firefox တွေမှာ မြင်ဖူးမှာပါ ...တခြားသူတွေ လုပ်ထားတဲ့ toolbar လေးတွေ... အခု က မြန်မာ အွန်လိုင်း ရေဒီယိုတွေ များလာပါပြီ .. အဲဒီ့တော့ အွန်လိုင်းရေဒီယိုလေး နားထောင်တဲ့အခါမှာ Window Media Player ကို ဖွင့်မနေတော့ပဲနဲ့ firefox က toolbar ရေဒီယိုလေးမှာပဲ ထည့်ပြီးနားထောင်ကြပါတယ် ... Toolbar ကတော့ သုံးတတ်မယ် ဆိုရင် သုံးတတ်သလိုပါ ပဲ အဆင်ပြေပါတယ် ... ခုတော့ ရေဒီယိုနားထောင်ဖို့ပဲ ဖြစ်ဖြစ်ပေါ့ စမ်းပြီး လုပ်ကြည့်တာပေါ့ ... နောက်တစ်ခါ window ပြောင်းလို့ပဲဖြစ်ဖြစ် firefox ကို အသစ်ပြန်သွင်းရင်ပဲဖြစ်ဖြစ် ကိုယ်လုပ်ထားတဲ့ toolbar လေး ကို ပဲ ပြန်ပြန်ထုတ်ပြီးတော့ သုံးလို့ရတာပေါ့ .. လုပ်ရတာလည်း တကယ်လွယ်ကူပါတယ် ... အခု စပြီး စမ်းပြီး လုပ်မယ်ဆိုရင်တော့ အောက်က ဆိုဒ်ကလေးကို အရင်သွားလိုက်ပါ ...


အဲဒီ့ကို ရောက်ပြီဆိုရင်တော့ ပထမဆုံး လုပ်ရမှာကတော့ ထုံးစံ အတိုင်း Register လုပ်ရမှာပါ ..
လုပ်ပြီးသွားပြီဆိုရင် တော့ ရပါပြီ .. ကိုယ်ပိုင် toolbar လေး တစ်ခု ရဖို့အတွက် ကိုယ်ကြိုက်တဲ့ application လေးတွေ ကို ထည့်ရပါမယ် ...

ဘာတွေ ထည့်မလဲ ... ?

ကိုယ့် အတွက် ကိုယ်ဖတ်နေကျ ဆိုဒ်ကလေး တွေကနေပြီးတော့ Rss နဲ့ ဖတ်လို့ရအောင် Rss ကလေး တစ်ခု ထည့်မယ် ဆိုရင် Basic ရဲ့ အောက်က Rss reader ကလေးကို add ဆိုပြီးတော့ ထည့်လိုက်ပါ ... ထည့်လိုက်ရင် အပေါ်မှာ သူ က ကိုယ် ဘာ application ထည့်ပြီးသွားပြီလဲ ဆိုတာကို Preview အနေနဲ့ ပြပါမယ် ..

Radio ဆိုရင်တော့ Readymade ဆိုတာမှာ Radio Station ဆိုတာကလေးကို နှိပ်ပြီါ်တော့ ထည့်လိုက်ရုံပါပဲ ...

ကျန်တာလေးတွေ ကတော့ ကိုယ်ကြိုက်တာလေးတွေကို ရွေးပြီးတော့ ထည့်ရုံပါပဲ ... ထည့်ပြီးသွားပြီ.. ပြန်ပြင်မယ် ဆိုရင်တော့ Preview toolbar အပေါ်ကို mouse ထောက်လိုက်ပါ .. အဲဒီ့ မှာ Edit ဆိုတာလေး ရှိပါမယ် ... အဲဒီ့ကနေပြီးတော့ ပြန်ပြင်နိုင်ပါတယ် ခင်ဗျာ ..

ပြီးရင် ကိုယ်လုပ်ထားတာကလေးတွေ တစ်ခု စီကို ခြားချင်တယ်ဆိုရင်တော့ အောက်မှာ Separator ဆိုတာကလေးကို add ပြီးရင် Move left ဖြစ်ဖြစ် Move Right ဖြစ်ဖြစ်ပေါ့ သပ်သပ် ရပ်ရပ်ကလေးဖြစ်အောင် ညှိပေးလို့လည်း ရပါတယ် ..

ကဲ အားလုံးပြီးသွားပြီ ... ကိုယ်ရဲ့ toolbar ကို ဘယ်လိုယူမလဲ ... ?

အပေါ် ညာဘက်ထောင့်ကလေးမှာ Download now ဆိုတာကလေးရှိပါမယ် .. အဲဒါကလေးကို နှိပ်လိုက်ရင် firefox ရဲ့ ညာဘက် ထောင့်မှာ add-on ကို သွင်းဖို့အတွက် Allow လုပ်မှာလား ဆိုပြီးတော့ မေးပါလိမ့်မယ် .. Allow လုပ်လိုက်ပါ .. ပြီးရင် add-on ကို သွင်းနေပါလိမ့်မယ် .. ပြီးရင်တော့ Firefox ကို restart ချလိုက်ရင် အိုကေ သွားပါပြီ ...

ကျွန်တော် စမ်းထားတဲ့ Toolbar ကလေး လည်း ရှိပါတယ် ... အောက်က link ကလေးကနေပြီးတော့ သွားပြီးတော့ ကြည့်ကြည့်ပါဦး.. :P :P


အဲလိုမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ blog မှာ ထည့်ထားပြီးတော့ buttom လေးကို နှိပ်လိုက်ရင်ပဲ တစ်ခါတည်း သွင်းသွားအောင်လည်း လုပ်လို့ရပါတယ် .. စမ်းကြည့်ပါဦး ....

toolbar powered by Conduit

လုပ်ရတာ အဆင်ပြေအောင် အောက်မှာ ကျွန်တော် Tut video လေးတစ်ခုကို ပါ ထပ်ထည့်ပေးထားပါတယ် ... ကြည့်ကြည့်ပါဦး ...