Click ! Image to zoom!

အရင် တစ်နေ့က ကိုဟိန်းတင့်ဇော်က Partition ခွဲ နည်းအကြမ်းဖျဉ်းကလေး ပြောပြ ပါဆိုလို့ ပါ.. ဒီနေ့မှ ရေးဖြစ်တဲ့အတွက်လည်း တောင်းပန်ပါတယ်ခင်ဗျာ ... လိုအပ်တဲ့ software ကတော့ ကျွန်တော် အရင် တစ်နေ့ ကတင်ပေးထားတဲက EASUS Partition manager ပါ .. အဲဒါ လေးနဲ့ပဲ ခွဲကြတာပေါ့.. သိပ်ပြီးတော့လည်း မရှုပ်ပါဘူး .. Window ကနေ ပါတဲ့ Disk management ကနေပြီးတော့လဲ ခွဲလို့ ရပါတယ် .. ဒါပေမယ့် သူကတော့ ကိုယ်လုပ်လိုက်တာ မှားသွားတယ် ဆိုရင်ပြန်ပြင်ရတာ အဆင်မပြေဘူး ဗျ.. ဒီကောင် ကလေးနဲ့ ကျတော့ ကိုယ် ကြိုက်သလောက်လုပ် .. မှားလည်း ကိုယ် Apply ကို မနှိပ်မချင်း အေးဆေး ပဲ .. Undo ပြန်ပြန်ပြီးတော့ လိုသလောက်ကို ညှိလို့ ရတယ် .... ရပြီဆိုမှ Apply ပေးလိုက် .. အဆင်ပြေသွားရော ...ဒါပေမယ့် သတိပေးချင်တာ တစ်ခု က တကယ်လို့ များ ကိုယ့်ရဲ့ စက်ထဲ က DATA တွေက ပြောင်းလို့ ရွှေ့လို့ လွယ်မယ်ဆိုရင် တခြား စက်ကို ပြောင်းပြီးမှသာ Partition ခွဲတာ ပိုကောင်းပါတယ် .. အဲဒါမှ ကိုယ် တစ်ခုခု အမှားအယွင်း တစ်ခုခု ရှိခဲ့မယ်ဆိုရင် ကိုယ့် DATA တွေမပျောက်အောင်ပါ .. အခု ကျွန်တော် Partition ခွဲတာကတော့ OS ရှိပြီးသား Drive ကို လိုသလို size ပြန်ညှိပြီးတော့ နောက်ထပ် drive တွေထပ်ခွဲတာကလေးပါ ... အခု စပြီးတော့ ခွဲကြည့်ရအောင် ..

အရင် ဆုံး EASUS ကို အရင် စက် ထဲမှာ Run လိုက်ပါ ... Run ပြီးသွားရင်တော့ ဖွင့်လိုက်ပေါ့ ...

ဖွင့်ပြီးသွားရင်တော့ အဲဒီ့မှာ ကိုယ့် ရဲ့ C drive ကိုတွေ့ပါ့မယ် ..အဲဒီ့ C drive ပေါ်မှာ R click ထောက်လိုက်ပါ ..
ထောက်လိုက်ရင် အဲဒီ့မှာတွေ့ပါလိမ့်မယ် .. Resize/Move ဆိုတာကိုတွေ့ပါလိမ့်မယ် .. အဲဒါကိုထောက်လိုက်ပါ ...
ထောက်လိုက်ရင်တော့ အောက်ကပုံ အတိုင်းလေးတွေ့ရပါ့မယ် ..


Click ! Image to zoom!


အဲဒီ့ ပုံ ကလေးမှာကြည့်ကြည့်ပါ .. Partition size ဆိုတဲ့ နေရာကလေးမှာ ကိုယ်ကြိုက်သလောက်ထားရပါမယ် .. ကိုယ်ဘယ်လောက်ထားမလဲ ပေါ့ .. အဲဒီ့မှာ ဖော်ပြတာက MB (Megabyte ) နဲ့ဖော်ပြ ပေးရပါတယ် .. GB (Gigabyte) နဲ့ဖော်ပြလို့ မရပါဘူး .. အဲဒါကို ဘယ်လို တွက်မလဲ ဆိုတော့ ... တော်တော်များများ ကသိပီးသားပါ .. မသိသေးတဲ့ သူတွေ အတွက်ပေါ့ ..

1GB=1024MB


ရှိပါတယ် .. ကိုယ်ကဘယ်လောက်ထားမလဲ .. ဥပမာ 50GB လောက်ထားချင်တယ်ဆိုပါတော့ .. အဲဒါဆိုရင် 50 * 1024 = 51200 MB ပေါ့ .. အဲဒီလိုကလေး ရိုက်ထည့်ရမှာပါ ... အဲဒါ ပြီးရင်တော့ OK ပေးလိုက်ပေါ့ .. ဒါဆိုရင် C drive ကို ချုံ့ ပြီးသွားပြီ ဖြစ်ပါတယ် ..
အဲဒီလို လုပ်ပြီးသွားရင်တော့ အဲဒီမှာ C နဲ့ Unallocated ဆိုတာ ရယ်ပေါ်လာပါ့မယ် ...


