တချို့တွေကြုံဖူးကြမှာပါ. ကိုယ့်ရဲ့ Password ကို Firefox မှာ Remember ပေးခဲ့တာတွေပေါ့.. ကိုယ်ကတော့ မမေ့ချင်လို့ထားခဲ့တာပဲ .. ဒါပေမယ့် တခြား လူက ကိုယ့်ရဲ့ account ကိုယူပြီးတော့ တခုခု အသုံးချသွားရင် ၊ ဒါမှမဟုတ် gmail ထဲမှာ အရေးကြီးတဲ့ data တွေ ကိုထည့်ထားပြီး အဲလိုမျိုးသိမ်းခဲ့ရင်တော့ လစ်ရော.. အဲဒီ့လိုမျိုးတွေကို ကာကွယ်ဖို့အတွက်ပါ.. တချို့ကျတော့ လည်း ကိုယ်က အဲဒီ့လို remember ပေးခဲ့ပြီးတော့ နောက်တော့ မေ့ပြီး။ တခြားလူက အဲဒီ့နည်းလမ်းကလေးနဲ့ ယူသွားရော ။ သတိမမူ ဂူမမြင်ပေါ့ နော် ။ အဲဒါကို Hack ပါတယ်ဆိုပြီးဖြစ် တတ်ကြပါတယ် ။ အဲဒီ့လို password ကို မှတ်ထားတာက ကိုယ်ပိုင်ကွန်ပျူတာသုံး သူတွေအတွက်တော့ အဆင်ပြေပါတယ်.. ကိုယ်က site တွေအများကြီးကို ၀င် ထားတယ် နောက်တော့မမှတ်မိတော့ဘူး.. အဲဒါမျိုးတွေကို မှတ်မိဖို့အတွက်ပေါ့.. ဒါပေမယ့် အင်တာနက်ဆိုင်မှာ အသုံးပြုတဲ့သူတွေအတွက်ကျတော့ Danger နည်းနည်း ကျတာပေါ့နော်.. အဲဒီ့လိုမျိုး password ပေးခဲ့တာလေးတွေကို ဖယ်ရှားတာကလေးပါ.. တခြားလူတွေ password သိမ်းခဲ့တယ်ဆိုရင်လည်း အဲဒါကဘာလဲ ဆိုတာကိုကြည့်လို့ပါတယ် .. ဖယ်ရှင်းချင်တယ်ဆိုရင်လည်းလွယ်ပါတယ်ခင်ဗျာ.. step က နည်းနည်းပဲရှိပါတယ် ။။

Firefox မှာအရင်က ဘာ password တွေရှိလဲဆိုတာကိုကြည့်ကြည့်ရအောင် ..
Firefox => Tools => Options => Security => Saved Passwords
ဆိုတာကလေးကိုနှိပ်ကြည့်လိုက်ပါ။ အဲဒီ့မှာ အရင်က မှတ်ထားခဲ့တာတွေရှိခဲ့ရင် သူ့ရဲ့ Url နဲ့အတူတူ ဘာနာမည်နဲ့လဲ ဆိုတာကိုကြည့်လို့ရပါတယ် ။


Click ! Image to zoom!


ပြီးတော့ အောက်က show password ဆိုတာကိုပါကြည့်လိုက်ရင်တော့ သူ့ရဲ့ password ကိုပါမြင်ရမှာ ဖြစ်ပါတယ်... တကယ်လို့မှတ်ထားတာတွေကိုဖျက်ပစ်ချင်တယ်ဆိုရင်တော့ ကိုယ်လုပ်ခဲ့တာ ကလေးကို select လုပ်ပြီးရင် Remove ကိုပေးလိုက်ရင် ရမှာဖြစ်ပါတယ်။

အခုနည်းကတော့ firefox မှာ site တစ်ခုခုကိုဝင်မယ်ဆိုရင် ညာဘက်ထောင့်နားကလေးမှာ ပေါ်ပေါ်လာတဲ့
Remember ၊ Not for this sites ၊ Not now ဆိုတာလေးရယ် တက်တက်လာတာကလေးကို ဖြုတ်ပစ်လိုက်တာကလေးပါ .. အောက်ကလမ်းကြောင်းအတိုင်းကလေးသွားလိုက်ပါ။

Firefox => Tools => Options => Security


Click ! Image to zoom!

အဲဒီ့မှာ Remember passward for sites ဆိုတာကလေးကို Uncheck ပေးလိုက်ပါခင်ဗျာ။ ဒါမှမဟုတ် ပေါ်စေချင်တယ်ဆိုရင်တော့ အမှန်ခြစ်ကလေးပေးထားရပါ့မယ်။

အဆင်ပြေပါစေခင်ဗျာ.။ Password များ ပါခြင်းရန်မှ ကင်းဝေးကြပါစေ။

Do not try to tackle many jobs at the same time.
တစ်ပြိုင်နက်တည်းမှာ အလုပ်အများကြီး မလုပ်ပါနဲ့ ..