ဒီနည်း က လေးကို ကျွန်တော် ဖတ် ဖူး တာ ကြာပါပြီ .. ဒါပေမယ့် ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်ဖူး ဖြစ်နေတာ .. ( အပျင်းကြီးနေလို့ ) :P .. အခု နည်းကို သိပြီးတဲ့ လူတွေ လည်း သိပြီးကြမှာ ပါ .. ဒီနည်းကတော့ ကိုယ် ရဲ့ local area network ( lan ) ထဲ မှာရှိတဲ့ လူတွေ ကိုပဲ သီချင်းလွှင့်လို့ ရပါမယ် .. အဖြူရောင်သံစဉ်လို ရေဒီယို station အကြီးကြီး မဟုတ်ပေမယ့် ကိုယ့်ရဲ့ သူငယ်ချင်းတွေနဲ့ အပျော်သဘောလေး ပေါ့ .. ရေဒီယို စတေရှင်လေး တစ်ခု လုပ်ကြည့် ကြတာပေါ့ .. စိတ်ဝင်စားတယ် ဆိုရင်တော့ လုပ်ကြည့် ရေအောင်နော် ...အရင်ဆုံးလိုအပ်တာကတော့ window media encoder လိုပါတယ် .. အဲဒါကလေးကိုတော့ ဒီအောက်ကနေရာကလေးမှာ သွားယူလိုက်ပါ ....


ဒီနေရာကလေးမှာနော်


အခု ရ လာတဲ့ window media encoder ကို run လိုက်ပါ ... run ပြီးသွားရင်တော့ အဲဒါကလေးကိုဖွင့်လိုက်ပေါ့ ... နောက် အဆင့်တွေ လုပ်လို့ လွယ်အောင် ကျွန်တော် ပုံကလေးတွေနဲ့ ပြထားလိုက်ပါတယ် ...... ပထမဆုံး ဖွင့်လိုက်ပြီဆိုရင် စစချင်းတွေ ရမယ့် box မှာ broadcast a live event ဆိုတာကလေးကို ရွေးပေးလိုက်ပါ ..ရွေး ပြီးပြီဆိုရင် ဆိုရင် ok ပေးလိုက်ပါ ...

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


အဲဒါကို ကေကေ ကို နှိပ်ပြီးပြီဆိုရင် နောက် ထပ် box တစ်ခု ကို ရောက်သွားပါ့မယ် .. ရောက်သွားပြီဆိုရင် အဲဒီ့ box ကလေးမှာ Video နဲ့ audio ရှိပါတယ် .. အဲဒီ့ ကို audio ကိုပဲ check ပေးပြီးတော့ down arrow ကနေပြီးတော့ ကိုယ့် ရဲ့ စက် မှာ အသံ ပိုင်းဆိုရင် မှာ ဘာကို သုံးထားလဲ .. sound card ကိုပဲ သုံးထားလား ဘာလား.. အဲဒီ့ မှာကိုယ် သုံးတာကလေးကို ထည့်ပေးလိုက်ပါ .. ပြီးရင် တော့ next ပေးလိုက်ပါ ..

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


ပြီးရင်တော့ နောက် ထပ် box တစ်ခု မှာ pull from the encode ... ဆိုတာကလေးကို အစက် ကလေး ပေးပြီးတော့ ထပ် next လိုက်ပါ ..

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


ပြီးတော့ နောက် တစ်ဆင့် မှာ port ကို ရှာ ပါ .. ဘယ်လို ရှာမလဲ ဆိုရင် အဲဒီ့က find free port ဆိုတာကလေးကို နှိပ်ပြီးရှာပါ .. ရှာပြီးသွားရင် တော့ အောက် မှာ url ကလေးတွေ ရှိပါတယ် .. အဲဒါ ကလေး တွေ ကို မှတ်ထား လိုက်ပါ ..

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


ပြီးရင်တော့ နောက်တစ်ဆင့် မှာ audio ဆိုတာမှာ Multiple bit rates audio (CBR) ဆိုတာကို ရွေးပေးလိုက်ပါ .. ပြီးရင် အောက်မှာ bit rate ဆိုတာမှာ အကုန်လုံးကို အမှန်ခြစ်ကလေးတွေ ခြစ်ပေးလိုက်ပါ ...

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


စောစော က အမှန်ခြစ်ကလေးတွေ ပေးပြီးရင်တော့ နောက် တစ်ဆင့်မှာ next ပဲ ပေးလိုက်ပါ ...ပြီးရင် ကိုယ့် ရဲ့ station ကို ဘယ်လို နာမည် ပေးမလဲ ဆိုတာကို ဖြည့် ရမယ့် နေရာကို ရောက်လာပါပြီ .. ကိုယ် ကြိုက်တာကို ဖြည့်လို့ ရပါတယ် .. ဖြည့်ပြီးရင်တော့ next ပေးလိုက်ပါ ..

