How to fix missing CD/DVD Drive in Windows

ကိုဒီမောင် စီပုံးကနေပြီးတော့ အော်သွားတဲ့ Error လေးပါ ... အဲ့ဒီ့ Error လေးတွေ ဖြစ်တာ ဘာကြောင့်ဖြစ်လဲ ဆိုတော့ Window ရဲ့ service pack တွေ Update တွေလုပ်မိတယ်ဆိုရင် ဖြစ်ဖြစ် .. CD/DVD တွေ ကို Recording လုပ်တတ်တဲ့ Program တွေကို သွင်းတာ ၊ ပြန်ဖြုတ်တာ ဖြစ်ဖြစ် မှာဖြစ်တတ်ပါတယ် .. Error (Code 39) , (Code 31), (Code 19) , (Code 41) အဲဒီ့ လို Error မျိုးတွေ နဲ့ ပြတတ်ပါတယ် .. အဲဒါတွေကို Fix ဖြစ်ဖို့အတွက် အခုကြိုးစားကြည့်ကြရအောင်ပါ ... အဲ့ဒီ့ Error တွေအတွက် Registry fix ဖြစ်အောင် လုပ်တဲ့ Software လေးတွေ ကို သုံးရင်လည်း အဆင်ပြေနိုင်ပါတယ် .. ကျွန်တော် အခု တင်ပေးလိုက်တဲ့ အထဲမှာ Internet Connection ရှိမှ ပြန်ပြင်လို့ရမယ် Software လေးတစ်ခု ပါပါတယ် ... ပြီးတော့ Offline မှာပဲ စစ်လို့ရမယ့် တစ်ခု ပါပါတယ် .. အဲဒါကလေးတွေ နဲ့ စမ်းကြည့်စေချင်ပါတယ် ..အလုပ် လုပ်/မလုပ် ပေါ့ .. အခု အောက်ကနည်းကတော့ ကျွန်တော်တို့ ကိုယ်ကိုယ်တိုင် အဲ့ဒီ့ Error လေးတွေကို Fix ဖြစ်အောင်အတွက် ကြိုးစားလုပ်ကြည့်တာပေါ့ .. အရင်ဆုံး ကျွန်တော်တို့ Registry ကို ၀င်မပြင်ခင်မှာ Backup လုပ်ထားဖို့ အတွက် လိုအပ်ပါတယ် .. မှားသွားခဲ့တယ်ဆိုရင် မူရင်းအတိုင်းပြန်ဖြစ်အောင်ပေါ့ .. Registry ကို Backup လုပ်ဖို့အတွက် ကျွန်တော်အရင်က ပိုစ့် တစ်ခုမှာရေးထားတာလေး ရှိပါတယ် .. အဲဒါကလေးကို ဖတ်ပြီးတော့ Backup လုပ်ထားလိုက်ပါခင်ဗျာ ... အောက်ကလင့်ကလေးမှာ ရေးထားတာပါ ..
http://mglhulin.blogspot.com/2010/07/registry-error-fix-window-7-window.html
အဲ့ဒါကလေးက Backup လုပ်တဲ့ နည်းကလေးပါ .. အခု အောက်က လင့် ကလေးတွေ ကတော့ စောစောက Registry Error fix ဖြစ်ဖို့ အတွက်သုံးတဲ့ Software လေးတွေဖြစ်ပါတယ် ...
www.mediafire.com
ifile.it
www.multiupload.com
အဲဒါက Software လေးတွေ ပါ .. နောက်ထပ် တစ်ခုကိုယ့်ဘာသာလေး လုပ်ကြည့်ဖို့ အတွက် ကြိုးစားကြည့်ကြရအောင်ပါ .. Registry ကို Backup လုပ်ထားဦးနော် ... မမေ့နဲ့ဦး မေ့သွားလို့ ကွိသွားဦးမယ် ... :D
စလုပ်ကြည့်ရအောင် ..
Run => regedit => ဆိုပြီးတော့ သွားလိုက်ပါ ..
ပြီးပြီဆိုရင် အောက်က လမ်းကြောင်းလေး အတိုင်းသွားလိုက်ကြရအောင် ..
HKEY_LOCAL_MACHINE => SYSTEM => CurrentControlSet => Control => Class =>{4D36E965-E325-11CE-BFC1-08002BE10318}
အဲဒီ့ လမ်းကြောင်းလေးအတိုင်းသွားလိုက်ပါဦး .. သွားပြီးပြီဆိုရင်တော့ ညာဘက် မှာ UpperFilters ဆိုတာနဲ့ LowerFilters ဆိုတာလေး ရှိပါမယ် .. အဲဒါကလေးတွေရဲ့ အပေါ်မှာ R-click ထောက် ပြီးရင် Delete လုပ်လိုက်ပါ .. ပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ ... အဆင်ပြေမယ်ထင်ပါတယ် .. လုပ်ကြည့်ပါဦးဗျာ .. မရရင် အောက်မှာ မန့် ခဲ့ပါဦး ...
အားလုံး အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်

ကျေးဇူးပါပဲ။ အိုကေသွားတယ်။