Only users from Myanmar

1


ဒီပိုစ့် ကလေးကို ရေးလိုက်တာက မြန်မာက အင်တာနက်သုံးသူများအတွက်သာ ရည်ရွယ်လိုက်ပါတယ် .. ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဖတ်ချင်တဲ့စာမျက်နှာတွေ ရှိပေမယ့် အကျော်အခွ ကလေးတော့နည်းနည်းလုပ်ရပါတယ် .. အဲဒီ့ အခက်အခဲလေးများ ပြေပျောက်စေအောင်ပါ .. တကယ်တော့ ၀ါသနာရှင်များအနေနဲ့ အင်တာနက်ကနေပြီးတော့ ကိုယ့်သိထားတာလေးတွေ ကို ဖြန့်ဝေရတာဝါသနာ ပါတဲ့အခါမှာ ကိုယ်ပိုင် ဖရီးရ တဲ့ Blog လေး တစ်ခု လောက် ပြုလုပ်ပြီးတော့ မျှဝေတဲ့ အခါမှာ အများဆုံး သုံးတာကတော့ အခု Blogspot ပါ .. အဲ့ဒါကို ပိတ်ထားတယ်လို့ ကြားမိပါတယ် .... တချို့ပညာရှင်များ ရေးသားထားတဲ့ စာမျက်နှာတွေ ကို ၀င်ဖတ်ရင်လည်း ကျွန်တော်တို့ ဆီမှာပိတ်ထားတာတွေ ရှိတယ်လို့ ကြားမိပါတယ် .. အမှန်တော့ အခု အင်တာနက် စာမျက်နှာပေါ်မှာ လေ့လာမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ပါပဲ .. မည်သူတွေပဲ ပိတ်ထားထား ရအောင်ဝင်တဲ့ နည်းလမ်း ကတော့ ရှိနေမှာပါပဲ ... အင်တာနက်စာမျက်နှာပေါ်မှာ ကောင်းတဲ့ စာမျက်နှာတွေ ရှိသလို .. မကောင်းတဲ့ စာမျက်နှာတွေ .. လူတွေ ကို အာရုံများစေတဲ့ စာမျက်နှာတွေ .. အစုံပါပဲ .. စုံတာမှ တော်တော့် ကိုစုံတာပါ ... ဒါကြောင့် လေ့လာချင်တဲ့သူများ အဆင်ပြေအောင်လို့ ဒါကလေးကို လမ်းညွှန်လိုက်တာပါ .. ကျွန်တော့် ထက် အရင် သိပြီးတဲ့သူတွေ လည်းရှိမှာပါ ... ကျွန်တော်လည်း မနေ့ညက မှ ကျွန်တော့် အကို က လမ်းညွှန်တဲ့အတွက် မြန်မာနိုင်ငံက မသိတဲ့သူတွေများ သိပါစေ ဆိုပြီး ပြန်ပြီးတော့ Share လိုက်တဲ့ သဘောပါခင်ဗျာ .. စိုးတော့ စိုးရိမ်မိပါတယ် .. ဒါကလေး တင်ပြီးမှ ဒါကိုပါ ပိတ်သွားမှာကိုပါ .. ဘာမှ မဖြစ်ပါစေနဲ့ပဲ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ .. ကျွန်တော် အနေနဲ့ကတော့ အင်တာနက်မှာ လာသုံးတာချင်းအတူတူ တော့ ရတဲ့အ ချိန်လေးမှာ အကျိုးရှိစွာ အသုံးချနိုင်ပါစေ လို့ပဲ ပြောပါရစေ ...

ကဲ စကားတွေ ရှည်သွားပြီဗျ .. အခု ကျွန်တော် ပြောမယ့် ဟာက အကျော်အခွ အတွက် အထူးကောင်းတဲ့ အရာလို့ ပြောတယ် .. အရင်ဆုံး အောက်က လင့်ကိုသွားလိုက်ဗျာ ..

https://www.torproject.org/download/download.html.en

အဲဒီ့ကို ရောက်ပြီဆိုရင် Tor Browser Bundle (English) version 1.3.24, works with Windows 7, Vista, and XP အဲဒီ့ စာလေးရဲ့ ဘေးက Download ဆိုတာကလေးကို နှိပ်လိုက်ပါ ..
ပြီးရင်အဲ့ဒါကို ရပြီဆိုရင် .. Rar file ကို ဖြည်လိုက်နော် .. အဲဒီ့အထဲမှာ Start Tor Browser ဆိုတာကလေးကို နှိပ်လိုက် ပြီးရင် အဲဒီ့အထဲက Firefox portable ကလေးကို ဖွင့်ပြီးတော့ ကျော်စရာခွစရာ လိုပါတယ်ဆိုတဲ့ ဆိုဒ်များအားလုံးကို ကျော်လို့ ရနိုင်ပြီ ဖြစ်ပါကြောင်း .... Firefox ကို Update ပေးလို့လည်းရတယ်နော် .. မပေးလည်း ရပါတယ်.. အဆင်ပြေမယ် ထင်ပါတယ် ...

အားလုံး အစစ အရာရာ အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

1 comments:

  1. အကို့ရဲ့ဆိုဒ်ထဲ က နည်းပညာတွေ ကိုသဘောကျလို့ ကူးယူပြီး
    ကျွန်တော့ ဘလော့ မှာ .. တင်ခွင့်ပြုပါ....
    လေးစားစွာဖြင့်..ဝိညာဉ်ငယ်..

Post a Comment

အသစ်တင်တိုင်းပို့ပါ့မယ်

Enter Your Email Address

ဘယ်အချိန်ရှိပြီလဲ ?

~~ Yangon Time ~~



Labels

Blog Archive

သွားစရာလာစရာ နေရာတွေ ...










တိတ်တိတ်လေးမပြန်ကြေး!





Nod 32 Key Site ကို ၀င်မယ်ဆိုရင် Nod ကို ပိတ်ပြီးမှဝင်ပါ

ရောက်လာခဲ့သူတွေ

free invisible web counter
   


Followers