ဟိုအရင်က ဒီနေရာလေးမှာ ကျွန်တော် Online မှာ Data Storage လုပ်နိုင်ဖို့အတွက် Site တွေကို ပြခဲ့ဖူး ပါတယ် ... အဲ့ဒီ့မှာ ပြခဲ့တဲ့ ဆိုဒ်တွေက တော့ Free တော့ free ပါပဲ ဒါပေမယ့် မသုံးတာကြာရင် ကိုယ်တင်ထားတဲ့ ဖိုင်တွေ က ပျက်သွားတတ်ပါတယ်... ဒါပေမယ့် အဲ့ဒီ့နေရာလေးမှာ အောက်က ဇယားလေးကတော့ Update ဖြစ်ပါတယ် ... အဲ့ဒီ့မှာ ဆိုရင်တော့ ဆိုဒ်တွေ အကုန် ရှိပါတယ် ... သူ့ရဲ့ Limit တွေလည်း ပြထားပေးပါတယ် .... အခုကျွန်တော် ညွှန်းတာကတော့ ခေတ်စားနေတဲ့ Cloud storage site တွေပါ .. ဒီနေရာတွေမှာက ကိုယ့်ရဲ့ အကောင့်ကို မှတ်မိထားမယ်ဆိုရင် ၊ သူပေးထား တဲ့ Free limit နဲ့ လည်း ညီမယ်ဆိုရင် တော်ရုံတန်ရုံပျက်ခဲပါတယ် .. ကျွန်တော်တို့လို ဖရီး မှ ဖရီး လိုက်ရှာတဲ့သူတွေ အတွက် သင့်တော်တဲ့ Software လေးတွေ ရှိရင် အဆင်ပြေဖို့အတွက် တင်ပေး နိုင်ဖို့ အတွက်တော့ အသင့်တော်ဆုံးပါ ... သင့်တော်မဲ့ ဆိုဒ်လေးတွေကိုလည်း ပေးထားပါတယ် ... ဒါပေမယ့် အဲ့ဒီ့မှာ တင်ဖို့အတွက်တော့ Acc လေးတော့ ဖောက်ရမယ်နော် ... အခုချိန်မှာဆိုရင် Phone ဈေး တွေကလည်း ပေါလာတော့ .. Phone ကိုင်သောသူများလည်း ကိုယ်သိမ်းချင်တဲ့ ဟာတွေကို အွန်လိုင်းမှာ သိမ်းထားလို့ရတော့ အဆင်ပြေတာပေါ့ .. ကိုယ့်ဖုန်း (သို့) ကိုယ့်ကွန်ပျူတာ သူနဲ့ သက်ဆိုင်တဲ့ drive ကို သွင်းထားပြီးတော့ အဆင်ပြေချောမောစွာ share လို့ရပါတယ် ...
၁ ။ www.dropbox.com
ဒါကတော့ တော်တော်များများသိတဲ့ ဆိုဒ်ပါ .. သူရဲ့ Free ပေးထားတဲ့ ဆိုဒ်ကတော့ 2Gb ပါ .. ပြီးရင် အဲ့ဒီ့မှာ သူ့ရဲ့တင်နိုင်တဲ့ Stroage ကို fri invite လုပ်တာတို့ တခြားတို့နဲ့ ထပ်ဖြည့်လိုက်ရင်တော့ တော်တော်များများ တင်လို့ရပါတယ် ... ပြီးတော့ ကိုယ့်ရဲ့ အကောင့်ကနေပြီး Folder တစ်ခုကို ရှယ်ချင်တယ်ဆိုရင် သီးသန့်ရှယ် .. ပြီးရင် ကိုယ်ကြိုက်တဲ့ သူများကို Invite လုပ်လို့လည်းရပါတယ် ... သူက Web-browser interface လည်းမလိုပါဘူး .. ပြီး Linux , Window နဲ့ iOs , Android OS တွေအတွက်ကို ပါ အဆင်ပြေပါတယ်ခင်ဗျာ ...
၂။ https://www.amazon.com
အမေဇုန် အမေဇုန် နဲ့ ကြားဖူးမှာပါ ... ဒါကလည်း ပေါ်ပြူလာ ပါပဲ .. သူ့ရဲ့ Free ပေးထားတဲ့ ဆိုဒ်ကတော့ 5Gb ပါ။
၃။ https://one.ubuntu.com/
အစကတော့ Ubuntu သုံးသောသူများအတွက် အဆင်ပြေအောင်လုပ်ပေးထားတာပါ .. ခုတော့ Window အတွက်ပါ အဆင်ပြေသွားပါပြီ .. သူကတော့ 5Gb ပါ ..
