ကျွန်တော်တို့ Window 7 မသုံးခင်ကတော့ Vista နဲ့ Xp မှာ desktop ပေါ်မှာ shortcuts icon ကလေးတွေ မထားပဲနဲ့ အောက်က taskbar မှာပဲ အဲဒီ့ Icon ကလေးတွေ ထည့် ပြီးတော့သုံး ၊ နောက်တော့ window 7 လည်း ပေါ်လာရော .. အဲဒါက မပါ .. Desktop ပေါ်မှာ ရှုပ်နေတာပဲ shortcut Icon တွေ .. Desktop ကို ခပ်ရှင်းရှင်းထားတတ်တဲ့လူတွေအတွက်တော့ အဲဒါက တော်တော် အဆင်မပြေတဲ့ ကိစ္စကြီးပဲ .. အခု အဲဒါကလေးကို ဖြေရှင်းကြည့်ရအောင်ပါ.. Desktop ကို ရှင်းသွားတာပေါ့ ...
အရင်ဆုံးလုပ်မယ်ဆိုရင်တော့ Folder option ကနေပြီးတော့ အောက်ကပုံကလေးအတိုင်း hidden file တွေကိုပေါ်အောင်လို့ အစက်ကလေးကို ပြောင်းပေးလိုက်ရပါမယ်...
Window 7 ရဲ့ Folder option ကိုသွားတာကတော့ အောက်ကပုံကလေးကိုကြည့်လိုက်ပါခင်ဗျာ..
ဒါကတော့ hidden file တွေကို Show လုပ်တဲ့ပုံကလေးပါ..
အဲဒီ့ လိုကလေးလုပ်ပြီးသွားပြီဆိုရင်တော့ အားလုံးကို ကေပေါ့နော်..
နောက်တစ်ဆင့်အနေနဲ့ကတော့ Desktop က taskbar ပေါ်မှာ R-click ထောက်လိုက်ပါ ..ထောက်ပြီးရင်တော့
Toolbars => New toolbar ကို နှိပ်လိုက်ပါခင်ဗျာ ..
အဲဒီ့မှာ သူက ကိုယ့်ကို ဘယ် folder ကိုထားမလဲဆိုပြီးတော့ မေးပါလိမ့်မယ်.. ရွေးရမယ် folder ကတော့ အောက်ကလမ်းကြောင်းကလေးအတိုင်းသွားလိုက်ပါခင်ဗျာ ..
My computer =>> local disk (c) =>> Users =>> Administrator =>> AppData =>> Roaming =>> Microsoft =>> Internet Explorer =>> Quick lunch
ဆိုတာကိုရွေးပေးလိုက်ပါခင်ဗျာ..
အဲဒီ့မှာ Administrator ဆိုတဲ့နေရာမှာတော့ ကိုယ်ပေးခဲ့တဲ့ Admin name ဖြစ်ပါမယ် ခင်ဗျာ.. အဲဒီ့အထဲကိုဝင်ရမှာပါ။
အဲဒီ့လိုကလေး ရွေးပေးပြီးသွားပီဆိုရင်တော့ အောက်က taskbar မှာ Quick lunch ဆိုပြီးတော့ ပေါ်နေပါလိမ့်မယ်.. ဒါပေမယ့် စလုပ်ချင်းမှာ အဲဒါကြီးက ညာဘက်ကြီးမှာပါ .. အဲဒါကို Xp တို့လို ဘယ်ဘက် မှာထားချင်တယ်ဆိုရင်တော့ ...
taskbar ကို R-click ထောက်ပြီးရင် properties ကနေပြီးတော့ lock the taskbar ဆိုတာမှာ အမှန်ခြစ်ကလေးကို ဖြုတ်ပြီးတော့ ok ပေါ့ ..
ပြီးရင်တော့ ကိုယ်က အရင်က Pin ပေးထားခဲ့တဲ့ Program တွေ ရှိရင် Unpin လုပ်လိုက်ပါ .. ပြီးရင် စောက
ကျွန်တော်တို့လုပ်ခဲ့တဲ့ Quick lunch ကို ဘယ်ဘက်ကို ဆွဲပါ့မယ် .. ဆွဲလို့ရသလောက်ထိဆွဲပါ .. ဂိတ်ဆုံးသွားပြီဆိုရင်တော့ အောက်က ပုံကလေးကလိုပဲ start menu ဘေးက ဘားကလေးကို Quick lunch ကိုကျော်အောင် ဆွဲပေးလိုက်ပါ..
အဲဒါဆိုရင် Quick lunch က သူ့ဘာသာသူ Start menu ဘေးကိုကပ်သွားမှာဖြစ်ပါတယ် ..ကပ်သွားပီဆိုရင်တော့ ကိုယ်လိုသလောက်ကလေးညှိလိုက်ရုံပါပဲ .. ညှိပြီးသွားရင်တော့ Taskbar ကို R-click ထောက်ပြီးတော့ lock the task bar ကိုပေးလိုက်ပါ .. ပြီး Show လုပ်ထားတဲ့ Hidden file တွေကို Don't show ပြန်ပေးလိုက်ပါ .....အဆင်ပြေသွားပါပြီ.. Desktop ပေါ်မှာ ခပ်ရှင်းရှင်းကလေး ထားနိုင်ပါစေခင်ဗျာ ... အဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ..
GO ! GO! Your aims ! IGNORE ! IGNORE ! Whatever of gossips !
ဘယ်လိုစကားဖျင်းတွေ ဆိုနေပါစေ ! ကိုယ့်ရဲ့ပန်းတိုင်ကို ရောက်အောင်သွားပါ ...
ဘယ်လိုစကားဖျင်းတွေ ဆိုနေပါစေ ! ကိုယ့်ရဲ့ပန်းတိုင်ကို ရောက်အောင်သွားပါ ...
3 comments :
2010 is at the door...
Remember...Life is short,
break the rules,
forgive quickly,
kiss slowly,
love truly,
laugh uncontrollably,
and never regreat anything that made you smile.
အားဆေးကောင်းကောင်းတခွက်ပေးခဲ့ပါတယ်မိတ်ဆွေ
အားဆေးကောင်းကောင်းတခွက်ပေးခဲ့ပါတယ်မိတ်ဆွေ
Post a Comment