Click ! Image to zoom!


အဲဒီ့ Unallocated ဆိုတာကို ထောက်ပြီးတော့ ဘယ်ဘက်မှာ Create partition ဆိုတာကလေး ရှိပါတယ် ..အဲဒါကို နှိပ်လိုက်ရင် အောက်က ပုံလို Box ကလေးပေါ်လာပါ့မယ် ..


Click ! Image to zoom!



Click ! Image to zoom!


အဲဒီ့အထဲမှာ လည်း စောစောကလို Partition size ဆိုတဲ့နေရာကလေးမှာ ကိုယ်ကြိုက်သလောက်ကလေး ရိုက်ထည့်ရပါမယ် .. ကိုယ် က ကိုယ့်ရဲ့ စက်ထဲမှာ Drive ဘယ်နှ ခုထားချင်လဲ ဆိုတာပေါ်မှာ မူတည်ပါတယ် ... ကိုယ် က C အပါအ၀င် မှ Drive ၃ ခုတည်း ထားချင်တယ် ဆိုပါတော့ .. ကိုယ့်ရဲ့ Hard disk က ရှိတာက 250GB ဆိုရင် ..အဲဒီ့မယ် C က 50 GB ပဲထားမယ် .. နောက်ထပ် ကျန်တာကို 100GB ဆိုရင် 100 ကို 1024 နဲ့ မြှောက် ရတာကို Partition size ဆိုတာ ထဲမှာထည့်ပေးလိုက်ပါ ...

Partition Label ဆိုတာကတော့ ကိုယ် က အဲဒီ့ Drive ကို ဘယ်လို နာမည်ပေးမလဲ .. Software လား .. Music လားပေါ့ .. ကြိုက်တာ ရေးလို့ ရပါတယ် ...

Create As ဆိုတဲ့နေရာကလေးမှာ OS ရှိတဲ့ C drive က Primary ပါ .. ပြီးရင်နောက် ကျန်တဲ့ အပိုင်းတွေ ကို Logical ပဲ ပေးထားလိုက်ပါ

File system ဆိုတာမှာတော့ NTFS ပဲ ထားလိုက်ပါ .. FAT 32 လဲထားလို့ရပါတယ် .. NTFS ထားတာ ကပိုကောင်းပါတယ် ..

Drive Letter ဆိုတာနေရာမှာ OS ရှိတာက C ဆိုတော့ နောက်ထပ် တစ်ခု ကို D ပေါ့ .. ပေးလိုက်ပါ..

Cluster Size ဆိုတဲ့ နေရာမှာတော့ Default ပဲ ထားလိုက်ပါ ...

အဲဒီ့မယ် ကိုယ်ကြိုက်သလောက်လည်း ညှိပြီးသွားပြီ .. အဆင်ပြေသွားပြီဆိုရင်တော့ Ok ကိုပေးလိုက်ပါ ...

နောက်ထပ် E drive ခွဲ ဖို့အတွက် ကိုလည်း အပေါ်က D- Drive ခွဲသလိုကလေးပဲ ခွဲလိုက်ပါ ခင်ဗျာ ....


Click ! Image to zoom!


အားလုံးခွဲပီးသွားပြီဆိုရင်တော့ အဲဒီ့မှာ C , D , E ဆိုပြီးတော့ Drive တွေပေါ်လာပါ့မယ် .. ကိုယ်လဲ အဲဒါ ကို သဘောကျတယ် ဆိုရင် Apply ကို ပေးလိုက်ပါ ... သူက Restart ချစရာရှိတာတွေ ချသွားပြီးတော့ နောက် တစ်ခေါက် Window တက်လာတဲ့အချိန်မှာ Hard disk ကို Partition ခွဲပီးသား ဖြစ်သွားပါလိမ့်မယ် ခင်ဗျာ ... တကယ်လို့ စိတ်တိုင်းမကျဘူးဆိုရင်တော့ Undo ကို နှိပ် ပြီးတော့ ပြန်ပြင်လို့ ရတယ် ဆိုတာကို မမေ့ပါနဲ့ ဦး .. တော်ကြာ ငါလုပ်တာ မှားသွားပြီ ဆိုပြီးတော့ လျှောက်လုပ်မိမှာစိုးလို့ပါ ... အဆင်ပြေမယ်လို့ ထင်ပါတယ် .. မရှင်းလင်းတာ ကလေးတွေ များ ရှိရင် အောက်မှာ မန့် ခဲ့ ကြပါဦး ...


If there were no difficulties there would be no success; if there were nothing to struggle for ; there would be nothing to be achieved
အခက်အခဲဆိုတာမရှိရင် အောင်မြင်မှုလည်းရှိမလာနိုင်ဘူး ရုန်းကန်စရာမရှိရင် ပြီးမြောက်စရာလဲ ရှိမလာနိုင်ဘူး