Facebook fan page ကို Blog တွင်ထည့်သွင်းခြင်း

0

FaceBook ခေါ် မျက်နှာစာအုပ် လူမှုကွန်ယက်ကြီးမှာ မိမိ ရဲ့ Fan Page လုပ်ထားပြီးတော့ မိမိရဲ့ Blog လေးမှာပါ အဲဒီ့ Fan Page ကလေးကို ဖော်ပြချင်တဲ့သူတွေ အတွက် ရည်ရွယ်ပြီးရေးလိုက်ပါတယ်ခင်ဗျာ ... အဲဒီ့လိုလေး လုပ်ထားတဲ့ အတွက် မိမိ ဘလောဂ့် ကို မရောက်ဖြစ်ဘူး ဆိုရင်တောင်မှ ကိုယ့် ရဲ့ မျက်နှာစာအုပ်က Fan Page မှာ ဖတ်နိုင်အောင်အတွက် အဆင်ပြေတာပေါ့ ...ဒါဆိုရင် ကျွန်တော်တို့ မျက်နှာစာအုပ်က Fan Page ကို ဘယ်လို လုပ်မလဲ .... မျက်နှာစာအုပ်က Fan Page ကို လုပ်ဖို့ အတွက် ဒီအောက်က လင့် ကလေးကို အရင် သွားဖို့လိုပါတယ် ...

http://www.facebook.com/pages/create.php

အဲဒီ့ကိုရောက်ရင် ကိုယ်လုပ်မဲ့ ပုံစံ ကို အရင်ဆုံး ရွေးပါ့မယ် .. ရွေး ပြီး တော့ နောက်ထပ် ဆက်ပြီးတော့ လုပ်တာလေးတွေ ကိုတော့ ကျွန်တော် အသေးစိတ်မပြောတော့ပါဘူး .. အဲဒါ က သိပ်ပြီးတော့ အခက်အခဲ ကြီး မဟုတ်လို့ပါ ...
ပြီးရင် ဘာဆက်လုပ်မလဲ ...

ကျွန်တော်တို့ အဲဒီ့ Fan Page Gadget ကိုထည့်ဖို့ အတွက် မိမိရဲ့ Fan Page ကို သွားပါ့မယ် ..
အဲဒီ့မှာ Get Started ဆိုတာလေး ရှိပါ့မယ် ... အဲဒါ ကလေးကို နှိပ်လိုက်ပါ ...



နှိပ်လိုက်ပြီးပြီ ဆိုရင် အဲ့ဒီ့မှာ ပုံမှာ ပြထားသလိုလေး Like Box ဆိုတာလေးကို နှိပ်လိုက်ရင် နောက်ထပ် စာမျက်နှာတစ်ခု ကိုရောက်သွားမှာ ဖြစ်ပါတယ် ... ရောက်သွားပြီဆိုရင်တော့ Facebook Page URL ဆိုတဲ့ နေရာလေးမှာ ကိုယ့်ရဲ့ Fan Page ရဲ့ URL ကလေး ကို ထည့်ရမှာဖြစ်ပါတယ် .... အောက်ကပုံက ကျွန်တော့်ရဲ့ FB Fan Page ရဲ့ Url ပါ .. အဲဒီ့လို URL ကလေးကို ကူးပြီးရင် တော့ ....



ဒီအောက်က ပုံလေးထဲ မှာ လို Facebook Page URL မှာ စောစောက ကိုယ့်ရဲ့ FB Page URL ကို ထည့်ပေးလိုက်ရင် ဘေးဘက်မှာပေါ်လာပါ့မယ် ... အဲဒါကလေးကို မှ Get COde ဆိုပြီးတော့ ယူလိုက်ပါ ..


.ပြီးရင်တော့ အဲဒီ့ Code ကလေးကို ကိုယ့်ဘလောဂ့် ရဲ့

Design ==> Add Gadget => html/javascript

ဆိုပြီးတစ်ခုထည့် Paste ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပါလိမ့်မယ် ....


အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...

မောင်လုလင်

0 comments:

Post a Comment

အသစ်တင်တိုင်းပို့ပါ့မယ်

Enter Your Email Address

ဘယ်အချိန်ရှိပြီလဲ ?

~~ Yangon Time ~~



Labels

Blog Archive

သွားစရာလာစရာ နေရာတွေ ...










တိတ်တိတ်လေးမပြန်ကြေး!





Nod 32 Key Site ကို ၀င်မယ်ဆိုရင် Nod ကို ပိတ်ပြီးမှဝင်ပါ

ရောက်လာခဲ့သူတွေ

free invisible web counter
   


Followers