Click ! Image to zoom!

မောင်ရေအေးရဲ့ ခောတ်ပြိုင်အိုင်ကျူ ဆိုတဲ့ စာအုပ်ကလေးပါ ...ကျွန်တော် တို့ ပရိုဂရမ်တွေ ရေးတဲ့ အခါ မှာ အထောက်အကူ ပြုမယ်လို့ထင်ပါတယ် ... ဘာလို့လဲ ဆိုတော့ ပရိုဂရမ် ရေးတဲ့ အခါတွေမှာ Thinking ကလေးတွေ လိုပါတယ် ..ရိုးရိုး thinking နဲ့ ရေး ရင် ရလား .. တခါတရံ မှာ ရနိုင်ပါတယ် .... ဒါပေမယ့် အများဆုံးလိုအပ်တာကတော့ lateral thinking ပါ .. lateral thinking ဆိုလို့ တိုက်ရိုက်ကြီး ဘာသာမပြန်လိုက်ပါနဲ့ .. တိုက်ရိုက်ကြီး ဘာသာပြန်လိုက်ရင် ကိုးလို့ ကန့်လန့် ကြီး ဖြစ်သွားလိမ့်မယ် ... ဘေးတိုက်တွေး ခြင်း ဆိုပြီးတော့ ဖြစ်သွား ပါလိမ့်မယ် ...အမှန်ဆိုရင် သူများတွေ သတိမထားမိတဲ့ အတွေးမျိုး ... ခွဲထွက်တွေးခြင်း.. ဖောက်ထွက်တွေးခြင်း မျိုးပါ ... Lateral thinking ကို မြန်မာလို ရေးထားတာကိုMyanmar tutorials မှာ ရှိပါတယ် .... အဲဒီ့အထဲက ဖတ်မိခဲ့တာလေးပါ .. ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်းကြားဖူးမှာပါ ..အရောင်းအ၀ယ် ပြခန်းတစ်ခုမှာ .. နိုင်ငံတကာက ဦးနှောက်တွေ ကို တန်းစီပြီးတော့ ရောင်းပါတယ် ... အမေရိကန်၊ ဂျပန်၊ ကိုရီးယား ၊ တရုတ် ၊ မြန်မာ စသဖြင့်ပေါ့ .. အဲဒီ့မှာ ဈေးတွေကိုယ်စီ ဈေးတွေကပ်ထားပါတယ် .. ဈေးအကြီးဆုံးကဘယ် ဦးနှောက်ထင်ပါသလဲ .. မြန်မာဦးနှောက်ပါ .. အကြောင်းပြချက်ကတော့ ဘာမှ မတွေးရသေးလို့ အသစ်အတိုင်းပဲ ရှိနေလို့ပါတဲ့ ...
ကျွန်တော်တို့ မြန်မာတွေ အနေနဲ့ တွေးဖို့လိုအပ်ပါတယ် .... တွေးကြပါ... အကြောင်းအရာတစ်ခုကို ပဲ ပေါ့ပေါ့ဆဆ မထားပဲ တွေးကြည့်ကြပါခင်ဗျာ ... ဒီစာအုပ်ကလေးထဲမှာ တွေးစရာကလေးတွေ ပါပါတယ် .. ပြီးရင် ကိုယ့်ရဲ့ IQ ကိုလဲ စမ်းသပ်ကြည့်လို့ ရပါ့မယ် ... အောက်မှာ သုံးနေရာကနေပြီးတော့
တင်ပေးလိုက်ပါတယ် ခင်ဗျာ ..

Download link : :>>

Download link : :>>

Download link : :>>