၎။ https://drive.google.com/
ကျွန်တော်တို့နဲ့ အရင်းနှီးဆုံး မိတ်ဆွေကြီး Google ပါ .. သူကလည်း 5Gb ပါပဲ ... Gmail acc ရှိသောသူများ အားလုံးသုံးနိုင်ပါတယ် ...
၅။ https://www.box.com/
ဒီနေရာမှာကလည်း 5Gb ပါ.. သူမှာလည်း Dropbox လိုသုံးနိုင်ပါတယ် .. မိမိရှယ်ချင်တာတွေကို လွယ်လင့်တကူ ရှယ်နိုင်ပါတယ် ..
၆။ Sky Drive
Microsoft ရဲ့ Sky Drive ပါ .. ဒီမှာပေးထားတာကတော့ 7Gb ပေးထားပါတယ် .. ဒါပေမယ့် သူ့ဆီမှာ အသုံးပြုရတာတော့ တခြား နေရာတွေထက်စာရင် နည်းနည်းလေး ရှုပ်သလို ခံစားရပါတယ် .. 7Gb ဆိုတော့ နည်းတဲ့ space မဟုတ်ပါဘူး ...
၇။ https://www.bitcasa.com
ဒီနေရာကတော့ free ပေးထားတာ များတယ်လို့တောင်ဆိုလို့ရပါတယ် ... 10Gb ပါ .. Access anywhere ပါပဲ
၈။ http://evernote.com/
တော်တော်များများမြင်ဖူးကြမယ်ထင်ပါတယ် .. ဆင်ရုပ်ကလေးနဲ့ Evernote ဆိုတာလေးပါ .. သူကတော့ တခြား ဆိုဒ်တွေနဲ့ နည်းနည်းလေး မတူပါဘူး ..သူ့ဆီမှာ တင်လို့ရတာတွေကတော့ Note တွေ Document တွေ Image တွေပါ ... Note တွေတင်မယ်ဆိုရင် ၁ သိန်းလောက်တင်လို့ရပါတယ်တဲ့ ...
၉။ https://www.icloud.com/
Apple User များအတွက် icloud ပါ ... Apple acc ရှိသူတိုင်းဝင်လို့ရပါတယ် .. သိမ်းထားလို့ရပါတယ် ...
၁၀။ http://www.binfire.com/
ဒါကတော့ သိပ်တော့ မရင်းနှီးလောက်ဘူးထင်ပါတယ် ... ဒါပေမယ့်လည်း Free ပေးထားတာကတော့ မက်လောက်စရာပါပဲ ... 10Gb ပါ ။
၁၁။ https://www.sugarsync.com/
ဒီနေရာမှာကတော့ 5Gb ရပါတယ်ခင်ဗျာ ..
၁၂။ https://www.opendrive.com/
ဒီနေရာမှာလည်း 5Gb ပါပဲ... ကိုယ်ရှယ်ချင်တဲ့ ဖိုင်ကိုလည်း link ပေးပြီးတော့ ရှယ်လို့ရပါတယ်ခင်ဗျာ ...
တခြားတခြားသော ဆိုဒ်တွေလည်းရှိပါသေးတယ် ... ကျွန်တော်တော့ အခု ၁၂ ခုပဲ ပြထားလိုက်ပါတယ် ... မိမိ အဆင်ပြေမည့် ဆိုဒ်တွေကို ရွေးကြည့်ပြီးသာ သုံးကြပေတော့ဗျိုး ... ကျွန်တော်အခု ပြောထားတဲ့ 5Gb တို့ဘာတို့ဆိုတာက အကောင့်တစ်ခု ဖောက်ရုံနဲ့ free space ရတာတွေကိုပြောတာပါ .. ကိုယ်က ထပ်ပြီးတော့သုံးချင်တယ် .. ပိုပြီးတော့ Space များများလိုချင်တယ်ဆိုရင်တော့ ၁နှစ်ကို ဘယ်လောက် စသဖြင့် ပေးချေပြီးတော့လည်း အသုံးပြုနိုင်ပါတယ်ခင်ဗျာ ...
အားလုံးအစစအရာရာ အရင်ထက်ပိုပြီးတော့ အဆင်ပြေပျော်ရွှင်ပါစေလို့ဆုတောင်းလျက် .....
မောင်လုလင်


0 comments :
Post a Comment