How to change Window language Interface
ကျွန်တော်တို့ Laptop တွေဘာတွေ ၀ယ်ပြီးတဲ့ အခါမှာ အသုံးဝင်ပါလိမ့်မယ် .. မြန်မာနိုင်ငံ က လူတွေ ပြောတာတော့မဟုတ်ပါဘူး .. ဥပမာ တခြားနိုင်ငံ ကိုရောက်နေတဲ့သူတွေ အနေနဲ့ .. ဘယ်လိုပြောရမလဲ … ရုရှား ၊ ဂျပန် ၊ ပြီးတော့ တခြား အင်္ဂလိပ်ဘာသာ အသုံးမပြုတဲ့ နိုင်ငံတွေ မှာ ရောက်နေတဲ့ သူတွေ အတွက်ပါ .. ပြီးတော့ Window OS ကို ဒေါင်းတဲ့အခါမှာ အင်္ဂလိပ်ဘာသာနဲ့ မဟုတ်တဲ့သူတွေ အတွက်ပါ .. ဘာလဲဆိုတော့ ကျွန်တော် တို့ Laptop ကို ၀ယ်တဲ့ အခါ ၊ တခြား ဘာသာ OS ကို တင်ပြီးတဲ့အခါကျရင် အဲ့ဒီ့ ဘာသာစကား နဲ့ OS ကို သုံးရတာ ကျွန်တော်တို့ အတွက် အင်္ဂလိပ်ဘာသာ စကားလောက် အဆင်မပြေပါဘူး ..ပြီးတော့ အဲဒီ့ Laptop ရဲ့ မူရင်းဝင်းဒိုးကို ပြန်မဖျက်ချင်ဘူးဆိုတဲ့ သူတွေ အတွက်ပါ အဆင်ပြေပါတယ် … အဲဒါမျိုးမှာ ကျွန်တော်တို့ အနေနဲ့ အဲ့ဒီ့ Interface ကို အင်္ဂလိပ် Interface အဖြစ် ပြောင်းပြီးသုံးဖို့အတွက်ပါ … အင်တာနက် Connection ရှိရင်တော့ ပိုပြီး အဆင်ပြေပါတယ် … ဘာလို့လဲ ဆိုတော့ သူက Window update နဲ့ ဆိုင်လို့ပါ … အဲဒီ့ကနေပြီးတော့ ပြောင်းဖို့အတွက် Source ကိုသွားယူရပါတယ် .. အဲဒါကြောင့်ပါ … Offline မှာ ပဲပြောင်းချင်တဲ့သူတွေ ကတော့ အဲဒီ့ Language Pack ကို ဒေါင်းပြီးတော့ မိမိရဲ့စက်မှာ ပြင်လို့ရပါမယ် … စပြီးတော့ စမ်းကြည့်ရအောင်ပါ … ကျွန်တော်ကတော့ အင်္ဂလိပ် OS နဲ့ပဲ နမူနာပြထားလိုက်တယ်နော် .. နည်းနည်း လေး Icon လေးတွေ ကြည့်ပြီးတော့ ပြောင်းကြည့်လိုက်ပေါ့ …
Control panel => Region and Language => keyboards and Languages
ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …
Choose a display language ဆိုတာလေးမှာ ကျွန်တော် ပြသလိုလေး နှစ်ခုပါတယ် ဆိုရင်တော့ English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေပါတယ် …
အဲဒီ့ Dropdown list ကလေးထဲမှာ ဘာမှ မရှိဘူး ဆိုရင်တော့
Install/uninstall languages ဆိုတာကလေးကို နှိပ်လိုက်ပါ … နှိပ်လိုက်ရင် အောက်က ပုံလေးပေါ်လာပါ့မယ် …
အဲဒီ့မှာ Install display languages ဆိုတာကလေးကို နှိပ်လိုက်ပါ … အဲဒီ့မှာ နောက်တစ်ခုမှ မေးလာပါတယ် .. ဘယ်ကနေပြီးတော့ Install လုပ်မှာလဲ ဆိုတာပါ .. ကျွန်တော်တို့က Internet connection ရှိရင်တော့
Launch Window Update ကို ရွေးလိုက်ပါမယ် …
အဲ့ဒီ့မယ် နောက်တစ်မျက်နှာ Window update လုပ်ဖို့ စာမျက်နှာကိုရောက်သွားပါပြီ …
ရောက်သွားပြီဆိုရင် အဲဒီ့မှာ xx optional updates are available ဆိုတာကလေးကိုနှိပ်လိုက်ပါ …
နှိပ်လိုက်တယ်ဆိုရင် အဲ့ဒီ့မယ် နောက်တစ်မျက်နှာကိုရောက်သွားပါပြီ ..

