ပထမဆုံး ကိုယ့်ရဲ့ Graphic card ကို Internet ရှိရင် Update လုပ်ကြည့်လိုက်ပါ ... တကယ်လို Graphic အတွက်အခွေ ကလည်း အမှန် Run ထားတယ် ဆိုရင်တော့ မလိုပါဘူး ...

နောက်တစ်ခု က ဘာလဲဆိုတော့ Youtube ဖြစ်ဖြစ်ပေါ့ .. Video ကြည့်လို့ရတဲ့ ဆိုဒ် တစ်ခု ကိုဝင်လိုက်ပါ .. အဲဒီ့မှာ Video ရဲ့အပေါ်မှာ Right Click ထောက်လိုက်ပါ ... ထောက်လိုက်ပြီးရင် setting ဆိုတာလေးရှိပါတယ် .. အဲဒီ့ setting ကိုနှိပ်လိုက်ရင် Adobe flash player setting ဆိုတာလေး ပေါ်လာပါ့မယ် ...

အဲဒီ့မှာမှ Enable Hardware Acceleration ဆိုတာလေး မှာ အမှန်ခြစ် ကလေးရှိနေရင် ဖြုတ်ပစ်လိုက်ပါ(Uncheck) ...
ရပါပြီ ... Full Screen နဲ့ ပြန်ကြည့်ကြည့်ပါဦး .. အဆင်ပြေသွားပါလိမ့်မယ် ...
အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုတောင်းလျက် ...
်
0 comments :
Post a Comment