Drive တွေကို double click ဖွင့်တဲ့ အခါမှာ ဘာကြီးလဲ မသိဘူး တက်လာတာ လေ.. ဖွင့်မှ တော့ တစ်ခါတည်း ပွင့်မသွားဘူး .. လာပြီးတော့ ဒီ drive ကို ဘာနဲ့ ဖွင့်မလဲတဲ့ .မေးနေတာတွေ ကြုံဖူးကြမှာပါ ... အဲဒါက ကိုယ့် ကွန်ပျူတာကို virus ကိုက်တဲ့ အချိန် တွေ မှာ ဖြစ်တတ်ပါတယ် ... virus infection ထဲမှာပါရင်ပေါ့ ... အဲဒီ့ အခါကျရင် ကိုယ့် ရဲ့ ကွန်ပျူတာမှာ တင်ထားတဲ့ antivirus နဲ့ စစ်ကြည့်လိုက်ပါ.. စစ်ကြည့်လိုက်လို့ မှ ရှိနေတဲံ virus တခါတည်း ကွိ သွားရင် drive တွေကို double click နဲ့ ဖွင့်ကြည့်လိုက်ပါဦး .... ဖွင့်လို့ မရဘူးဆိုရင်တော့ အဲဒီ့ virus infection ကလေးက ကျန်ခဲ့လို့ပေါ့ .. ဒါမှ မဟုတ် တချီု့ OS တွေကျတော့လည်း တင်ခါစမှာ လုပ်ထားတတ်ပါတယ် .... အဲဒါဆိုရင်တော့ ဒီအောက်က နည်းကလေးနဲ့ စမ်းကြည့်လိုက်ပါ...


  • start => run => gpedit.msc ဆိုပြီးတော့ သွားလိုက်ပါ ...

  • Group pollicy ဆိုတဲံ window ပေါ်လာပါလိမ့်မယ်..

  • ပေါ်လာပြီဆိုရင် အဲဒီ့ မှာ user configuration က administarative template ဆိုတာကို ရှာလိုက်ပါ ..

  • အဲဒီ့က tree menu မှာ system ဆိုတာကလေးကို click ထောက်လိုက်ပါ ...

  • ထောက်လိုက်ပြီဆိုရင် ညာဘက်က အကွက်ထဲမှာ Turn off autoplay ဆိုတာရှိပါတယ် ...

  • အဲဒီါကလေးကို double click ထောက်လိုက်ပါ ... ပြီးရင် not configured ဆိုတာကနေပြီးတော့ Enable ပေးလိုက်ပါ ..

  • ပြီးရင် အောက် က drive ရွေးခိုင်းတဲ့ အထဲမှာ all drive ကို ရွေးပြီးတော့ apply ပေးလိုက်ပါ ...

  • ကျွန်တော် အောက်မှာ ပုံကလေး နဲ့ ပြထားပါတယ် ..ကြည်ကြည့်လိုက်ပါဦး ။