Click ! Image to zoom!


အခု ရေးတဲ့ အကြောင်း ကတော့ ကိုယ့် ရဲ့ Blog မှာ Meta tag တပ်ဆင်ခြင်းပါ .... ဘာကြောင့် Meta tag ကို တပ်ဆင်ကြလဲ ဆိုတော့..... ကျွန်တော်တို့ အကြောင်းအချက် တစ်ခုကို အင်တာနက်မှာ ရှာတဲ့အခါ search engine တွေ သုံးရပါတယ် ... Google , Yahoo , Ask စသဖြင့်ပေါ့ .. ကိုယ့် အနေနဲ့ ကိုယ့်ရဲ့ site ကို search engine တွေနဲ့ ရှာတဲ့အခါမှာ Traffic တွေ များများ ရနိုင်အောင် Meta tag တွေနဲ့ ကြေငြာပေးရပါတယ် ... Meta tag ထည့်သွင်းခြင်းက SEO (Search Engine Optimisation) တွေအတွက်လည်း အရေးကြီးပါတယ် ... Meta tag က Search engine တွေ နဲ့ ချိတ်ဆက်ပြီးတော့ မိမိရဲ့ဆိုဒ် ရဲ့အကြောင်းတွေ အထဲမှာ ရေးထားတဲ့ အကြောင်းတွေ နဲ့ လည်း ချိတ်ဆက်ပေးပါတယ် ...
ကျွန်တော်တို့ Meta tag ဘယ်လို တပ်ဆင်မလဲ ... သိပ်တော့မခက်ပါဘူး...

၁ ။ မိမိရဲ့ Blog ကို ၀င်လိုက်ပါ .. ပြီးရင်တော့ Design => Edit html ဆိုပြီးတော့ သွားလိုက်ပါ ...
ရောက်ပြီဆိုရင် အောက်က ပုံလေး ကိုကြည့်ကြည့်ပါ .. အဲဒီ့မှာ Meta tag ထည့်ရမယ့် နေရာကလေးကို ပြထားပါတယ် ... Code ကိုရှာပြီးတော့ ထည့်မယ်ဆိုရင်တော့ အောက်က ကုဒ် ကလေးရဲ့အောက်မှာ Meta tag ကို ထည့်မှာ ဖြစ်ပါတယ် ..


<b:include data='blog' name='all-head-content'/>


Click ! Image to zoom!


အဲဒီ့နေရာကလေးမှာ အောက်က ကုဒ်ကလေးကို ယူပြီးတော့ ထည့်ပါမယ် ..


<meta content='DESCRIPTION HERE' name='description'/>
<meta content='KEYWORDS HERE' name='keywords'/>
<meta content='AUTHOR NAME HERE' name='author'/>


DESCRIPTION HERE = မှာတော့ ကိုယ့် Blog ရဲ့ ခေါင်းစဉ်ကလေးကို ထည့်ပါမယ် ..
KEYWORDS HERE = ဆိုတာမှာတော့ မိမိ က ဘာရေးတာလဲ ကဗျာလား .. နည်းပညာလား ပေါ့.. နည်းပညာ ဆိုရင် နည်းပညာ ဆိုပြီးတော့ ထည့်လိုက်ပါ့မယ် ..
AUTHOR NAME HERE = ဆိုတာမှာတော့ ကိုယ့်ရဲ့ နာမည်ကို ထည့်ပါမယ် ....

အဲဒီ့မယ် ထည့်တဲ့ အခါမှာ Description နဲ့ Keyword ကို မှားပြီး မထည့်စေချင်ပါဘူးခင်ဗျာ ... အဲဒီ့လို ထည့်တဲ့အခါမှာ search engine တွေက မိမိရဲ့ site ကို Ban သွားနိုင်ပါတယ် ... လုပ်ရတာလည်း သိပ်မခက်ပါဘူးခင်ဗျာ .. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ် ...

အားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...


Never underestimate the power of forgiveness.
ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်မသေးပါနှင့်။


Ref : http://www.bloggertricks.com/2007/12/adding-meta-tags-to-bloggerblogspot.html