မင်္ဂလာပါခင်ဗျာ ... ကျွန်တော့် ဆိုဒ်ကို လာလည်တဲ့ သူတွေ အားလုံး ကို ကျေးဇူးတင်ပါတယ် ... တမင်အလည်လာလာပြီးတော့ ပိုစ့် အသစ် တွေ ကို စောင့်နေကြတဲ့ သူတွေ ကို ရော ၊ အင်တာနက်ထဲမှာ ပဲဖြစ်ဖြစ်ဖြစ် ရှာဖွေ တွေ့ရှိလို့ ရောက်လာခဲ့တဲ့ သူတွေကိုရော ၊ တခြား တစ်ယောက်ယောက်က အညွှန်းပေးလိုက်လို့ ရောက်လာခဲ့တဲ့ သူတွေ ကိုရော ၊ မည်သို့သော အကြောင်းကြောင်းကြောင့် ရောက်လာခဲ့ တဲ့ သူတွေ ကိုရော ကျွန်တော် က အထူးပဲ ကျေးဇူးတင်ပါတယ် လို့ ပြောကြားအပ်ပါတယ် ... တဆက်တည်းပဲ ကျွန်တော် ရဲ့ ပိုစ့်တွေ ပြတ်ပြတ်သွားတာ ကို လည်း တောင်းပန်အပ်ပါတယ်ခင်ဗျာ ... အခု ကျွန်တော် လည်း ကျောင်း ပြီးခါနီးမလို့ အလုပ် တော်တော်လေး ရှုပ်နေတာနဲ့ ပြတ်ပြတ်သွားတာပါ ... အမိမြန်မာ နိုင်ငံ ကို ပြန်ရတော့မယ် ဖြစ်တဲ့ အတွက် ကျွန်တော် ပိုစ့် တွေ က ဒီ့ထက် ပိုပြီးတော့ ပြတ်သွားမှာပါ ... ကျွန်တော့် ဆိုဒ် ကို လာတဲ့ သူတွေ ဖတ်ဖြစ်အောင် အတွက် ကျွန်တော် ဆိုဒ် ကို မပိတ်ခဲ့တော့ပါဘူး .. ကျွန်တော့် ရဲ့ ညီလေး တစ်ယောက်က လည်း ရေးပေးချင်တယ် ဆိုတဲ့ အတွက် ကျွန်တော် ဆိုဒ် ကို ဒီတိုင်းလေးပဲ ထားခဲ့မှာပါ ... သူနာမည် က တော့ ခွန်စစ် ပါ .. သူ က လည်း သူအနေနဲ့ တတ်နိုင်သလောက် သူသိသလောက်ကို မျှဝေပေးမှာပါ ... ပြီးတော့ Software တွေကို လည်း မျှဝေပေးမှာဖြစ်ပါတယ် ... Software တွေကို မျှဝေတဲ့ အခါ ကျရင် မျှဝေတဲ့ သူတွေ အနေနဲ့ အခက် အခဲလေး တစ်ခု ရှိပါတယ် .. အဲဒါကတော့ မျှဝေတဲ့ သူတွေ အကုန်လုံးလိုလို ပါပဲ...အဲဒါကတော့ ကျွန်တော်တို့ က ဖရီးဆို ဖရီး တွေ ချည်းပဲ သုံးတော့ ကျတော့ နောက်ပိုင်းမှာ အချိန်ကြာတဲ့ အခါမှာ ဆိုဒ်တွေ က အဲ့ဒီ့ လင့်တွေ ကို ဖျက်ပလိုက်တာတွေ ရှိပါတယ် .. အဲ့ဒါကြောင့် မိမိ ကြိုက်တဲ့ ဆော့ဖ်ဝဲလ် လေးများ တွေ့ ခဲ့ရင် အချိန်မဆိုင်းပဲ တစ်ခါ တည်းချပါလို့ အကြံပေးလိုက်ပါတယ်ခင်ဗျာ .... နောက်ကျမှ ပြန်တောင်းတဲ့အခါမှာဆိုရင် မရှိတော့ပဲ ဖြစ်မှာစိုးလို့ပါ ... မိတ်ဆွေများ အနေနဲ့ နောက်ပိုင်းမှာ လည်း ပိုစ့်တွေ ကို အဆက်မပြတ် ဖတ်နိုင်အောင် ကျွန်တော် နဲ့ ကျွန်တော့် ညီလေး နှစ်ယောက်ပေါင်းပြီးတော့ ရှာဖွေ တင်ပြပေးပါ့မယ်ခင်ဗျာ ... ကျွန်တော် ကတော့ နည်းနည်း ပေါ့ သူ ကတော့ များများပေါ့ :) :D .... ကျွန်တော့်ညီလေး က လက်စွမ်း ဆက်ပြီးတော့ ပြပါလိမ့်မယ် .. မိတ်ဆွေများ အားလုံး ကိုလည်းကျေးဇူးတင်ပါတယ် .. နောက်မှာလည်း အလည်လာကြပါဦးလို့ ဖိတ်ခေါ်အပ်ပါတယ် ... စာရှည်ရင်ဖတ်ရမှာ ညဉ်းငွေ့မှာ စိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်ခင်ဗျ ....


အားလုံး အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
မောင်လုလင်