Document file ကနေပြီးတော့ PDF file ကို ပြောင်းချင်ရင်တော့ converter တွေရှိသလို online မှာပဲ ပြောင်းနိုင်တဲ့ converter site ကလေးတွေလည်းရှိပါတယ် .. အခု ကတော့ online မှာပဲ gmail account ကလေးရှိတာနဲ့ ပြောင်းလို့ ရတာပါ .. အဲဒါကတော့ google က နေပြီးတော့ပဲလုပ်ပေးတဲ့ site ကလေးပါ .. ကျွန်တော်တို့ google ကြီးကလည်းချစ်ဖို့ကောင်းပါတယ် .. အဟဲ.. ဘာလုပ်လုပ်ကို ရနိုင်သလောက်ပဲ .. အခု ကိုယ်ရဲ့ DOC ကလေးကို PDF ကို ပြောင်းမယ်ဆိုရင်တော့ ..

၁။ http://docs.google.com အဲဒီ့ နေရာကလေးကို အရင် ဆုံးသွားလိုက်ပါ ..ပြီးရင်တော့ ကိုယ့်ရဲ့ gmail account ကလေးနဲ့ ၀င်လိုက်ပါ ..
၂။ ရောက်သွားပြီဆိုတာနဲ့ အဲဒီ့ က upload ဆိုတာကလေးကိုနှိပ်ပြီးတော့ ကိုယ် ရဲ့ DOC file ကလေးကို upload တင်ပေးလိုက်ပါ ...
၃။အဲဒီ့မယ် upload တင်ပေးလိုက်ပြီဆိုတာနဲ့ နောက်ထပ် စာမျက်နှာ ကလေးတစ်ခု ပေါ်လာပါလိမ့်မယ် ။
၎။ပေါ်လာပြီဆိုရင်တော့ အဲဒီ့ကနေပြီးတော့ File ကနေ download file as ဆိုတာကလေးကနေ ကိုယ်လိုချင်တဲ့ ပုံစံကလေးနဲ့ ချလိုက်ရုံပါပဲ ...ပါတာတွေကတော့ အောက်က file type ကလေးတွေပါ ..
HTML,Open Office,PDF,RTF,TEXT,Word

အောက်မှာ ကျွန်တော် ပုံကလေးတွေလည်းပြထားပါတယ် .. အဆင်မပြေဘူးဆိုရင်ကြည့်ကြည့်လိုက်ပါဦး နော် ..







အဆင်မပြေဘူးဆိုရင် commet ကလေး ပေးခဲ့ပါခင်ဗျာ ...