G mail မှာ ကိုယ် က ပုံကလေးတွေ ကို ပို့ချင်တယ်ဆိုရင် အများစုကတော့ attach file ကနေပြီးတော့ပဲ ပုံလေးတွေကိုထည့်ပြီးတော့ ပို့ကြပါတယ် .. အခု ဟာကတော့ အဲလို မဟုတ်ပါဘူး .. G mail မှာ body ထဲက စာရေးတဲ့ အထဲမှာပဲ ပုံကလေး ရောပြီးတော့ ပို့တာလေးပါ .. သူကတော့ animation ပုံကလေးတွေကိုလည်းထည့်လို့ရပါတယ် .. ပုံကလေးတွေနဲ့ စာကလေးတွေ တွဲပြီးတော့ ပို့ချင်တယ် ဆိုရင် အဆင်ပြေတာပေါ့ .. ကဲ စပြီးတော့ လုပ်ကြည့်ရအောင် ..


  1. ကိုယ့်ရဲ့ Gmail ကိုဝင်လိုက်ပါ ..

  2. ပြီးရင် setting ကို နှိပ်လိုက်ပါ ...

  3. နှိပ်လိုက်ပြီးပြီဆိုရင် အဲဒီ့မှာ Lab ဆိုတဲ့ Tab ကလေးကိုထပ်ပြီးတော့ နှိပ်လိုက်ပါဦး ..

  4. ပြီးရင် အဲဒီ့ အထဲမှာ Inserting image ဆိုတာကလေးကို ရှာလိုက်ပါ ..

  5. ရှာလို့တွေ့ရင်တော့ Enable လုပ်ပေးလိုက်ပါ ..အောက်ကပုံကလေးပါ ...


  6. ပြီးရင်တော့ save change ကိုပေးလိုက်ပေါ့ ..


ပုံကလေးတွေထည့်ချင်တယ်ဆိုရင်တော့ အဲဒီ့မယ် မေးလ် ပို့ဖို့အတွက် လုပ်လိုက်ပါ .. ပြီးရင် အပေါ်က bar ကလေးမှာ အောက်က ပုံကလေး တိုးလာတာကို တွေ့ရပါ့မယ် ...



ထည့်မယ်ဆိုရင် အဲဒီ့ ပုံကလေးကို နှိပ်လိုက်ပါ .. နှိပ်ပြီးသွားရင်တော့ ကိုယ်ပို့ချင်တဲ့ပုံကို ကွန်ပျူတာကနေပြီးတော့ပဲဖြစ်ဖြစ် Url နဲ့ပဲ ဖြစ်ဖြစ် ထည့်ပြီးတော့ upload ပေးလိုက်ပါ .. ပြီးရင်တော့ add image ပေါ့ ..



အဲဒီလိုကလေးတွေတင်ပြီးရေးချင်တာတွေရေးပြီးသွားပြီဆိုရင်တော့ ပို့လို့ရပါပြီခင်ဗျာ .. အောက်က ပုံကလေးက စမ်းပြီးတော့ ပြထားတဲ့ ပုံကလေးပါ ...


ပုံကလေးတွေကို ကိုယ်ကြိုက်သလို ထည့်ပို့ကြရင်း ပျော်ရွှင်ပါစေခင်ဗျာ ....