Email subscribe က Blog အတွက်တော့ အတော်ကောင်းပါတယ်။။တော်တော်လည်း အသုံးဝင်ပါတယ် ... ရှိလည်းရှိသင့်တယ်ထင်ပါတယ်... ကျွန်တော့် Blog မှာလိုဆိုရင်တော့ အသစ်တင်တိုင်းပို့ပါ့မယ် ဆိုတာမျိုးကလေးပါ .... ကိုယ့်ရဲ့ Blogကို ဖတ်မယ့်သူတွေအတွက် တခါတရံမှာ မအားလို့မလာဖြစ်ခဲ့ဘူး ၊ ဒါမှ မဟုတ် အကြောင်းကြောင်းကြောင့် မဖတ်ဖြစ်ခဲ့ဘူး ဆိုရင် သူတို့အနေနဲ့ သူတို့ပိုင်တဲ့ Mail ကိုစစ်တဲ့အခါမှာ ကိုယ့် Blog ပေါ်က ပိုစ့် အသစ်တွေ ဖတ်နိုင်ပါတယ်ခင်ဗျာ... Mail ထားခဲ့သူတွေအတွက်လည်း သိပ်ပြီးတော့ မပင်ပန်းပါဘူး .. email ကလေးရိုက်ထည့်လိုက်ပြီးရင် သူပေးထားတဲ့ word verification ကလေးကို ရိုက် ထည့်ပြီး စောက ရိုက်ထည့်ခဲ့ တဲ့ mail ကလေးထဲမှာ ပို့လိုက် တဲ့ Activate Link ကလေးကို နှိပ်လိုက်တာနဲ့ အဆင်ပြေချောမောစွာဖတ်နိုင်မှာ ဖြစ်ပါတယ် .. ကျွန်တော့် တုန်းက နဲနဲလေး လည်နေတာကလေးတွေ ရှိခဲ့လို့ အခု မှ အသစ်လုပ်မဲ့ လူတွေ အတွက် အဆင်ပြေသွားအောင် အဲဒါကလေး လုပ်တာကလေးကို ပုံကလေးတွေ နဲ့ ရှင်းပြလိုက်ပါတယ်ခင်ဗျာ ....

ပထမလုပ်မယ်ဆိုရင်တော့ ဒီနေရာ ( www.feedburner.com ) ကလေးကို အရင်ဆုံးသွားလိုက်ပါခင်ဗျာ...
အဲဒီ့နေရာကလေးကိုရောက်ပြီဆိုရင်တော့ ကိုယ့်ရဲ့ google account နဲ့ ၀င်လိုက်ပါခင်ဗျာ..
ဝင်လိုက်ပြီဆိုရင်တော့ Welcome to FeedBurner, who@gmail.com ပေါ့နော် ..အဲဒီလိုကလေး ပေါ်လာပါလိမ့်မယ် ..
ပြီးရင်တော့ အောက်က Burn a feed right this instant. Type your blog or feed address here: ဆိုတဲ့နေရာကလေးမှာ ကိုယ့် Blog ရဲ့ Url ကလေးကိုထည့်ပေးလိုက်ပါခင်ဗျာ..
ပြီးရင်တော့ ဘေးဘက်ကလေးမှာ အမှန်ခြစ်ကလေးကိုပေးပြီးရင် Next ကိုနှိပ်လိုက်ပါ..


Click ! Image to zoom!


Next ကိုပေးလိုက်ရင်တော့ နောက်ထပ်စာမျက်နှာတစ်ခုကိုရောက်ပါပြီ... အဲဒီ့မှာကိုယ်က Rss နဲ့ယူမလား ။။ဘာလားဆိုတာကိုရွေးရပါမယ်.. ကျွန်တော်ကတော့ Atom နဲ့ပဲ ယူလိုက်ပါတယ်ခင်ဗျာ.. ပြီးရင်တော့ Next ပေးလိုက်ပေါ့ ..

Click ! Image to zoom!


နောက်တစ်ဆင့်မှာတော့ Feed title ဆိုတာမှာ ကိုယ့် Blog ရဲ့ အမည်ကိုထည့်လိုက်ပေါ့ .. ပြီးရင်တော့ Next ကို ပေးလိုက်ပါ ..
နောက်တစ်ခုမှာ လည်း ထပ်ပြီးတော့ next ပဲပေးလိုက်ပါခင်ဗျာ .. ပြီးရင် ထပ်ပြီး next ပါဦး ..
ပြီးရင်တော့ နောက်ထပ် တစ်ဆင့် မှာ အမှန်ခြစ်ကလေး ၃ ခုလုံးကို ခြစ်ပေးပြီးတော့ Next ပေးလိုက်ပါခင်ဗျာ ..
နောက်စာမျက်နှာ တစ်ခုကိုရောက်သွားပါပြီ ..

Click ! Image to zoom!


အဲဒီ့နေရာကလေးမှာ Publicize ဆိုတာကလေးကိုနှိပ်လိုက်ပါ .. နှိပ်ပြီးသွားရင်တော့ အဲဒီ့အောက်မှာ Email Subscriptions ဆိုတာကလေးရှိပါတယ် .. အဲဒါကလေးကိုပါနှိပ်လိုက်ပါ ခင်ဗျာ.. နှိပ်လိုက်ရင် တော့ ညာဘက်ကလေးက activate ဆိုတာကလေးကို နှိပ်ပေးလိုက်ပါ ...


Click ! Image to zoom!



Click ! Image to zoom!


ပြီးရင်တော့ အဲဒီ့မယ် Code ကလေးတွေ ပေါ်လာပါပြီ .. အဲဒီ့ ကုဒ်ကလေးတွေကိုကူးလိုက်ပါ ..

Click ! Image to zoom!


ပြီးရင်တော့ ကိုယ့်ရဲ့ Blog ကိုသွား .. ပြီးရင် Layout =>> Page element =>> add a gadget =>> Html/java script ဆိုတာကလေးမှာ စောက ကူးလာတဲ့ Code ကလေးတွေကို ထည့် ပေး .. ပြီးရင် save လိုက် ရင် အိုကေမှာစိုပြေသွားပါပြီခင်ဗျာ ... အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ .... အကယ်၍ အဆင်မပြေခဲ့ဘူး ဆိုရင် မန့်ခဲ့ပါဦးခင်ဗျာ .... :) :) :)



It's not easy but you have to willing to make mistakes. And the earlier you make those mistakes, the better
ဤအချက်မှာမလွယ်ကူပါ သို့သော် သင်သည် အမှားများကို ပြုလုပ်မိလိုသော ဆန္ဒရှိဖို့လိုသည်....စောစောလုပ်မိလေ ပိုကောင်းလေပင်ဖြစ်သည်.....