ကိုယ့်ရဲ့ Blog မှာ Html တွေ script တွေကို ပြချင်တယ်ဆိုရင် အဲဒီ့ ကုဒ် တွေ ကိုcode view ဆိုပြီးတော့ ပြထားပြီးတော့ ထင်ထင်ရှားရှားကလေး ပေါ့ ..သုံးကြည့်ရအောင်ပါ .. အဲလိုလေး လုပ်ထားရင် ကြည့်ရတဲ့ လူတွေ လည်း ကုဒ်ကလေးတွေကို သိသိသာသာ လေး မြင်ရတာပေါ့.. စမ်းပြီးတော့ သုံးကြည့်ရအောင်ပါ ..
စလုပ်ကြည့်ရအောင် ..

  1. ကိုယ့်ရဲ့ blog ကို ၀င်လိုက်ပါ .. ပြီးရင်တော့ layout ကို သွားလိုက်ပါ ..

  2. Edit Html ဆိုတာကို ထပ်ပြီးတော့ သွားလိုက်ပါဦး

  3. ]]></b:skin> ဆိုတာကလေးကို Ctrl+f နှိပ်ပြီးတော့ ရှာလိုက်ပါဦး ..

  4. ရှာလို့တွေ့ပြီဆိုရင် အဲဒီ့ ]]></b:skin> ဆိုတာလေးရဲ့ အပေါ်မှာ အောက်က Code ကလေးကို ကူးပြီးတော့ ထည့်လိုက်ပါ


  5. အောက်က Code က အခု ကျွန်တော် ထည့်ထားတဲ့ Code view ပုံစံကလေးပါ ..


    .codeview {
    margin : 15px 35px 15px 15px;
    padding : 10px;
    clear : both;
    list-style-type : none;
    background : #f9f9f9;
    border-top : 1px solid #eeeeee;
    border-right : 2px solid #cccccc;
    border-bottom : 2px solid #cccccc;
    border-left : 1px solid #eeeeee;
    }
    .codeview li {
    font-size : 13px;
    line-height : 24px;
    font-family : "Courier New", "MS Sans Serif", sans-serif, serif;
    color : #333333;
    font-weight : normal;
    margin : 0;
    padding : 0;
    }

    အဲဒီ့မှာ အနီ ကလေးနဲ့ ပြထားတဲ့ နေရာကလေးမှာ ကိုယ် ကြိုက်တဲ့ အရောင် code ကလေးတွေကို ထည့်လို့ရပါတယ်.. အဲဒါကလေးကို ထည့်ပြီးတော့ save ပြီးသွားရင်တော့ .. setting ကိုသွားလိုက်ပါ ..
    ပြီးရင် formatting က post templete ဆိုတဲ့ box ကလေးထဲမှာ အောက်က code ကလေးကို ထည့်ပြီးတော့ save လိုက်ပါ ..

    <div class="codeview">
    ဒီနေရာကလေးမှာ ထည့်ချင်တဲ့ code ကလေးကို ရေးပါ..
    </div>

    ကိုယ်ရေးချင်တဲ့ code ကလေးရှိရင် အဲဒီ့ အထဲ ကို ထည့်ပြီးတော့ ရေးလိုက်ပေါ့ . code မထည့်ချင်ဘူးဆိုရင်တော့ အဲဒါကလေးကို ဖျက်ပြီးတော့ ရေးလိုက်ပေါ့ .. ရပါပြီ .. အဲ... ဒါပေမယ့် blog မှာ html ကုဒ်တွေကို ရေးတဲ့ အခါမှာ ( < ) အဲဒါကလေးနဲ့ ( > ) အပိတ်ကလေးတွေက မပေါ်ပါဘူး.. အဲဒီ့တော့ အဲဒီ့ အဖွင့်အပိတ်ကလေး ကလေးတွေ အားလုံးကို လိုက်ပြောင်းနေရရင်လည်း တော်တော်ကို အချိန် က ပေးရမှာပါ .. ဒီနေရာ ကလေးမှာ သွားပြီးတော့ ကိုယ်ထည့်ချင်တဲ့ Html ကလေးကို ထည့်ပြီးတော့ uncode ကလေးပေးလိုက် .. ပြီးရင် အဲဒါကလေးကို code view ဖော်ပြချင်တဲ့ နေရာထဲ ကူးပြီးထည့်လိုက်ပေါ့.. အဆင်ပြေသွားရော .... အဆင်ပြေပါစေခင်ဗျာ ..