Click ! Image to zoom!

ဒီနည်းကတော့ ကိုယ့် က သူများရဲ့ Window ခွေ တစ်ခု ကို ရပြီဆိုပါတော့ .. အဲဒီ့ Window ခွေကို ပြန်ပြီးတော့ ကူးယူချင်တယ်ဆိုရင် အသုံးပြုတဲ့နည်းပါ .. နှစ်ဆင့်တော့ လုပ်ရ ပါတယ် ..
၁။ Window ခွေမှ Iso file အဖြစ်ပြုလုပ်ခြင်း ။
၂။ Iso file မှ CD ပေါ်သို့ ကူးယူခြင်း ။
အဲဒီ့ နှစ်ခုပါ .. ဒီတိုင်း CD to CD ကူး ရင်လည်း အဆင်ပြေပါတယ် .. ကျွန်တော် အရင်က ကျွန်တော့် သူငယ်ချင်းဆီ က Window ခွေ ကို ယူပြီးတော့ ကူးတော့ ဒီတိုင်း Window CD ကိုထည့် ... ပြီးတော့ ကျတော့ ကူးပြီးတော့ file အဖြစ် ထား လိုက်တယ် ... နောက်တော့ ကျတော့ အဲဒီ့ file ကို CD ထဲကို တစ်ခါတည်း ကူးထည့်ပလိုက်တယ် .. နောက်တော့ စမ်းပြီးတင်ကြည့် တော့ အဆင်မပြေဘူး ... Press Any keys to boot from CD ဆိုတဲ့ စာတမ်းလည်းမပေါ်ဘူး .. Window ကိုတစ်ခါတည်းရောက်သွားတယ် ...အဲဒါနဲ့ Window ထဲကနေပြီးတော့ပဲ တင်လိုက်ရတာပေါ့ ... ကျွန်တော့်လိုမျိုး အမှားမျိုး မကြုံရအောင်ပါ ... အခု နည်းလေးနဲ့ဆို ရင် အဲဒီ့လိုလည်းမဖြစ်တော့ပါဘူး ... အဆင်ပြေပြေ Window တင်နိုင်သွားပါပြီ ...
စလုပ်ကြည့်ကြရအောင်ပါ .. စလုပ်ကြည့်မယ်ဆိုတော့ လိုတဲ့ Software ကလေးကို အောက်မှာယူလိုက်ပါ ..
Magic ISO Maker ပါ .. အဲဒီ့ software ကိုတော့ အောက်မှာယူလိုက်ပါခင်ဗျာ ...

Download link : :>>

Download link : :>>

Download link : :>>


အဲဒါ ကို ဒေါင်းပြီး သွားပြီ ဆိုရင် စလို့ရပါပြီ .. Install လုပ်လိုက်ဦးနော် .. :) :)
ပထမဆုံး ကိုယ်ကူးမဲ့ Window ခွေကို CD drive ထဲကို ထည့်လိုက်ပါ ခင်ဗျာ ...
ပြီးရင်တော့ My Computer ကို ဖွင့်ပြီးတော့ အဲဒီ့ CD drive ကို R-Click ထည့်လိုက်ပါ ..
အောက်က ပုံကလေးအတိုင်းပေါ့ .. Magic Iso => Make Image file from H: ပေါ့ အဲဒါကလေးကို နှိပ်ပေးလိုက်ပါ ..

Click ! Image to zoom!


နှိပ်လိုက်တဲ့အခါမှာ အောက်က ပုံအတိုင်းကလေး ပေါ်လာပါ့မယ် ..

Click ! Image to zoom!


အဲဒီ့ အဆင့်မှာတော့ နည်းနည်းလေး ရွေးပေးရပါ့မယ် ...
Output File ဆိုတဲ့နေရာမှာတော့ ကိုယ် Save မယ့် နေရာကလေးကို ရွေးပေးရပါ့မယ် .. Desktop ပေါ်လား .. Drive တွေထဲလားပေါ့ ..
Output Format ဆိုတဲ့ နေရာမှာတော့ Standard ISO image file (ISO) ဆိုတာကိုရွေးပေးလိုက်ပါ ခင်ဗျာ ..
အဲဒါကလေးတွေ ရွေးပြီးသွားပြီဆိုရင်တော့ OK ပေးလိုက်ရင် သူ့ဘာသာသူ အလုပ်လုပ်သွားပါလိမ့်မယ် ..

Click ! Image to zoom!


သူ့ဘာသာသူ လုပ်နေရင်း 100 ပြည့်သွားပြီဆိုရင်တော့ Successfully ဆိုပြီးတော့ ပေါ်လာပါလိမ့်မယ် .. အဲဒါဆိုရင် ကျွန်တော်တို့ အနေနဲ့ Iso file တစ်ခု ကို တည်ဆောက်လို့ ပြီးသွားပြီ ဖြစ်ပါတယ် ..

Click ! Image to zoom!


၂။ အခုအဆင့်ကတော့ စောစောက ရခဲ့တဲ့ Iso file ကို ပြန်ပြီးတော့ CD ခွေပေါ်ကို Burn တာပါ ..

CD / DVD ခွေ အလွတ်ကို ထည့်လိုက်ပါ ..

Start Menu => All Programs => Magic Iso => Magic CD & DVD Driver ဆိုပြီးတော့ သွားလိုက်ပါ ..

အဲတိုင်းသွားရင် Box တစ်ခု ပေါ်လာပါ့မယ် .. အဲဒီ့မှာမှ CD/DVD Image File မှာ စောစောက ကိုယ်လုပ်ထားတဲ့ Iso file ကို ရွေးပေးလိုက်ပါ ..
ပြီး ရင် Writing Speed ဆိုတာမှာတော့ ကိုယ် ကြိုက်တာကို ရွေးလို့ရပါတယ် ..နည်းလေ ကောင်းလေ ပါပဲ ..
ပြီးရင်တော့ Burn it ဆိုတာကလေးကို နှိပ်ပေးလိုက်ပါ .. သူဘာသာ အလုပ်လုပ်သွားပါလိမ့်မယ် ..
ပြီးသွားပြီဆိုရင် CD ခွေက သူ့အလိုလို ထွက်လာပါလိမ့်မယ် .. အဲဒါဆိုရင် Window ခွေ တစ်ခု ကို ပိုင်ဆိုင်သွားပါပြီ .. အဆင်ပြေပါစေလို့ မျှော်လင့်လျက် ...

အားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ..

မောင်လုလင် ..



Success comes in Cans; not in cant’s.
အောင်မြင်မူသည် လုပ်နိုင်သူများအတွက် သာဖြစ်သည်။မလုပ်နိုင်သူများအတွက် မဟုတ်။