ကိုယ်က ကိုယ့် ဘလောဂ့် ပေါ်ကနေပြီးတော့ ကော်ပီယူတာတွေ ဘာတွေ စိတ်ဆိုးသူများအတွက် ကိုယ့် ဘလောဂ့် ပေါ်ကနေပြီးတော့ ကော်ပီ ယူလို့မရအောင်ပေါ့ .. Protect ကလေး လုပ်ထားရအောင်ပါ .. Protect လုပ်ပုံလေးကတော့
အရင်ဆုံး layout=> edit html ကိုသွားလိုက်ပါ .. ပြီးရင်တော့ အဲဒီအထဲမှာ <body> ဆိုတာလေးကို Ctrl+f နှိပ်ပြီးတော့ ရှာလိုက်ပါ .. <body> ကိုတွေရင်တော့ အဲဒီ နေရာလေးမှာ အောက်က ကုဒ်ကလေးကို အစားထိုးပြီးတော့ ရေးလိုက်ပါ ..အဲဒါပြီးရင်တော့ save templete ကိုနှိပ်လိုက်ပါ .. ရပါပြီ .. စမ်းကြည့်ချင်သပဆိုရင် စမ်းကြည့်လိုက်ပါဦးဗျာ ..

<body onmousedown="return false" oncontextmenu="return false" onselectstart="return false">

နည်းပညာတစ်ခု ဆိုတာ တိုးတက်လာတာမှန်ပေမယ့် သူကို ဖယ်ဖျက်နိုင်တာလေးတွေလည်းရှိပါတယ် ..အောက်မှာရေးထားလိုက်ပါတယ် ..

စောစောကလို ကော်ပီ လုပ်လို့မရအောင် လုပ်ထားတဲ့ site တွေမှာ ကူးလို့ရအောင် ဘယ်လိုလုပ်မလဲဆိုတော့

browser က tool=> option ကိုသွားလိုက်ပါ .. အဲဒီမှာ enable javascritpt ဆိုတာလေးကို အမှန်ခြစ် ကလေးကို ဖြုတ်လိုက်ပါ ..ဖြုတ်ပြီးသွားပြီဆိုရင်တော့ ကိုယ်ကူးချင်တာကို စိတ်ကြိုက်သာကူးပေတော့ဗျိုး .. ရပြီ . permit ..အဟဲ ..