သိရုံပေါ့နော် .. အများကြီးမဟုတ်ပါဘူး ..ကွန်ပျူတာကို password ကလေး ကို ပြောင်းကြည့်ရုံပါ .. အဟဲ ..ကွန်ပျူတာ ကတော့ဖွင့်ထားမှ ရမှာပါ..မူရင်း password ကလေးမသိလည်းပဲ ပြောင်းလို့ရပါတယ် ..အမှန်တကယ်ပြောင်းမယ်ဆိုရင်တော့ Cpanel=>user account ကနေပြီးတော့ သွားပြောင်းရပါတယ် .. အဲဒီအခါကျရင် အရင် က ပေးထားတဲ့ Password ကလေးကို သိမှ ပဲ ရပြန်တာပါ ..အဲလိုမျိုး မူရင် password ကလေးကို မသိဘူးဆိုရင်တော့ ဒီနည်းကလေးကတော်တော်ကို အသုံးဝင်ပါတယ် .. စပြီးတော့ပြောင်းကြည့်ရအောင်ပါ ..

start => run => cmd ကို ရိုက်လိုက်ပါ .. cmd ပေါ်လာပါပြီ .. အဲဒီ့အခါကျရင်တော့




net user Administrator hello ပေါ့ အဲလိုလေး ရိုက်ကြည့်လိုက်ရင် password က hello ဖြစ်သွားပါရော.. ဒါပေမယ့် administrator ကကိုယ်ပေးထားတဲ့ computer name ကိုရိုက်ရပါ့မယ် ..net user ရယ် computer name(Administrator) ရယ် password(hello) ရယ် က space bar ကလေးတွေ တချက်စီ ခြားပေးရမယ်နော် ..အဲဒါမှ ရပါတယ် ..သူများ တွေကိုတော့ နောက်နဲ့နော် .. စိတ်အခန့်မသင့် နှောင်ဂျိမ် ကလေးတွေ ပေးနေရဦးမယ် .. အဟဲ .. :P :P