Blog ကလေးကို အမြဲ ရောက်လာခဲ့ကြတဲ့ သူတွေ ကိုလည်း တောင်းပန်အပ်ပါတယ် ... ကျွန်တော်လည်း အဆောင်ပြောင်းပြီးကတည်းက လူကလည်း အခြေမကျသေးတာရယ်၊ အင်တာနက်အတွက် အနည်းငယ် အခက်အခဲ ဖြစ်နေတာရယ် ကြောင့် မရေးဖြစ်လို့ပါ ... အခုနောက်ပိုင်းကိုတော့ ပုံမှန်ကလေး Update ဖြစ်အောင် တော့ ကြိုးစားပါ့မယ် .... C-box မှာ လာပြီး နှုတ်ဆက်သွားကြတဲ့လူတွေ ၊ အကူအညီတောင်းတဲ့ သူတွေကိုလည်း ပြန်မဖြေကြားပေးနိုင်တဲ့အတွက် တောင်းပန်အပ်ပါတယ် ... အခု ကတော့ website တွေကို download ချပြီးတော့ အင်တာနက်မရှိတဲ့ နေရာတွေ မှာ ကြည့်ချင်တဲ့အခါ သုံးဖို့အတွက်ပါ ... ဥပမာ ကိုယ် အမြဲ ဖတ်နေကျ blog တစ်ခု ရှိတယ်ဆိုပါတော့ ... အဲဒီ့အထဲက Posts တွေကို ကိုယ်က ကြိုက်တယ် သိမ်းလည်း သိမ်းထားချင်တယ် .. ပြီးတော့ ပြန်ကြည့်ချင်တယ် ... ဒါပေမယ့် ကွန်ပျူတာ ပဲ ရှိပြီးတော့ အင်တာနက်က မရှိဘူး .. အဲဒီ့လိုမျိုးကျရင် အခု website downloader ကလေးက အသုံးဝင်ပါတယ် ....ပြန်ကြည့်တဲ့ အခါလည်း html page ကလေးကို ဖွင့်ရုံနဲ့ သူ့ရဲ့ မူရင်း website ကိုသွားဖတ်ရသလိုမျိုးပါ .. menu တွေ link တွေ ကို နှိပ်တဲ့ အခါမှာလည်း မူရင်း website လိုပါ .. တော်တော် အဆင်ပြေပါတယ် .... ကျွန်တော်တော့ အဆောင်မပြောင်းခင်မှာ ကြိုက်တဲ့ ဆိုဒ်ကလေးတွေ ကို ဒေါင်းပြီးတော့ offline မှာ ဖတ်ဖြစ်ပါတယ် ... ဒါပေမယ့် ဒေါင်းတဲ့ အခါမှာ အင်တာနက် speed ကောင်းရင်တော့ ပိုကောင်းပါတယ် ... အချိန်ကတော့ website ရဲ့ size ရဲ့ အနေအထားရယ် .. အင်တာနက် speed ရယ် အပေါ်မူတည်ပြီးတော့ ကြာနိုင်ပါတယ် ... software ကိုတော့ အောက်က နေရာကလေးမှာ သွားယူနိုင်ပါတယ် ... ကျွန်တော် software ကိုတော့ တင်မပေးတော့ပါဘူး .. site ရှိတဲ့နေရာကလေးကိုပဲ ညွှန်းလိုက်ပါတယ် .. ကျွန်တော် အရင် က microsoft office တင်ထားတဲ့ ပိုစ့် ကေးလကို reset လုပ်သွားပါတယ် .. အဲဒါကြောင့် နောက်ပိုင်းမှာ ကျွန်တော် software တွေ မျှတဲ့အခါမှာ သူရဲ့မူရင်း ဆိုဒ်ကိုပဲ link ပဲ ပြန်ညွှန်းချင်ပါတယ် ... တကယ်လို့မှ အဲဒါကလေးကိုလိုချင်တယ် ကျွန်တော် ညွှန်းတဲ့နေရာမှာ အဆင်မပြေခဲ့ဘူးဆိုရင် commet ဖြစ်ဖြစ်ပေးခဲ့ပါ... ကျွန်တော် အဆင်ပြေအောင်ပြန်လုပ်ပေးပါ့မယ် ... အခု website downloader ကိုတော့ အောက်မှာ သွားယူနိုင်ပါတယ် .. သူက free ပါ .. တချို့ ဟာတွေ ကျတော့ trial version တွေ ရှိလို့ ဒါကလေးကပဲ အဆင်ပြေလို့ ဒီတစ်ခုကိုပဲ ညွှန်းလိုက်ပါတယ်ခင်ဗျာ ....
အဲဒီ့မှာ download ဆိုတာကလေးကိုနှိပ်လိုက်ပါ .. နှိပ်လိုက်ရင် အောက်မှာ ချလို့ရမယ့် သူ့ software ကလေးတွေ ရှိပါတယ် ... ကိုယ်နဲ့ကိုက်ညီမယ့် ဟာလေးကို ရွေးပြီးတော့ ဒေါင်း . ပြီးရင် run ပြီးရင် ကိုယ်ကြိုက်တဲ့ site တွေကို ဒေါင်းပေတော့ဗျိုး .. စိတ်ချလက်ချ ... :P
အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက်..
မောင်လုလင်
2 comments :
thank you so much really
thank
Post a Comment