မနေ့က ကိုဟိန်းတင့်ဇော် က Blog မှာ Pdf file တွေကို ပေးဖတ်ချင်တယ်ဆိုလို့ပါ.. အဲဒီ့လိုပေးဖတ်တာ စာအုပ်ကို အမြည်း ပေါ့ နော်.. နဲနဲ လေး အစပိုင်းလောက် ကလေး ဖတ်ကြည့်လိုက် ပြီးသွားရင် ကြိုက်တယ်ဆိုရင် Download ချလိုက်ပေါ့ .. ဒါပေမယ့် Download ချမယ်ဆိုရင် တော့ အဲဒီ့ site ကို Log in ၀င်ပြီးမှ ချလို့ရပါ့မယ် ... Log in ၀င်ဖို့အတွက် account မဖောက်ချင်တော့ဘူးဆိုရင်တော့ ကျွန်တော် ဖောက်ပေးထားလိုက်ပါတယ်.. အဲဒီ့ account နဲ့ပဲ ၀င်ပြီးတော့ download ချလိုက်ပါခင်ဗျာ.. အဲဒီ့ account ကတော့

username ::: mglhulin.guest@gmail.com
password ::: mglhulin.blogspot.com

account နဲ့ ပတ်သတ်လို့ အဲဒီ့ site ထဲမှာ မိမိ လိုသလို အသုံးချလို့ရပါတယ် .. အဲဒီ့ site ထဲမှာ စာအုပ်တော်တော် များများလည်း ရှိပါတယ် .. ဆိုဒ်ကတော့ ...


အဲ.. ကြေငြာဝင်နေတာနဲ့ပဲ လိုရင်းကို မရောက်တော့ဘူး .. အဲဒီ့ကို ရောက်ရင်အရင်ဆုံး Register လုပ်လိုက်ပါ .. ကိုယ့် account နဲ့ဆိုတော့ ပိုကောင်းတာပေါ့  .. ပြီးရင်တော့ အပေါ်က upload ဆိုတာကလေးကို နှိပ်လိုက်ပါ ...


Click ! Image to zoom!

upload တင်ဖို့ နှိပ်လိုက်တဲ့ အချိန်မှာ ကိုယ်တင်မဲ့ စာအုပ်ကို ရွေးခိုင်းပါ့မယ် .. ရွေးပေးပြီးပြီဆိုရင် တော့ သူဘာသာသူ upload တင်ပြီးတော့ အောက်မှာ သူ့ရဲ့ link ကလေးနဲ့ပြပါ့မယ် .. အဲဒီ့မှာ ကိုယ့် စာအုပ်ရဲ့ ခေါင်းစဉ်ကလေးကို နှိပ်လိုက်ပါ ... အောက်ကပုံကလေးကို ကြည့်ကြည့်လိုက်ပါ ...

Click ! Image to zoom!

နှိပ်လိုက်ရင် အဲဒီ့ စာအုပ်ကိုဖတ်လို့ရတဲ့ အနေအထားနဲ့ စာအုပ်ပုံစံပေါ်လာပါပြီ .. ပြီးရင်တော့



Click ! Image to zoom!

အဲဒီ့လိုပေါ်လာပြီဆိုရင်တော့ အပေါ်က twitter နဲ့ Facebook logo ပါတဲ့ buttom ကလေးကို နှိပ်ပေးလိုက်ပါ .
နှိပ်ပေးပြီးသွားပြီဆိုရင်တော့ အောက်မှာ Embed this document ဆိုတာရဲ့ အောက်က Standard html က Code ကလေးကို ယူပြီးတော့ ကိုယ် ထည့်ချင်တဲ့ blog post ထဲမှာ ထည့်လိုက်ရင် စာအုပ်ပုံစံပေါ်သွားပါပြီ ... ပုံကလေးတွေနဲ့ပြထားလို့ အဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ.. နောက်ထပ် အဲဒီ့လိုမျိုး site ကတော့
http://www.docstoc.com အဲဒီ့နေရာကလေးမှာပါ လုပ်လို့ရပါတယ် ..အဆင်ပြေပါစေလို့ ဆုတောင်းလျက် .....