အဲ့ဒီ့ စာမျက်နှာမှာ Window language packs ဆိုတာကို တွေ့ရပါမယ် .. ကျွန်တော့်ဆီမှာတော့ English language pack ကိုသွင်းထားတဲ့ အတွက် ကြောင့် မပေါ်ပါဘူး … သတိထားရမှာက တခြားဘာသာ နဲ့ရေးထားမှာနော် .. အဲဒီ့မယ် ကိုယ်က ဖတ်ပြီးတော့ English ကို အမှန်ခြစ်ကလေးကို ရွေးပေးရမှာ …
ရွေးပြီးသွားရင် Ok ကိုပေးလိုက် … စောစောက စာမျက်နှာလေးကို ရောက်သွားလိမ့်မယ် … အဲဒီ့မှာ Install Update ဆိုတာကလေးကို နှိပ်လိုက် .. Internet connection ရှိရင် သူ့ဘာသာသူ Download ချ ပြီးတော့ Install လုပ်သွားလိမ့်မယ် … ပြီးရင် စောစော က အဆင့်ကလေးအတိုင်းပြန်သွားရပါ့မယ် … 
Control panel => Region and Language => keyboards and Languages
ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် … အောက်က ပုံလေးထဲမှာကြည့်ကြည့်လိုက်ပါ …
Choose a display language ဆိုတာလေးမှာ စောစောက အပေါ်မှာပြောသလို လုပ်ခဲ့ပြီးပြီဆိုရင် ကျွန်တော် ပြသလို နှစ်ခုပါလာပါ့မယ် … English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေသွားပါမယ် …
Offline မှာသွင်းနည်း ..
အခု နောက်တစ်ခုကတော့ Download ချပြီးသား Pack ကလေး ကို ပြန်သွင်းတဲ့ နည်းလေးပါ … အပေါ်က ပြောခဲ့သလို လေး Install/Uninstall languages ထိသွား ပြီးရင် Install Languages ဆိုတာကို နှိပ်လိုက်ပါ ..
ပြီးရင် Browse computer ဆိုတာကလေးကို နှိပ်လိုက်ပါ … ပြီးရင် ကိုယ်ပြောင်းချင်တဲ့ ၊ Download ချထားတဲ့ Language pack ကလေးကို ရွေးပေးရပါမယ် … ရွေးပေးပြီးပြီဆိုတာနဲ့ ကျွန်တော်တို့ .. Next ဆိုတာကလေးက နေပြီးတော့ နောက် အဆင့်ကလေးတွေ မှာ ဆက်ပြီးတော့ လုပ်လိုက်ရင် သွားပြီးသားဖြစ်သွားပါမယ် …

ပြီးရင်
Control panel => Region and Language => keyboards and Languages
ဆိုပြီးတော့ သွားလိုက်ပါ … အဲ့ဒီ့မှာ Display Language ဆိုတာလေး ရှိပါတယ် …
Choose a display language ဆိုတာလေးမှာ စောစောက အပေါ်မှာပြောသလို လုပ်ခဲ့ပြီးပြီဆိုရင် ကျွန်တော် ပြသလို နှစ်ခုပါလာပါ့မယ် … English ဆိုတာလေးကို ရွေးပြီးတော့ Apply ပေး .. ပြီး ရင် Restart ချလိုက်ရင် အဆင်ပြေသွားပါမယ် … 
အဲဒီ့ အဆင့်ကလေးအတိုင်းလေး လုပ်လိုက်ရင် အကုန်လုံးအဆင်ပြေသွားပါပြီခင်ဗျာ …
ကိုယ်သုံးချင်တဲ့ မူရင်း Window ကို လည်း အင်္ဂလိပ်ဘာသာ စကားနဲ့ သုံးစွဲလို့ ရသွားပါမယ် …
အားလုံး အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ....
