Window များမတင်တတ်သေးဘူးဆိုရင်တော့ ဒီစာအုပ်ကလေးက အသုံးဝင်ပါတယ်။။ Window တစ်ခုကို ဘယ်ကနေပြီးတော့ ဘယ်လိုစပြီးတင်ရမယ်ဆိုတာကို အသေးစိတ်ကလေး ရေးထားပါတယ်။။ ပုံတွေနဲ့လည်းပြထားတဲ့အတွက်ကြောင့် သိပ်ပြီးခက်ခဲနေမှာမဟုတ်ပါဘူး။ Window တင်တတ်သူများအတွက်တော့ ဒီစာအုပ်တွေက ဘာမှ အသုံးမ၀င်တတ်ပေမယ့်လည်း မတင်တတ်သေးတဲ့လူတွေအတွက်တော့ ကိုယ်က Window အသစ်တစ်ခု ပြောင်းသုံးချင်တယ်ဆိုရင် ဒီစာအုပ်ကလေးတွေ ကို ဖတ်ပြီးတော့ ပဲ တင်လို့ရပါတယ်။ Window တင်မယ်ဆိုရင်တော့ ပထမ သတိပြုရမှာက ကိုယ့်ဆီမှာ Drive တွေခွဲထားလား ။ ခွဲထားတယ်ဆိုရင် အဲဒီ Drive တွေ ထဲက ဥပမာ C ထဲမှာတင်မယ်ပေါ့ . အဲဒါဆိုရင် ကိုယ့်အနေနဲ့ အဲဒီ့ C ကို Format ချရမယ့်အတွက်ကြောင့် C ထဲ က ကိုယ်လိုချင်တာတွေကို တခြား Drive ကို ပြောင်းထည့်ထားဖို့လိုပါတယ်။ တချို့ကျတော့လည်း Drive က တစ်ခု တည်းရယ်။ အဲဒါဆိုရင်တော့ ကိုယ်မှ ပြောင်းသုံးချင်တယ်ဆိုရင် Format မချပဲနဲ့ အဲဒီ့ Drive ထဲမှာ ပဲ ထပ်တင်ပေါ့နော်။ အခုစာအုပ်ထဲမှာပြထားတာကတော့ Drive အများကြီး ရှိတဲ့သူတွေ အတွက်ပြထားတာပါ။ Window XP Installtion နဲ့ Window 7 installtion စာအုပ်ကလေးတွေပါ။ Window 7 installtion ကိုတော့ XP Installtion ကို ပဲ အခြေခံပြီးတော့ ရေးထားလိုက်ပါတယ်ခင်ဗျာ။ Window XP Installtion စာအုပ်က ကျွန်တော်လည်း ရှိနေတာကြာပါပြီ ။ ဘယ်ကရမှန်းမသိလို့ ဘယ်သူ့ကို Credit ပေးရမှန်းမသိပါဘူး။ ဒါပေမယ့် ရေးတဲ့ သူကို လည်း အထူးကျေးဇူးတင်ပါတယ်။ လိုချင်တယ်ဆိုရင်တော့ အောက်မှာ စာအုပ် နှစ်အုပ်ကို ဒေါင်းနိုင်ပါတယ်ခင်ဗျာ..
Window XP Installtion
| Download link | Multiupload |
| Mediafire | |
| Up4vn.com |
Window 7 Installtion
| Download link | Multiupload |
| Mediafire | |
| Up4vn.com |
There's no substitute for hard work.
ဒါလည်းခက်တဲ့အလုပ်ထဲမှာ မပါ ပါဘူး ...
ဒါလည်းခက်တဲ့အလုပ်ထဲမှာ မပါ ပါဘူး ...
1 comments :
ကိုယ့်ဆရာရေ. . .
ဒီကနေ ဝင်းဒိုး 7 တင်နည်းလေးရလို့ သွားဝယ်ပြီး တင်လိုက်တာ . . . အကုန် အဆင်ပြေပါတယ်။ အသံကိုလည်း ကောင်းအောင် ဆိုပြီး ဒီအတိုင်းပဲ Driver ခွေထည့်ပြီး လုပ်ပါတယ်။
ဒါပေမဲ့ အခု Gtalk မှာ ကိုယ်က ပြောတဲ့ မိုက်အသံ မဝင်ဘူး ဖြစ်နေတယ်။ ဒါကို လိုက်ပြောင်းကြည့်တော့ သူ့ဘက်က အသံက မကြားရတော့ပြန်ဘူး။ ဒီတော့ တစ်ခြမ်း ပျောက်ဖြစ်နေတယ်ဗျာ။
ဒါလေးကို အစုံလိုက်လေး လာအောင် ပုံလေးတွေနဲ့ တကွ ရှင်းပြပါဦး . .
တင်ထားတာကတော့ ကိုယ့်ဆရာ တင်ထားသလိုပဲ Ultimate ပါပဲ. . ။
မျှော်နေမယ်ဗျာ. .
Post a Comment