Browser cache ဆိုတာက တော့ ကိုယ် က website တစ်ခုကို ၀င်လိုက်ပြီဆိုပါတော့ အဲဒီ အခါကျရင် အဲဒီ website နဲ့ဆိုင်တဲ့ အနည်း အကျဉ်းသောData အပိုင်းကလေးတွေ ကို ကိုယ် ရဲ့ ကွန်ပျူတာမှာ မှတ်ထားလိုက်ပါတယ်..အဲဒီလိုမှတ်ထားတဲ့ Data ကလေးတွေက browser cache ဖြစ်ပါတယ်
နောက်တစ်ခါ ကိုယ်က အဲဒီ့ website ကိုဝင်တဲ့ အခါမှာ စောစော က မှတ်ထားတဲ့ Data ကလေးတွေကို ပြန်ပြီးတော့ အသုံးပြုခြင်းအားဖြင့် ကိုယ်ဝင်တဲ့ website တွေကို လျင်မြန်စေပါတယ်.....ပြီးတော့ ကိုယ် က webpage တွေကို နောက်စာမျက်နှာ တစ်ခု ကို သွားမယ် ..အဲဒီ စာမျက်နှာကနေပြီးတော့ အရင် ဖွင့်ခဲ့တဲ့ စာမျက်နှာကို ပြန်သွားမယ်ဆိုရင်တော့ အဲဒီ cache က မှတ် ထားတဲ့ Data တွေ ကြောင့် လျင်မြန်စေပါတယ် ....ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့ .နောက်တော့ ကိုယ် က အဲလိုတွေ ကြောင့် မရှင်းတာတွေ များလာပြန်တော့လည်း တန်ဆေးလွန်ဘေးဆိုသလို ပဲ ပေါ့..နောက်ပိုင်းမှာကိုယ့် Browser ရဲ့ webpage loading တွေ က
ကျလာပါတယ် .. အဲဒါကြောင့် မရှင်းတာကြာရင်တော့ ရှင်းကြည့်တာပေါ့ ......

IE မှာဆိုရင်တော့

၁။ Tools =>Internet option ကိုသွားလိုက်ပါ ..
၂။ အဲဒီ အထဲက မှ General tab ကလေးက Temporary internet files ဆိုတာကလေးကို ရှင်းပေးလိုက်ပါ ..
၃။ ပြီးတော့ History က Clear History ဆိုာကတလေး ကို ရှင်းပေးလိုက်ပါ ..
ပြီးရင်တော့ ကေ ပေးလိုက်ပေါ့ ...

FF ( firefox) မှာဆိုရင်တော့

၁။ Tools => Clear recent History ကို ပေးလိုက်ပါ ...
၂။ ပြီးရင်တော့ အဲဒီ့ က Drop down menu ထဲမှာ ကိုယ် ရှင်းချင်သလောက်ကလေးကို ရွေးပေးလိုက်ပါ .
၃။ Clear ပေးလိုက်ပေါ့ ...

Safari မှာ ဆိုရင်တော့

Safari menu ကိုသွားလိုက်ပါ .. ပြီးရင်တော့ Empty Cache ကို ပေးလိုက်ပါ .. ရပါပြီ .. အဲဒီ့ လောက်ဆိုရင် ရှင်းပြီသွားပါပြီ
အဆင်ပြေ ကြပါစေဗျာ ... အမှား ကလေးတွေများရှိခဲ့ရင်လည်း ညွှန်ပြခဲ့ကြပါခင်ဗျာ ..