ကျွန်ပျူတာမှာ သုံးနေရင်နဲ့ start menu က run ကနေပြီးတော့ cmd ရိုက်ပြီးတော့ ခေါ်တာ မရဘူးဆိုရင် တော့ ဒီအောက်ကနည်းကလေး အတိုင်းကလေး စမ်းပြီးတော့ သုံးကြည့်လိုက်ပါ ဦး ....တစ်ခါတစ်လေ မှာ အဲဒါ ကလေးနဲ့အသုံးပြုရမယ့် အခါ မှာတစ်ယောက်ယောက် က ပိတ်ထားလို့ ( ဒါမှမဟုတ် ) Virus infection ကြောင့် ကိုယ်ကဖွင့် မရဘူး ဆိုတော့ အခက် တွေ့  တာပေါ့ .. အဲဒီ့ အချိန် ကျရင်ဒီနည်း ကလေး ကိုသုံးကြည့်လိုက်ပါဦး ....


နည်းလမ်း ( ၁ )

ပထမဆုံး start => run ( wn key + R ) ကို နှိပ်ပြီးတော့ အဲဒီ့ အထဲမှာ regedit.msc ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ ... ရိုက်ထည့် ပြီးသွားပြီဆိုရင် .အောက် က လမ်းကြောင်းကလေး အတိုင်းသွားလိုက်ပါ ဦး ...

HKEY_CURRENT_USER => Software => Microsoft => Command Processor => EnableExtensions => REG_DWORD


အဲဒီ့ လမ်းကြောင်းကလေး အတိုင်းရောက်သွားပြီဆိုရင်တော့ REG_DWORD value မှာ ဂဏာန်းထည့်ပေးရပါ့မယ် ...

1 ဆိုရင်တော့ အဲဒါက cmd ကို enable ပေးတာပါ ...

2 ဆိုရင်တော့ အဲဒါက cmd ကို disable ပေးတာပါ ...

အဲဒါ က တစ်နည်းပါ ...

နောက်တစ်နည်း ကတော့

နည်းလမ်း ( ၂ )

start => run ( win key + r) ကို သွားလိုက်ပါ

ပြီးရင် အောက် က စာကြောင်းကလေးကို ကူးပြီးတော့ run box ထဲမှာ paste လုပ် လိုက်ပါ .. ပြီးရင်တော့
enter ခေါက် ချလိုက်ပါ... ဖွင့် ရသလာ ဆိုတာကိုကြည့်ကြည့်လိုက်ပါဦး ...

REG add HKCU\Software\Policies\Microsoft\Windows\System /v DisableCMD /t REG_DWORD /d 0 /f


နောက်တစ်နည်း ကတော့ group policy ကနေပြီးတော့ ဖွင့်ကြည့်တာပါ ...

နည်းလမ်း ( ၃ )

start => run ( win key + r) ကို သွားလိုက်ပါ..
ပြီးရင် gpedit.msc ဆိုပြီးတော့ ရိုက်လိုက်ပါ ..
အဲဒီ့မယ် group policy box ပေါ်လာပါလိမ့်မယ် ...

User Configuration => Administrative Templates => System အဲဒီ့ လမ်းကြောင်းကလေး အတိုင်းကလေး သွားလိုက်ပါ .. ရောက်ပြီဆိုရင်တော့ ညာဘက်ကလေး မှာ open Prevent access to ဆိုတာကလေးရှိပါတယ် ... အဲဒါ ကလေးကို double click ကလေးပေးးပြီးတော့ disable ကလေးပေးလိုက်ပါ .. ပြီးရင်တော့ ကေပေးလိုက်ပါခင်ဗျာ....တနည်း နဲ့ မှ မရရင် လည်း နောက်ထပ် တစ်နည်းနဲ့ ပေါ့ ဗျာ ။။ စမ်းကြည့်ကြပါဦး ... အဆင်ပြေပျော်ရွှင် ကြပါစေခင်ဗျာ ....

ရိုးရိုး ပတ်လမ်းအတိုင်း cmd ကို ဖွင့်မယ်ဆိုရင်တော့ c:/windows/system32/cmd.exe အဲဒီံ လမ်းကြောင်းကလေး အတိုင်းသွားကြည့်လို့ ရပါတယ် ....