Window task bar မှာ icon ကလေးတွေ နဲ့ စာကလေးတွေ မြင်ဖူးမှာပါ .. အဲဒီ့မှာ ဥပမာ Firefox ကိုဖွင့်ထားတယ်ဆိုရင် firefox icon ကလေးရယ် ပြီးတော့ ကိုယ် ဖွင့်ထားတာဘယ်နေရာလဲ စသဖြင့်ပေါ့ စာကလေး ပေါ်နေတဲ့နေရာကလေးပါ... အဲဒါကလေးမှာ Icon ကလေးပဲ ကြည့်ချင်တယ် .. ဘယ်စာကို မှ မမြင်ချင်ဘူးဆိုရင်ပေါ့ .. လုပ်ကြည့်ရအောင်ပါ ...

၁။ run => regedit ကို ရိုက်လိုက်ပါ ..
၂။ ပြီးရင် တော့ အောက်ကလမ်းကြောင်းကလေးအတိုင်းကလေးသွားလိုက်ပါဦး ..
HKEY_CURRENT_USER => Control Panel =>Desktop => WindowMetrics အဲဒီ့ အထိကို သွားလိုက် ပါ ..
၃။ ပြီးရင် အဲဒါကလေးကို ရွေးပြီးတော့ r-click ပြီးရင် new => string value ကို ရွေးလိုက်ပါ ..
၎။ ရွေးပြီးပြီဆိုရင်တော့ အဲဒါကလေးကို Minwidth ဆိုပြီးတော့ နာမည်ပေးလိုက်ပါ ..
၅။ ပြီးရင် အဲဒါကလေးကို double click ကလေးခေါက်ပြီးတော့ တန်ဖိုးမှာ -255 ဆိုပြီးတော့ ပေးလိုက်ပါ ..

ပေးပြီးသွားပြီဆိုရင်တော့ regedit ကို ပိတ်.. ပြီးရင် restart ချ .. ပြန်တက်လာရင် taskbar ပေါ်မှာ စာလေးတွေ မတွေ့ရတော့ဘူး .. Icon ကလေးပဲ ရှိတော့မယ်ဗျား .. Taskbar အပေါ်မှာ ခပ်ရှင်းရှင်းလေး ဖြစ်သွားတာပေါ့ဗျာ ..အဆင်ပြေပါစေဗျာ ..