Click ! Image to zoom!


NTLDR is Missing
Press any key to restart

Boot: Couldn't find NTLDR
Please insert another disk

NTLDR is missing
Press Ctrl Alt Del to Rest

အပေါ်က ပုံကလေး ကလိုနဲ့ စာလေးတွေ ကို ကြုံဖူးရင် ကြုံဖူးကြမှာပါ ... အဲဒါ ကလေး တက်လာပီဆိုရင် window က မတက်တော့ဘူး .... Restart လုပ်ပါဆိုတာချည်းပဲ ....ဘာလုပ်လို့ ဘာကိုင်ရမယ် မှန်းကို မသိတော့ဘူး .... နောက်တော့ ရှုပ်ပါတယ်ဆိုပြီးတော့ Window တင်မယ်ဆိုတော့လည်း ကိုယ့် က အရင် က ကွန်ပျူတာထဲမှာက သိမ်းစရာကလေးတွေ ကလည်း ကျန်သေးတယ် ...အခက်က တွေ့ရော ... ကျွန်တော့် တုန်းကတော့ ပျက်ချင်လည်း ပျက်ရောကွာဆိုပြီးတော့ Window တင်တာ .. သူက ဘာပြောလဲဆိုတော့ မင်း Hard disk ထဲမှာ Virus ရှိနေပါတယ်တဲ့ အဲဒီ့ Virus ကို အရင် ရှင်းပါတဲ့ .. အဲဒီ့တော့ Window ကလည်း မတက်တော့ ဆိုးရော .. နောက်တော့ ရှာရင်း ရှာရင်းနဲ့ပဲ ရှင်းလို့ရတဲ့ နည်းလမ်းလေး တစ်ခု တွေ့လို့ အခု အဲဒါကလေးကိုရေးပေးလိုက်ပါတယ် .. Software ကလေးနဲ့ ပဲ ရှင်းလိုက်တာပါ .. တခြားနည်းကလေးတွေလည်း ရှိပါသေးတယ် ... အခုတော့ Software နဲ့ ရှင်းတာကိုပဲ ရေးပေးလိုက်ပါတယ်ခင်ဗျာ .....ဘယ်လို ရှင်းမလဲဆိုရင်တော့ အရင် ဆုံး က Download ချရပါ့မယ်ခင်ဗျာ :) :)
အောက်မှာ တင်ပေးထားတဲ့ Spotmau_PowerSuite ဆိုတာကလေးကို Down လိုက်ပါခင်ဗျာ ...
အဲဒါကလေးက .iso file ကလေးနဲ့ပါ ....



Download link Spotmau_PowerSuite (Multi)
Spotmau_PowerSuite(I file )


mediafire



Down ပြီးသွားရင်တော့ အဲဒါကို CD ခွေကလေးနဲ့ Burn လိုက်ပါခင်ဗျာ ...
CD ခွေနဲ့ Burn ပြီးသွားပီဆိုရင်တော့ စက်ကို Restart ချလိုက်ပါ ...
ပြီးရင် တော့ Window တင်သလိုပါပဲ .. စက်စစ တက်ချင်းမှာ Delete key ကို နှိပ်ထားပြီးတော့ BIOS / CMOS setup ထဲက Boot မှာ First boot ကို CD ROM ကိုပေးလိုက်ပေါ့ ... ပြီးရင် F10 နှိပ်ပြီးတော့ ထွက်လိုက်ပါ ... နောက်တော့ စတက်လာပါပြီ .. သူက Press any key to start CD ROM ဆိုတာကိုတွေ့ရင် Key တစ်ခုခု ကိုနှိပ်ပေးလိုက်ပေါ့ .. အဲဒီ့မှာ စပါပြီ ... အောက်က ပုံကလေးတွေနဲ့ မြင်ရပါ့မယ် ...

၁ ။ ဒါကတော့ Spotmau အလုပ်စလုပ်တဲ့ ပုံကလေးပါ ...

Click ! Image to zoom!


၂ ။ ပြီးရင်တော့ Spotmau standard mode (recommended) ဆိုတာကလေးကိုရွေးပေးလိုက်ပါခင်ဗျာ..


Click ! Image to zoom!


၃ ။ ဒီအောက်က ပုံကလေးကတော့ Spotmau ရဲ့ အလုပ်လုပ်မယ့်နေရာကို ရောက်သွားပါပြီ ..အဲဒီ့ နေရာကလေးမှာ ပုံကလေးထဲကလို Window recovery ကနေပြီးတော့ နောက်ထပ် နံပါတ် ၂ က window recovery ဆိုတာကလေးကို ပဲ သွားလိုက်ပါခင်ဗျာ ...


Click ! Image to zoom!


၎ ။ ဒီ့အဆင့်မှာတော့ ကိုယ် က Missing ဖြစ်သွားတဲ့ file ကလေးကို ပြန်ရှာမှာဆိုတော့ missing file recovery ဆိုတာကလေးကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံကလေးမှာ ပြထားပါတယ် ...


Click ! Image to zoom!


အဲဒီ့ အခါ ကျရင် သူက ပြောပါလိမ့်မယ် .. မင်းစက်မှာ ဘာကတော့ Missing ဖြစ်နေပါတယ်.. အဲဒါတွေကို ပြန်ပြီးတော့ပြင်မှာလား ဘာလားလို့မေးရင် .. ok ok တွေချည်းပဲ ဆက်တိုက်ပေးလိုက်ပါ ခင်ဗျာ.. နောက်တော့ သူ အလုပ်လုပ်ပါလိမ့်မယ် .... ပြီးရင်တော့ Restart ကျသွားပါလိမ့်မယ်.... ပြီးရင်တော့ Window ပြန်တက်လာပါပြီခင်ဗျာ .... Window ပြန်တက်လာပြီဆိုမှ ကိုယ့် စက်ကို Antivirus ခပ်ကောင်းကောင်းကလေး တစ်ခုလောက်ပြန်တင်ပြီးတော့ စစ်ကြည့်လိုက်ပါဦး ... ကျွန်တော့် တုန်းကတော့ တော်တော် များများတွေ့တယ် :D :D .. အဆင်ပြေချောမွေ့ကြပါစေခင်ဗျာ ... အကယ်၍ အဆင်မပြေတာကလေးတွေ ရှိခဲ့ ရင်လည်း Comment ကလေးပေးခဲ့ပါဦးခင်ဗျာ ....

ISO file ကလေးကို Burn ဖို့အတွက် Software မရှိခဲ့ဘူးဆိုရင်တော့ ဒီအောက်မှာယူလိုက်ပါခင်ဗျာ...

Download link (Ifile.it)ISO burner




If you postpone or defer decisions , it will slowly become a habit which will result in loss of opportunities , increased pressures and last time.

ဆုံးဖြတ်ချက်ချဖို့ ကိစ္စတွေမှာ အချိန်ဆွဲနေတာ သူများအပေါ်လွဲ ချ နေတာမျိုးတွေဟာ ကြာရင် အကျင့်စွဲသွားပြီး အခွင့်အရေးကောင်းတွေ လက်လွတ်တတ်တယ် ။ အချိန်ဖြုန်းရာကျပြီးတော့ အလုပ်ဒဏ်လည်းပိတ်လာတတ်တယ်။