မောင်လုလင်

အကိုကျွန်တော်စက်က 7 ပါ..ဒါပေမဲဂျပန်ဝင်းဒိုးကြီးပါအကုန်ဂျပန်စာတွေကြီးပါ
ပဲ..အကိုပြောသလိုပုံကိုကြည်ပြီးသွားတာရောက်သွားပါတယ်..ဒါပေမဲ.
change keyboarts..ဆိုတဲအောက်မှာအကိုပြထားသလို install /uninstal languages ဆိုတာလဲမပါဘူး..အဲဒိနေရာမှာကွက်လပ်ကြီးပဲရှိတယ်...ကျွန်တော်
ဘာဆက်လုပ်ရမှာလဲအကိုတတ်နိုင်ရင်ကူညီးပါအုံး..ကျွန်တော်ဒီဝင်းဒိုးနဲသုံးရတာ
ဘယ်လို့မှကိုအဆင်မပြေဘူး...
တိန် ... အဲ့ဒါကြီး က ဘယ်လိုလုပ်ပျောက်နေတာလဲမသိဘူး ... အမှန်တကယ်ဆိုရင် အဲဒါက ပေါ်နေရမှာပါခင်ဗျ ... Window ကပဲ ဖြစ်တာလား.. တခြားဘာသာစကားနဲ့ကတော့ ဘယ်လိုမှ သုံးရတာအဆင်မပြေပါဘူး... ဒါပေမယ့် အဲဒီ့ ကိစ္စကို ကျွန်တော်လည်းစဉ်းစားနေတာခင်ဗျ .. ဘယ်လိုဖြစ်လို့မပေါ်ရတာလဲလို့ ... တခြား Tab တွေမှာ ရှာကြည့်ပေးပါဦး .. ကျွန်တော်လည်း Microsoft က နေပြီးတော့ အခြေခံ ပြီးတော့ ရေးထားလိုက်တာပါ ... ကျွန်တော်လည်းစမ်းကြည့်တာရသွားလို့ပါ .. အဖြေရှာကြည့်ပါဦးပါ့မယ်ခင်ဗျ .. ကျေးဇူးတင်ပါတယ် .. မေးတာကို ချက်ချင်းပြန်မဖြေနိုင်ခဲ့လို့လည်း တောင်းပန်ပါတယ်ခင်ဗျ ...
ကျွန်တော်ရှာတာမှားများမှားနေလားလို့မနဲဂျပန်စာကိုဖတ်ကြည်တော့နေရာမှန်
တယ်အကို..အဲဒါကြီးကတကယ်ဆိုပါကိုပါရမှာ...ကျွန်တော်လဲ...Microsoftကိုသွား
ကြည်လိုက်တော့လဲအကိုပြောတဲအတိုင်ပြောတာပဲ..ကျွန်တော်စက်မှာလုံးဝကိုမ
ပါဘူး..ဖြစ်နေတယ်..အပေါ်ကကီးဘုတ်ဘာသာစကားထည်တာတော့ပါတယ်
သူ့အောက်မှာဘာမှမပါတဲကွက်လပ်ကြီးပဲဖြစ်နေတယ်..အဲဒါကိုဝင်ဒိုးတင်ထဲက
ဖျောက်များဖျောက်ထားလို့ရလားခင်ဗျာ..ဂျပန်လူမျိုးတွေကအရမ်းကိုကုတ်တက်လုပ်တာဝါသနာပါတယ်ဆိုတော့သူတို့ဝင်ဒိုးကိုပြောင်းလို့မရအောင်များလုပ်ထား
တာလားလို့ထင်တယ်...အခုလိုပြောပြပေးတဲအတွက်..ပြောင်းလို့ရရမရရ
အရမ်းကိုကျေးဇူးတင်ပါတယ်..အကို..
Windows 7 Ultimate နဲ့ Enterprise မှာပဲ ရတာပါ။ Home Premium မရပါဘူး။ ကျေးဇူးတင်ပါတယ်။
အကို ကျေးဇူးပြုပြီး ရှင်းပြပါ ကျွန်တော် စက်ကဝင်းဒိုး xp ပါ ဘယ်လိုပြောင်းရမလဲကို အကိုအခုပြောတာနဲ့ မတူဘူးအကို