မင်္ဂလာပါ .... ကျွန်တော် ပေါ်ပျောက် ပြန်ရောက်လာပါပီ ... :) .. အခု မိတ်ဆက်ပေးမှာကတော့ ကိုယ်ပိုင် Browser တွေအတွက် အသုံးဝင်မယ့် Add-ons လေးတွေကို မိတ်ဆက်ပေးချင်လို့ပါ .... ဘာတွေလဲ ဆိုတော့ ကိုယ့်ရဲ့ Browser မှာ Bookmark လုပ်တဲ့အခါမှာသုံးဖို့အတွက်ရယ် ..ကိုယ်က တခြားဆိုဒ်တွေကို လည်တဲ့အခါကျရင် Username နဲ့ Password တွေကို တစ်ခုတည်းသုံးတာ မဟုတ်ပဲ နာမည်အမျိုးမျိုး သုံးဖြစ်တယ် .. Password လည်းများနေမယ်ဆိုရင် တစ်ခါတလေမှာ အခက်အခဲတွေ့နိုင်ပါတယ် ... အဲဒီ့အခက်အခဲကို အဆင်ပြေစွာ ဖြေရှင်းနိုင်ဖို့အတွက် Password မှတ်တဲ့ Add-ons ကလေးရယ်ပါ ... စမ်းကြည့်ရအောင် ..


Speed Dial




ဒီတစ်ခုကတော့ Browser အတွက် Bookmarks တွေကို မှတ်ထားဖို့အတွက်အထောက်အကူပြုပါတယ် ... သူကမှတ်တဲ့အခါမှာ မိမိ အနေနဲ့လည်း တူရာတူရာလေးတွေကို စုထားပြီးတော့ Group လေးတွေဖွဲ့ထားလို့ရပါတယ် ... သုံးရတာလည်း လွယ်ကူပါတယ် .. ဆိုဒ်ကလေးတွေကို ဇယားကွက်ကလေးတွေ အနေနဲ့ပြထားတဲ့အတွက် ကိုယ်ကဆိုဒ်နာမည် ကိုမေ့နေတယ်ဆိုရင်တောင် အဲဒီ့ဆိုဒ်ရဲ့ပုံစံကလေးကို မြင်ပြီးတော့ မှတ်မိနိုင်ပါတယ် ... ဘယ်လိုလုပ်မလဲ ဆိုတာကို စမ်းကြည့်ရအောင်ပါ ...

firefox = > Tools => Add-ons => Get Add-ons

ဆိုပြီးတော့ သွားလိုက်ပါ .. ပြီးရင် အဲဒီ့အောက် search box ကလေးမှာ Speed Dial ဆိုပြီးတော့ ရိုက်ပြီးတော့ ရှာကြည့်လိုက်ပါ ... အဲဒီ့မှာ တွေ့ရပါ့မယ် ... Add-ons ကို Install ဆိုတာလုပ်လိုက်ရင် ရပါပြီ .. အဲလိုလုပ်ပြီးပြီဆိုတာနဲ့ သူက FF ကို restart ချလိုက်ပြီးပြန်တက်လာတာနဲ့ Speed Dial ကနေပြီးတော့ Box ကလေး တက်လာပါ့မယ် ... အဲဒီ့မှာ Load in new tab ဆိုတာကလေးမှာ အမှန်ခြစ်ကလေး ပေးလိုက်ပါ .. အဲဒါမှသူက new tab တစ်ခု ဖွင့်လိုက်တိုင်းမှာပေါ်လာပြီးတော့ ကိုယ်ကြိုက်ရာ ဆိုဒ်ကလေးတွေကို ရွေးလို့ရပါ့မယ် ... ပြီးရင် ကိုယ်က window တင်မယ်လုပ်တဲ့အခါမျိုးမှာဆိုရင် အဲဒီ့ speed dial option ကလေးကနေပြီးတော့ Setting လေးကို Exports လုပ်ထားလိုက် ... ပြီးရင်ပြန်သွင်းလိုက်ရင် အရင်တုန်းက မှတ်ထားတဲ့အတိုင်းလေးရသွားပါလေရောဗျာ ... ဒီလောက်ဆို အဆင်ပြေမယ် ထင်ပါတယ် .. အောက်မှာကျွန်တော် Tut လေး လုပ်ထားပါတယ်ခင်ဗျာ ....


Lass Password




ဒီ Add-ons ကလေးကတော့ ကိုယ်ပိုင် ရှိတဲ့သူတွေ အတွက် ပဲ ကောင်းမယ်ထင်ပါတယ် ... တကယ်လို့ မိမိရဲ့ Pass က အရမ်းကြီးအရေးကြီး တဲ့ Password မျိုး ..ဥပမာ Bank account password တွေမျိုးဆိုရင်တော့ မိမိဘာသာမှတ်ဥာဏ်နဲ့ဖြစ်ဖြစ်မှတ်ထားတာ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ် ... ဒါကိုမသုံးသင့်ပါဘူး .. ဆိုင်တွေဘာတွေမှာဆိုရင် လည်း ကိုယ်က ကိုယ့် ရဲ့ account နဲ့ ၀င်ခဲ့ပြီး ပြန် မထွက်ခဲ့ဘူးဆိုရင် တခြားသူတွေက သုံးသွားနိုင်ပါတယ် ... မိမိတစ်ယောက်တည်း သုံးမယ့် ကွန်ပျူတာ ဆိုရင် အကောင်းဆုံးဖြစ်ပါ့မယ် ခင်ဗျာ .. စမ်းကြည့်ရအောင်ပါ ...


firefox = > Tools => Add-ons => Get Add-ons

အဲဒီ့အတိုင်းလေးသွားပြီးရင် Search box မှာ Lass Pass ဆိုပြီးတော့ ရှာလိုက်ပါ ... ပြီးရင် အဲဒီ့မှာတွေ့တာလေးကို install လုပ်ပေးလိုက်ပါ ... FF ကို restart ချပြီးပြီဆိုတာနဲ့ သူက Box ကြီးတစ်ခုပေါ်လာပါ့မယ် ... ကိုယ့်မှာ အရင်က လုပ်ထားခဲ့တဲံ Account မရှိဘူးဆိုရင် Account တစ်ခု ဖောက်ရမှာပါ ...
ပြီးပြီဆိုတာနဲ့ သူ့ဆိုဒ်မှာ မိမိရဲ့ profile ကိုပြပါ့မယ်.. အဲဒါဆိုရင် ရပါပီ .. အဆင်ပြေပါပြီ .. ဘယ်လိုမှတ်လဲဆိုတာတော့ ကိုယ်က ဆိုဒ်တစ်ခုကို ၀င်မယ်ဆိုရင် Username နဲ့ Password ရိုက်ထည့်လိုက်မယ်ဆိုရင် ညာဘက်ထောင်မှာ save site ဆိုပြီးတော့ Lass Password ကမေးပါမယ် ... ကိုယ်က save site ကို ပေးလိုက်ရုံပါပဲ .. ပြီးရင် ဘယ် Group မှာထည့်မလဲ .. ဆိုတာလေး ပေါ်လာပါ့မယ် .. အဲဒါကလေးကိုလည်း ကိုယ်ကြိုက်ရာ နာမည် လေးပေးပြီး Group လေးတွေလည်း ဖွဲ့ထားလို့ရပါသေးတယ် .. ဘယ်လို လေးတွေ သုံးရမယ် ဆိုတာကလေးကို ကျွန်တော် Video ကလေးနဲ့ ပြထားပါတယ်ခင်ဗျာ.. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ ...