ကိုယ့်ရဲ့ internet speed ကိုဘယ်လောက်ရှိသလဲ ဆိုတာကို သိချင်ကြမှာပါ .. အဲဒီ့တော့ အောက်က site ကလေး ၁၀ ခု ကို အသုံးပြုပြီးတော့ စမ်းသပ်ကြည့်ကြရအောင်ပါ ..

၁ ။ www.speed.io အဲ ဒီမှာ က ကိုယ့်ရဲ့broadband internetDSL speed ကို စမ်းမ်းသပ်ကြည့်နိုင်ပါတယ်။

၂ ။ www.us.mcafee.com ဒါကတော့  Mcafee antivirus ရဲ့ internet speed စမ်းသပ်တဲ့နေရာကလေးပါ ..

၃ ။ http://www.intel.com ဒါကတော့ Intel ရဲ့ boardband internet speed စမ်းသပ်နိုင်တဲ့နေရာကလေးပါ ။ဒီကောင်ကလေးမှာ ကိုယ့် ရဲက internet speed ကို တွက်ချက်ပြီးသိနိုင်ပါတယ် .. သီချင်းချရင်ဘယ်လောက် ..ဘယ်လောက် MB down ရင် ဘယ်လောက်ကြာမယ် စသဖြင့်ပေါ့ ..

၎။ http://www.2wire.com' ဒီနေရာကလေးကတော့ ဘာမှ လုပ်စရာမလိုပါဘူး ..ဒီနေရာကလေးကို Click ထောက်လိုက် တာနဲ့ ကိုယ့်ရဲက bandwidth ကို စမ်းသပ်ပေးမှာပါ။

၅ ။ http://www.speedtest.net ဒီနေရာကလေးမှာလဲ စမ်းသပ်နိုင်ပါတယ် .. speedtest ဆိုတော့ နောက်တစ်ခါ ၀င်ပြီးတော့ စမ်းမယ် ဆိုရင် သူ address ကို မှတ်မိလွယ်တယ်တာပေါ့ .


၆ ။ http://www.bandwidthplace.com ဒီနေရာကလေးမှာလည်း စမ်းသပ်ကြည့်နိုင်ပါတယ် ..

၇ ။ http://www.speakeasy.net ဒီနေရာမှာတော့ server တွေ အများကြီး ကို Choose လုပ်ပြီးတော့  စမ်းကြည့်လို့ရပါတယ် ဘယ် server ကနေဆိုရင် ဘယ်လောက်ရှိလဲဆိုတာကိုပေါ့ ..

၈။ http://speed.kify.com ဒီနေရာမှာကတော့ကိုယ့်ရဲ့ net speed ကိုတင်မဟုတ်ပါဘူး DSL, cable modem အဲလာလေးတွေကိုပါ စမ်းသပ်ပေးပါတယ် .. ပြီးတော့ တခြား service က speed တွေကိုလည်း ကြည့်နိုင်ပါတယ်

၉ ။ http://reviews.cnet.com ဒီနေရာကလေးမှာတော့ ကိုယ် က ဘာကိုသုံးထားသလဲ wireless လား ဘာလား အဲလာလေးတွေကို ရွေးပြီးတော့ စမ်းသပ်ကြည့်နိုင်ပါတယ် ..

၁၀ ။ http://speed.airtelbroadband.in ဒီနေရာလေးမှာ စမ်းရင်တော့ Java ကို run မှ စမ်းလို့ရပါ့မယ် .. လိုနေတာဆိုတော့ ကောင်းတော့ မကောင်းဘူးပေါ့ .. အပေါ်က ဟာလေးတွေကတော့ ဘာမှ မလိုပဲ စမ်းသပ်နိုင်ပါတယ် ..

ကဲ ကိုယ့် net speed ဘယ်လောက်ရှိသလဲဆိုတာကို ကြည့်ကြည့်ရအောင်ပါ ..