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


အဲဒီ့ အဆင့်ကလေးပြီးသွားရင်တော့ နောက် တစ်ဆင့်မှာ finish ပဲ ပေးလိုက်ပါ ...ကေကေပါ .. နောက်ထပ် ဆက်လွှင့် ဖို့ အတွက် ဆက်လုပ်ကြရအောင် ...
သီချင်းတွေ ကိုထည့် ဖို့ အတွက် view ကနေပြီးတော့ အောက် မှာ ပြထားသလို ပဲ အဲဒီ့ ၃ ခု ကို အမှန်ခြစ်ကလေးပေးလိုက်ပါ ..

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


အိုကေနော် .. ပေးပြီးသွားပြီဆိုရင် ကျွန်တော် တို့ကိုယ်စက် ထဲ က သီချင်းလွှင့် ဖို့ အတွက် သီချင်းထည့် ကြရအောင်ပါ .. အောက်က ပြထားတဲ့ ပုံ မှာ ကြည့်လိုက်ရင် ရှင်းပါတယ် ..

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


add ဆို တာက သီချင်း ထပ်ပြီးတော့ ထည့် တာပါ ...
name ကတော့ ကိုယ်ကြိုက်တဲ့နာမည် ရေးလို့ ရပါတယ် ..
ပြီးရင် အောက် က ပြထားတဲ့ file ဆိုတာကတော့ ကိုယ့် ရဲ့ သီချင်းကို ကွန်ပျူတာထဲ က ဖိုင် တွေ ထဲကနေပြီးတော့ ဖွင့်မှာဆိုတော့ အဲဒါ ကိုပဲ ရွေးတာပါ .. ကိုယ်ဖွင့် ပြချင်တဲ့ သီချင်းကို browse ကနေပြီးတော့ ရွေးပေးလိုက်ပေါ့ ..ထည့်ပေးပြီးသွားပြီဆိုရင် တော့ ဒီတဆင့် က နည်းနည်း ကလေး ဂရုစိုက် ရပါ့မယ် ...ဘာလို့လဲ ဆိုတော့ သီချင်း လွှင့် ရင် ကိုယ် က တစ်ပုဒ်ထဲကိုလွှင့် မှာ မှ မဟုတ်ပဲ အစီအစဉ်လိုက် လွှင့်မယ်ဆိုတော့ ပထမဆုံး အပုဒ်ပြီးရင် နောက်တစ်ပုဒ်ကို ကူးဖိုရာ အတွက် at end: ဆိုတာမှာ roll over to next source ပေါ့.. နောက် အပုဒ်တွေ ကိုလည်း ဆက်ပြီးတော့ အဲလို လေးပဲ ထားလိုက် ပါ ..
နောက် ဆုံး အပုဒ် ကို ရောက်သွားပြီဆိုရင်တော့ အဲဒီ့ ကနေပြီးတော့ ပထမဆုံး အပုဒ်ကို ပြန်သွားဖို့ အတွက်
roll over to first source ကို ပေးလိုက် ပေါ့ .. ပြီးရင်တော့ အဲဒါကို apply ပေးလိုက်ပါ .. apply ပေးပြီးရင် ကိုယ် စလွှင့်မယ်ဆိုရင် လွှင့်လို့ ရပါပြီ ......

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


start encoding ကို ပေးလိုက်ပါ .. အဲဒါဆိုရင် စပြီးတော့ လွှင့်နေပါပြီ ..
ကဲ အဲဒါဆို သူငယ်ချင်းတွေ ကို ဘယ်လို နားထောင်ခိုင်းမလဲ ...

ပုံကြီး ကြည့် ရန် ပုံကို click ထောက်လိုက်ပါ !


အဲဒါကတော့ စောစောက မှတ်ခိုင်းထားလိုက်တဲ့ url ကလေးကို သူငယ်ချင်းတွေကို ပေးလိုက်ပါ .. ဒါမှမဟုတ် အပေါ်က ပြထားတဲ့ အတိုင်း connection က url ကလေးကို ပေးလိုက်ရင်လည်း ရပါတယ် ....ပြီးရင် တော့
သူ့ကို window media player ကို ဖွင့်ခိုင်းလိုက်ပါ .. ပြီးရင် ctrl+u ကို နှိပ်ခိုင်းပြီးတော့ စောက လင့် ကလေးကို ထည့်ပြီးတော့ ဖွင့်ခိုင်း လိုက်ပါ ..... သူ့ဆီမှာ ကိုယ်လွှင့်ထားတဲ့ radio ကလေး လာနေပါပြီ .. သီချင်းများနဲ့ ပျော်ရွှင် ကြပါစေ ဗျာ .... အဆင်မပြေရင် မန့်ခဲ့ပါဦး ဗျာ ...