Click ! Image to zoom!


ကျွန်တော် အရင်က Window ကနေပြီးတော့ပဲ ကိုယ် မဖွင့်စေချင်တဲ့ Site တွေကို ပိတ်တဲ့ နည်းကလေးကို ဒီနေရာ ကလေးမှာ ရေးထားခဲ့ဖူးပါတယ် .. အခု ကတော့ firefox ကနေဆိုရင် ရော ဘယ်လို ပိတ်မလဲ ဆိုပြီးတော့ မေးလာလို့ Add-on ကလေးကို သုံးပြီးတော့ site ကို ပိတ်တဲ့နည်းကလေးကို ပြလိုက်ပါတယ်ခင်ဗျာ... ဒီ add-on ကလေးကိုသုံးပြီးတော့ အဲဒီ့ Site ကို အချိန်ဘယ်လောက်ပိတ်ထားမလဲ .. ၁ နာရီလား ၂ နာရီလား ... ၁ ရက်လား ၁ပတ်လား စသဖြင့် အချိန်ပေးပြီးတော့လည်းပိတ်လို့ရပါတယ် .. အချိန်တိုင်းပိတ်ထားချင်ရင်လည်း ရပါတယ် .... ဒါပေမယ့် ဒီနည်း နဲ့ပိတ်ထားတယ်ဆိုရင်တော့ ကွန်ပျူတာအကြောင်းကို နည်းနည်းလောက်သိတဲ့သူတွေအနေနဲ့ ဆိုရင် ကိုယ် သွင်းထားတဲ့ add-on ကလေးကို ဖြုတ်ပြီးတော့ အလွယ်တကူပဲ ၀င်သွားမှာ ဖြစ်ပါတယ် ... :) ဒီနည်းကလေးကို လုပ်မယ်ဆိုရင်တော့ အရင်ဆုံး အောက်မှာပေးထားတဲ့ link ကလေးကနေပြီးတော့ စပြီးတော့ သွားပါ့မယ် ...


အဲဒီ့ add-on ကလေးကို အရင်ဆုံး Firefox ထဲမှာ ထည့်လိုက်ပါ.
ပြီးရင်တော့ firefox => tool => leechBlock => option ဆိုပြီးတော့ သွားလိုက်ပါခင်ဗျာ...
အဲဒါဆိုရင် အောက်က Box ပုံစံကလေးပေါ်လာပါ့မယ် .. အဲဒီ့မှာ ကိုယ် block ချင်တဲ့ site တွေကို ထည့်ပြီးတော့ အချိန်တွေဘာတွေထည့်ပြီးစမ်းကြည့်လိုက်ပါ.. အဆင်ပြေပါစေခင်ဗျာ .....